← Chapters

အပိုင်း (၅၁၉) – ကျောက်များဖြင့် လောင်းကစားခြင်း (၆)

Vol. 006 Ch. 519

အပိုင်း (၅၁၉) – ကျောက်များဖြင့် လောင်းကစားခြင်း (၆)

Vol. 006 Ch. 519

ရှီမာယူယူသည် အရင်က လင်းယုကိုတွေ့ဖူးသည်။ သူ့မျက်နှာမှ အံ့သြမှုကိုတွေ့ သောအခါ သူမ ပြုံးပြီး လက်အုပ်ချီကာ အရိုအသေပေးပြီး ပြောလိုက်လေသည် “ဒီနိမ့်ကျတဲ့သူ က ရှီမာယူယူပါ တွေ့ရတာဝမ်းသာပါတယ် သခင်လေးလင်း”

“ရှီမာယူယူလား” လင်းယုသည် တည်ငြိမ်သော ရှီမာယူယူ၏ မျက်နှာကို ကြည့်ပြီး နောက် သူမ၏ အရိုး တည်ဆောက်ပုံကို ထပ်ကြည့်လိုက်လေသည်။ သူမသည် ငယ်ရွယ်သော အမျိုးသားတစ်ယောက်သာဖြစ်သည်။ သူ ပြုံးပြီး ပြန်ဖြေလိုက်သည် “မိုဒိဆန်းမှာ ဒီလောက် ငယ်တဲ့သူငယ်ချင်းရှိမယ်လို့ ဘယ်သူထင်မှာလဲ”

“ဒါက ကျွန်တော့်အတွက် ပထမဆုံး လောင်းဖူးခြင်းပါ နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ် သခင်လေးလင်း လန့်သွားလိမ့်မယ်လို့ ထင်မထားဘူး တောင်းပန်ပါတယ်” ရှီမာယူယူသည် ယဉ်ကျေးစွာ ပြော  လေသည်။

“မဟုတ်ပါဘူး ဒီနေရာက စီးပွားရေးအတွက် ဖွင့်ထားတာပါ ဒီလိုဖြစ်မယ်ဆို တာကလည်း မျှော်လင့်ပြီး သားပါ” လင်းယု ပြောလေသည် “ဒီလိုမျိုးတွေမကြုံဖူးတော့ ဆိုင်ရှင် ကလည်း မသိလိုက်ပဲ သခင်ကြီးမိုဒိဆန်း နှင့် ဧည့်သည်တော်တွေကို ဒုက္ခပေးမိပါပြီ ကျွန်တော် လင်းက ထပ်ပြီးတောင်းပန်ပါတယ်”

“သခင်လေးလင်း ယဉ်ကျေးလွန်းနေပါပြီ” သူမ အင်အား သိပ်မကောင်းလှသဖြင့် မိုဒိဆန်းနှင့် တခြား သူများသည် ဘာမှမပြောကြပေ။ သည်လိုနှင့် သူတို့်မျက်နှာ ပျက်မည်စိုးသဖြင့် “အရှက်မရှိတဲ့ဒိဆန်း ငါတို့ ဒီနေ့  ပျော်ပြီးပြီဆိုတော့ ပြန်ကြမလား”

“မြင့်မြတ်သော သားတော် မိုဒိဆန်း သခင်လေးရှင်း ဒီကိုရောက်နေမှတော့ တစ်ခွက် လောက် တိုက်ပါရစေ” လင်းယု ပြောလိုက်သည်။

ဝူလင်းယူနှင့် ကျန်နှစ်ယောက်သည် ရှီမာယူယူကို လှည့်ကြည့်လိုက်ကြသည်။ ရှီမာယူယူသည် လင်းယု နှင့်ပတ်သတ်ပြီး ဘာခံစားချက်မှမရှိပေ။ ရှီမာလိုင်နှင့် တခြားသူများ သည် သူမအား ကြည့်နေသည်ကို ကြည့်ပြီး  နောက် သူမ ပြုံးပြီး လျှောက်သွားကာ မေးလိုက် သည် “အဘိုးတို့ ကစားလို့ပြီးပြီလား”

