အပိုင်း (၅၁၈) – ကျောက်များဖြင့် လောင်းကစားခြင်း (၅)
Vol. 006 Ch. 518
အခုတော့ သူမသည် လိုငွေအတွက် ဖရဲသီးအစေ့သုံးသည်ကိုပင် သူတို့ လှောင်ပြောင်မိကြသည်။ သူမ ထိုကဲ့သို့လုပ်မည်ဟု မည်သူမှ ထင်မထားပေ။
ထိုအကြီးအကဲ၏ မုတ်ဆိတ်မွေးများလှုပ်ရမ်းသွားသည်။ သူသည် အလယ်အလတ် အဆင့် သိန်းရာချီ တန်သော ကျောက်တုံးရှိသည့်အပြင်ကို ထိုဖရဲသီးအစေ့တန်ကြေးရှိသော ပိုက်ဆံကို ပင်လိုချင်နေသေးသည်။ သို့သော် ဧည့်သည်ကတောင်းဆိုသည့်အတွက် သူသည် ကြည့်ပြီးပြော လေသည် “ဝိညာဉ်ကျောက်တွေက အရမ်း တော့သေးနေတယ် ဒါပေမဲ့ သန့်တော့သန့်တယ်၊ အထဲမှာရှိတဲ့ ဝိညာဉ်စွမ်းအင်ကလည်းမဆိုးဘူး အဲနှစ်ချက် ပေါင်းလိုက်ရင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက် ၂ထောင်လောက်တော့တန်မယ်”
ထိုကျောက်များသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက် ၂ထောင်တန်ကြေးရှိ သည်။ ထိုသည်မှာ သူမ ရင်းနှီးထားသော ၁သောင်း၈ထောင် တန်ကြေးထက်ပင် ပိုရသည်။ သို့သော် သူမသာ ထိုကျောက်ကိုမရခဲ့ပါ က သူမသည် လောင်းကစားတွင်ရှုံးခြင်းဖြစ်သည်။
“သခင်ကြီးကို ဒုက္ခပေးရတော့မှာပဲ” ရှီမာယူယူသည် ဖရဲသီးဝိညာဉ်ကျောက်များကို ပေးပြီးနောက် ဟူဖန်ဖန်ဘက်လှည့်ကာ ပြောလေသည် “မိန်းကလေးဟူ ကျွန်တော့်ကို ပိုက်ဆံပေးရင် ဖရဲသီးအစေ့ ၂ထောင် အတွက်ကိုပါ မမေ့ပါနဲ့ သြော် ဆောရီး ၄ထောင်ပေးရမှာပဲ”
ဟူဖန်ဖန်၏ အမူအရာမှာ တင်းသွားကာ ဒေါသဖြစ်စွာ လှည့်သွားလေသည်။
ဟူလင်းသည် သူ၏ ညီမထိုအမူအရာဖြစ်သွားသည်ကို ကြည့်ပြီး သက်ပြင်းချမိသည်။ သူသည် ဖန်ကတ် ၂ကတ်ထုတ်ကာ ပေါင်းလိုက်သည်။ ထို့နောက်တွင် ထိုကတ်များကို ရှီမာယူယူလက်ထဲထည့်ပြီး ပြောလိုက်သည် “ဒါက ၇ရာနဲ့၄ထောင်ပါ၊ ယူလိုက်ပါ”
ရှီမာယူယူသည် ဖန်ကတ်ကို ပုံမှန်အတိုင်းသိမ်းလိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူမသည် ထိုမောင်နှမ၏ ပိုင်ဆိုင်မှုကို စမ်းစစ်လိုက်သည်။ သူတို့သည် အလယ်အလတ် ကျောက် ၇သိန်းကို မျက်စိတစ်မှိတ် အတွင်း ပေးနိုင်သည်။ ထိုသည်မှာ သူတို့သည် သာမာန်လူများ မဟုတ်သည်ကို ပြသနေသည်။ သူတို့တွင် ကြီးမားသော နောက်ခံရှိရမည်။ မည်မျှအင်အားကြီး သည်ကိုတော့ သူမ မသိသော်လည်း သာမန်မဟုတ်သည် တော့သေချာသည်။
“ညီမလေး ၃ ပြန်ရအောင် မင်းပျောက်နေတာ အစ်ကိုကြီးသိရင် ဒေါသထွက် နေလိမ့်မယ်” ဟူလင်း ပြော လေသည်။
