← Chapters

အပိုင်း (၅၂၁) – လေလံပွဲ (၂)

Vol. 006 Ch. 521

အပိုင်း (၅၂၁) – လေလံပွဲ (၂)

Vol. 006 Ch. 521

ရှီမာယူယူနှင့် တခြားသူများသည် စောရောက်နှင့်ကြသည်။ မိုဒိဆန်းနှင့် ဝူလင်းယူတို့သည် စွယ်စုံကျမ်း အတိုင်းပင်။ မည်သူသည် မည်သည့်ခေါင်းစဉ်အောက်က မည်သည့်နေရာက လာသည်ကိုသည်ကို သိကြသည်။

ရှီမာယူယူအံ့သြသည်မှာ ရှေးဟောင်းကမ္ဘာဦးနယ်မြေတစ်ခုလုံးတွင် လေလံပွဲကျင်းပနိုင် သော ရွှန်းယွမ် ဆိုင်၏ ရာထူးပင်ဖြစ်သည်။ ကိုယ်ပိုင်တိုင်းပြည်ထူထောင်နိုင်သော အင်အားကြီးများပင် ပင်မခန်းမထဲတွင် နေရာ တစ်နေရာစာသာ ရသည်။ သို့သော် သူတို့သည် စောဒက တစ်စုံတစ်ရာမှ မတက်သည်ကို တွေ့ရသည်။

သူတို့ ၁နာရီမျှ စောင့်ပြီးနောက်တွင် လေလံပွဲ၏ ပင်မတံခါးပိတ်သွားလေသည်။ နောက်ကျသူများသည် မဝင်ရတော့ပေ။

တံခါးပိတ်သံထွက်လာပြီးနောက်တွင် တစ်ခေါင်းလုံးဖြူနေသော အကြီးအကဲတစ် ယောက်သည် လေလံ ပွဲစင်မြင့်သို့ လာရပ်လေသည်။ သူ့အားမြင်သောအခါ အခန်းထဲရှိ လူများသည် ပင့်သက်ရှိုက်လိုက်ကြသည်။ ထို အဘိုးကြီးသည် သူတို့ကို ကြောက်ရွံ့စေသည်။

ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော အကြီးအကဲရောက်လာသည်ကို ရှီမာယူယူမြင်သောအခါ သိချင်စွာဖြင့် မေး လိုက်သည် “အဲဒါ ဘယ်သူလဲ သူလာတာနဲ့ တုန့်ပြန်ချက်များတာပဲ”

မိုဒိဆန်းနှင့် တခြားသူများလည်း အံ့သြသွားကြကာ သူမ စကားပြောလိုက်သည့် အခါမှပင် အသိပြန်ဝင် လာကာ ပြောလိုက်သည် “အဲဒါက အပြင်ပိုင်းဒေသ ရွှန်းယွမ်ဆိုင်ရဲ့ သခင်ကြီး ဂျွန်ကျောင်းပဲ၊ သူ့အဆင့်က အလယ်ပိုင်းဒေသက ဆိုင်ရဲ့ သခင်တွေထက် အဆင့်မြင့်တယ်၊ သူ့ကို မတွေ့ရတာ နှစ်တွေအတော်ကြာနေပြီ ဒီနေ့ လေလံပွဲရဲ့ တင်ဆက်သူဖြစ်မယ်လို့ ဘယ်သူထင်မိမှာလဲ”

ရှင်းမိုသည် ခေါင်းညိမ့်ကာ ပြောလေသည် “တကယ်ပဲ အံ့သြစရာပဲလေ”

ထိုကဲ့သို့ လူမျိုးသည် ဒီနေ့လေလံပွဲ၏ တင်ဆက်သူအဖြစ် ရောက်လာမည်ဟု ရှီမာယူယူ ထင်မထားခဲ့မိ ပေ။ ပွဲကကြီးတယ်ဆိုဦးတော့ သူကိုယ်တိုင်လာစရာမလိုဘူးလေ ဟုတ်တယ် မလား။

