← Chapters

အပိုင်း (၅၁၇) – ကျောက်များဖြင့် လောင်းကစားခြင်း (၄)

Vol. 006 Ch. 517

အပိုင်း (၅၁၇) – ကျောက်များဖြင့် လောင်းကစားခြင်း (၄)

Vol. 006 Ch. 517

“ညီမလေး ၃ အဓိပ္ပာယ်မရှိတာမလုပ်နဲ့” သူမနှင့် ရှိနေသော အမျိုးသားသည် သူမအား ကြိမ်းမောင်း လိုက်သည်။

“အစ်ကို၂ မတားပါနဲ့” ထိုအမျိုးသမီးသည် ရှီမာယူယူအားကြည့်ပြီး ပြောလေသည် “ရှင့်ကျောက်တုံးက အလယ်အလတ်အဆင့်ရှိတဲ့ ကျောက် ၂သောင်းစာတန်ဖိုးရှိတဲ့ ဝိညာဉ်ကျောက်ကိုထုတ်နိုင်မယ်ဆိုရင် ရှင့်ကို  ကျေကျေနပ်နပ်နဲ့ ၂ဆပေးမယ်၊ အဲလိုမဟုတ်ရင် တော့… ရှင် ကျွန်မကို ဖန်ကျောက် ၁သိန်းပေးရမယ်”

“ကောင်းပြီ” ရှီမာယူယူ ခေါင်းညိမ့်လိုက်ကာ သဘောတူညီမှုပြီးဆုံးသွားလေသည်။

“ညီမလေး ၃ ဘယ်လိုလုပ် သူများကို…” ဟူလင်းသည် သူမအား တားချင်သော်လည်း သူ့ညီမသည် စကားနားမထောင်ကာ ခေါင်းမာနေသည်။ သို့သော် သူသည် သူမကို စိတ်လက်မာန်ပါလုပ်ခွင့်ပြုမည် မဟုတ်ပေ။

“အစ်ကို၂ ဒီလူက ငြင်းမှမငြင်းတာ ဘာတွေစိုးရိမ်နေတာလဲ” ဟူဖန်ဖန်သည် ပြုံးပြီးပြောလေသည် “ကျွန်မတို့ သဘောတူပြီးပြီဆိုတော့ စဖြတ်လို့ရပါပြီ”

လူတစ်ယောက်သည် ကျောက်များကို လောင်းကြေးထပ်နေချိန်တွင် တခြားသူများ အတွက်လည်း လောင်းကြေးထပ်ရန် အခွင့်အရေးကောင်းပင်ဖြစ်သည်။ ထိုသည်မှာ မြင်နေကျမြင်ကွင်း ဖြစ်သဖြင့် မည်သူမှ မအံ့သြတော့ပေ။ သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် ဆက်စောင့်ကြည့်နေကြသည်။ နောက်ဆုံးတွင် မည်သူ ရှုံးမည် ကို ကြည့်ချင်ကြသည်။

“သခင်ကြီး ဘယ်လိုဖွင့်စေချင်လဲ” ကျွမ်းကျင်သူကမေးလိုက်သည်။

“အလယ်ကနေသာ စဖြတ်လိုက်ပါ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါက..သခင်ကြီး သေချာရဲ့လား” ကျွမ်းကျင်သူသည် မေးပြန်သည်။

ပုံမှန်အားဖြင့် အလယ်မှ ဖြည်းညင်းစွာ ဖြတ်လေ့ရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်ကျောက် တုံး အများစုသည် အလယ်ပိုင်း သို့မဟုတ် အလယ်ပိုင်းဘေးတွင် ရှိတတ်ကြသည်။ အလယ်မှ ဖြတ်မည် ဆိုပါက အထဲရှိဝိညာဉ်ကျောက်တုံးအား အလွယ်တကူ ပျက်စီးသွားစေနိုင်သည်။ ဝိညာဉ်ကျောက်ပျက်စီးသွားပါက ဝိညာဉ် စွမ်းအင်များသည် အပေါက်မှ ယိုစိမ့်လာမည်။ ထို့နောက်တွင် မြန်မြန်အသုံးမပြုပါက ကြာရှည်ခံမည်မဟုတ်ပေ။ ထိုအချိန်တွင် ဝိညာဉ်ကျောက်တုံးသည် တန်ဖိုးမရှိတော့ပေ။

