အပိုင်း (၅၁၆) – ကျောက်များဖြင့် လောင်းကစားခြင်း (၃)
Vol. 006 Ch. 516
ဖရဲသီးကျောက်များ အကြောင်းကို ရှီမာယူယူသိသည်။ ထိုကျောက်များသည် ဖရဲသီးနှင့်တူကာ အထဲ တွင် ဖရဲသီးအစေ့များ ကဲ့သို့ဖြစ်လေသည်။ ဖရဲသီးအစေ့နှင့် ဆင်တူ သော ဝိညာဉ်ကျောက်တုံးများသာ ပါလေ သည်။ ထိုကဲ့သို့ ဖရဲသီးအစေ့များသည် လုံးဝ အသုံးမဝင်သဖြင့် ဖွင့်လျှင်လည်း အသုံးမဝင်ပေ။ တန်ကြေး မရှိပေ။ ထိုကျောက်များကို ဖွင့်မိသူသည် ပြဿနာတွေ့ခြင်းဖြစ်သည်။
ဆိုင်ရှင်သည် ရိုးသားသည်ကို တွေးမိလေသည်။ သူသည် သူမကို ဖုံးကွယ်ထားခြင်း မရှိပေ။
သူမသည် လက်ရမ်းပြကာ ပြောလေသည် “ကျွန်တော်တို့ဘာသာရွေးမယ် အရင်ဆုံးပြပေး”
ထိုကဲ့သို့ ဆိုင်ရှင်သည် ကျောက်ရိုင်းတုံးများ ရောင်းရာတွင် ဖြတ်ပေးသည်ကို သူမ သိသည်။ ထို့ကြောင့် ပင် သူတို့သည် ကျောက်များကို အကောင်းဆုံးရောင်းကြသည်။ သို့သော် သူတို့သည် ထင်မြင်ချက်ကိုသာ ပေး ကြသည်။ သူတို့သည် ဝယ်သူအစား ဆုံးဖြတ်ချက်ချ မပေးရဲကြပေ။ မဟုတ်လျှင် အဖြူရောင်ကျောက်ထွက်လာ လျှင် သူတို့အတွက် အခက်တွေ့စေ သည်။
“မင်းရွေးချင်လား မဟုတ်ရင် ငါတစ်ခုလောက်ကူရွေးပေးရမလား” မိုဒိဆန်းမေး လေသည်။
“ငါစမ်းကြည့်ချင်တယ်” ရှီမာယူယူသည် ကျောက်များကို ကြည့်ကာ စမ်းကြည့်ချင်မိ လေသည်။
ထိုကျောက်များသည် ဝိညာဉ်စေတီကျောက်တွင်းမှ ထွက်သည့် ကျောက်များနှင့် မတူပေ။ သူမသည် တစ်ခုချင်းစီကို အာရုံခံကြည့်ကာ ဝိညာဉ်ကျောက်ထွက်လာ မလားဆိုသည်ကို ပြောနိုင်သည်။ သို့သော် ဒီ ကျောက်များသည် မတူညီပေ။ သူမသည် ထိုကျောက်များနှင့် ဆက်သွယ်၍မရသောကြောင့် တစ်ခါတည်း မပြောနိုင်ပေ။ သို့သော် သူမသည် စာအုပ်ထဲမှ သင်ထားသော အရာများကိုသုံးကာ ဘယ်လောက် အသုံးဝင် ကြောင်းကိုစမ်းကြည့်ချင်သည်။
သူမသည် ကျောက်ပုံဘေး ဆောင့်ကြောင့်ထိုင်ကာ ရွေးလေသည်။ သူမသည် ထိတွေ့ကာ အာရုံခံ ကြည့်ပြီးနောက် လူခေါင်းအရွယ်အစားရှိသော ကျောက်ရိုင်းတုံးအား ရွေးလိုက်လေသည်။
သူမ ရွေးလိုက်သော ကျောက်အား မြင်သောအခါ မိုဒိဆန်း၏ မျက်လုံးများ အရောင်တောက်လာ သည်။ သို့သော် သူဘာမှမပြောပေ။
သူမအား ထိုနေရာမှ မရွေးရန်ပြောခဲ့သော လူသည် ပိုက်ဆံရှင်းကာ သူ့ကျောက်ကို ဖွင့်ပေးမည့်လူကို ရှာနေလေသည်။ သူ လှည့်ကြည့်ရာ ကျောက်တုံးကိုဖက်ပြီး လျှောက်လာသော ရှီမာယူယူကို တွေ့လိုက်လေ သည်။ သူသည် ချက်ချင်းပင် အော်လိုက် လေသည် “ဟူး ဒီကလေးကတော့ ဘာလို့ဖရဲသီးကျောက်ကို ရွေး လိုက်တာလဲ”