ဟူဖန်ဖန်သည် ထပ်ကစားချင်သေးသော်လည်း သူမ အစ်ကိုကြီးအကြောင်း ပြောလိုက် သောအခါ သူမ ခေါင်းမှာ ကြုံ့ဝင်သွားလေသည်။ သူမသာ ကျောက် ၇သိန်း အလောင်းအစား တွင် ရှုံးသွားသည်ကို သိပါက ပြင်းထန်စွာ ဆူပူကြိမ်းမောင်းခံရမည်။ သူမ ဒုတိယအစ်ကို အကြီးဆုံးသာ သူမဘက်ရှိနိုင်မည်။
“ဒါဆိုလည်း ပြန်ကြတာပေါ့” သူမသည် သူမအစ်ကို၏ လက်မောင်းကို တွဲကာ ထွက်လာလေသည်။
သူတို့ထွက်သွားသည်ကို အားလုံးမြင်ကြသည်နှင့် ပွဲကြည့်ရန်လာရောက်သူများသည် လည်း လူစုကွဲ သွားကြလေသည်။ ဖက်တီးကျူနှင့် တခြားသူများသည် ရောက်လာကာ ကျောက်အတွင်းရှိ ကျောက်ကို ကြည့် ချင်နေကြသည်။
“ဒီကသခင်ကြီး ကျွန်တော် ခင်ဗျားရဲ့ ကျောက်ကို ၃သိန်းနဲ့ဝယ်ချင်ပါတယ်” လူတစ်ယောက်လျှောက် လာကာ ပြောလေသည်။
“သခင်ကြီး သူ့ကို ဂရုစိုက်မနေပါနဲ့ ကျွန်တော် ၃သိန်းခွဲပေးမယ်”
“သခင်ကြီး ကျွန်တော် ၄သိန်းပေးမယ်”
ရှီမာယူယူသည် သူမဘေးမှလူများကို ကြည့်ရာ သူမကို ဈေးပြိုင်ပေးနေသည်ကို ကြည့်ပြီး အနည်းငယ် ရှုပ်ထွေးလာသည်။
“၄သိန်းခွဲ ဘယ်သူဒီဈေးပေးချင်လဲ ကျွန်တော်ရောင်းမယ်” ရှီမာယူယူသည် ၄သိန်း၃သောင်းနှင့် ရပ် သွားသည်ကို ကြည့်ပြီးအော်လိုက်လေသည်။
သူတို့သည် ထပ်ပေးကြသည်။ ၄သိန်းခွဲသည် ကွာခြားလှသော ပမာဏမဟုတ်ပေ။ စတင်သော ဈေး၏ တစ်သိန်းသာ ပိုသည်။ သို့သော် ထိုကျောက်တုံးသည် ရှားပါးလှသဖြင့် လူတစ်ယောက်သည် ကြိတ်မှိတ်ပြီး ဝယ် လိုက်လေသည်။
အပေးအယူတည့်သောအခါ ရှီမာယူယူသည် ထိုကျောက်ကို အလယ်အလတ်ကျောက် ၄သိန်းခွဲနှင့် ရောင်းလိုက်လေသည်။ သူမ လောင်းထားရာမှ နိုင်သော ၇သိန်းနှင့်ဆိုလျှင် ၁သန်းနှင့် ၁သိန်းခွဲရပြီဖြစ်သည်။
ထို့အပြင် သူမသည် သောင်းဂဏန်းလောက်သာ ရင်းနှီးလိုက်ရသဖြင့် အမြတ်ရငွေမှာ သူမ မှန်းထား သည်ထက် ပိုရနေသည်။
ဖက်တီးကျူနှင့် တခြားသူများသည် ရှီမာယူယူ ကျောက်ကောင်းရသည်ကို တွေ့ပြီး သူတို့လည်း စမ်းကြည့်ချင်ကြသည်။ သူတို့သည် ကျောက်နှစ်တုံးစီ ရွေးကာ တစ်သိန်းလောက်သုံး လိုက်ကြလေသည်။ သူတို့ သည် ကျောက်ရိုင်းတုံးများ ရွေးနည်းကို မသိကြပေ။ သို့သော် သူတို့ခံစားချက်အတိုင်းရွေးချယ်ကြသည်။ တချို့ သည် ကျောက်ကောင်း များကို ရွေးမိကာ တချို့သည် ကျောက်ဖြူများသာ ရကြသည်။ သို့သော် နောက်ဆုံးတွင် သူတို့သည် အလယ်အလတ်ကျောက် ၁သိန်းလောက် အမြတ်ရလိုက်လေသည်။ သူတို့သည် ကံကောင်းသည် ဟု ပြောလို့ရသည်။
