← Chapters

အပိုင်း (၅၂၂) – ဒဏ္ဍာရီထဲမှ ထာဝရတည်မြဲခြင်း

Vol. 006 Ch. 522

အပိုင်း (၅၂၂) – ဒဏ္ဍာရီထဲမှ ထာဝရတည်မြဲခြင်း

Vol. 006 Ch. 522

ရွှန်းယွမ်ဆိုင်မျှော်လင့်ထားသည့်အတိုင်း ဘုရင်ကြီးရှင်းဒေါင်၏ လက်နက်ကို ဈေးပြိုင်ချင်သည့်သူ မရှိ ပေ။ ဒီလိုပစ္စည်းများအတွက် ဈေးပြိုင်ပေးရမှာမဟုတ်ဘူးလား။

ဂျွန်ကျောင်းပြောသလိုပင် ထိုပစ္စည်းသည် မထင်မှတ်ထားသော အရာများပြန်ပေးနိုင် သည်။

သို့သော် အားလုံးသည် သူ့အတွေးနှင့်မတူကြပေ။ ဘုရင်ကြီးရှင်းဒေါင်သည် ကျော်ကြားပြီးနောက်တွင်  ကောင်းကင်ဘုံလှံတံကို အသုံးပြုသည်မှာ ရှားသည်။ သူသည် ပိုအားကောင်းသော လက်နက်ကိုသာ သုံးခဲ့ သည်။ သည်လိုနှင့် ကောင်းကင်ဘုံလက်နက်ကို အသုံးပြုဖူးသည့်လူမရှိပေ။ သူ့ဘဝနောက်ပိုင်းတွင် အသုံးပြုခဲ့သော လက်နက်မှာ ပို၍ အဓိပ္ပာယ်ရှိသည်။ ထို့အပြင် ထိုပစ္စည်းသည် အပိုင်းအစမျှသာဖြစ်၍ အသုံးပြု၍ပင် မရပေ။ ဝယ်သွားလျှင်တောင် အလှပြရုံသာဖြစ်မည်။

အားလုံးသည် နောက်မှလာမည့် ပစ္စည်းများကို လိုချင်သည်ဖြစ်သဖြင့် ပိုက်ဆံချန်ထား ရန် ထိုပစ္စည်း အတွက် ဈေးမခေါ်ကြပေ။ ရှေ့ပိုင်းတွင် ပိုက်ဆံသုံးလိုက်ရပြီး နောက်လေလံများ အတွက် ပိုက်ဆံမလောက်  တော့မည်ကို အားလုံးက စိုးရိမ်နေကြသည်။

“၂၁၀၀၀” မည်သူမှ ဈေးမပြိုင်သည်ကို တွေ့သောအခါ ရှီမာယူယူသည် အရင်အော်ကြည့်သည်။ သူမ ဦးဆောင်သည့်နောက်တွင် တခြားလူများလည်လည်း ဈေးခေါ် ကြသည်။

သို့သော် ထိုလူများသည် အပျော်အနေနှင့်သာ ဈေးခေါ်ကြခြင်းဖြစ်သည်။ သူတို့သည် ဈေးပြိုင်ရာတွင် စိတ်ဝင်စားမှုမရှိကြပေ။ သည်လိုနှင့် သူမသည် ထိုပစ္စည်းကို အလယ်အလတ် ကျောက် ၁သိန်းဖြင့်ရလိုက်လေ သည်။

လျင်မြန်စွာပင် ကောင်းကင်ဘုံလှံတံကို သူမ၏ သီးသန့်အခန်းသို့ လာပို့လေသည်။ သူမသည် ဖန်ကတ် ကို ထုတ်ပေးကာ အလယ်အလတ်ကျောက် ၁သိန်းကို ပြန်အမ်းငွေ ယူလိုက်သည်။ အစေခံမိန်းကလေးထွက်သွား သည်နှင့် သူမသည် အံ့ဖွယ်လက်နက်ပေါ်တွင် ဖုံးထားသော အဝတ်ကို ဖယ်လိုက်သည်။