ထိုသို့ပြောပြီးနောက် သူ့အသံကြောင့် လူများရောက်လာသဖြင့် နောင်တရသွား လေသည်။
သူသည် အသံနိမ့်ကာ ပြောလေသည် “တောင်းပန်ပါတယ် ဒါပေမဲ့ မင်းဒါကိုရွေးချင်ရင် ဒါကို ဖွင့်ရင်တောင် ဖရဲသီးအစေ့တွေပဲထွက်လာမှာ မတန်ဘူး မင်း ဒီကျောက်တုံးကို အလယ်အလတ်ကျောက် ၁သန်း ပေးရမယ်”
ရှီမာယူယူသည် ထိုမျှလောက် စိတ်အားထက်သန်သော လူနှင့်တွေ့ရမည်ဟု မထင်ထားပေ။ သူသည် သူမအား စကားများပြောနေသော်လည်း အကောင်းပြောသဖြင့် သူမ စိတ်မဆိုးပေ။ သူမ ပြန်ပြောလိုက်သည် “မစိုးရိမ်ပါနဲ့ ဒါကျွန်တော် ပထမဆုံးစမ်းကြည့်တာပါ လေ့ကျင့်တာလို့ပဲ သဘောထားပါတယ်”
ထိုသို့ ပြောပြီးနောက် သူမသည် ထိုလူအားပြုံးပြပြီး ကန်တစ်လျှောက် လျှောက်သွား လေသည်။
ရှီမာယူယူ သူမရွေးချယ်မှုအား စိတ်အားထက်သန်နေသည်ကို ထိုလူတွေ့သောအခါ မပြောတော့ပေ။ သို့သော် သူသည် ထိုနေရာမှ ထွက်မသွားပေ။ သူသည် သူ့ကျောက်ရိုင်းတုံးကို ဖက်ကာ ရှီမာယူယူ နောက်လိုက်ကာ သူမရလာမည့် ရလဒ်ကို လိုက်ကြည့်လေသည်။
သူတစ်ယောက်တည်းမဟုတ်ပေ။ တချို့သော လူများလည်း ရှီမာယူယူအား ရယ်မောကြလေသည်။ ထိုအချိန်အတွင်းတွင် တခြားသူ၏ ကျောက်ဖွင့်ခြင်းကို ကြည့်ရသည်မှာ စိတ်ဝင်စားစရာပင်ဖြစ်သည်။
ရှီမာယူယူသည် သူမကျောက်အား စားပွဲပေါ်သို့ တင်လိုက်လေသည်။ ကောင်တာ ထိုင်သော မိန်းကလေး သည် သူမ ဖရဲသီးကျောက်ရွေးလာသည်ကို မြင်သောအခါ အလွန်အံ့သြသွားလေသည်။ အထူး သဖြင့် တခြားလူသည် ဖရဲသီးကျောက်ရွေးခြင်းကို တားမြစ်သည်ကို ကြားပြီးနောက်တွင် ပိုအံ့သြမိလေသည်။ ရှီမာယူယူ ရွေးလိမ့်မည်ဟု သူမ ထင်မထားပေ။
“သခင်လေး ဒီဟာကိုဝယ်ဖို့က သေချာသွားပြီလား” ကောင်တာထိုင်သော မိန်းကလေး သည် သံသယ ဖြင့် မေးလေသည်။
ရှီမာယူယူ ခေါင်းညိမ့်ကာ ပြောလေသည် “ဒါပဲယူမယ်”
“ကောင်းပါပြီ ဒီကျောက်က အလယ်အလတ်ကျောက် ၁သောင်း ၈ထောင်ကျပါတယ်” မိန်းကလေးသည် ပြုံးပြီးပြောလေသည်။
ရှီမာယူယူသည် ဖန်ကတ်ထုတ်ကာ ၁သောင်း၈ထောင် ပေးလိုက်လေသည်။
မိန်းကလေးသည် လက်နှစ်ဖက်ဖြင့် ကတ်ကိုယူကာ ပြုံးပြီးမေးလေသည် “သခင်လေး ဒါကိုဖွင့်ချင်လား”
ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။
မိန်းကလေးသည် ကျောက်ဖွင့်သောနေရာအား ညွှန်ပြကာ ပြောလေသည် “အဲနေရာကို သွားလို့ရ ပါတယ်”
