← Chapters

မိစ္ဆာ ကောင်းချီးခံ၏ လောဘ

Vol. 84 Ch. 1163

မိစ္ဆာ ကောင်းချီးခံ၏ လောဘ

Vol. 84 Ch. 1163

“ချီးပဲ...”

ပါတနာ ဆက်ဆံရေးကို ထောက်ချင့်ကာ ဝိညာဉ် လမ်းလျှောက်သူကို ချန်မထားခဲ့ရန် ပင်းထျန်း ဆုံးဖြတ်လိုက်၏။

ဝှစ်...

သူမက လျှို့ဝှက် စွမ်းအင်ကို ဆန့်ထုတ်ရင်း ဝိညာဉ် လမ်းလျှောက်သူကို ဆုပ်ကိုင်ကာ မိုင်ထောင်ပေါင်း များစွာကို တိုက်ရိုက် ဖြတ်ကျော် သွားသည်။ စန်းယွန်းလီ နောက်ကျန်နေရစ်ခဲ့သည်ကို နည်းနည်းလေးမျှ အမှုမထားပါချေ။

မိုင်ပေါင်းသောင်းချီ အကွာအဝေသို့ အရောက်၌ သူမက ဝိညာဉ် လမ်းလျှောက်သူ၏ ခန္ဓာကိုယ်ကို စစ်ဆေး လိုက်၏။ ထိုအခါ တည်မြဲနေဆဲ ဖြစ်သည့် လျှို့ဝှက် ဝိညာဉ်နှင့် ခပ်တည်းတည်း အသက် အင်အားတို့ကို တွေ့ရှိ လိုက်ရသည်။ ကံကောင်း ထောက်မစွာပင် ဝိညာဉ် လမ်းလျှောက်သူမှာ အသက်ရှင်နေဆဲ ဖြစ်သည်။

မြေကြီး ရှန့်ထို အဆင့်များနှင့် ခြားနားစွာပင်... ဝိညာဉ် လမ်းလျှောက်သူမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် ဖြစ်လေရာ ခန္ဓာကိုယ် ဖျက်ဆီးခံရပါက လျှို့ဝှက် ဝိညာဉ်သည်လည်း လျှင်မြန်စွာ လိုက်သွားရလိမ့်မည် ဖြစ်သည်။ ဝူယု၏ မဟူရာ လက်စွပ် ကဲ့သို့ ဝိညာဉ် ခိုအောင်းနိုင်သည့် ရတနာ တစ်ခု ရှိမှသာ သူမ အသက်ဆက်ရှင် နိုင်လိမ့်မည် ဖြစ်သည်။

ခန္ဓာကိုယ် တစ်ခုလုံး ဆိုးရွားစွာပျက်စီးသွားသည့်တိုင် ဝိညာဉ် လမ်းလျှောက်သူမှာ အသက်အင်အားကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်လေရာ လျှို့ဝှက် ဝိညာဉ် လည်ပတ်ရန် အင်အား ရှိနေသေးသည်ဟု ဆိုလိုပေသည်။ သူမက အလွန်ပင် ကံကောင်းခဲ့ပေသည်။

သို့သော်လည်း...

ဝှစ်...

အဆုံးမဲ့ ကြယ်တာရာ နယ်မြေထဲကို ထိုးဖောက်ဝင်ရောက်ဖို့ မိုင်ပေါင်း ရာဂဏန်းလောက်သာ ကွာဝေးတော့စဉ်တွင် ပုံရိပ် တစ်ခုမှာ မီးခိုးရောင် အလင်းတန်းများနှင့် အတူ သူတို့ ရှေ့တွင် ပေါ်ထွက် လာခဲ့၏။ မိစ္ဆာ ကောင်းချီးခံမှာ အဝတ်အစားများဖြင့် တစ်ကိုယ်လုံးအား ဖုံးအုပ်ထားလေရာ သူ့ ပုံပန်း သဏ္ဌာန်ကို အတိအကျ ခန့်မှန်းဖို့ ခဲယဉ်းလှပေသည်။ သူက ဧရာမ ဓားကြီးကို ပခုံးထက်၌ တင်ထားလိုက်ရင်း ငရဲ၏ သတ်ဖြတ်သူ တစ်ယောက်လိုမျိုး ကြည့်လိုက်၏။