“သေစမ်း ယူယူ ဒါကြီးကို ဘာလို့လေလံဆွဲတာလဲ” ဖက်တီးကျူသည် ချေးတက်ကာ အပျောက်များ ဖြစ်  နေသော လှံအပိုင်းအစကိုမြင်သည်နှင့် နားမလည်စွာ မေးလိုက်သည်။

ရှီမာယူယူသည် လှံကို ကောက်ကိုင်ရာ အေးစက်သော ရောင်ဝါသည် သူမ ကိုယ်တွင်း စီးဆင်းသွား သည်ကို ခံစားမိလေသည်။ ထိုပစ္စည်းသည် ထင်ထားသည်လောက် မရိုးရှင်းပေ။

သူမ မဖော်စပ်နိုင်သည်မှာတော့ နှမြောဖို့ကောင်းသည်။ ထို့ကြောင့် ကျန်သည့် အစိတ်အပိုင်းမရှိသည်မှာ ဘာနှင့်တူသလဲဆိုသည်ကိုတော့ မသိတော့ပေ။

“ဘာပဲဖြစ်ဖြစ် ဒီအံ့ဖွယ်လက်နက်က ဘုရင်ကြီးရှင်းဒေါင် သုံးခဲ့တဲ့ဟာပဲ ငါယူသွားပြီး ပိုလေ့လာမယ်ဆို ရင် ပိုပြီးအဆင်ပြေလာမှာပါ” သူမသည် ထိုလှံတံ၏ ထူးခြားမှုကို မမြင်နိုင်သေးပေ။ ထို့ကြောင့် ဗန်းပေါ်ပြန်တင် ကာ တခြားလူများကို ကြည့်ခိုင်းလိုက်သည်။

“ဘုရင်ကြီးရှင်းဒေါင်က ဘယ်လိုလူမျိုးလဲ သူ့ရဲ့ အံ့ဖွယ်လက်နက် အကျိုးအပဲ့တောင်မှ အလယ်အလတ် အဆင့် ကျောက် ၁သိန်းလောက် ဈေးရှိတယ်” ဝေကျိရွှီသည် မေးလေသည်။

“အံ့ဖွယ်အဆင့်ထက်ကို အဆင့်အများကြီးရှိသေးတယ်၊ ငါတို့အခုလက်ရှိက အံ့ဖွယ် အဆင့်ဆိုတော့ အဲအဆင့်တက်သွားရင် အံ့ဖွယ်ဘုရင်၊ အံ့ဖွယ်နယ်ရှင်၊ အံ့ဖွယ်သူတော်စင်နဲ့ အံ့ဖွယ်အထွတ်အထိပ်ဆိုပြီး ၄ဆင့် ရှိသေးတယ်၊ အံ့ဖွယ်အဆင့်ရဲ့ အထက်မှာ ဧကရာဇ် အဆင့်၊ ဧကရာဇ်အဆင့်ရဲ့ အထက်မှာ အင်ပါယာအဆင့်ရှိတယ် အဆင့်တိုင်းမှာ မတူညီတဲ့အဆင့်တွေရှိတယ်၊ ဘုရင်ကြီးရှင်းဒေါင်က အင်ပါယာအဆင့်ကျွမ်းကျင်သူပဲ”

“အင်ပါယာဟုတ်လား” ဝေကျိရွှီနှင့် တခြားသူများသည် ပင့်သက်ရှိုက်လိုက်ကြသည်။ လူတစ်ယောက် က တကယ်ပဲ အင်ပါယာအဆင့်ရောက်နိုင်တာပဲ။

“ဟိုးရှေးကနေစပြီး ဒီနေ့အထိ အင်ပါယာအဆင့်မြင့်ကို ရောက်နိုင်တဲ့သူ နည်းနည်း ရှိခဲ့တယ် အဲအဆင့်  ရောက်ပြီဆိုလည်း ကျော်ကြားသွားကြတာပဲ” ကုန်ရှန်ယိ ပြောလေသည် “အဲအထဲကမှ ဘုရင်ကြီး ရှင်းဒေါင်က နာမည်အကြီးဆုံးပဲ”