“အင်း အဘိုးတို့ ပြီးသွားပြီ” ရှီမာလိုင် ပြောလိုက်သည်။

“ဒါဆို အရင်သွားကြအောင်လေ” ရှီမာယူယူ ပြောလိုက်သည် “စီနီယာအစ်ကို သွားသောက်မယ်ဆိုရင် ကျွန်တော်တို့ အရင်ပြန်နှင့်မယ်”

“စီနီယာအစ်ကိုဟုတ်လား ဒီသခင်လေးရှီမာက ပညာရှိစံအိမ်တော်ကလား” လင်းယု မေးလိုက်သည်။

“မဟုတ်ပါဘူး” ရှီမာယူယူ ပြုံးလိုက်သည် “စီနီယာအစ်ကို အရင်သွားနှင့်မယ်နော်”

“ကျွန်တော်တို့လည်း မနက်ဖြန်လေလံပွဲအတွက် ပြင်ဆင်ရဦးမယ်လေ ဒီတစ်ခါတော့ မသောက်တော့ ပါဘူး” ဝူလင်းယူ ပြောလိုက်သည်။

“အင်း ကျွန်တော်လည်းပြင်စရာတွေရှိသေးတယ် ကျွန်တော်မျက်စိကျတဲ့ ပစ္စည်းတွေကို ရဖို့ လုပ်စရာ  တွေရှိသေးတယ် အဲဒါကို သေချာပေါက် လေလံနိုင်မှဖြစ်မယ်” မိုဒိဆန်း ပြောလိုက်သည် “လင်းယု နောက် တစ်ခါမှ သောက်ကြတာပေါ့ နှုတ်ဆက်ပါတယ်”

ရှီမာယူယူနှင့် တခြားသူများသည် လင်းယုအား လက်အုပ်ချီကာ ကျောက်ပြခန်းမှ ထွက်လာခဲ့သည်။

သူတို့ထွက်သွားသည်ကို လင်းယုမြင်သောအခါ မျက်နှာမှ အပြုံးများ ပျောက်ကွယ် သွားလေသည်။ သူ လက်ရမ်းလိုက်ရာ အစောင့်တစ်ယောက် ရောက်လာသည်။

“အဲလူရဲ့ နောက်ခံက ဘာလဲဆိုတာ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက် သူက အဲသုံး ယောက်ကို သူငယ်ချင်းလို  ပေါင်းနေတယ် ဝူလင်းယူကိုတောင် သူ့စီနီယာအစ်ကိုလို့ ခေါ်နေ သေးတယ် ဝူလင်းယူမှာ အဲလိုဂျူနီယာ ရှိတာ ငါဘယ်လိုလုပ်မသိတာလဲ”

“နားလည်ပါပြီ” ထိုလူသည်ချက်ချင်းပင် ထွက်သွားလေသည်။

လင်းယုဘေးမှ အစေခံလေးသည် အလျင်စလိုပြောလေသည် “သခင်လေး အံ့ဖွယ် နတ်ဆိုးတောင်ကြား က နတ်ဆိုးသခင်က တပည့်အသစ်လက်ခံလိုက်တယ်လို့ ကြားပါတယ် အဲလူများဖြစ်မလားမသိဘူး”

“အံ့ဖွယ်နတ်ဆိုးတောင်ကြားဟုတ်လား” လင်းယု မျက်မှောင်ကြုတ်သွားသည် “အဲလူများဖြစ်မလားပဲ သူက အံ့ဖွယ်နတ်ဆိုးတောင်ကြားက နောက်ထပ် တောင်ကြား သခင်လေးတစ်ယောက်ဖြစ်မယ်”

