အပိုင်း (၅၂၀) – လေလံပွဲ (၁)
Vol. 006 Ch. 520
“မင်း ဒါကိုဘယ်လိုရလာတာလဲ” သူမ အသက်ရှင်နေသေးသည်ကို ကြားပြီးနောက်တွင် ဒီကိစ္စသည် ဒုတိယအကြိမ် မိုဒိဆန်းအတွက် အံ့သြမှုဖြစ်စေသည်။
“မတော်တဆတွေ့ခဲ့တာ” ရှီမာယူယူ ပြောလိုက်သည် “ဒါက မူရင်းတော့မဟုတ်ဘူး ငါ ၂ရက် ၃ရက် အချိန်ပေးပြီး မိတ္တူပွားထားတာ ဒါမင်းအတွက်ပဲ”
“ငါ့အတွက်လား” မိုဒိဆန်းသည် မယုံကြည်နိုင်ပေ။ ဒါက ဝိညာဉ်တူးဖော်ခြင်းနည်းပဲ။ ဒီစာအုပ်ကို သူ တစ်ချိန်လုံးရှာနေခဲ့တာ အခုတော့ သူ့ရှေ့ရောက်လာခဲ့ပြီ။
“မင်းဟာပဲပေါ့ မဟုတ်ရင် မင်းကိုကြည့်ခိုင်းပါ့မလား” ရှီမာူယူ ပြောလိုက်သည်။ မိုဒိဆန်း မှင်တက်သွား သော အမူအရာကို မြင်သောအခါ ရယ်ချင်မိသွားသည်။ သူထိုကဲ့သို့ ဖြစ်သွားသည်ကို မြင်ဖူးသည်မှာ နှစ်ဘဝ လုံးစာအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။
သို့သော် သူ့တစ်ဘဝလုံးရှာဖွေခဲ့သော အရာသည် ရှေ့တွင်ရုတ်တရက်ပေါ်လာ သောအခါ သူဆိုလျှင် တောင် စိတ်လှုပ်ရှားမည်ဖြစ်သည်။
“ငါဒီဟာကို တစ်ချိန်လုံးရှာနေခဲ့တာ သိတယ်မလား၊ အဲတော့ ငါအောင်ပွဲခံရမှာ မဟုတ်ဘူးလား” မိုဒိဆန်းသည် ကျောက်အားယူကာ ရှီမာယူယူ၏ ပခုံးကို စိတ်လှုပ်ရှားစွာ ပုတ်လိုက်လေသည်။
“ဘယ်လိုဖြစ်ပြီးလဲ” ရှီမာယူယူ ပြောလိုက်သည် “မင်းက ငါ့ကို တစ်ရက်တည်းနဲ့ ကျောက်တွေ သန်းချီ ရှာနိုင်အောင် ကူညီပေးထားတာ ငါ ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်ပေးတာပဲ”
မိုဒိဆန်းသည် ရှီမာယူယူအား ကြည့်ကာ ပျော်ရွှင်စွာဖြင့် ရယ်မောမိလေသည်။ သူမသည် သူ့အား မနှောင့်ယှက်လိုတော့သဖြင့် မတ်တတ်ရပ်ကာ ပြောလေသည် “ငါမင်းကို ပေးပြီးပြီဆိုတော့ သွားတော့မယ် မင်း ဖတ်ချင်မယ်ဆိုတာ သိတယ် ဒါပေမဲ့ မနက်ဖြန်လေလံပွဲရှိတာကို သတိရဦး”
“အေးဆေးပေါ့ ငါမလွတ်ပါဘူး မင်းသွားမယ်ဆိုရင် င့ါကိုသာခေါ်လိုက်” မိုဒိဆန်း ပြောလိုက်သည်။
“အိုခေ”
ရှီမာယူယူ ထွက်သွားသည်နှင့် မိုဒိဆန်းသည် ဖွင့်ကာ လေ့လာတော့သည်။ နောက်တစ်နေ့တွင် လေလံပွဲသို့သွားရန် ခေါ်ချိန်တွင် သူသည် စိတ်နစ်မြှုုပ်နေတုန်း ပင်ဖြစ်သည်။