“ဘာလို့လဲ”

“အရင်တုန်းက အင်ပါယာအဆင့်ရှိတဲ့လူတွေက အသက်ကြီးပြီး ရှေးကျတဲ့လူတွေပဲ ဒါပေမဲ့ ဘုရင်ကြီး ရှင်းဒေါင်က ဝမ်းတွင်းပါ ပါရမီပါတာမျိုးလည်းမဟုတ်ပဲနဲ့ အသက် ၅၀၀နှစ်မှာပဲ အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့ တယ် သူက ဝိညာဉ်ဆေးတွေသုံးတယ်လို့ တချို့ကပြောကြတယ် တချို့ကတော့ သူ အမွေပစ္စည်းတချို့ခဲ့တယ် လို့ ပြောကြတာပဲ တချို့ကလည်း သူက မွေးကတည်းက ပါရမီပါတာကို ဖုံးကွယ်ထားတာလို့ ပြောကြတယ် ဒါပေမဲ့ သူတို့ဘယ်လိုပဲမှန်းမှန်း သူနောက်ဆုံးအဆင့်တက်ပြီးတော့ လူလုံးပေါ်တာတာရှား တယ် နောက်ဆုံး  တော့ လုံးဝကို ပျောက်ကွယ်သွားတာပဲ အဲလိုကနေ သူ ဒဏ္ဍာရီလာ အင်ပါယာအဆင့်ထိရောက်ပြီး ဒီကမ္ဘာ ကနေထွက် သွားတယ်လို့ ကောလဟလတွေ ထွက်ခဲ့တယ်”

“ဒဏ္ဍာရီလာ အင်ပါယာအဆင့်ဟုတ်လား”

“ဒီကမ္ဘာကနေထွက်သွားတယ်ဟုတ်လား”

“အဲဒါ ဘာအဓိပ္ပာယ်လဲ”

“ငါတို့ သန်မာလာတာနဲ့အမျှ အသက်ကလည်း ပိုရှည်လာတယ်၊ ငါတို့ အင်ပါယာ အဆင့်ရောက်ပြီဆို တာနဲ့ အသက် ၂၀၀၀ လောက်နေလို့ရတယ် ဒါပေမဲ့ ငါတို့ အသက် ဘယ်လောက်ရှည်အောင်နေနေ တစ်နေ့  တော့ သေရမှာပဲလေ” မိုဒိဆန်းသည် အားလုံးကို ကြည့်ကာ ပြောလိုက်သည် “ဒါပေမဲ့ အင်ပါယာအဆင့်ရောက် ရင် တကယ့်နတ်ဖြစ်သွားပြီး တစ်သက်လုံး အသက်ရှင်သွားမယ်ဆိုတဲ့ ကောလဟလလည်းရှိတယ်”

“ဘာ”

“ထာဝရဖြစ်တည်ခြင်းပေါ့”

“တကယ်ကြီးလား”

သူတို့အားလုံး အံ့သြသွားသည်ကို ကြည့်ပြီး မိုဒိဆန်းသည် ပခုံးတွန့်လိုက်သည် “ဒါဘယ်လောက် မှန် လဲဆိုတာ ဘယ်သူမှမသိဘူးလေ ဒါက ဘုရင်ကြီးရဲ့ ကောလဟလ တွေပဲလို့ ပြောပြီးသားနော် ဘယ်သူမှမမြင်  တော့ ဘယ်သူမှလည်း သက်သေမပြနိုင်ဘူးလေ”

