အပိုင်း (၅၂၃) – ရှေးဟောင်းသားရဲ
Vol. 006 Ch. 523
မိုဒိဆန်းပြုံးလိုက်ပြီး ပြောလိုက်သည် “ငါ သတ္တုရိုင်းတွေကို ကြည့်ပြီးပြီ ထပ်ကြည့်စရာ မလိုတော့ဘူး”
“မင်းမြင်ပြီးသွားပြီပေါ့ ဘယ်တုန်းကကြည့်ထားလိုက်တာလဲ”
ရွှန်းယွမ်ဆိုင်က လေလံပွဲအတွက် သူတို့ပစ္စည်းတွေကို တင်းတင်းကြပ်ကြပ် ထိန်းသိမ်းထားတယ်လို့ ပြော ကြတယ်မလား၊ ဒီလူက ဘယ်လိုဖြစ်ပြီး ကြည့်လိုက်တာလဲ။
“လွန်ခဲ့တဲ့ရက်က” မိုဒိဆန်းပြောလေသည်။ သူ့နည်းလမ်းအတိုင်းဆိုလျှင် သူသည် တခြားလူကို ဘာမှ ပြောမည်မဟုတ်ပေ။
“မင်းမြင်ပြီးပြီဆိုတော့ အဲသတ္တုရိုင်းထဲမှာ ဘာရှိနေလဲ” ရှီမာယူယူ သိချင်စိတ်ဖြင့်မေး လိုက်လေသည်။
“သက်ရှိသတ္တဝါတစ်ကောင်ဆိုရင်တော့ ရှေးဟောင်းအချိန်ကတည်းကရှိလာတာဖြစ်မယ်၊ အဲတုန်းက အရာတွေက ထူးခြားတယ်မလား” ကုန်ရှန်ယိ ကြွေးကြော်လေသည်။
တခြားသူများလည်း စိတ်လှုပ်ရှားကြသည်။ အထဲတွင် သက်ရှိသတ္တဝါတစ်ကောင်သာ ရှိနေပါက တခြား အဓိပ္ပာယ်သက်ရောက်သွားမည်ဖြစ်သည်။
အခုလက်ရှိ သတ္တုရိုင်းများသည် ရှေးဟောင်းအချိန်များမှ ဝိညာဉ်စွမ်းအင်များကို စုစည်းကာ ဖြစ်ပေါ် လာခြင်းဖြစ်သည်။ ထိုအထဲတွင် ဝိညာဉ်စွမ်းအင်များ ထူထပ်သဖြင့် ထို သတ္တဝါကိုပင် ဝိညာဉ်စွမ်းအင်များ ဖုံးလွှမ်း ထားသည်။ ထိုသတ္တဝါသည် အသက်ရှုရပ်ကာ အေးခဲနေလေသည်။ သူ့ခန္ဓာကိုယ်မှ လုပ်ဆောင်ချက်များသည် လည်း ခဲနေသည်။ လွှတ်လိုက်သည်နှင့် ပြန်လှုပ်ရှားနိုင်ကာ အသက်ပြန်ဝင်မည်ဖြစ်သည်။
မိုဒိဆန်းပြောသည်သာမှန်ပါက ရှေးဟောင်းအချိန်က သတ္တဝါကို သူတို့မြင်ရမှာ မဟုတ်လား။
စဉ်းစားလိုက်သည်နှင့် စိတ်လှုပ်ရှားမှုကြောင့် သွေးများဆူပွက်လာသည်။
“အထဲက သတ္တဝါက အားကောင်းလားသိချင်တယ်၊ ဒါပေမဲ့ ရှေးတုန်းက သတ္တဝါတွေက အခုသတ္တဝါ တွေထက် အများကြီးပိုအားကောင်းတယ် အဲတုန်းက အင်ပါယာအဆင့်ရှိတဲ့ သူတွေရှိတယ်လေ အခုတော့ မရှိ တော့ဘူးလေ” မိုဒိဆန်း သက်ပြင်းချလေသည်။
“ဒီကမ္ဘာကြီးက ဘာလို့ နောက်ပြန်သွားနေတာလဲ” ဝူရန်ဖေ မေးလိုက်သည်။
“ကောင်းကင်ရဲ့ ဥပဒေပြောင်းသွားတာက အဆင့်တက်ဖို့ ခက်စေသလို ကျင့်ကြံဖို့လည်း ပိုခက်သွား တယ်” ဝူလင်းယူရှင်းပြလေသည် “အားကောင်းတဲ့လူအများစုက ဒီအဆင့် ရောက်ပြီဆိုရင် ကျော်ဖြတ်ဖို့ကို နည်းလမ်းတွေ အများကြီးရှာကြတယ် ဒါပေမဲ့ အဲဒါက လည်းအသုံးမဝင်ပါဘူး”