သူမသည် စင်အောက်ကိုကြည့်လိုက်ရာ ဂျွန်လန်နှင့် ဂျွန်ထန်နှစ်ယောက်လုံးကို တွေ့လိုက်သည်။ ရွှန်းယွမ်ဆိုင် တာဝန်ခံလည်းရှိနေသည်။

“ဒီတစ်ယောက်ကတော့ ဂျွန်ကျောင်းပါ အားလုံးက ကျွန်တော့်ရဲ့ အိုနေတဲ့မျက်နှာကို မှတ်မိမယ် ထင်ပါ တယ်၊ အဲတော့ ကျွန်တော့်အကြောင်းကို အများကြီးမပြောတော့ပါဘူး” ဂျွန်ကျောင်းသည် ပြုံးပြီးပြောလေသည် “ဒီတစ်ခေါက် လေလံပွဲကို လာရောက်ကြ တဲ့လူအားလုံးကို ကြိုဆိုပါတယ် ဒီမှာဆိုရင် ပစ္စည်းတွေများပြီး အရည် အသွေးမြင့်တာကိုလည်း မြင်ကြမှာပါ အားလုံးရဲ့ အိမ်ပြန်လမ်းကို ကျေနပ်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်  ကျောက်လုံလုံလောက်လောက် ရှိဖို့တော့ လိုသေးတာပေါ့ ဟားဟားဟား”

အာ…

ရွှန်းယွမ်ဆိုင်သခင်များသည် တည်ကြည်ကြသည်။ သူက ဆိုင်ရဲ့ သခင်ဖြစ်ပြီး ဘာလို့ဒီလိုပြောရတာလဲ။

ရှီမာယူယူသည် ဂျွန်ကျောင်းအား ကြည့်လိုက်သည်။ သူသည် အိုပြီးရူးသွပ်သော စိတ်ကူးယဉ် ကာရိုက် တာ ဖြစ်သည့် ကျုံ့ဘိုထုံးကို သွားသတိရစေသည်။ သူက စင်မြင့်ကို ဒီလိုပဲဖွင့်မလို့လား။

သို့သော် ထိုစကားသည်လည်း အမှန်ဖြစ်နေသည်။ ပိုက်ဆံလုံလောက်စွာမရှိပါက အောင်နိုင်မှု ရှိ မည် မဟုတ်ပေ။

“အဟွတ် အဟွတ်” ဂျွန်လန်နှင့် တခြားသူများ သူ့ကို ကြည့်နေသည်ကို တွေ့ပြီး ဂျွန်ကျောင်းသည်  ချောင်းဟန့်လိုက်သည်။ သူသည် သူတို့၏ တုန့်ပြန်မှုကို ဂရုမစိုက်တော့ပဲ ဆက်ပြောလေသည် “ကျွန်တော်က အကုန်လုံးကို အသေးစိတ်ရှင်းပြတတ်တဲ့လူမဟုတ်ပါဘူး ခင်ဗျားတို့အားလုံး စည်းမျဉ်းတွေကို ရင်းနှီးပြီးသား  ဖြစ်မှာပါ မသိရင်လည်း သိတဲ့လူကို မေးနိုင်ပါတယ်၊ အင်း ဒီလောက်ပါပဲ လေလံပွဲကို စတင်ပါတော့မယ်”

ထိုသို့ပြောပြီးနောက်တွင် လေလံတင်းပုတ်ငယ်ကို ထုလိုက်သည်နှင့် မြအရောင် ရှည်လျားသော ဇာအပါးဝတ်ထားသော အမျိုးသမီးတစ်ဦးသည် ဘန်းကိုင်လာသည်။ ထိုသည်မှာ လေလံပွဲစတင်သည့် သင်္ကေတပင်ဖြစ်သည်။

