အပိုင်း (၅၂၄) – အံ့ဖွယ်မျက်ရည်စက်
Vol. 006 Ch. 524
လင်းယု၏ မျက်နှာသည် လောင်မြှိုက်သွားလေသည်။ မိုဒိဆန်းသည် သူ့ကို သရော်နေသည်မှာ ရှင်းနေသည်။ အကြီးအကဲသာမတားလျှင် သူသည် ဒေါသဖြင့် ထွက်သွားမိမည်ဖြစ်သည်။
သူတို့ကို တခြားဝိညာဉ်ရှာဖွေသူများ မှတ်မိသကဲ့သို့ မမှတ်မိသူများလည်းရှိသည်။ သို့သော် သူတို့ကြားမှ အပြန်အလှန်ပြောသောစကားများကို ကြားပြီးနောက် ထိုအရူးအမူး ဈေးပြိုင်သော နှစ်ယောက်ကို သိသွားကြလေသည်။ သူတို့သည် ပမာဏများလှသည်ဟု ခံစားရသော်လည်း စဉ်းစားကြည့်လျှင် သူတို့အတွက် ဘာမှ မဟုတ်ပေ။
လင်းယုသည် လက်သီးဆုပ်ကာ စားပွဲကိုထိုးလိုက်ပြီး ဒေါသဖြင့် ပြောလိုက်သည် “ဒီမိုဒိဆန်းက သူ တော်လှပြီထင်နေတာ တစ်နေ့တော့ ကိုယ့်အတတ်ကိုယ်စူးအောင် လုပ်ပေး ဦးမယ်”
“သခင်လေး အဲလောက်လောဖို့မလိုပါဘူး” အကြီးအကဲတစ်ယောက်သည် အကြံပေး လေသည် “မိုဒိဆန်းက ဒီနှစ်တွေမှာ အင်အားကြီးတော်တော်များများကို ကလန်ကဆန် လုပ်လာတာ၊ ဒါပေမဲ့ အခုထိ ကောင်းကောင်းနေနိုင်နေတာ၊ သူက တော်လို့မဟုတ်ပဲ သူ့နောက်ခံက သြဇာရှိလို့ပဲ မဆင်မခြင်လုပ်လို့တော့ မရဘူး”
“ကျွန်တော်က ကျောက်ပြခန်းက သခင်ပဲ သူ့ကို ထိဖို့အခွင့်အရေးတောင်မရှိဘူးလား” လင်းယုသည် မိုဒိဆန်းကို ဂရုမစိုက်တော့ပေ။
“ပြီးခဲ့တဲ့တစ်ခေါက်က ပညာရှိစံအိမ်တော်က သူ့ကိုသွားစလိုက်တာ အဖွဲ့ခွဲတစ်ခုလုံး သွားတာတောင် အမြစ်ပြုတ်သွားတယ်လေ ပြီးတော့ စံအိမ်တော်ကလည်း ဘာမှမပြောဘူး” အကြီးအကဲပြောလေသည်။
လင်းယုသည် အံ့သြသွားသည် “မိုဒိဆန်းရဲ့ နောက်မှာ ဘယ်လိုအင်အားရှိနေလို့ ပညာရှိစံအိမ်တော် တောင် ပါးစပ်မဟတာလဲ”
အကြီးအကဲသည် ခေါင်းရမ်းကာ စိတ်လေးလံစွာပြောလေသည် “မိုဒိဆန်းမှာ ဘယ်လိုနောက်ခံရှိနေလဲ ဆိုတာ ဘယ်သူမှမသိဘူး သူက တစ်ဦးတည်းကျင့်ကြံသူလို့ အားလုံးက ထင်နေကြတာ ဒါပေမဲ့ တစ်ဦးတည်း ကျင့်ကြံသူက ဘယ်လိုလုပ်အဲလောက် အားကောင်းမလဲ အဲဒါကြောင့်ပဲ အများစုက သူ့မှာ အားကောင်းတဲ့ နောက်ခံရှိမယ်လို့ ထင်ကြေးပေးကြတယ်၊ သခင်လေး သူနဲ့တွက်ကပ်ပြီး ရှင်းစရာမလိုပါဘူး သူတို့ဆက်ပြီး မပြိုင်တာကောင်းမယ်”
ထိုအချက်မှာပင် လင်းယုသည် သခင်လေးဖြစ်လာခြင်း အဓိပ္ပာယ်ကို အနည်းငယ် ခံစားမိသည်။ မျိုးနွယ် အတွင်းတွင် သူ့ကို မကျေနပ်သည့်လူများရှိနေသည်ကို သူသိသည်။ သူသည် သခင်လေးဆိုသည့် သူ၏ ရာထူး ကို မထိန်းသိမ်းနိုင်မည်ကို စိုးရိမ်သည်။