“ဘုရင်ကြီးရှင်းဒေါင်သာ တကယ်ပဲ ဒဏ္ဍာရီလာ ထာဝရအသက်ရှည်သွားမယ်ဆိုရင် တကယ်ကို အံ့သြလောက်စရာပဲ” ရှီမာယူလီသည် စိတ်လှုပ်ရှားစွာ အော်လိုက်လေသည်။ သူ၏ စိတ်အားထက်သန်သော မျက်လုံးများသည် လေးစားမှုနှင့် ပြည့်နေလေသည်။

“ဒါပေမဲ့…” ရှီမာယူယူသည် လှံတံကို ထပ်ကောက်ကိုင်လိုက်သည် “ဒါက ဘုရင်ကြီး ရှင်းဒေါင်ရဲ့ လှံ ဟုတ်တယ် ဆိုရင် ဘာလို့ ကျိုးပြီး ခေါင်းပိုင်းပဲကျန်နေတာလဲ”

“ဟုတ်သားပဲ သူက အင်ပါယာအဆင့်တောင်ရောက်နေပြီကို ကမ္ဘာပေါ်မှာ အား အကောင်းဆုံးလူဖြစ်  နေမှာကို သူ့လက်နက်ကို ဘယ်သူက ဖျက်ဆီးရဲတာလဲ” ဖက်တီးကျူ ပြောလိုက်သည်။

ရှင်းမိုနှင့် တခြားသူများသည် ခေါင်းရမ်းလိုက်ကြသည်။ ဘာဖြစ်ခဲ့သည်ကို မည်သူမှ မသိပေ။

“ကောလဟလက ကောလဟလပဲ အမှန်ကို ဘယ်သူမှမသိကြဘူး ကောလဟလကိုပဲ အမှန်လို့ မှတ်ယူ နေရတာပဲ” ဝူလင်းယူသည် ရှီမာယူယူမျက်မှောင်ကြုတ်လိုက်သည်ကို တွေ့သည်နှင့် သူပါ မျက်မှောင်ကြုတ် လေသည်။

ရှီမာယူယူသည် အတွေးများပြန်ရုတ်သိမ်းလိုက်သည်။ သူမသည် နောက်မှပင် ထပ်လေ့လာရမည် “အောက်က လေလံပွဲကို ဆက်ကြည့်ကြတာပေါ့”

လေလံပွဲမှ ပစ္စည်းများသည် မဆိုးလှပေ။ သို့သော် သူမလိုချင်သည့် ပစ္စည်းမရှိ သေးသဖြင့် တစ်နာရီလုံး  ဈေးမပြိုင်ပေ။

နောက်ပိုင်းတွင် ရှီမာယူယူသည် သူမလိုအပ်သည့် ဆေးဖက်ဝင်ပစ္စည်းများကို ဈေးပြိုင်လေသည်။ အားလုံးပေါင်းလိုက်လျှင် သူမသည် ၁သန်းကျောက် သုံးလိုက်ရသည်။ အဲနောက်တွင် သူမသည် ဖက်တီးကျူ လိုအပ်မည့် ကုန်ကြမ်းပစ္စည်းများကို ဈေးပြိုင်ရာ သောင်းဂဏန်းလောက်ထပ်သုံးလိုက်ရသည်။ သူမသည် အားလုံးပေါင်း ၂သန်းသုံးလိုက်ရာ သူမမှန်းထားသည်ထက်ပင် လျော့သွားသည်။

သို့သော် သူမသည် နောက်ပိုင်း ပစ္စည်းသုံးမျိုးကို မျက်စိကျလေသည်။ ထိုပစ္စည်းသုံးမျိုးသည် ပြိုင်ရန် ခက်ခဲသည်။ ပစ္စည်းနှစ်မျိုးမှာ အလဲအလှယ်လုပ်ရမည်ဖြစ်ပြီး နောက်တစ်မျိုးမှာ ပြိုင်ဘက်ကင်းပစ္စည်းဖြစ်သည်။ ထို့အပြင် ကျင့်ကြံရာတွင် အသုံးဝင်သည့် ပါဝင်ပစ္စည်းဖြစ်သဖြင့် အပြိုင်အဆိုင်များသည်။

