အပိုင်း (၅၁၅) – ကျောက်များဖြင့် လောင်းကစားခြင်း (၂)
Vol. 006 Ch. 515
ရှီမာယူယူ ခေါင်းမော့လိုက်ရာ ကျောက်ပြခန်းဆိုသည့် စာလုံးနှစ်လုံးကို အားအပြည့်ဖြင့် ရေးထားသည် ကို တွေ့လိုက်ရလေသည်။ ဘေးများတွင် အနည်းငယ်ဈေးပေါသော ရွှေ ဖြင့်ကွပ်ထားလေသည်။
“ကျောက်ပြန်ခန်း ဒီနေရာပဲဖြစ်လိမ့်မယ်” ရှီမာလိုင် ပြောလေသည်။
သူတို့သည် ထိုနေ့ထွက်မလာခင်တွင် မည်သည့်ကျောက်များသည် အကောင်းဆုံး ဖြစ်ကာ ဝိညာဉ် ကျောက်ထုတ်နိုင်သည့် အခွင့်အရေးများသည်ကို တည်းခိုဆောင်တာဝန်ခံအား မေးလာခဲ့ကြသည်။ ထို့ကြောင့် ပင် တာဝန်ခံသည် သူတို့အား ထိုနေရာနှင့် မိတ်ဆက် ပေးခြင်းဖြစ်သည်။
“အဲဒီ ကျောက်ပြခန်းက ကျောက်လောင်းကစားနယ်ပယ်မှာ အကြီးဆုံးပဲ ပြီးတော့ ဝိညာဉ်ကျောက်ထုတ် တဲ့ နေရာမှာလည်း အဆင့်အမြင့်ဆုံးပဲ၊ ရက်နည်းနည်းအတွင်းကို အဆင့်မြင့်တဲ့ ဝိညာဉ်ကျောက်တွေကို ထုတ်နုငိ တယ် တခြားကျောက် လောင်းကစားပွဲ တွေလည်းမဆိုးပါဘူး ဒါပေမဲ့ အကောင်းဆုံး ဝိညာဉ်ကျောက်တွေ လိုချင် ရင်တော့ ကျောက်ပြခန်းကို သွားတာအကောင်းဆုံးပဲ” တာဝန်ခံသည်ထိုသို့ ပြောခဲ့သည်။
သည်လိုနှင့် သူတို့အဖွဲ့သည် ထိုနေရာသို့ ရောက်လာခြင်းဖြစ်သည်။
“ကျောက်ပြခန်းက မဆိုးဘူးပဲ ငါအရင်က အတွင်းပိုင်းက ကျောက်ပြခန်းသွားဖူးတယ်၊ အဲမှာ ရှေးဟောင်း အချိန်တွေက ဝိညာဉ်ကျောက်တွေ ထွက်လာတတ်တယ်” မိုဒိဆန်းပြော လေသည်။
“ဒါဆို ဝင်ရအောင်” ရှီမာယူယူ ပြောလိုက်သည်။
ဖက်တီးကျူနှင့် တခြားသူများသည် စိတ်လှုပ်ရှားကြကာ လိုက်ဝင်ကြလေသည်။ သူတို့သည် လမ်းတွင် ကျောက်များကို လောင်းကစားသည်နှင့်ပတ်သတ်ပြီး ကြားလာသဖြင့် အနည်းငယ်တော့ သဘောပေါက်ကြ ပြီဖြစ်သည်။ ထို့အပြင် သူတို့သည် မိုဒိဆန်း၏ သရုပ်မှန်ကို သိပြီးနောက် ကျောက်လောင်းကစားနှင့် ပတ်သတ် ပြီး ပို၍ စိတ်ဝင်စားကြသည်။