“သခင်လေး အဲလူကို ရှီမာယူယူလို့ ခေါ်ပုံကိုကြည့်ရတာ သူက ယိလင်း တိုင်းပြည်ကလာတာဖြစ်မယ်”  နောက် အစေခံတစ်ယောက်ကပြောလေသည်။

“အံ့ဖွယ်နတ်ဆိုးတောင်ကြားက နိမ့်ကျတဲ့တိုင်းပြည်က လူကို တောင်ကြားသခင်လေး အပြစ်ခေါ်မယ် လို့ ငါထင်တောင်မထင်ထားဘူး” လင်းယု အေးစက်စွာ ပြုံးလိုက်သည် “အိမ်တော်သခင်ကြီး ဘာတွေတွေးနေ တာလဲဆိုတာ မသိတော့ဘူး အံ့ဖွယ်နတ်ဆိုး တောင်ကြားက လူကို ဘာလို့ ငါတို့်မြင့်မြတ်တဲ့သားတော် အဖြစ် ခေါ်တာလဲမသိဘူး”

ကျောက်ပြခန်းသည် ပညာရှိစံအိမ်တော်လက်အောက်ရှိ နောက်ထပ် အင်အား ကြီးတစ်ခုဖြစ်လေသည်။

“အိမ်တော်သခင်ကြီးဘာတွေးလဲဆိုတာ ဘယ်သူမှမသိဘူး အံ့ဖွယ်နတ်ဆိုးတောင်ကြား က ပညာရှိ စံအိမ်တော်နဲ့ ဂဋိပက္ခတွေအမြဲဖြစ်နေတာ ဒါပေမဲ့ ဝူလင်းယူကို ကိုယ်တိုင်သွား ခေါ်ပြီး မြင့်မြတ်တဲ့သားတော်  ဖြစ်အောင်လုပ်လိုက်သေးတယ် သူ့ကို အလိုလိုက်ပြီး ပညာရှိစံအိမ်တော်ကိုတောင် သူ့လက်ထဲထည့်မလို့လားပဲ”

“ဟင် သူအဲနေရာကို ဘယ်လောက်ထိန်းထားနိုင်မလဲ စောင့်ကြည့်ကြတာပေါ့” လင်းယု ပြောလိုက် သည် “သူတို့လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်ဖို့ လူလွှတ်လိုက်”

“ဟုတ်ကဲ့ပါ သခင်လေး”

ရှီမာယူယူနှင့် အဖွဲ့သည် ကျောက်ပြခန်းမှ ထွက်လာကြသည်။ လင်းယု မျက်လုံးထောင့်မှ ရီဝေသော အကြည့်ကို စဉ်းစားလိုက်သောအခါ မိုဒိဆန်းသည် ကြိတ် ပျော်ကာ ပြောလေသည် “အဲလင်းယု လာမယ်ဆိုတာ သိရင် သူဒေါသထွက်အောင်လို့ မင်းကို အထဲက ဝိညာဉ်ကျောက်တွေဖွင့်အောင် ခေါ်သွားပေးပါတယ်”

“ဒါနဲ့ သူ ယူယူရဲ့ သရုပ်မှန်းကို သိသွားမယ်ဆိုရင် ပြဿနာမတက်နိုင်ဘူးလား” ရှင်းမိုသည် မျက်မှောင် ကြုတ်လိုက်သည်။

“ဘာတွေကြောက်နေတာလဲ” ဝူလင်းယူသည် စိုးရိမ်မှု လုံးဝမရှိပေ “အံ့ဖွယ်နတ်ဆိုး တောင်ကြားက သခင်လေးဆိုရင် ဖြတ်သွားတဲ့လူတောင် နောက်ဆုတ်ပေးရတာကို”