သို့သော် ထိုပစ္စည်းသုံးမျိုး မပေါ်လာခင်တွင် သူမ ပစ္စည်းကို လေလံတင်လေသည်။ ခြင်ဆီနှင့်  အကြော သန့်ရှင်းရေးဆေး ၄လုံးသည် ၄သန်းနှင့် ရောင်းရကာ ကျန်ပစ္စည်း အားလုံးပေါင်းလိုက်လျှင် ၂သန်းရလေသည်။ အားလုံးပေါင်းလိုက်လျှင် သူမ ၆သန်းအမြတ်ရ လေသည်။ သူမ ကျန်သည့်ပိုက်ဆံနှင့်ပေါင်းလိုက်ရာ ၁၄သန်း ရှိ လေသည်။

ပါဝင်ပစ္စည်းသုံးမျိုးအတွက် ၁၄သန်းသည် လောက်ငှပါ့မလားဟု တွေးမိသည်။

“နောက်ပစ္စည်းကို အားလုံးကြိုက်ကြမှာပါ၊ ဝိညာဉ်သခင်တွေအတွက် အထူးပါ ရူးသွပ်စေနိုင်လောက် တယ်ဆိုတာ သေချာပါတယ်” ဂျွန်ကျောင်းသည် ပြုံးပြီးပြောလေသည်။

အချိန်အတော်ကြာသည်အထိ သူမသည် သူ တင်ဆက်သူအဖြစ်လုပ်သည်ကို စောင့်ကြည့်နေရာ သူ့ ကို ရွှန်းယွမ်ဆိုင်၏ သခင်တစ်ယောက်အနေနှင့် ဆက်စပ်၍မရပေ။

သူက သရုပ်ဆောင်နေသလိုပဲ။

သို့သော် စဉ်းစားကြည့်ရာ သူပြောသော ပစ္စည်းမှာ အမှန်တကယ်ပင် ကောင်းသည်။ အားလုံးသည် အာရုံစိုက်မိကြသည်။

“ဒါက အားလုံးအစောင့်ကြီး စောင့်နေကြတဲ့ ရှေးဟောင်းသတ္တုရိုင်းတစ်ခုပါ၊ အားလုံးသိကြတဲ့ တကယ့် သတ္တုရိုင်းပါ ဒါကတော့ ဘေးအန္တရာယ်ရှိချင်ရှိမယ် မဟုတ်ရင် ရတနာလည်းဖြစ်နိုင်ပါတယ်” ဂျွန်ကျောင်းသည် တာဝန်အပြည့်ဖြင့် ပြောလေသည် “ဒါပေမဲ့ တစ်ခုခုပါနေတယ်ဆိုရင်တော့ ရှေးဟောင်းသတ္တုရိုင်းဆိုတာ  သေချာနေပါတယ်၊ ဘယ်လောက်တန်တယ်ဆိုတာတော့ ပြောစရာကိုမလိုတော့ပါဘူး ဒီပစ္စည်း ဈေးခေါ်ဖို့ လွယ် ဖို့အတွက် ဝိညာဉ်သခင်တွေ လာပြီးကြည့်ကြဖို့ ဖိတ်ခေါ်ပါတယ်၊ အားလုံးမှာ နာရီဝက် အချိန်ရပါတယ် အလိုရှိရင် လာကြည့်လို့ရပါတယ်”

ဂျွန်ကျောင်းပြောပြီးနောက်တွင် တချို့လူများသည် တက်လာကြလေသည်။ ထိုဝိညာဉ် သခင်များသည် စိတ်လှုပ်ရှားကြကာ သတ္တုတွင်းကို ကြည့်ကြလေသည်။

ရှီမာယူယူသည် မလှုပ်မယှက်ဖြစ်နေသော မိုဒိဆန်းကို ကြည့်ကာ မေးလိုက်သည် “မင်း ဒီအတွက်လာ တာမဟုတ်လား အောက်ဆင်းပြီးကြည့်ပါလား”

All Chapters