ရှီမာယူယူသည် ထိုအဘိုးကြီးကို တကယ်ပင် အံ့သြမိလေသည်။ ဂျွန်လန်နှင့် တခြားသူများသည် သူ့ကို လေလံပွဲတင်ဆက်သူအဖြစ် မလုပ်ခိုင်းစေချင်သည်ကို သူမ သိလိုက်ရသည်။

အမှန်တော့ ထိုအရာမှာ သူမအတွေးသပ်သပ်သာဖြစ်သည်။ ဂျွန်လန်နှင့် တခြားသူများ မှာလည်း ထိုသခင်ကြီးပေါ်လာသဖြင့် မတတ်နိုင်တော့ပေ။ အစက ဂျွန်လန်ကို တင်ဆက်သူ အဖြစ် လုပ်စေချင်ကြသည်။ သို့သော် မနေ့ညကပင် သူပေါ်လာကာ သူ တင်ဆက်သူ လုပ်ချင်သည်ဟု ပြောခဲ့သည်။

ဒီတစ်ခေါက် သူလေလံပွဲတာဝန်ယူရသည့်အကြောင်မှာ ပွဲမှာကြီးသဖြင့် သူတို့ မလုပ်နိုင်မှာကို စိုး  သောကြောင့်ဖြစ်သည်။ သူပေါ်လာသည့်အချိန်တွင် မည်သူမှ မတွန်းလှန် နိုင်ကြပေ။ သို့သော် ဂျွန်လန်နှင့် တာဝန်ခံတို့သည် ဆွံ့အသွားကြသည်။ သူတို့က မလုပ်နိုင်မှာ စိုးတယ်ဟုတ်လား… သူက ဒီအတိုင်း ကစားဖို့ လာခဲ့တာပဲ။

အမှန်မှာ သူသည် တင်ဆက်သူအဖြစ် အပျော်လုပ်ခြင်းဖြစ်သည်။ သူ့တွင် အမှန်တကယ်ပင် ဆိုင်၏ သခင်တစ်ယောက်အနေနှင့် ဝန်လေးခြင်းမရှိပေ။

“ပထမဆုံး ပစ္စည်းကတော့ အဆင့်၈ရှိတဲ့ အသက်ရှည်ဆေးဖြစ်ပါတယ်၊ ဒီဆေးနဲ့ဆိုရင် အသက် အကန့် အသတ်ရှိတဲ့လူူကို နောက်ထပ် နှစ်၃၀ ပိုရှည်စေပါတယ်၊ အနှစ် ၃၀က သိပ်မရှည်သေးဘူးလို့ထင်ရင် အဲ အနှစ် ၃၀ မှာ တံခါးပိတ်ကျင့်ကြံရင် အဆင့်တက်လာနိုင်ပါ တယ် အဲလိုအဆင့်တက်မယ်ဆိုရင် နောက်ထပ် နှစ်ထောင် ချီ နေနိုင်တယ်မဟုတ်ပါလား ကောင်းပါပြီ ကျွန်တော် စကားမရှည်တော့ပါဘူး ဒီဆေးက ဘယ်လောက် အရေး ကြီးလဲဆိုတာ အားလုံးသိကြပါတယ် ဒီဆေးအတွက် လေလံစပါပြီ ခေါ်ဈေးက အလယ်အလတ်ကျောက် ၁သောင်းပါ ဈေးစပြိုင်နိုင်ပါပြီ”

လေလံစသော ပစ္စည်းမှာ တန်ဖိုးကြီးပြီး ဈေးကြီးသည့် ပစ္စည်းဖြစ်လိမ့်မည်ဟု ရှီမာယူယူ မထင်မိပေ။ တိုင်းပြည်တွင် အဆင့်၈ ရှိသော ဆေးပညာရှင်များမှာ ရှားပါးသော်လည်း ရှာရန်ဖြစ်နိုင်သေးသည်။ သို့သော် အသက်ရှည်ဆေးမှာ ရှာရန်အလွန်ခက်ခဲသည်။ အခြေခံ ပါဝင်ပစ္စည်းများမှာ စုဆောင်းရန်ခက်ခဲပြီး ဆေးဖော်နေ ချိန်တွင်လည်း ပျက်စီးသွားနိုင်သည်။