သူမကဲ့သို့ အလယ်ပိုင်းမှ စဖြတ်ခိုင်းသည်မှာ ရှားပါးသည်။

“သူက အလယ်ကနေစဖြတ်ခိုင်းတယ်ဆိုမှတော့ အဲလိုပဲလုပ်လိုက်လေ” ဟူဖန်ဖန်သည် ရယ်မောရင်း ပြောလေသည် “ဘယ်လိုပဲဖြစ်ဖြစ် ဖရဲသီးကျောက်ပဲကို အလယ်ကနေဖြတ်လည်း ပြဿနာမရှိဘူး”

ကျွမ်းကျသူသည်လည်း အဓိပ္ပာယ်ရှိသည်ဟု ခံစားရပြီး ရှီမာယူယူ၏ ညွှန်ကြားချက် အတိုင်း ကျောက်ကို အလယ်ကနေဖြတ်လိုက်လေသည်။

အခွံနှစ်ခြမ်းသည် မြေပေါ်သို့ ကျသွားကာ အဖြူရောင်ကျောက်ပေါ်လာလေသည်။

“ကျောက်အဖြူပဲ” လူအများသည် ကျောက်အဖြူကိုမြင်သောအခါ မအံ့သြတော့ပေ။

ဟူဖန်ဖန်သည် ကျောက်အဖြူကိုမြင်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။ သူမသည် ဖက်တီးကျူနှင့် တခြားသူ များ ဒေါသထွက်နေသည်ကိုကြည့်နေလေသည်။

“ဘာတွေအဲလောက်စိုးရိမ်နေတာလဲ သူတို့နှစ်ယောက်က တည်ငြိမ်နေတာမတွေ့ဘူး လား” သူတို့ စိုးရိမ်နေသည်ကို တွေ့သည်နှင့် ဝူလင်းယူသည် ပေါ့ပါးစွာ မှတ်ချက်ပေး လေသည်။

ရှီမာယူယူသည် ကျောက်လောင်းကစားခြင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ပြောချင်သော်လည်း မိုဒိဆန်းသည်လည်း တစ်ချိန်လုံးတိတ်နေခဲ့သည်။ ထိုသည်မှာ ကျောက်တုံး တွင် ပြဿနာမရှိဘူးဟု ဆိုလိုခြင်း  ဖြစ်နေသည်။

“နောက်ကို ဘယ်နေရာဖြတ်ရမလဲ” ကျွမ်းကျင်သူသည် အခွံတစ်ခုကို ကောက်ရင်းမေး လေ သည်။

“ကြည့်ရအောင်” ရှီမာယူယူသည် ကျောက်တုံးကိုယူကာ ကြည့်လိုက်သည်။ ထို့နောက် တွင် သူမသည် မျက်နှာပြင်တွင် ရေးဆွဲကာ ပြောလိုက်သည် “ဒီနေရာကို ဖြတ်ပေးပါ”

“ကောင်းပါပြီ”

ကျွမ်းကျင်သူသည် သူမဆီမှ ကျောက်ကို ပြန်ယူကာ သူမပြသော နေရာအား ဖြတ်လိုက်လေသည်။  ကျောက်တုံးသည် နှစ်ပိုင်းပိုင်းသွားသော်လည်း အထဲတွင် ကျောက် အဖြူရှိ နေပြန်သည်။