သူတို့ဝင်လိုက်သည်နှင့် ထိုနေရာတွင် လူများနှင့်ပြည့်နေသည်ကိုတွေ့လိုက်ရသည်။ ဆိုင်ရှင်သည် အလုပ်များနေကာ တက်ရောက်လာသူအားလုံးကို အာရုံမစိုက်နိုင်ပေ။ ထိုလူများသည် သူတို့ဘာသာ ကျောက် များကို လှည့်ပတ်ကြည့်ကြပြီး နှစ်သက်ရာ ကျောက်တွေ့ပါကာ ဝယ်သည်။ ထို့နောက်တွင် သူတို့သည် ဖွင့်ကြည့် ကြသည်။
ရှီမာယူယူသည် အနည်းငယ် လှည့်ပတ်ကြည့်ပြီးနောက် လူများ ဝိုင်းအုံကြည့်နေသည့် နေရာကို တွေ့ လိုက်လေသည်။ ထိုနေရာသည် ကျောက်များကို ဖွင့်သော နေရာဖြစ်မည်။
“ငါ အစိမ်းရောင်ကို မြင်နေရပြီ”
“တကယ်ပဲ သခင်ကြီး ဆက်ပြီးဖွင့်ပေးပါ”
“သူ နှစ်လွှာပဲဖွင့်ရသေးတယ် အစိမ်းရောင်မြင်နေရပြီ တကယ်ပဲ ကြီးတာပဲ ဒီတစ်ခေါက်ကို ဝိညာဉ် ကျောက်တုံးကြီးပဲဖြစ်မယ်”
“ဟားဟား သခင်လေးကတော့ တကယ်ပဲ ကျောက်ရွေးတဲ့နေရာမှာ တော်တယ်”
ကျောက်ဖွင့်သောနေရာမှ ဆူညံသံများသည် လူအများကို ဆွဲဆောင်နိုင်ကာ ပေါ်လာမည့် ဝိညာဉ် ကျောက်အမျိုးအစားကို ကြည့်ချင်ကြသည်။
ဖက်တီးကျူနှင့် တခြားသူများသည်လည်း သွားကြည့်ကြသည်။ သူတို့သည် ဝိညာဉ်စေတီ ဒုတိယအထပ် မှ ကျောက်တွင်းရှီ ကျောက်များကို တူးဖူးသော်လည်း ဒီလိုမျိုးမြင်ကွင်းကို မမြင်ဖူးကြပေ။ ထိုအချိန်တွင် သူတို့ သည် လူသစ်များကဲ့သို့ ခံစားရလေသည်။
ရှီမာလိုင်သည်လည်း သွားကြည့်လေသည်။
ရှီမာယူယူ၊ ဝူလင်းယူနှင့် မိုဒိဆန်းတို့်သည် မသွားပေ။ ဒီလိုမျိုးကို မြင်ဖူးသည်မှာ သူတို့အတွက် ပထမ ဆုံးအကြိမ်မဟုတ်တော့ပေ။ ထို့အပြင် လူများတိုးကျပ်နေသဖြင့် အသက်ရှုကြပ်သည်။
ခဏအကြာတွင် အထဲမှ ပျော်ရွှင်စွာ အော်သံကို ကြားလိုက်ရသည်။
“ဝါး… ကြီးလိုက်တဲ့ တိမ်တိုက်တောက်ပ ဝိညာဉ်ကျောက်ပဲ ဒီဟာကို ပထမဆုံး မြင်ဖူးတာပဲ”
“အမှန်ပဲ တိမ်တိုက်တောက်ပဝိညာဉ်ကျောက်တုံးကြီးပဲ အလယ်လတ်ဝိညာဉ်ကျောက် ထောင်ချီပြီး တန် လောက်တယ်”
“မင်္ဂလာပါ သခင်လေး ကျွန်တော် ခင်ဗျားရဲ့ ဝိညာဉ်ကျောက်ကို အလယ်အလတ်အဆင့် ကျောက် ၅ ထောင်နဲ့ ဝယ်ပါမယ် ဘယ်လိုလဲ”
“ကျွန်တော် ၅၅၀၀၀ ပေးမယ် ဘယ်လိုလဲ”
“ဒီမှာ သခင်လေး ၇၀၀၀ပေးမယ် ရောင်းပါလား”