သတ္တုတွင်းသည် လျင်မြန်စွာပင် မိုဒိဆန်းတို့ရှိရာ သီးသန့်အခန်းသို့ ရောက်လာသည်။ မိုဒိဆန်းသည် ဖန်ကတ်ထုတ်ကာ သန်း ၄၀ကို ထုတ်ပေးလိုက်လေသည်။ တကယ့်ကို လူချမ်းသာအတိုင်းပင် ထိုပမာဏ အတွက် မျက်တောင်ပင် မခတ်ပေ။
ရှီမာယူယူနှင့် တခြားလူများသည် သတ္တုတွင်းအရှေ့သို့လာကာ ကြည့်ကြလေသည်။ ဒီသတ္တုတွင်းက လူ တစ်ယောက်ရဲ့ အရပ်တစ်ဝက်လောက်ပဲရှိတာကို သန်း ၄၀ပေးရတာလား။ သူတို့အသက်ထက်ပင် တန်ကြေးရှိ သေးသည်။
သို့သော် သူတို့မည်မျှပင် ကြည့်စေကာမူ ထူးခြားမှု တစ်စုံတစ်ရာကို မတွေ့ပေ။
“ဒါက ရှေးဟောင်းပစ္စည်းဆိုတာ သေချာရဲကလား” ရှီမာယူယူ မေးလိုက်သည်။
“မပြောတတ်ဘူး သာမန်ကျောက်တွေနဲ့ ကွာခြားတာမခံစားမိဘူး” ဖက်တီးကျူသည် ခေါင်းကုတ်ရင်း ပြောလေသည်။
“သတ္တုတွင်းဟုတ်တာတော့ မှန်တယ် ဒါပေမဲ့ အထဲမှာ ဝိညာဉ်ကျောက်ပါတာလား ဘာလားတော့ ငါ မပြောတတ်ဘူး” ရှင်းမို ပြောလေသည်။
ရှီမာယူယူသည် စဉ်းစားတတ်ဆုံးလူဖြစ်သည်။ သူမသည် သတ္တုတွင်းအားကြည့်ကာ ပြောလေသည် “ဒီ သတ္တုတွင်းက ပုံမှန်ပဲဆိုတာတော့ ပြောလို့ရတယ် ဒါပေမဲ့ ရှေးဟောင်းပစ္စည်းဟုတ်ရဲ့လားတော့ မသိဘူး အထဲ က ပစ္စည်းက မဆိုးဘူးလို့တော့ ခံစားမိတယ် ဒါပေမဲ့ သက်ရှိသတ္တဝါဖြစ်နေမလားဆိုတာတော့ မပြောတတ်ဘူး”
မိုဒိဆန်းသည် လျှောက်လာကာ ကျောက်အားထိပြီး ပြောလေသည် “မင်းမပြော တတ်တာကမှ ဖြစ်သင့် တာလေ ကျောက်ရိုင်းတုံးကစပြီး အခုဒီသတ္တုတွင်းက ပုံမှန်ပဲဆိုတာ မင်းပြောနိုင်တာပဲ ဝိညာဉ်ရှာဖွေသူသခင်တွေ တောင် သာမန်ကျောက်ရိုင်းတုံး အသုံးမဝင်တဲ့ ကျောက်လိုမျိုး ထင်ကြတာပဲ မင်းက ရှာဖွေသူသခင်အဖြစ် ခဏ ပဲလုပ်ရသေးတယ် သာမာန်ကျောက်မဟုတ်တာကို ပြောနိုင်နေပြီ”
အထဲတွင် ဘာရှိနေသည်ကို မပြောနိုင်သဖြင့် ရှီမာယူယူ မငြင်းပေ။ မိုဒိဆန်း ပြောသကဲ့သို့ပင် သူမသည် ဒီအလုပ်ကိုလုပ်သည်မှာ မကြာသေးပေ။ သူမသည် ဖြည်းဖြည်းချင်းအချိန်ယူရဦးမည်။ သူမ အလောတကြီး သွား လိုက်ပါက လမ်းမှား ရောက်သွားနိုင်သည်။
“သခင်ကြီးမိုဒိဆန်း ဘယ်တော့ဖွင့်မှာလဲ” ကုန်ရှန်ယိသည် မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်လေ သည်။
အထဲတွင်ဘာရှိသလဲဆိုသည်ကို အားလုံးကကြည့်ချင်ကြကာ မိုဒိဆန်းအား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသည်။
မိုဒိဆန်းသည် ခေါင်းရမ်းကာ ပြောလိုက်သည် “ငါလည်းမသိသေးဘူး”