“ဒီမှာ ကြိတ်လိုက်” ရှီမာယူယူသည် ခွဲခြမ်းတစ်ခုကို ယူပြီးပြောလေသည်။

ကျောက်တုံးကို ဖြတ်လျှင်သော်လည်းကောင်း ကြိတ်လျှင်သော်လည်းကောင်း ပြုလုပ် ၍ရသည်။ လူ အများစုသည် ဖြတ်ခြင်းမှစတင်ကာ ဝိညာဉ်ကျောက်ပေါ်လာတော့မည်ဟု ခံစားရမိသည့်အချိန်တွင် ကြိတ်ခြင်းကို  ရွေးချယ်ကြသည်။ ထိုအခွံများသည် ကျောက် မျက်နှာပြင်မှ ဖြည်းညင်းစွာ ပျောက်သွားလေသည်။

ခဏအကြာတွင် မြေပဲအရွယ်အစား ဝိညာဉ်ကျောက်များသည် ပေါ်လာသည်။

“တကယ်ပဲ ဖရဲသီးအစေ့လောက်ပဲရှိတာပဲ” ကြည့်ရှုသူက ပြောလေသည်။

“အဲဒါကိုဘယ်လိုလုပ် ဖရဲသီးအစေ့လို့ပြောရတာလဲ ဖရဲသီးအစေ့ထက်တော့ သာသေး တယ် အဲဒါ မြေပဲ” ဟူဖန်ဖန်သည် လှောင်ပြောင်လေသည်။

“ညီမလေ ၃” ဟူလင်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဒေါသထွက် နေပြီဖြစ်သည်။

ဟူဖန်ဖန်သည် မျိုသိပ်ကာ ဘာမှမပြောတော့ပေ။ သို့သော် သူမသည် ရှီမာယူယူအား ဒေါသဆွပေး သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ရှီမာယူယူသည် မြအရောင် မြေပဲစေ့များကို သိမ်းလိုက်ကာ တစ်ခြမ်းကို ကျွမ်းကျင်သူပေးကာ ပြော  လေသည် “ဒါကိုလည်းကြိတ်ပေးပါ”

“ဟား ဟား ဒါကိုကြိတ်လိုက်ရင် ၂သောင်းတန်မယ်လို့ထင်နေတာလား” တစ်စုံတစ်ယောက် သည် သရော် လေသည်။

ရှီမာယူယူသည် သူတို့အား အရေးမစိုက်ပဲ အစိတ်အပိုင်းအသေးအား ကျွမ်းကျင်သူ ဆီသို့ ပေးလိုက်  လေသည်။ ထို့နောက်တွင် သူမသည် နောက်တစ်ခြမ်းကိုယူပြီး သေချာစွာ စမ်းစစ်လိုက်သည်။

“ကူညီးဖွင့်ပေးမယ်” မိုဒိဆန်းသည် လျှောက်လာကာ ပြောလေသည်။

“ကောင်းပြီ” မိုဒိဆန်းသည် စကားကိုအလွယ်တကူမပြောတတ်သည်ကို ရှီမာယူယူ သိသည်။ သူ ပြော လာပြီဆိုတော့ ဖွင့်ရန်ခက်ခဲမည်ကို ဆိုလိုသည်။ အထဲရှိပစ္စည်းကို သူစိတ်ဝင်စားသည်ဟုလည်း ဆိုလိုသည်။

မိုဒိဆန်းသည် ကျောက်တုံးအပိုင်းအစကိုယူပြီးနောက် စားပွဲအနိမ့်ပေါ်သို့ တင်လိုက် သည်။ ထို့နောက် တွင် သူသည် ဓားသေးတစ်ချောင်းထုတ်ကာ လက်ဖြင့် စမ်းလေသည်။ ပြီးသည်နှင့် သူသည် ဓားကိုသုံးကာ  သွေးကြောများနောက်လိုက်ကာ ညင်သာစွာ လှီးဖြတ်လိုက်လေသည်။ ကျောက်၏ မျက်နှာပြင်တစ်စိတ် တစ်ပိုင်းသည် ကွာသွားလေသည်။

အားလုံး စောင့်ကြည့်ရာ သူသည် အမှန်အကန်ကျွမ်းကျင်သူဖြစ်သည်ကို တွေ့လိုက်ရ သည်။ ကျောက် အစိတ်အပိုင်းများသည် ဓားနှင့် ဖြတ်နိုင်လောက်သည့် ပုံမပေါ်ပေ။