“ဖယ် သခင်လေး ကျွန်တော်…”
ဖက်တီးကျူသည် ဆူညံကာ တက်ကြွနေသော လူအုပ်ကြားမှ ထိုးထွက်လာသည်။ သူတို့ ရူးသွပ်နေမှုကို ကြည့်ပြီး သူသည် လျင်မြန်စွာ နောက်ဆုတ်လာသည်။
“သူတို့က တကယ်ပဲရူးနေကြတာလားပဲ” ရှီမာယူလီသည် နဖူးမှ ချွေးများကို သုတ်ရင်း သက်ပြင်းချ လေသည်။
“ဒီမှာတော့ ဒီလိုပဲ မြင်ပါများရင် ကျင့်သားရသွားမှာပါ” ရှီမာယူယူသည် ရယ်မောရင်း ပြောလေသည်။
ထို့နောက်တွင် တိမ်တိုက်တောက်ပ ဝိညာဉ်ကျောက်သည် အလယ်အလတ်ကျောက် ၉၀၀၀နှင့် ရောင်း ထွက်သွားလေသည်။ ထို့အပြင် သူဝယ်လိုက်သော ကျောက်ရိုင်းတုံးမှာ အလယ်အလတ်အဆင့် ကျောက် ၁၀၀၀ မျှသာရှိသည်။ တန်ကြေးမှာ မူလထက် ဆယ်ဆတက်သွားလေသည်။
“လာကြည့်ကြပါ လာကြပါ အဲဒီတိမ်တိုက်တောက်ပ ကျောက်က ဒီနေရာကနေ ဝယ်သွားတာပါ” ဆိုင်ရှင်သည် သူ့ရှေ့မှ လူများကို ကြည့်ကာ လျှောက်သွားပြီး အော်လေသည်။
ကြည့်လိုက်သည်နှင့် ကျောက်ရိုင်းတုံးများသည် အဆင့်နိမ့်သည်ကို တွေ့ရသည်။ ကြည့်ရုံနှင့်ပင် ကောင်းမွန်သော ဝိညာဉ်ကျောက်ထုတ်နိုင်သည့် ကျောက်ရိုင်းတုံးကို ရွေးရမည် မှာ ခက်ခဲသည်။ သို့သော် ဈေးနှုန်းမှာ နိမ့်သောကြောင့် ကောင်းမွန်သော ဝိညာဉ်ကျောက်ကို ထုတ်နိုင်ပါက သူတို့သည် ပေးသည်ထက် အဆပေါင်းများစွာ ရှာနိုင်မည်ဖြစ်သည်။
သည်လိုနှင့် အားလုံးသည် ကျောက်ရိုင်းတုံးများကို ရွေးရန်သွားကြရာ ထိုနေရာတွင် အေးသွားပြီး လူမရှိ သောနေရာသည် ပြန်ပြီး လှုပ်ရှားလာပြန်သည်။
“ယူယူ မင်းလည်း ကျောက်ဝယ်ဖို့သွားမှာလား” ဖက်တီးကျူသည် စိတ်လှုပ်ရှားစွာ ပြောလေသည်။
ရှီမာယူယူသည် ဖက်တီးကျူ၏ နဖူးကိုခေါက်ကာ ပြောလေသည် “ဒီကျောက်ပုံက ကျောက်ဖြူတွေ ချည်းပဲ သွားလည်း အသုံးမဝင်ဘူး”
ကျောက်ဖြူများ … ဆိုလိုသည်မှာ ထိုကျောက်များသည် ဝိညာဉ်ကျောက်များ မထုတ်လုပ်နိုင်ပေ။ အထဲတွင် ဖြူပြီး ချောမွေ့သဖြင့် ကျောက်ဖြူများဟု ခေါ်သည်။
မိုဒိဆန်းသည် သူမ ပြောသည်ကိုကြားသည်နှင့် မေးလိုက်သည် “ယူယူ မင်း ကျောက်တွေကို ဘယ်လို တန်ဖိုးဖြတ်ရမယ်ဆိုတာ သင်ထားတာလား”