ထို့အပြင် ဒီတစ်ခေါက် လေလံပွဲသည် အကောင်းဆုံးကို နောက်ဆုံးမှ ထုတ်မည့် ပုံမှန်အစီအစဉ်ကို မလိုက်နာထားပေ။ သူတို့သည် ရှားပါးသော ပစ္စည်းအစုံလိုက်ကို ထုတ်သည်။ ထိုသည်မှာ သူတို့၏ အရင် စည်းမျဉ်းများကို ချိုးဖျက်ခြင်းပင်။

“အလယ်အလတ်ကျောက် ၁၁၀၀၀”

“၁၂၀၀၀”

“၁၅၀၀၀”

“…..”

ရှီမာယူယူနှင့် တခြားသူများသည် ဈေးခေါ်မှုတွင် မပါဝင်ကြပေ။ သူတို့သည် ဈေးပြိုင်မှုနောက်ဆုံးသို့  ရောက်လာသည်။ ထို့အပြင် အသက်ရှည်ဆေးနှင့်ယှဉ်လျှင် သူမသည် ဧကရာဇ်ဆေးဖော်ရာတွင် လိုအပ်မည့် ပါဝင်ဆေးများကို ရရန်သာ စိတ်ဝင်စားသည်။ သူမသည် ထိုပစ္စည်းများအတွက်ပင် ပိုက်ဆံပြင်ဆင်လာခဲ့သည်။ ထို့ကြောင့် တခြားပစ္စည်းများအတွက် ပိုက်ဆံမဖြုန်းနိုင်သေးပေ။

ရှီမာယူယူ အတွေးများပြန်ရုတ်သိမ်းလိုက်သည်နှင့် ဂျွန်ကျောင်းသည် တုဖြင့် သုံးချက်ထုကာ လေလံ သိမ်းရန်ပြင်ဆင်နေလေသည်။

“အလယ်အလတ် ကျောက် ၂သိန်း ၁ကြိမ်, ကျောက် ၂သိန်း နှစ်ကြိမ်…”

“၂၁၀၀၀၀…”

“၂၂၀၀၀၀…”

ဈေးပြိုင်မှုသည် မြန်ဆန်ကာ ပြိုင်ဆိုင်မှုပြင်းထန်သည်ကို ရှီမာယူယူ အစကတည်းကပင် သတိထားမိ သည်။ အောက်မှလူများသည်လည်း ဈေးပြိုင်မှုကို မတတ်သာပဲ သိမ်းသွင်းမှုကို ခံရလေသည်။ ဈေးမှာ အဆ ၂၀ တက်နေပြီဖြစ်သည်။ ထို့အပြင် ထိုအတွက် ပြိုင်နေကြသော လူများကို ကြည့်ရာတွင်လည်း သူတို့အတွက် ထို ဈေးနှုန်းမှာ မများသလိုပင်။

နောက်ဆုံးတွင် အသက်ရှည်ဆေးသည် သိန်း ၃၁၀နှင့် ရောင်းထွက်သွားလေသည်။ စဈေးထက် အဆပေါင်း ၃၀တက်သွားလေသည်။

အသက်ရှည်ဆေးသည် ထိုမျှဈေးမကြီးကြောင်းကို အားလုံးသိကြသေည်။ သို့သော် လေလံပွဲဖြစ်  သောကြောင့် ခေါ်ဈေးအတိုင်း ဈေးလိုက်တက်ခြင်းဖြစ်သည်။

သည်လိုနှင့် သူမလိုချင်သော ပစ္စည်းရနိုင်ရန် အခုလက်ရှိအခြေအနေပေါ်အခြေခံကာ မည်မျှ သုံးရမည် ကို ရှီမာယူယူ အစီအစဉ်ချမိလေသည်။