ရှီမာယူယူ ခေါင်းညိမ့်ကာ ပြောလေသည် “သူက အရင်က ရှီမန်ယူယူကိုသိတယ် ပြီးတော့ ငါတို့ ဆက်ဆံရေးကောင်းတာလဲသိတယ် ငါ့ရဲ့ လက်ရှိသရုပ်မှန်ကို သိသွားရင် မမျှတပေမဲ့ သူငါ့ကို စုံစမ်းမှာပဲ ငါတို့ မပြောရင်တောင် သူ့ဘာသာသူ စုံစမ်းလိမ့်မယ်”

“အဲဒီလင်းယုက လင်းမျိုးနွယ်ရဲ့ သခင်လေးသာဖြစ်တာ အရည်အချင်းအများကြီးရှိ တဲ့လူမဟုတ်ဘူး”

“အင်း” ရှီမာယူယူ ခေါင်းညိမ့်ကာ အားရပါးရရယ်မောလေသည် “ငါဒီနေ့ တစ်နေ့ထဲနဲ့ ၁၀သန်း ရှာလို့ရတယ်  စဉ်းစားလိုက်တာနဲ့ ပျော်နေပြီ”

“ငါခံစားမိပါတယ် ရယ်နေတာများ မျက်လုံးတောင်ပျောက်နေပြီ” ဝူလင်းယူသည် သူမ အပြုအမူအား မြင်သောအခါ ရယ်မိလေသည်။

ရှီမာယူယူသည် ပျော်ရွှင်နေသဖြင့် သူစနောက်သည်ကို စိတ်ထဲမထားတော့ပေ။ အခုတော့ သူမသည်  ကျောက်အလောင်းအစားတွင် ပို၍စိတ်ဝင်စားသွားပြီး သူမပိုက်ဆံ ပြတ်လပ်သည့်အချိန်တွင် ပိုက်ဆံရှာရန်  ကျောက်အလာင်းအစားလုပ်တော့မည်။

သူမ ဝိညာဉ်သားရဲများသည် သူမအား ဝိညာဉ်စေတီအတွင်းမှ အကဲဖြတ်နေလေသည်။ သူမ ဆေးစတင်  ဖော်ခါစက ပိုက်ဆံမရှိလျှင် ဆေးရောင်းမည်ဟု အစီအစဉ်ဆွဲခဲ့သည်။ နောက်တော့ တည်ဆောက်မှုအကြောင်း သင်ပြီးနောက်တွင် သူမသည် ထိုအတိုင်းပင်တွေးခဲ့သည်။ အခုအလောင်းအစား လုပ်တတ်သွားသောအခါတွင် လည်း ထိုနည်းအတိုင်းပင်။ သူတို့ သခင်က အဲလောက်တောင် ဆင်းရဲနေတာလား။

သို့သော် သူမသည် သူတို့အတွေးအား ဂရုစိုက်မနေပေ။ သူမသည် အလောင်းအစားတွင်ရမည့် အမြတ်  ငွေကိုပင် တွေးနေခဲ့သည်။ သူမ ပြန်ရောက်လျှင် ဝိညာဉ်တူးဖော်နည်းစာအုပ်ကို ရှာရမည်။ သူမသည် လက်ရှိ တွင် မျက်နှာပြင်ကို အပေါ်ယံလျှပ်၍သာ ယူပြီး ကျောက်များကို တန်ဖိုးဖြတ်ခဲ့သည်။ သူမသာ ထိုစာအုပ်ဖတ်ခြင်း  ပြီးဆုံးသွားပါက သူမသည် ရှာဖွေသူ ဧကရာဇတ်အဆင့်ရောက်နိုင်လောက်မည်။

သူမ ထိုအကြောင်းအား စဉ်းစားမိသည်နှင့် မိုဒိဆန်းအား နောက်တစ်ကြိမ် ကြည့်မိပြန်သည်။ သူမ သူ့ အား စာအုပ်ပေးသင့်မပေးသင့်ကို စဉ်းစားနေမိသည်။ သူမ အတွက်နှင့်  နှစ်ပေါင်းများစွာ သူနှစ်သက်လာသော ဝါသနာကို စွန့်လွှတ်ခဲ့သည်။ သူမအတွက် အနစ်နာခံခဲ့သည်ကို ပြန်တွေးလိုက်သောအခါ သူ့ကို မိတ္တူပေးရန် ဆုံးဖြတ်လိုက်သည်။