မသိလိုက်ခင်မှာပင် အားလုံးသည် သူ့ကို အာရုံစိုက်မိကြလေသည်။ ကျွမ်းကျင်သူပင် လျှင် အလုပ်လုပ ရာမှ ရပ်ကာ မိုဒိဆန်းအား အာရုံစိုက်နေလေသည်။

မိုဒိဆန်းသည် ကျောက်တုံး၏ အလွှာများ တစ်လွှာချင်းစီ ခွာလိုက်ရာ လက်သီးဆုပ်လောက်ရှိသော  ကျောက်တုံးသည် ကြက်ဥအရွယ်လောက်သာ ကျန်တော့လေ သည်။

မိုဒိဆန်းသည် ရှီမာယူယူအား ကြည့်လိုက်ရာ သူဆိုလိုသည့်အဓိပ္ပာယ်ကို သူမ နားလည်သည်။ သူမ သည် စိတ်လှုပ်ရှားစွာ ပြောလေသည် “ထွက်လာတော့မှာလား”

မိုဒိဆန်း ခေါင်းညိမ့်ပြီးနောက် ကျောက်တုံးအား ပွတ်တိုက်မည့် တစ်စုံတစ်ခုကို ထုတ်လိုက်လေသည်။ သူသည် ကျောက်တုံးမျက်နှာပြင်တွင် ကျန်နေသမျှကို အားထုတ်ကာ ညင်သာစွာပွတ်တိုက်လေသည်။ သူ ကြိတ်ပြီးနောက်တွင် ကြက်ဥအရွယ်အစား ဝိညာဉ်ကျောက် သည် အားလုံးရှေ့တွင် ပေါ်လာလေသည်။

မိုဒိဆန်းသည် အဝတ်စိုထုတ်ကာ ဝိညာဉ်ကျောက်၏ မျက်နှာပြင်ကို ညင်သာစွာ ပွတ်လိုက်လေသည်။ ထိုအချိန်တွင် အားလုံးသည် ဝိညာဉ်ကျောက်ကို သေချာစွာ မြင်ရတော့ လေသည်။

“ကိုယ့်လူတွေ ကြည့်လိုက်ကြ ရွှေရောင်ဗဟိုချက်ရှိနေတယ်” တစ်စုံတစ်ယောက် အော်လိုက်လေသည်။

“ကျောက်ထဲမှာ ကျောက်ရှိနေတယ်”

“တကယ်ပဲ ကျောက်ထဲမှာ ကျောက်ရှိနေတာပဲ အူတိုင်က ရွှေရောင်နဲ့ ကြက်ဥ အရွယ်အစားလောက် ရှိ တယ် အဆင့်မြင့်မှာပဲ”

“ကျောက်ထဲက ကျောက်က လိုက်ချီးအရွယ်လောက်ရှိတယ်ဆိုတော့ သိန်းဂဏန်းတော့ တန်မှာပဲ ဒီတစ်ခုက ကြက်ဥအရွယ် ပြီးတော့ အထဲကလည်းရွှေရောင်ဖြစ်နေတယ်၊  သိန်း ၃ရာကနေ ၄ရာတော့တန်မှာပဲ”

ထိုနေရာရှိလူများသည် ပင့်သက်များရှိုက်ကြသည်။ သူတို့သည် ဒီလောက် တန်ရာတန်ကြေးရှိမည့် ပစ္စည်းဖြစ်လိမ့်မည်ဟု ထင်မထားကြပေ။

“ယူယူ မင်း ကောင်းတာရွေးလိုက်တာပဲ” မိုဒိဆန်းသည် ဝိညာဉ်ကျောက်ကို ရှီမာယူယူ၏ လက်ထဲထည့် ကာ ပြောလေသည်။ သူသည် ထိုကဲ့သို့ ဝိညာဉ်ကျောက်ကို ဖြတ်လိုက်ရခြင်း အတွက် ကျေနပ်နေလေသည်။