ပထမဆုံး ပစ္စည်းမှာ လေလံနိုင်သူလက်ထဲရောက်သွားပြီဖြစ်သည်။ ထို့နောက်တွင် ဒုတိယပစ္စည်းယူ လာသည်။

“ဒုတိယပစ္စည်းကတော့ နည်းနည်းအံ့သြဖို့ကောင်းတယ် အရင်က ဧကရာဇ် အဆင့်တက်သွားတဲ့ အကြီးအကဲတစ်ယောက် ပြောဖူးတယ် ကျွန်တော်ပြောတာ ဘယ်သူလဲ ဆိုတာ အားလုံးသိကြမှာပါ” ဂျွန်ကျောင်း  ထောက်ခံခိုင်းလေသည်။

“ဘုရင်ကြီးရှင်းဒေါင်လေ ဒီရှေးဟောင်းကမ္ဘာဦးနယ်မြေမှာ သူ့ကို မသိတဲ့လူမရှိဘူး” အောက်မှ သခင် တစ်ယောက် အော်လိုက်သည်။

“ဒါဆိုရင် သူသုံးခဲ့တဲ့ အံ့ဖွယ်လက်နက်ကိုလည်းသိမှာပေါ့ ကောင်းကင်ဘုံလှံလေ” ဂျွန်ကျောင်းသည် ပဟေဋ္ဌိဆန်စွာ ပြောလေသည်။

“သခင်ကြီးဂျွန် ဒီတစ်ခေါက်ရောင်းမှာက ဘုရင်ကြီးရှင်းဒေါင်ရဲ့ ကောင်းကင်ဘုံလှံလို့ေ ပြာနေတာ မဟုတ်ပါဘူးနော်” တစ်စုံတစ်ယောက်က မေးလိုက်သည်။

“ဟားဟား ခန့်မှန်းနိုင်သားပဲ ဒီတစ်ခေါက် လေလံပစ္စည်းက ကောင်းကင်ဘုံလှံတံပဲ” ဂျွန်ကျောင်းသည် အားရပါးရပြုံးကာ ဗန်းပေါ်တွင် တင်ထားသော အနီရောင်အဝတ်ကို ဆွဲဖယ်ပြီး ဆက်ပြောလေသည် “ဒါက  ကောင်းကင်ဘုံလှံရဲ့ အစိတ်အပိုင်းပဲ ဒီပစ္စည်းက မပြည့်စုံပေမယ့် ဘုရင်ကြီးရှင်းဒေါင်သုံးခဲ့တာပဲ ကျင့်ကြံသူ  တွေဘဝရဲ့ အဆုံးသတ်ကို အားလုံးလည်းသိကြတာပဲ ဒါက ဘုရင်ကြီးရှင်းဒေါင်သုံးခဲ့တဲ့ ပစ္စည်းဆိုတော့ အိမ်ရောက်လို့ ကြည့်ရင် သဘောပေါက်လာမှာတွေရှိမှာပဲ၊ ခေါ်ဈေးကတော့ အလယ်အလတ်ကျောက် ၂သောင်း ပါ၊ အခုပဲ လေလံစပါပြီ”

အစပိုင်းတွင် ဘုရင်ရှင်းဒေါင်သုံးခဲ့သော ပစ္စည်းဖြစ်သည်ဟု ကြားသည်နှင့် ဈေးပြိုင်ရန် စိတ်လှုပ်ရှားပြီး မစောင့်နိုင်ကြပေ။ သို့သော် အပိုင်းအစပစ္စည်းဖြစ်သည်ဟု ကြားသည်နှင့် တွေဝေသွားကြလေသည်။

ထို့ကြောင့်ပင် ဂျွန်ကျောင်း လေလံစသော်လည်း မည်သူမှ ဈေးပြိုင်မည့်ပုံမပေါ်ပေ။

All Chapters