သူမ ဆုံးဖြတ်လိုက်သည်နှင့် လုပ်ပြီးသားဖြစ်လေသည်။ သူမ ပြန်ရောက်သည်နှင့် ဝိညာဉ်စေတီအတွင်း သွားကာ ကျောက်တုံးပွတ်တိုက်နိုင်မည့် နေရာအားရှာတော့သည်။ သူမသည် စာအုပ်ကို စားပွဲပေါ်တင်  ပြီးနောက် ကျောက်ပွတ်တိုက်ခြင်းတွင် အာရုံစိုက်ထား လေသည်။

ကျောက်ပွတ်တိုက်ခြင်းသည် လူတစ်ယောက်၏ အတွေးကို မှတ်တမ်း တင်ထားနိုင်သော ကျောက်စိမ်း တစ်မျိုးပင်ဖြစ်သည်။ အတွေးများသည် လူတစ်ယောက်၏ ခန္ဓာကိုယ်မှထွက်သွားသောကြောင့် ပျောက်ကွယ် သွားခြင်းမျိုးမရှိပေ။

သူမသည် ပွတ်တိုက်ထားသော ကျောက်အား နဖူးတွင်ထားကာ စာရွက်ကို တစ်ရွက်ချင်းလှန်လေ သည်။ သူမ နားမလည်သောအကြောင်းအရာများလည်း ရှိလေသည်။ သို့သော် တစ်ခါကြည့်ပြီး တစ်ခါမှတ်ထား သည်။ မိုဒိဆန်းသည် တစ်ခါကြည့်လိုက်ရုံနှင့် နားလည်သွားနိုင်သည်။

သူမသည် ဝိညာဉ်စေတီအတွင်း ၃ရက်နေကာ နောက်ဆုံးတွင် ဝိညာဉ်တူးဖော်နည်း အပြည့်အစုံ စာအုပ်ကို မှတ်တမ်းတင်ပြီးလေသည်။ သူမ စိတ်စွမ်းအင်အား များစွာသုံးလိုက်ရ သောကြောင့် ပြီးဆုံးသည့်အချိန်တွင် ပင်ပန်းလေသည်။ သူမသည် ဆေးစားပြီးနောက် အနည်းငယ်နားပြီးမှပင် စာအုပ်ယူကာ ထွက်သွားခဲ့သည်။

သူမသည် မိုဒိဆန်းဆီသွားရာ မိုဒိဆန်းသည် သူမရောက်လာသည်ကို အံ့သြနေလေ သည်။ သူမသည် ရှီမန်ဖန်နှင့် တခြားသူများနှင့်အတူ လေလံပွဲအတွက် ဆွေးနွေးနေမည်ဟု ထင်ထားသည်။

ရှီမာယူယူသည် ဝင်လာသည်နှင့် သူတံခါးပိတ်လိုက်သည်။ ထို့နောက်တွင် သူမသည် ပွတ်တိုက်ထား  သောကျောက်အားထုတ်ကာ ပေးလိုက်သည်။

“ငါ့အတွက်လား ဒါဘာလဲ” မိုဒိဆန်းသည် ယူကာ ကြည့်လိုက်သည်။

“မင်းမြင်ရင်သိမှာပါ”

သူမ အပြုအမူကို မိုဒိဆန်းမြင်သောအခါ ကျောက်အားနဖူးပေါ်တွင် တင်ကာ ကြည့်လိုက်သည်။ သူ သည် တစ်ချက်ကြည့်လိုက်သည်နှင့် မှင်တက်သွားကာ သူမအား အံ့သြသော မျက်လုံးများဖြင့် ကြည့်နေလေသည်။

All Chapters