သူတို့အဖွဲသည် ရွှန်းယွမ်ဆိုင်သို့ သွားရာ လူအများစုသည် ဦးတည်ချက်တူနေသည်ကို တွေ့လိုက်ရ သည်။ သူတို့သည်လည်း လေလံပွဲ ပါဝင်မည့်ပုံပင်။
“ယူယူ” လမ်းတစ်ဝက်အရောက်တွင် လူတစ်ယောက်သည် သူမနာမည်အား ခေါ်လိုက်သည်။ သူမ လှည့်ကြည့်ရာ ချူရှောင်ထန်သည် သူမအားအဝေးမှ နှုတ်ဆက် နေလေသည်။ သူသည်လည်း အဖွဲ့လိုက်ဖြစ်ကာ ထိုလူများသည် အစိမ်းရောင်နန်းတော်မှ လူများဖြစ်သည့်ပုံမဟုတ်ပေ။ သူတို့သည် အလယ်ပိုင်းဒေသ မှ သခင်များဖြစ်မည်။
ချူရှောင်ထန်သည် သူ့ဘေးမှလူကို စကားတချို့ပြောကာ လူအုပ်ကြီးအားဖြတ်ကာ ရှီမာယူယူရှေ့ လာ ပြီးပြောလေသည် “မင်း လေလံပွဲလာမယ်ဆိုတာ သိလို့ မင်းကို တွေ့ဖို့လာခဲ့တာ”
“ဒီလောက် စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲကို လွတ်စရာအကြောင်းမရှိဘူးလေ” ရှီမာယူယူ ပြောလိုက် သည်။
“ဘေဂုံထန်ရဲ့ ကိစ္စကိုရှင်းပြီးပြီလား” ချူရှောင်ထန်သည် ဘေဂုံထန်အား ကြည့်ကာ ပြောလေသည်။
“ပြီးပါပြီ” ဘေဂုံထန်သည် သူ့အား ခေါင်းညိမ့်ပြလေသည်။
“စီနီယာ ဆရာက မြန်မြန်သွားစေချင်နေတယ်” အမျိုးသမီးတစ်ယောက်သည် လျှောက်လာကာ ချူရှောင်ထန်အား စကားပြောရင်းနှင့် ရှီမာယူယူတို့အား အထက်စီးဆန်စွာ ကြည့်လေသည်။
ချူရှောင်ထန်သည် ရှီမာယူယူတို့အား ပြုံးပြပြီး ပြောလေသည် “ငါ လေလံပွဲပြီးတာနဲ့ လာရှာမယ်၊ မင်းတို့ ဘယ်မှာနေကြတာလဲ”
“အမှတ်တရစားသောက်ဆိုင်မှာ”
“ကောင်းပြီ နောက်မှလာရှာမယ် ဒါဆိုအခုတော့ သွားလိုက်ဦးမယ်” ချူရှောင်ထန်သည် လက်အုပ်ချီ နှုတ်ဆက်ပြီးနောက် ထိုအမျိုးသမီးနှင့် ထွက်သွားလေသည်။
“သူမက ဘာတွေအထာပေးနေတာလဲ” ဖက်တီးကျူသည် ချူရှောင်ထန်၏ ဂျူနီယာ ညီမကို ကြည့်ပြီး ဆွံ့အသွားလေသည်။ သူသည် အလွန် စိတ်ပျက်မိသည်။
“တော်ပြီ ငါတို့်နဲ့မဆိုင်ပါဘူး သွားရအောင်” ဝေကျိရွှီ ပြောလိုက်သည် “ဒီမှာ လူတွေအရမ်းများတယ်”
“လူအများစုက လေလံပွဲထဲ ဝင်မရဘူး ဒါပေမဲ့ သူတို့က အပြင်မှာနေပြီး သတင်း ကိုနားစွင့်ကြတာ” ဝူလင်းယူ ပြောလေသည်။
“အသားမစားရရင်တောင် အနံ့တော့ရှုကြတာပေါ့” ဝူရန်ဖေသည် စနောက်လေသည်။
“အပြင်ပိုင်းဒေသက အင်အားကြီးတွေများတယ် အတွင်းပိုင်းဒေသနဲ့ ပေါင်းလိုက်ရင် ပါဝင်သူတွေ အရမ်းများတယ်” လူအုပ်ကြီးအား မြင်သောအခါ ရှီမာယူယူ ခေါင်းကိုက်လာ သည်။