“သိပြီ” ရှီမာယူယူသည် ကျောက်ရိုင်းတုံးကို ပိုက်ကာ လျှောက်သွားလေသည်။
ထိုကျောက်များကို ဖွင့်ပေးသော ကျွမ်းကျင်သူနှစ်ယောက်ရှိသည်။ သို့သော် နှစ်ယောက်လုံးသည် တခြားသူများကို လုပ်ပေးနေသဖြင့် သူမဘာသာ ပိုက်သွားကာ ဘေးတွင် ရပ်ကြည့်နေလိုက်သည်။ သူမသည် ဘေးရှိ လူသုံးယောက်ကို ကြည့်လိုက်သည်။
“သူ့လက်ထဲက ကျောက်က ကျောက်ထုတ်နိုင်မယ်လို့ထင်လား” မိုဒိဆန်းသည် ရှီမာယူယူ၏ လက်မောင်းကို တိုက်ကာ မေးလေသည်။
ရှီမာယူယူ၏ အဖြေကိုမစောင့်ပဲ ထိုလူ၏ ညွှန်ကြားချက်အတိုင်း သခင်သည် ကျောက်အား ဖွင့်လိုက် လေသည်။ သူသည် တတိယအကြိမ်ဖြတ်ပြီးနောက်မြေပေါ်သို့ အစိတ်အပိုင်းအသေးတစ်ခု ထွက်ကျသွား လေသည်။ ထိုအစိတ်အပိုင်းသည် အဖြူရောင် ဖြစ်ကာ အစိမ်းရောင်ရှိမနေပေ။ ကြီးမားသော အစိတ်အပိုင်းတွင် အစိမ်းရောင် ဖျော့ဖျော့တွေ့ရလေသည်။
“အစိမ်းရောင်တွေ့ရတယ်” ထိုနေရာရှိလူများသည် ညင်သာစွာ အော်လေသည်။ သူတို့သည် အပြင်က လူများကဲ့သို့ ကျယ်လောင်ခြင်းမရှိပေ။
“နောက်တစ်ခါကို ဒီနေရာဖြတ်လိုက်” ကျောက်ပိုင်ရှင်သည် နောက်တစ်ဖက်ကိုလည်း ဖွင့်ရန် ပြော လေသည်။
ရှီမာယူယူသည် ကျောကတုံးအားကြည့်ကာ ပြောလေသည် “နှမြောစရာပဲ…”
“နှမြောစရာပဲ ဟုတ်လား” ဖက်တီးကျူနှင့် တခြားသူများသည် ရောက်လာကာ သူမ ပြောသည့် စကား ကို ကြားပြီးနောက် မေးလေသည်။
“ကျောက်တုံးက ဝိညာဉ်ကျောက်ထုတ်နိုင်မယ့်ပုံပါ ဒါပေမဲ့ အထဲက ကောင်းမယ့် ပုံမရှိဘူးလို့ ဘာလို့ ခံစားမိနေလဲမသိဘူး” ရှီမာယူယူသည် တိုးညင်းစွာဖြင့် ရှင်းပြလေသည်။
“တကယ်လား”
“အင်း” ရှီမာယူယူ ခေါင်းညိမ့်လေသည်။ သူမ သေချာနေသည်။ ထိုသည်မှာ ဖန်ဝိညာဉ်ကျောက် ဖြစ် လေသည်။
ဖန်ဝိညာဉ်ကျောက်များသည် ဝိညာဉ်ကျောက်ပါးများဖြစ်သည်။ ထိုဝိညာဉ်ကျောက်အ အရည်အသွေး သည် ကောင်းမွန်လျှင်တောင် တန်ကြေးမရနိုင်ပေ။
မြေပေါ်တွင် ဒူးထောက်ထိုင်နေကြသော လူများသည် ရှီမာယူယူကို လှည့်ကြည့် ကြလေသည်။ သူတို့ သည် ဘာမှမပြောသော်လည်း သူတို့ဘေးမှ မိန်းကလေးသည် ရှီမာယူယူကို အော်လေသည် “ဘာမှမသိရင် ပါးစပ်ပိတ်ထား”
အားလုံးသည် ကျောက်ဖွင့်ရာတွင် အာရုံစိုက်နေရာမှ သူမ ပြောသော စကားကို နားထောင် လိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။
သူမ တိတ်နေဆိုလည်း တိတ်တာပေါ့။ မဟုတ်လည်း သူမနှင့် ဆိုင်တာမှမဟုတ်တာ။