ရှီမာယူယူသည် ဝိညာဉ်ကျောက်အား ပျော်ရွှင်စွာ ယူကာ ဟူဖန်ဖန်အား ဝေ့ပြပြီးနောက် “ဒီတစ်ခေါက်  လောင်းတာကို ငါနိုင်သွားတာတော့ စိတ်မကောင်းဘူး မိန်းကလေးဟူ သဘောထားကြီးတဲ့အတွက် ကျေးဇူးပါ ကျွမ်းကျင်သူ ကျန်တဲ့ကျောက်ကို ကူကြိတ်ပေးပါဦး နောက်ထပ် ဖရဲသီးအစေ့ထွက်မလာမလားလို့ မသိနိုင် ဘူးလေ မဟုတ်သေးဘူး မြေပဲအစေ့ကိုပြောတာ”

ဟူဖန်ဖန်၏ မျက်နှာမှာ စိမ်းဖန့်လာသည်။ ထိုသည်မှာ သူမမျက်နှာကို ဖြတ်ရိုက်လိုက်သည်မှာ ရှင်းလင်း  နေသည်။ သို့သော် အားလုံး၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် သူမသည် မျိုသိပ်ထား ရသည်။

လျင်မြန်စွာပင် ကျန်နေသော ကျောက်ကိုလည်း ကြိတ်လေသည်။ ဖရဲစေ့ ငါးစေ့ထွက်လာသည်။  နောက်ထပ် ပေါင်းလိုက်သောအခါ အလယ်အလတ်အဆင့် ကျောက် ၁ထောင်လောက် တန်ကြေးရှိလေသည်။

ကျောက်ပြခန်းသည် ဝိညာဉ်ကျောက် အရည်အသွေးကို တန်ဖိုးဖြတ်နိုင်သော ကျွမ်းကျင်သူတွေသာ  ကျောက်များကို ဖြတ်ကြသည်။ ခဏအကြာတွင် အကြီးအကဲတစ်ဦး ရောက်လာ ကာ ခြံဝန်းဆီသို့ လျှောက် သွားလေသည်။ သူသည် ရှီမာယူယူ၏ ကျောက်ကို ချီးကျူးလေသည်။

“ဒီလိုမျိုး ကျောက်အကြီးအထဲမှာ ကျောက်ရှိနေတာက မြင်ဖို့ရှားတယ် အူတိုင်ကလည်း ရွှေရောင်  ဖြစ်နေသေးတယ် အသက်ကြီးနေတဲ့ငါတောင်မှ ရွှေရောင်အူတိုင်ကနေ လွှတ်နေတဲ့ စွမ်းအင်တွေကို ခံစားမိ တယ် ငါ့အတွေ့အကြုံအရဆိုရင် ဒီကျောက်က အနည်းဆုံး အလယ်အလတ် ကျောက် သိန်း သုံးရာ့ငါးဆယ်ရှိ မှာပဲ”

သိန်း သုံးရာ့ငါးဆယ်… ထို့အပြင် သူ့တွင် ကျောက် ၇သိန်းရှိနေသေးသည်။ ခဏအတွင်းကို သိန်း ၇ရာ  လောက် ဆုံးရှုံးလိုက်ရမည်ဟု ဟူဖန်ဖန် တွေးလိုက်သည်နှင့် နာကျင်လာသည်။

“ခဏလေး ရှိသေးတယ် ချီးကျူးနေတာကို နှောင့်ယှက်လိုက်ဦးမယ် ဒါတွေလည်း နည်းနည်း တော့ တန်တယ်မလား” ရှီမာယူယူသည် လက်ကိုဖြန့်လိုက်ရာ ဖရဲသီးစေ့ အရွယ်အစား ဝိညာဉ်ကျော်က ၁၀တုံး ထွက်လာလေသည်။

သူမသည် ချီးကျူခံရရန်အတွက် ဖရဲသီးအစေ့များကိုထုတ်လိုက်သဖြင့် အားလုံးသည် ရယ်မောကြလေသည်။

All Chapters