“ဘာလို့လဲ မဖွင့်တော့ဘူးလား” ဖက်တီးကျူ မေးလိုက်သည်။
“မဖွင့်ချင်တာမဟုတ်ဘူး ဒါပေမဲ့ တကယ်ပဲ ရှေးဟောင်းသားရဲသာဆိုရင် ငါတို့ဖွင့်လိုက်ရင် အဲသတ္တဝါ ထွက်ပြေးသွားနိုင်တယ် အဲလိုထွက်ပြေးသွားလို့ ငါတို့မရှာနိုင်ရင် သန်း၄၀က အလကားဖြစ်သွားမှာလေ”
“အဲလိုဖြစ်နိုင်ချေက မများပါဘူး ပြီးတော့ ကျွန်မတို့အတားအဆီးလုပ်နိုင်တာပဲ” ကုန်ရှန်ယိ ပြောလေ သည်။
“သာမန်သားရဲဆိုတော်သေးတယ် ဒါပေမဲ့ အားကောင်းတဲ့အကောင်ဆိုရင် ငါတို့ အန္တရာယ်ရှိနိုင်တယ်လေ နှစ်ယောက်ဆိုရင်တောင် တားနိုင်မှာမဟုတ်ဘူး” မိုဒိဆန်းပြော လေသည်။
ဖက်တီးကျူနှင့် တခြားသူများသည် ရှီမာယူယူကို ကြည့်လိုက်ကြသည်။ သူတို့ဘာမှ မပြောသော်လည်း သူတို့ဆိုလိုသည့် အဓိပ္ပာယ်ကို သူမ သိသည်။ သူမသာ ထိုပစ္စည်းကို ဝိညာဉ်စေတီအတွင်းထည့်လိုက်ပါက တားဆီးပြီးသားဖြစ်ကာ ထွက်ပြေးရန်လည်း စိတ်ပူရန် မလိုပေ။
သူမ ဘာမှမပြောသော်လည်း မိုဒိဆန်းနှင့် ရှင်းမိုတို့သည် သူမ မှီခိုလို့ရ သည့်လူများဖြစ်သည်။ ကုန်ရှန်ယိ ကတော့ မသေချာပေ။ သူမသည် အခုတော့ သူတို့ကို ပြောရန်အစီအစဉ်မရှိပေ။
သို့သော် သူမသာ သူမ၏ ယောင်းမဖြစ်လာပါက သူမကိုလည်း ဖုံးကွယ်ရန်မလိုပေ။
မဟုတ်လျှင် သူမပြန်သွားလျှင် ဖန်လေးကို မေးရမည်။ သူသည် ကုန်ရှန်ယိ နှင့်ပတ်သတ်ပြီး ပြောရေး ဆိုခွင့် အရှိဆုံးလူဖြစ်သည်။
သို့သော် အားလုံးသည် နောက်ဆုံးရလဒ်အကြောင်းကို ဆက်မပြောကြသဖြင့် အားလုံး၏ အာရုံသည် သတ္တုတွင်းမှ လေလံပွဲဆီသို့ ပြန်ရောက်သွားလေသည်။
ဒီတစ်ကြိမ်တွင် ပစ္စည်းနှစ်ခုပင် ဈေးပြိုင်ပြီးနေပြီဖြစ်သည်။ သူတို့ပြန်ကြည့်ချိန်တွင် အစေခံမိန်းကလေး သည် ရှည်လျားသော သေတ္တာတစ်လုံးကို သယ်လာလေသည်။ အထဲရှိ ပစ္စည်းသည် လက်နက်တစ်ခုဖြစ်ရမည်။
ဂျွန်ကျောင်းသည် အစေခံမိန်းကလေးကို သေတ္တာဖွင့်ခိုင်းရာ ၁မီတာအရှည်ရှိသော အဖြူရောင်ကြာပွတ် ထွက်လာလေသည်။
“ဒီတစ်ခေါက် ပစ္စည်းကဘာလဲဆိုတာ အားလုံးမှန်းမိကြမှာပါ ဒါက ပျောက်နေတာ ကြာပြီဖြစ်တဲ့ အံ့ဖွယ် ကြာပွတ်ပါ၊ ဝိညာဉ်သခင်တွေရဲ့ ပညာနဲ့အတူ အံ့ဖွယ်လက်နက်က တိုက်ပွဲမှာ အထောက်အပံ့ပေးမှာပါ ဒီ အံ့ဖွယ် ကြာပွတ်က အဲနှစ်က သူပုန်ထတဲ့ ကြာပွတ်ဆို တာ ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ၊ စဈေးကတော့ ကျောက် ၂သိန်းပါ စပြီးဈေးပြိုင်နိုင်ပါပြီ”