သူအရေအတွက်များခြင်းသည် ဈေးပြိုင်ရာတွင် လူများမည်ဟု ဆိုလိုသည်။ ဈေးနှုန်းမှာလည်း လိုက်မြင့် လာမည်။
“တကယ်တော့ မင်းထင်သလောက် လူမများပါဘူး” သူမ မျက်မှောင်ကြုတ်သည်ကို ဝူလင်းယူ မြင်သော အခါ ပြောလေသည် “အပြင်ပိုင်းဒေသက အဆင့် ၁ ၂ လောက်ပဲ လာကြတာ အကုန်လာတာမဟုတ်ဘူး”
“တကယ်လား”
“ပြီးတော့ ဒီလေလံပွဲက အပြင်ပိုင်းဒေသမှာလုပ်တော့ အတွင်းပိုင်းဒေသကလည်း မများဘူး တခြား ဒေသတွေလည်း ဝေးတော့ သူတို့စိတ်ဝင်စားတဲ့ ပစ္စည်းမပါရင် လာမှာ မဟုတ်ဘူး” ရှင်းမို ရှင်းပြသည် “အဲဒါကြောင့် မများပါဘူး အမျိုးအစားတူတဲ့ ပစ္စည်းတွေလည်းများတော့ အသက်ရှုချောင်ပါတယ်”
“ငါက တခြားဟာတွေ စိတ်မပူပါဘူး ငါလိုချင်တဲ့ ပစ္စည်းကို လုကြမှာပဲစိုးတာ” ရှီမာယူယူ ပြောလေ သည်။
ဒီတစ်ခေါက် သူမလိုချင်သော ပစ္စည်းများမှာ ရရန်ခက်သည်။ သူမသာ မရခဲ့ပါက လေလံအောင်သူဆီမှ မခိုးနိုင်စရာလည်း မရှိပေ။
သို့သော် သူမ အစိုးရိမ်ဆုံးမှာ ပစ္စည်းနှစ်ခုလဲလှယ်ရမည်ကိုပင်။ တစ်ဖက်လူမှ လိုသည့်ပစ္စည်းကို သူမ မပေးနိုင်ပါက ပြဿနာပင်ဖြစ်သည်။
“အထဲဝင်ပြီးမှ ပြောကြတာပေါ့” မိုဒိဆန်းပြောလေသည်။
သူသည်လည်း လေလံပွဲတွင် ဈေးပြိုင်ချင်သော ပစ္စည်းများရှိလေသည်။ သို့သော် ရှီမာယူယူဆီမှ သွေး ထားသော ကျောက်ရပြီးနောက်တွင် စိတ်လှုပ်ရှားမှုများ လျော့သွား ခဲ့သည်။
သူတို့သည် ရွှန်းယွမ်ဆိုင်အဝင်သို့လာရာ အစိမ်းရောင်နန်းတော်လူများကို ဦးဆောင်လာ သော ရှင်းယွမ် နှင့် တွေ့လေသည်။ အစေခံမိန်းကလေးသည် ဖိတ်စာကြည့်ပြီးနောက် သူတို့အား အထဲခေါ်သွားလေသည်။
“ငါတို့ရောက်တာ စောလှပြီထင်နော ဒါပေမဲ့ အထဲမှာလူတွေ ရောက်နေကြပြီ ဒီလူတန်းကြီး ဘယ်လောက်ထိတောင်ရှည်မလဲမသိဘူး” ဖက်တီးကျူသည် ရှည်လျားသော လူတန်းအား ကြည့်ပြီး ပြောလေ သည်။
“ငါတို့ တန်းစီစရာမလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါနဲ့လိုက်ခဲ့”
သူမသည် နောက်လမ်းတစ်ခုကိုခေါ်သွားရာ ထိုနေရာတွင် အမှန်တကယ်ပင် လူရှိမနေ ပေ။
“မင်္ဂလာပါ ဖိတ်စာလေးပြလို့ရမလား” အဝင်ဝရှိ အစေခံမိန်းကလေးသည် ပြုံးပြီး ပြောလေသည်။