“ယူယူ အဲဖရဲသီးကျောက်ကို ဘယ်လိုရွေးလိုက်တာလဲ” ရှင်းမိုသည် သိချင်မိသည်။
“တကယ်တော့ ငါ့ခံစားချက်အတိုင်းရွေးလိုက်တာပဲ” ရှီမာယူယူ ပြောလိုက်သည် “အပြင်ပိုင်းကို အာရုံ စိုက်ကြည့်ရင်တော့ အထဲမှာ ဖရဲသီးအစေ့ရှိတယ်ဆိုတာ သိလိုက်တယ်၊ ကျောက်မျက်နှာပြင်ကလည်း ပြောင် ချောနေတယ်၊ အဖုအထစ်ရှိနေတာ တွေ့တော့ အဲနေရာမှာ တစ်ခုခုရှိနေမယ်ဆိုတာ သိလိုက်တယ်”
သူမ၏ အာရုံနိုင်မှုသည် သူများတွေထက် ပိုခံစားနိုင်စွမ်းရှိသည်ကိုတော့ သူမ ထည့်မပြောတော့ပေ။ မဟုတ်လျှင် သူမသည် အချိန်တိုင်းကွာခြားနေမှုကို ခံစားရမည် မဟုတ်ပေ။
“မဆိုးဘူး မင်း ပထမဆုံးလောင်းတာတောင် အမြတ်ကောင်းကောင်းရလိုက်တယ် မင်းက အရင်က ထက်တောင် ပိုတော်လာတယ်” မိုဒိဆန်းပြောလိုက်သည်။
“ငါ ၁သန်းရှာနိုင်ပြီ ဒါပေမဲ့ အဲဒါမလောက်သေးဘူး ဆက်ကစားကြမယ်” ရှီမာယူယူ ပြောလိုက်သည်။
ထို့နောက်တွင် ကျောက်တချို့ကို သူ ကိုယ်တိုင်ရွေးကာ မိုဒိဆန်းသည် သူမကို ကူပြီး ၂တုံးရွေးပေးလေ သည်။ သူတို့ဖွင့်လိုက်ချိန်တွင် ဝိညာဉ်ကျောက်များ ရလေသည်။ ရှီမာယူယူသည် ထိုကျောက်များမှ အမြတ်အစွန်း တချို့ရကာ အလယ်အလတ်ကျောက် ၁၀သန်းရလိုက်လေသည်။
ရှီမာယူယူ ရရှိသွားသော အမြတ်များကို အားလုံးကမြင်သောအခါ ကျောက်ပြခန်းမှ လူများသည် ရင်နာ မှုကို ခံစားရလေသည်။
သူမက ဈေးကို လုယက်နေတာမဟုတ်ဘူးလား။
ရှီမာယူယူဖွင့်လိုက်သော ဝိညာဉ်ကျောက်များသည် အလယ်အလတ်ကျောက် ၅သိန်းဖြင့် ရောင်းထွက် သွားလေသည်။ ၅သိန်းကို မျက်တောင်မခတ်ပဲပေးလိုက်သော လူများကို ကြည့်ကာ အရင်က သူမ ပိုက်ဆံရှာ ခဲ့သောအကြောင်းများကို တွေးမိပြီး သက်ပြင်းချမိသည်။ ကမ္ဘာပေါ်မှာ လူချမ်းသာတွေ အများကြီးရှိတဲ့ပုံပဲ။ သူမ သည် ဆင်းရဲသားတစ်ယောက်သာ ဖြစ်လေသည်။
သို့သော် ကျောက်တုံးများကို တစ်ခုပြီး တစ်ခုကြည့်ပြီးနောက် သူမ ပိုပိုပြီး နားလည်လာသည်။ သူမ ရွေးချယ်သော ကျောက်များမှာလည်း မြင့်မြင့်လာသဖြင့် မိုဒိဆန်းပင်လျှင် ထိတ်လန့်နေရတော့သည်။
ရှီမာယူယူ နောက်ထပ် ကျောက်ရိုင်းတုံးရွေးတော့မည်ဟု သွားလိုက်ချိန်တွင် မိုးပြာရောင်ဝတ်စုံဝတ် ထားသော လူတစ်ယောက်သည် အနောက်မှ အေးအေးဆေးဆေး လျှောက်လာလေသည်။
“သခင်ကြီး” ကျောက်ပြခန်း၏ ဆိုင်ရှင်သည် ထိုအမျိုးသားအား အရိုအသေပေးလိုက် လေသည်။