“ငါ နည်းနည်းသင်ထားတယ် တော်တော့မတော်ဘူးရယ် မဟုတ်ရင် ရွေးကူဖို့ မင်းကို အကူအညီဘယ် တောင်းမလဲ” ရှီမာယူယူ မဖုံးကွယ်ပေ။
“ဒါဆိုရင် အဲကျောက်တွေက ဝိညာဉ်ကျောက်မထုတ်နိုင်ဘူးဆိုတာ ဘယ်လိုသိလဲ မင်းမသိတာကို အဓိပ္ပာယ်မရှိတာ မပြောနဲ့” ထိုဆိုင်ရှင်သည် ရှီမာယူယူ ပြောသောစကားကို ကြားသည်နှင့် ဆူငေါက်လေသည်။
“စကားကိုကြည့်ပြော” ရှီမာယူလီသည် ရှီမာယူယူကို ဆူငေါက်ခံရသည်ကိုမြင်သည်နှင့် ရှေ့တိုးကာ သင်ခန်းစာ ပေးရန် ဟန်ပြင်လေသည်။
ရှီမာယူယူသည် သူ့အား ဆွဲပြီးတားကာ ပြောလေသည် “ငါတို့ ဒီကိုရန်ဖြစ်ဖို့ လာတာမဟုတ်ဘူး အထဲ သွားရအောင်”
အပြင်ရှိ ကျောက်ရိုင်းတုံးများမှာ အဆင့်နိမ့်များဖြစ်ကြသည်။ ထိုဈေးနှုန်းများသည် နိမ့်ကြကာ အထဲသို့ ဝင်လေ အရည်အသွေးကောင်းတာရလေဖြစ်သည်။ ဝိညာဉ်ကျောက် ထုတ်နိုင်သည့် ရာခိုင်နှုန်းများလေ ဖြစ်သည်။ သို့သော် ဈေးမှာလည်း လိုက်မြင့်လာသည်။ လူအများစုသည် အတွင်းရှိကျောက်များကို ကံစမ်းချင်ကြသည်။ ပိုက်ဆံရှိသောသူများသည် အတွင်းရှိဆိုင်များကို ရွေးချယ်ကြသည်။
သူတို့သည် ပင်မအခန်းမှ လျှောက်လာရာ အတွင်းပိုင်းသည် အိမ်နှင့်မဟုတ်ပဲ အမိုးဖွင့် ခြံဝန်းဖြစ်သည်။ ဝိညာဉ်ကျောက်များသည် ခြံဝန်းပတ်လည်တွင် ၂နေရာ ၃နေရာ ခွဲထား လေသည်။
အပြင်တွင် လူပိုများသဖြင့် ထိုနေရာတွင် လူထူထပ်မနေပေ။ ထို့အပြင် ထိုနေရာရှိ လူများသည် ကောင်းမွန်စွာ ဝတ်စားထားသည်။ အပြင်မှ လူများနှင့် ယှဉ်မရပေ။
“ယူယူ မင်းဘယ်လောက်ရှာချင်တာလဲ” မိုဒိဆန်းမေးလိုက်သည်။
ရှီမာယူယူသည် ရှုပ်ထွေးသွားသဖြင့် မျက်တောင်ခတ်လိုက်သည်။ သူဆိုလိုသည်ကို သူမ နားမလည် ပေ။
“မင်း သန်းဂဏန်းလောက်ရှာချင်ရင် ဒီနေရာက အဆင်ပြေတယ် ဒါပေမဲ့ မင်းအဲထက် ပိုရှာချင်ရင် တော့ အတွင်းပိုင်းပိုသွားရမယ်” မိုဒိဆန်းရှင်းပြလေသည် “ဒီနေရာလည်း ကောင်း ပါတယ် ဒါပေမဲ့ အတွင်းပိုင်းက ပို ကောင်းတယ်”