အားလုံးသည် ကောင်းကင်ဥပဒေ၏ နက်ရှိုင်းမှုကို နားလည်ကြသည်။ လောကအသေး တွင်ရှိစဉ်က နှင်းဝံပုလွေများသည် အထွတ်အထိပ်အဆင့်ကို မဖောက်နိုင်ခြင်းကို ကြုံဖူးခြင်း ကြောင့်ဖြစ်သည်။
အခု ဒီကမ္ဘာမှာလည်း တူညီသောအရာပင် လူသားများ ကျင့်ကြံရန် ပိုပို၍ခက်ခဲ လာသည်။
“ဒီအကြောင်းကို အရင်က ဆရာပြောဖူးလို့သိတယ် ဒါပေမဲ့ ဘာလို့ဒီလို တွေဖြစ်လာရတာလဲ ဘာလို့ ကောင်းကင်ဥပဒေက ပြောင်းသွားတာလဲ ကောင်းကင်ဥပဒေက ဘယ်လိုဖြစ်လာတာလဲ ဘာကပြောင်းစေတာ လဲ”
ဝူလင်းယူသည် ရှီမာယူယူ၏ မေးခွန်းများကြောင့် ငေးမောသွားကာ ခေါင်းရမ်းကာ ပြောလိုက်သည် “ငါတို့ အဲအဆင့်ရောက်မှ အဲမေးခွန်းရဲ့ အဖြေကို ငါတို့နားလည်သွားမယ်လို့ ထင်တယ်”
“ဒဏ္ဍာရီလာအင်ပါယာ အဆင့်ကို တကယ်ပဲ ရောက်တဲ့လူရှိပါ့မလား” ဖက်တီးကျူသည် အားလုံး စဉ်းစားနေသည့် မေးခွန်းကိုမေးလိုက်သည်။
ရှီမာယူယူ ပြုံးပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည် “တခြားလူတွေလုပ်နိုင်ရင် ငါတို့လည်း လုပ် နိုင်ရမှာပေါ့၊ ငါတို့ ကြိုးစားနေသရွေ့တော့ မရောက်နိုင်စရာအကြောင်းမရှိဘူး”
“အမှန်ပဲ ငါတို့်ကြိုးစားနေသမျှတော့ နောက်ဆုံးရလဒ်က အရေးကြီးတာမဟုတ်ဘူး ငါတို့် ကြောက်ရမှာ က ကျင့်ကြံခြင်းလမ်းစဉ်မှာ လုံ့လမရှိမှာကိုပဲ ဒါမှမဟုတ် ငါတို့လုပ်ရမယ့် အကြောင်းအရင်းကို မေ့မသွားရမှာပဲ” ရှီမာလိုင်သည် ခေါင်းညိမ့်ပြီးပြောလေသည်။
ရှင်းမိုသည် ရှီမာလိုင်နှင့် တခြားသူများကို လေးစားမိသည်။ အစပိုင်းတွင် သူသည် ယူယူ၏ မိသားစု နှင့် သူငယ်ချင်းများအဖြစ်သာ ဆက်ဆံခဲ့သည်။ သို့သော် သူတို့အကျင့် စရိုက်များကို လေးစားမိသည်။
သူတို့ စကားလက်ဆုံကျနေသည်နှင့် နာရီဝက်သည် လျင်မြန်စွာ ကုန်ဆုံးသွား လေသည်။ ဝိညာဉ်သခင် များသည် စင်ပေါ်မှဆင်းကာ မိမိနေရာများသို့ ပြန်ထိုင်ကြလေသည်။ ဂျွန်ကျောင်းသည် ဖြေးညင်းစွာ လျှောက် လာကာ ပြောလေသည် “အားလုံး ဒါကို ရှင်းရှင်းလင်းလင်း မြင်မယ်လို့ထင်ပါတယ် ဘယ်လိုလဲ မဆိုးဘူးမလား ဟားဟား ဒါကို မဆိုးဘူးလို့ထင်ရင် ဈေးစခေါ်နိုင်ပါပြီ စဈေးကတော့ ၅သိန်းပါ ဈေးစပြိုင်နိုင်ပါပြီ”
“၅သိန်းခွဲ” ထိုမြင့်များသော ဈေးနှုန်းကို ကြားပြီးနောက် အားလုံးသည် သတိပြန်မဝင်ခင်မှာပင် လူ တစ်ယောက်သည် ဈေးစခေါ်လေသည်။ တစ်ချိန်တည်းမှာပင် ၅သိန်းကျော်သွားသည်။
“၆သိန်း”
“၇သိန်း”
“၉သိန်း”
“၁သန်း”
“….”