သို့သော် ရှီမာယူယူပြောသည့်အတိုင်းပင် ကျောက်သည် အစပိုင်းတွင် အရည်အသွေး ကောင်းသော လည်း နောက်တွင် ပါးလွှာသော ဝိညာဉ်ကျောက်ထွက်လာလေသည်။ အရည်အသွေးမှာ မဆိုးလှသော်လည်း ပါးလွန်းသည်။ ပါဝင်သည့် ဝိညာဉ်စွမ်းအင်မှာ မများသဖြင့် အသုံးမဝင်လှပေ။
ကျောက်ပိုင်ရှင်သည် တည်ငြိမ်စွာ ရပ်ပြီး ဖုန်များကိုခါလိုက်သည်။ သူ့ဘေးမှ အမျိုးသမီးသည် အလွန်ပင် စိတ်မကောင်းဖြစ်နေသည့် ပုံပင်။
“နောက်တစ်ယောက်” ကျောက်ဖြတ်သော ကျွမ်းကျင်သူသည် ပြောလိုက်သည်။
ဘယ်သူမှမသွားသည်ကို ရှီမာယူယူတွေ့သောအခါ လျှောက်သွားပြီး သူမလက်ထဲမှ ကျောက်ကို စားပွဲပေါ်တင်လိုက်လေသည်။
“ဖရဲသီးကျောက်လား” သူမ ကျောက်အားမြင်သောအခါ ထိုလူများသည် ရယ်မောကြလေသည်။ ခနက အမျိုးသမီးလည်း ကျယ်လောင်စွာ ရယ်မောလေသည်။
သူမ၏ တည်ငြိမ်သောအပြုအမူကို ကြည့်ပြီး ကျောက်ဖွင့်ပေးသော ကျွမ်းကျင်သူသည် ပြောလိုက်သည် “ဒါ သခင်လေးအတွက် ကျောက်လောင်းတာ ပထမဆုံးအကြိမ်လား”
ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။
သူမသည်လောင်းကစားကို အရင်ကမြင်ဖူးသော်လည်း အခုလိုအတွေ့အကြုံမှာတော့ ပထမဆုံး ဖြစ်သည်။
“သခင်လေး ဖရဲသီးကျောက်တုံးကို ကြားဖူးလား”
“ကြားဖူးတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ကျွန်တော် ဒါလိုချင်တယ် ပိုက်ဆံလည်းပေးပြီး သွားပြီ နောင်တရဖို့မရှိဘူး”
ကျွမ်းကျင်သူသည် ခေါင်းရမ်းကာ ကျောက်တုံးအားဖက်ကာ သေချာစွာ ထိတွေ့ ကြည့်လေသည်။
“ဖရဲသီးကနေ ဝိညာဉ်ကျောက်ထွက်လာတာ စဉ်းစားကြည့် ဒါမျိုးကြည့်ဖို့ ပထမဆုံးပဲ” ထိုအမျိုးသမီး သည် လှောင်လေသည်။
“ညီမ ၃ မရိုင်းနဲ့” ထိုအမျိုးသားသည် သူမအား ပြောလိုက်သည်။
“အမှန်ပဲလေ သူများက ဖရဲသီးကျောက်မရွေးနဲ့လို့ ပြောတာကို ငြင်းပြီး ဖွင့်တောင် ဖွင့်ခိုင်းလိုက်သေး တယ် သူ ဝိညာဉ်ကျောက်ကောင်းကောင်း ရမှာမဟုတ်ဘူးဆိုတာ သေချာတယ် သူသာရမယ်ဆိုရင် ကျွန်မ တင်ပါးနဲ့ နာမည်ကို ရေးပြလိုက်မယ်”
“ဘယ်လိုလဲ သခင်လေး ဖွင့်ဖို့အစီအစဉ်ရှိလား” သခင်သည် မေးလိုက်လေသည်။
“ခဏလေး သခင်” ရှီမာယူယူသည် မတ်တတ်ရပ်ကာ ထိုအမျိုးသမီးအားကြည့်ကာ ပြောလိုက်သည် “ခင်ဗျား ကျွန်တော်နဲ့ လောင်းမလား”
“ရတယ်လေ” အမျိုးသမီးသည် ရှေ့တိုးကာ ရှီမာယူယူအား ကြည့်လိုက်သည် “ရှင် ကျောက်ကောင်း ကောင်းရရင် ရှင်ပေးရတဲ့ ဈေးထက် ကျွန်မ ၂ဆပေးမယ်”