ဂျွန်ကျောင်းပြောလိုက်သည်နှင့် နေရာတစ်ခုလုံးသည် အပြိုင်အဆိုင် ဈေးပြိုင်ကြ လေသည်။ သူတို့သည် ဈေးပြိုင်ခြင်းတွင် စိတ်အားထက်သန်ကြကာ ရှေးဟောင်း သတ္တုတွင်း တုန်းကထက်ပင် ပိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။
သတ္တုတွင်းတုန်းက ဈေးပြိုင်သူများသည် ရှာဖွေသူသခင်များသာဖြစ်သည်။ ဒီတစ်ကြိမ်တွင် တစ်နေရာ လုံးမှ ပါဝင်ကြခြင်းဖြစ်သည်။ အားလုံးသည် ကြာပွတ်ကို လိုချင်ကြ သည်။
ကုန်ရှန်ယိပင်လျှင် ကြာပွတ်ပေါ်လာချိန်တွင် စိတ်လှုပ်ရှားကာ ရှီမန်ဖန်၏ လက်မောင်း ကို ဆုပ်ကိုင် ထားလေသည်။ သူမ မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပနေခဲ့သည်။
စိတ်ဝင်စားသူများသဖြင့် ဈေးနှုန်းမှာလည်း လိုက်မြင့်လာသည်။ သို့သော် ဒီတစ်ခေါက်အတွက် ကုန်ရှိန်ယိ ပြင်ဆင်ထားသည်။ သူမသည် အံ့ဖွယ်ကြာပွတ်ကို ၇သန်းဖြင့် ရလိုက်သည်။
ကုန်ရှန်ယိသည် ကြာပွတ်ကို ရွှင်မြူးစွာ ခေါက်ကာ အပြုံးမရပ်တော့ပေ။
ရှီမာယူယူ လာကာ ကြည့်လိုက်သည်။ လက်ကိုင်မှာ အလွန်ကောင်းကာ သေးငယ်သော မိန်းကလေး၏ လက်နှင့် အတော်ပင်ဖြစ်သည်။ ထို့အပြင် မရှည်သော်လည်း သာမာန် လက်နက်မဟုတ်ပေ။
“အံ့ဖွယ်ကြာပွတ်… မင်းအခွင့်အရေးရရင် အဲဒါကို ပိုသိအောင်လေ့လာသင့်တယ်” ရှင်းမိုပြောလေသည်။
“ကျွန်မလည်းစဉ်းစားထားပါတယ်” ကုန်ရှန်ယိသည် စမ်းကြည့်ရန် အခုပင် ရန်သူကို ပြေးရှာချင်မိသည်။
“ဂျူနီယာ မင်းလိုချင်တဲ့ ပစ္စည်းလာတော့မယ်” ဝူလင်းယူပြောလိုက်သည်။
သူ ပြောသည့်စကားကို ကြားလိုက်သောအခါ အားလုံးသည် အံ့ဖွယ်ကြာပွတ်မှ အာရုံလွဲသွားကြလေ သည်။ ကုန်ရှန်ယိပင်လျှင် ကြာပွတ်ကို သူမ လက်စွပ်အတွင်းသိမ်းကာ အပြင်ဘက်သို့ အာရုံစိုက်နေလေသည်။
“ဒီတစ်ခေါက်လေလံတင်မယ့် ပစ္စည်းကတော့ နာမည်လှလှလေးနဲ့ပါပဲ အံ့ဖွယ် မျက်ရည်စက်ပါ ဒါက ဆေးဖော်တဲ့ နေရာမှာ သေချာပေါက်လိုမယ့် ပါဝင်ပစ္စည်းဖြစ်ပါတယ် အဆင့်တက်မယ့် ဆေးလိုမျိုး စိတ် စွမ်းအားကို ကုမယ့် ဆေးလိုမျိုးမှာသုံးပါတယ် ဒီ အံ့ဖွယ်မျက်ရည်ကျက နှစ်၁ထောင်မှာ တစ်ခါပေါ်ခဲပါတယ် ဒီ ပစ္စည်းမရှိလို့ အဂ္ဂိရတ် ပညာရှင်မျိုးနွယ်တွေက အခက်တွေ့ကြပါတယ် ဆေးဖော်ဖို့ နည်းလမ်းမရှိခဲ့ပါဘူး ဒါက တော့ ကျွန်တော်တို့မှာရှိတဲ့ အကြီးဆုံး အံ့ဖွယ်မျက်ရည်စက်ပဲဖြစ်ပါတယ် ၄ကြိမ် ၅ကြိမ်လောက်သုံး နိုင်ပါတယ် အဲထပ်ပိုပြီး သုံးနိုင်တာကိုလည်း သိကြမှာပါ စဈေးကတော့ ၅သိန်းပါ ဈေးပြိုင်နိုင်ပါပြီ”