အချိန်ခဏအတွင်းမှာပင် ဈေးနှုန်းပမာဏမှာ အရှိန်ဖြင့် တက်သွားကာ သန်းဂဏန်းထိ ရောက်သွားလေ သည်။
ဈေးပြိုင်သည့်အထဲတွင် မပါဝင်သူများသည် ကြည့်နေကြသည်။ သူတို့အားလုံးသည် ထိုချမ်းသာသော ဝိညာဉ်သခင်များကို အားကျနေမိကြသည်။ ထို ကျောက် သန်းဂဏန်း လောက်သည် သူတို့အတွက် ဘာမှမဟုတ် သလိုပင် ဈေးခေါ်နေကြသည်။ သူတို့သည် မပါဝင်နိုင်ကြပေ။
ဈေးသည် ဆက်တိုက်တက်နေသည်။ ၂သန်း၊ ၃သန်း၊ နောက်တွင် ၄သန်းအထိ ရောက်သွားသည်။ ထို ဈေးပြိုင်မှုကို ကြည့်ရသည်မှာ အားလုံးကို စိတ်လှုပ်ရှားစေသည်။
ထိုအပိုင်းသည် ထိုညအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး အပိုင်းဖြစ်သည်။ နေရာတစ်ခုလုံးသည် စိတ်လှုပ်ရှားမှုနှင့် ပြည့်နေကြသည်။ အားလုံး၏ အသက်ရှုသံသည် ဈေးတက်ခေါ်လိုက်သည့် အရှိန်အတိုင်း လိုက်နေကြသည်။ တစ်ခါတစ်လေ နှေးကွေးကာ တစ်ခါတစ်ရံ မြန်ဆန်သည်။
မိုဒိဆန်းသည် ထိုလူများ ဈေးပြိုင်နေသည်ကို လုံးဝ စိုးရိမ်နေခြင်းမဖြစ်ပေ။ သူသည် လက်ဖက်ရည်ပင် သောက်နေသေးသည်။
“သခင်ကြီးမိုဒိဆန်း မစိုးရိမ်ဘူးလား” ကုန်ရှန်ယိသည် တည်ငြိမ်နေသော မိုဒိဆန်းအား တွေ့ပြီးနောက် မေးလေသည်။
“ဘာကို စိုးရိမ်ရမှာလဲ” မိုဒိဆန်းသည် လက်ဖက်ရည်ခွက်ချကာ နောက်တစ်ခွက် ငှဲ့လေသည်။ “ဈေးပြိုင် တာက ခဏနေရင် နှေးသွားမှာ အခုဈေးခေါ်လည်း အသုံးမဝင်ဘူး”
ကုန်ရှန်ယိသည် နှုတ်ခမ်းကိုတွန့်လိုက်သည်။ အပြင်ဘက်မှ အခြေအနေသည် သူပြောသည့်အတိုင်းပင်။ ဈေးများမြင့်မြင့်လာသော ဈေးပြိုင်မှုသည်ဘယ်တော့မှ မပြီးဆုံး နိုင်ဘူးဟု ထင်ရလောက်သည်။ သို့သော် သူတို့ ခေါ်သည့်ဈေးမှာ တဖြည်းဖြည်း နှေးလာသည်။
အချိန်အတန်ကြာပြီးနောက်တွင် ဈေးပြိုင်သည့်လူအရေအတွက်နည်းလာသည်ကို မိုဒိဆန်း သတိထား မိပြီးနောက်တွင် ဈေးခေါ်လေသည်။
“၁၀သန်း”
“ရွီး”
သူ ၁သန်းထပ်ပေါင်းပြီး ဈေးခေါ်လိုက်ရာ အားလုံးသည် ပင့်သက်များရှိုက်မိကြသည်။
“၁၁သန်း” နောက်လူတစ်ယောက်သည် လျင်မြန်စွာ လိုက်လာသည်။ သူသည်လည်း နောက် ၁သန်း ထပ်ပေါင်းသည်။
သူတို့နှစ်ယောက် ဝင်ပါသည်နှင့် ရှာဖွေသူ ဝိညာဉ်သခင်များသည် သူတို့ စိတ်အားထက်သန်စွာ ဈေးခေါ် သည်ကို ဆက်ကြည့်ချင်ကြသည်။ အားလုံးသည် သူတို့အသံများကို သိကြသောကြောင့်ပင်။ သူတို့ ပြိုင်ပါက တခြားလူများသည် သူတို့ပြိုင်ဘက်မဖြစ်နိုင်ပေ။