ထိုအမျိုးသားသည် လက်ဝေ့ရမ်းလိုက်ရာ လူများသည် မတ်မတ်ပြန်ရပ်ကြလေသည်။
“သခင်ကြီး သူတို့ပါပဲ” သူတို့ဘေးမှ အမျိုးသားတစ်ယောက်သည် ရှီမာယူယူတို့အား ညွှန်ပြလေသည်။
“ကျွန်တော့်လူတွေကို လန့်အောင်လုပ်နိုင်တာ ဘယ်လိုအရည်အချင်းရှိတဲ့လူတွေပါ လိမ့်လို့ ဆရာ မိုဒိဆန်း ဖြစ်နေတာကိုး” ထိုအမျိုးသားသည် မိုဒိဆန်းအား လက်အုပ်ချီ နှုတ်ဆက်လေသည်။
ဝူလင်းယူနှင့် ရှင်းမိုတို့သည် အားလုံးနှင့် စကားပြောနေရာမှ မိုဒိဆန်းဟု ပြောလိုက်သည်ကို ကြားလိုက် လေသည်။ သည်လိုနှင့် သူတို့လှည့်ကြည့်ရာ လျှောက်လာသော လူအားတွေ့သည်နှင့် မျက်မှောင်ကြုတ်လိုက် ကြသည်။
“ပညာရှိစံအိမ်တော်က သားတော်နဲ့ သခင်လေး ရှင်းလည်းရှိနေတာကိုး ကျွန်တော် လင်း ရိုင်းပြ သွားပါတယ်” အပြာရောင်ဝတ်အမျိုးသားသည် ဝူလင်းယူနှင့် ရှင်းမိုကို တွေ့လိုက်သောအခါ လန့်သွားလေသည်။ ဒီလို အထင်ကရလူတွေက ဒီနေ့ဘယ်လိုဖြစ်ပြီး ရောက်လာကြတာလဲ။
အားလုံးသည်လည်း မှင်တက်သွားကြလေသည်။ သူတို့သည် ရှင်းမိုနှင့် တခြားသူများကို မသိ သော်လည်း မိုဒိဆန်းနှင့် ဝူလင်းယူတို့ကိုတော့ ကောင်းကောင်းသိကြသည်။ သူတို့သည် သာမန်လူများ မဟုတ် ကြပေ။
“လင်းယု ဒီကိုဘယ်လိုဖြစ်ပြီးရောက်လာတာလဲ” မိုဒိဆန်းသည် သူမှတ်မိမည်ဟု ထင်မထားပေ။ သူနှင့် ဒီနေရာတွင် တွေ့ရခြင်းအကြောင်းကိုသာ တွေးမိလေသည်။
ကျောက်ပြခန်းသည် အလယ်ပိုင်းဒေသ အချက်အချာတွင် တည်ရှိကာ လင်းယုသည် ကျောက်ပြခန်း၏ အာဏာရှိသူတစ်ယောက်ပင်ဖြစ်လေသည်။ သူတို့သည် အရင်က အလယ်ပိုင်း ဒေသတွင် တွေ့ခဲ့ကာ သိကျွမ်း ခဲ့သည်ဟု မှတ်ယူ၍ရသည်။
“ဒီမှာ လေလံပွဲလုပ်မှာမလား၊ မျိုးနွယ်ကလူတိုင်းက ငါ့ကိုလာကြည့်ခိုင်းတာ” လင်းယု ပြောလိုက်သည် “မိုဒိဆန်း အထဲဝင်ပြီးရွေးပါလား ဒီကျောက်တွေကို ဘယ်လိုဖြစ်ပြီးကြည့် နေတာလဲ”
“ကျောက်တွေ ငါရွေးနေတာမဟုတ်ဘူး သူငယ်ချင်းကို ကူပေးနေတာ” မိုဒိဆန်းသည် ရှီမာယူယူကို ကြည့်ပြီးပြောလေသည်။
လင်းယုသည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူသည် အလွန်ငယ်သေးကာ ဘယ်လိုဖြစ်ပြီး မိုဒိဆန်း က ဂရုစိုက်ပေးနေရတာလဲ။
“ယူယူ ကြည့်ဦး ကျောက်ပြခန်းရဲ့ သခင်လေးတောင် မင်းကိုအံ့သြနေပြီ” ရှင်းမို ပြုံးပြီးပြောလိုက်သည်။
“ယူယူလား” လင်းယုသည် အသက်ရှုရပ်သွားလေသည်။ သူက ရှီမန်မျိုးနွယ်က အသတ်ခံလိုက်ရတဲ့ ယူယူဖြစ်မလား။