သူမသည် ဂျွန်လန်ပေးထားသော ဖိတ်စာအားထုတ်လိုက်သည်။ ထိုဖိတ်စာသည် တခြားသူများနှင့် အရောင်ကွဲလေသည်။
အစေခံမိန်းကလေးသည် ဖိတ်စာယူပြီး ကြည့်လေသည်။ ထို့နောက်တွင် သူမသည် လက်နှစ်ဖက်ဖြင့် ပြန်ပေးကာ ပြောလိုက်သည် “ဒါက အရေးကြီးဧည့်သည့်ပဲ အထူးဝင်ပေါက် ကနေ ဝင်လို့ရပါတယ်၊ ကျွန်မတို့ လူ က သီးသန့်အခန်းကို ခေါ်သွားပေးပါလိမ့်မယ်”
“ကျေးဇူးပဲ” ရှီမာယူယူသည် ဖိတ်စာအားပြန်ယူချိန်တွင် နောက်အစေခံမိန်းကလေး လျှောက်လာ လေသည်။ သူမသည် သူတို့ကို လေလံပွဲဧရိယာသို့ ခေါ်သွားပြီး တတိယ အထပ်ရှိ သီးသန့်ခန်းသို့ လမ်းပြလေ သည်။
ထိုအဆောင်သည် လူ ၁၀ယောက်မှ ၂၀ယောက်ထိ ဆန့်ရာ လူကြပ်သည်ဟု မခံစားရပေ။
“လိုအပ်တာရှိရင် ကြိုးကိုဆွဲလိုက်ပါ” အစေခံမိန်းကလေးသည် ပြောပြီးနောက်တွင် ထွက်သွားလေ သည်။
အခန်းမှာ အတော်အတန်ကြီးသည်။ ကြီးမားသော စားပွဲဝိုင်း ၃ဝိုင်းရှိသော်လည်း ကြပ်မနေပေ။ လူများ သောကြောင့် ဒီနေရာကို အထူးတလည်ပြင်ထားသည့်ပုံပင်။
သူမ မသိသည်မှာ ထိုနေရာသည် ဂျွန်လန်သည် သူတို့အတွက် ပြင်ပေးရန် အထူးတလည် မှာကြားထား ခဲ့ခြင်းပင်။ တခြားအခန်းများမှာ ကြီးသော်လည်း စားပွဲနှင့် ထိုင်ခုံ များများစားစားမရှိပေ။ သူမ လာလျှင် လူများမည်ကို ဂျွန်လန်သိသဖြင့် လုံလောက်သော အခန်းကို အထူးတလည်ပြင်ပေးထားခြင်းဖြစ်သည်။
မှန်များသည်လည်း ယိလင်းတိုင်းပြည်မှ ဆိုင်နှင့် အတူတူပင်ဖြစ်သည်။ အပြင်ကို ရှင်းရှင်းလင်းလင်း မြင်ရသော်လည်း အပြင်မှ အခန်းထဲကို မမြင်ရပေ။ သူတို့သည် အဆောင်အပြင်တွင်ထိုင်ရာ အပြင်တွင် ဖြစ်ပျက် သမျှကို အထဲမှ မြင်နိုင်လေသည်။
လေလံပွဲတစ်ခုလုံးသည် လူပေါင်း သောင်းချီဆန့်လေသည်။ ခန်းမအောက်တွင် လူ ၃ ၄ ထောင်ဆန့် ကာ သီးသန့်အခန်းမည်မျှ ရှိနေသည်ကိုတော့ မသိနိုင်ပေ။
ရှီမာယူယူ၏ သီးသန့်အခန်းမှာလည်း ထူးခြားနေတာမျိုးမရှိပေ။ သူမသည် မထင်ပေါ် ချင်သောကြောင့် မှာကြားထားရသည်။
အချိန်ဇယားအတိုင်း အစီအစဉ်စတင်မည်ဖြစ်ရာ ထိုလူများသည် လေလံပွဲသို့ ဝင်လာကြသည်မှာ အသက်ဝင်နေလေသည်။ ရှီမာယူယူ ကြည့်လိုက်ရာ ဒုတိယအထပ် တတိယအထပ် စတုတ္ထအထပ်ရှိ သီးသန့် အခန်းများကို တွေ့လေသည်။