ရှီမာယူယူသည် လှည့်ပတ်ကြည့်ကာ ပြောလေသည် “ဒီနေရာကနေစရအောင် မဟုတ်လည်း နရက် အချိန်ရနေတာ အဆင်မပြေတော့မှ နေရာထပ်ရွေးကြတာပေါ့ ဒီနေရာက ဈေးကလည်းမမြင့်ဘူး အားလုံး အတူ ဆော့လို့ရတာပေါ့”
“ဘာလို့လဲ”
“ငါတို့လည်း ဆော့လို့ရလား” ဖက်တီး၏ မျက်လုံးအရောင်တောက်လာသည်။
“ဒီက ပျမ်းမျှ အဆင့်တွေက ၅၀၀၀ နဲ့အောက်တွေပဲ ၂သန်းပေးလိုက်မယ်၊ ဝိညာဉ်ကျောက်တွေ ရရင် သိမ်းထားရင် သိမ်းထားမဟုတ်ရင်လည်း ကျောက်တွေနဲ့ ပြန်လဲပေါ့” သူမ ပြောပြီးနောက် ဖန်ကန်နှစ်ကတ် နျင့် အလယ်အလတ်ကျောက် ၁သန်းကို ထုတ်ပေး လိုက်လေသည်။
သူမသည် သူမအတွက် ၃သန်းချန်ထားလေသည်။ သူမသည် မိုဒိဆန်းအား ယုံကြည်သဖြင့် ထိုထက် မက ရှာနိုင်မည်။
“မြန်မြန် ငါတို့လည်း သွားကစားကြမယ်” ဖက်တီးကျူနှင့် တခြားသူများသည် ပိုက်ဆံယူကာ ထွက်သွား ကြလေသည်။ သူတို့ထွက်သွားကြရာ ရှီမာယူယူ၊ ဝူလင်းယူ၊ မိုဒိဆန်းနှင့် ရှင်းမိုတို့ ကျန်ခဲ့လေသည်။
“သွားရအောင် ငါတို့လည်းရွေးကြတာပေါ့” ရှီမာယူယူ ပြောလေသည်။
သူတို့လေးယောက်သည် လူနည်းသောနေရာသို့ လာလိုက်ကြလေသည်။ ထိုနေရာတွင် သာမန်ဖြစ် သော ကျောက်များအနည်းငယ်ရှိနေလေသည်။ ထိုကျောက်များသည် ထူးခြားမှု မရှိပဲ ဈေးနှုန်းမှာ မြင့်သည်။ လူအများစုသည် အရွေးရဲကြပေ။ သူတို့သည် ထူးခြားမှုပေါ် လွင်သော ကျောက်များကို ရွေးလိုကြသည်။
“ဒီကကျောက်တွေကို မရွေးတာကောင်းမယ် မနေ့က လူတချို့ဒီကိုလာရွေးတာ ကျောက်ကောင်း တစ်ခုမှ ရမသွားဘူး” သတ်လတ်ပိုင်းအမျိုးသားတစ်ယောက်သည် ရှီမာယူယူနှင့် တခြားသူများ ကျောက်ရွေး တော့မည်ကို တွေ့သည်နှင့် ပြောလေသည်။ သူသည် ကျောက်ရိုင်းတုံးတစ်ခုရွေးကာ ပိုက်ဆံရှင်းနေလေ သည်။
ရှီမာယူယူသည် ဆိုင်ရှင်အားကြည့်ပြီး မေးလိုက်လေသည် “သူပြောတာအမှန်ပဲလား”
ဆိုင်ရှင်သည် သူမအား မဖုံးကွယ်ပဲ ပြောလေသည် “အမှန်ပဲ သူတို့ မနေ့က ကျောက် ကောင်းကောင်း ရမသွားဘူး ဖရဲသီးကျောက် နှစ်လုံးပဲရသွားတာ”