“ဒီလင်းယုရဲ့ ခြေလှမ်းက တကယ်မြန်တာပဲ” ဖက်တီးကျူသည် ထိုလူအား မကြည်ပေ။
“ကျောက်ပြခန်းက ပိုက်ဆံဝင်နေတဲ့နေရာပဲ ကျောက်ပြခန်းရဲ့ သခင်လေး တစ်ယောက်အနေနဲ့ ဝန်လေး မှာတော့အမှန်ပဲ” ကုန်ရှန်ယိ ပြောလေသည်။
“ဒါဆို ငါတို့အတွက် မျှော်လင့်ချက်မရှိတာ မဟုတ်လား”
မိုဒိဆန်းတွင် ပိုက်ဆံရှိသည်ဆိုဦးတော့ ကျောက်ပြခန်းသခင်လေးနှင့် ဘယ်လိုယှဉ်လို့ ရမလဲ။ သူသည် အသေရရ အရှင်ရရ ပြင်ထားသော ပိုက်ဆံမှာ နည်းလှမည်မဟုတ်ပေ။
“အဲတာတော့ မသေချာဘူးလေ” ရှီမန်ဖန်သည် ငြိမ်နေရာမှ ထပြောလေသည် “ဒါကတော့ စဉ်းစား ဆင်ခြင်တတ်တဲ့သခင်လေးတွေရဲ့ ထုံးစံပဲလေ သူက သူ့ကမ္ဘာတစ်ခုလုံးကို မထုတ်ဖော်ပါဘူး”
ရှီမာယူယူ ရှီမန်ဖန်အားကြည့်လိုက်သည်။ သူမကို လိမ်ရတာနှစ်သက်သော မောင်လေးသည် အခုတော့ ရင့်ကျက်နေပြီ။ သူသည် ထိုကဲ့သို့ အရာများကိုပင် မြင်တတ်နေပြီ။
ဈေးနှုန်းမှာ ၄၀သန်းအထိ တက်သွားချိန်တွင် လင်းယု၏ ဈေးပြိုင်မှုမှာ နှေးသွား လေသည်။ သူ့ဘေးမှ အကြီးအကဲပြောလိုက်သည် “သခင်လေး အဲသတ္တုရိုင်းက သန်း ၂၀ လောက်ပဲတန်တာ ဒီနေ့ကို အဲဒါအတွက် သန်း ၄၀ သုံးလိုက်ရင် ငါတို့တတ်နိုင်တဲ့ ပမာဏထက်ကျော်နေပြီ အဲလောက်မတန်တဲ့ ပစ္စည်းကို ဈေးပြိုင်လိုက် ရင် ပြန်သွားရင် ရှင်းပြဖို့ခက်လိမ့်မယ်”
ပြီးခဲ့သည့်တစ်ခေါက်က ရှီမာယူယူ ကျောက်ပြခန်းတွင် ၁၀သန်းလောက်ရသွားသည့် အကြောင်းကို မျိုးနွယ်အကြီးအကဲများသည် သူ့ကို ခေါ်ပြီးမေးခဲ့သည်။ အသုံးမဝင် သည့်အရာအတွက် ငွေထပ်သုံးလိုက်ပါက သူ၏ အကြီးအကဲများသည် ထပ်မံ ကြိမ်းမောင်းဦးမည်။
ထပ်စဉ်းစားပြီးနောက်တွင် လင်းယုသည် ဈေးပြိုင်ခြင်းစစ်ပွဲကို လက်လျော့လိုက်သည်။ မိုဒိဆန်းသည် ထိုသတ္တုတွင်းကို သန်း ၄၀နှင့် လေလံအောင်သွားလေသည်။
“သခင်ကြီးမိုဒိဆန်းက သတ္တိရှိလိုက်တာ သူ့ဈေးခေါ်တာကို လုံးဝတွေဝေတာမရှိဘူး” လင်းယုသည် ဂျွန်ကျောင်း လေလံတုထုလိုက်သည်ကို ကြည့်ပြီး ပြောလေသည်။
“သခင်ကြီးလင်းလည်း အတူတူပဲလေ အစတုန်းက သခင်လေးလင်းက နောက်ဆုံး အချိန်ထိ ဈေးပြိုင်မယ်ထင်နေတာ စောစော နောက်ဆုတ်သွားမယ်လို့ ထင်မထားဘူး ပိုက်ဆံတောင်အကုန်သက်သာသွား သေး တယ်” မိုဒိဆန်း ပြန်လည်ချေပလိုက်သည်။