ပင်းထျန်း၏ ရင်အစုံက တဒုန်းဒုန်း တုန်ရီသွားခဲ့သည်။ သူမက အလျှင်အမြန်ပင် အော်ဟစ်လိုက်၏။

“ငါက မင်းမျိုးနွယ်ရဲ့ သေမျိုးတစ်ပိုင်း အရှင် အေးခဲခြင်းလေပဲ... မဟာစက်ဝန်း ရှန့်ထို ညီလာခံရဲ့ ကျိန်စာ အရ နင် ငါ့ကို တိုက်ခိုက်လို့ မရဘူး... လုပ်ရဲရင် ကြယ်ကွင်းပြင် တစ်ခုလုံးရဲ့ ရန်သူ ဖြစ်ရလိမ့်မယ်”

ဟန်ကိုယ့်ဖို့ ပြောလိုက်ရသည့်တိုင် ကျိန်စာ၏ စည်မျဉ်းကို သူမ ကောင်းစွာ သိရှိထားပေသည်။ ဝတ်စုံနက်ကို ပထမဆုံး စတင် တိုက်ခိုက်လိုက်ချိန်ကတည်းက သူမနှင့် ဝိညာဉ် လမ်းလျှောက်သူတို့မှာ ကျိန်စာကို ဖောက်ဖျက် ခဲ့ကြပြီး ဖြစ်သည်။

ကံကောင်း ထောက်မတာ တစ်ခုက မိစ္ဆာ ကောင်းချီးခံမှာ အစစ်အမှန် မွေးဖွားခြင်း လက်အောက်မှ ကျင့်ကြံသူ ဖြစ်နေခြင်း ဖြစ်သည်။ “ပြင်ပ အင်အားစုများ” ကို တိုက်ခိုက်ခြင်းမှာ မဟာစက်ဝန်း ရှန့်ထို လျှို့ဝှက် ကျိန်စာအောက်မှ ကင်းလွတ်ပေသည်။

သို့သော်လည်း... မိစ္ဆာ ကောင်းချီးခံကသာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ အင်အားစု တစ်ခုခုက ဖြစ်ကြောင်း ဖွင့်ဟ ပြောပါက သူတို့သည်လည်း တိုက်ခိုက်မှုကို ရပ်တန့်ရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် ပင်းထျန်းတို့ နှစ်ယောက်မှာ ပထမဆုံး တိုက်ခိုက်မှုတွင်ပင် အပြင်းထန်ဆုံး အစီအရင်များကို သုံးကာ အမြစ်ဖြတ်ဖို့ ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။

မိစ္ဆာ ကောင်းချီးခံက ပင်းထျန်းကို တုန့်ပြန်ခြင်း မပြုချေ။ အေးခဲခြင်းလေ၏ ခြိမ်းခြောက်မှုကို လုံးဝ မမှုသည်မှာ ရှင်းလင်းလှသည်။ သူ၏ အရှေ့တွင်တော့ အရိပ်ဥ အမြုတေ သုံးခုမှာ ဖြည်းညင်းစွာပင် လွင့်မြောလျှက် ရှိသည်။ ပင်းထျန်း အံကို တင်းတင်းကြိတ် လိုက်၏။ သူမ၏ လက်ကတော့ ဝိညာဉ် လမ်းလျှောက်သူကို ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

အကယ်၍ မိစ္ဆာ ကောင်းချီးခံသာ နောက်တစ်ကြိမ် တိုက်ခိုက်လာပါက သူမ ဝိညာဉ် လမ်းလျှောက်သူကို လျှို့ဝှက် စွမ်းအင်နှင့် ဆက်သွယ်ကာ ကိုယ့်ကိုယ်ကို စတေးသည့် တိုက်ခိုက်မှုမျိုး ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးမည် ဖြစ်သည်။

“နင် ဘာလိုချင်တာလဲ...”

ပင်းထျန်းက သုန်မှုန်သည့် မျက်နှာ အမူအရာနှင့် မေးလိုက်၏။ မိစ္ဆာ ကောင်းချီးခံက ဝိညာဉ်အာရုံနှင့် သတင်းစကား တစ်ချို့ ပေးပို့လိုက်လေရာ သူမ၏ အမူအရာက ချက်ချင်း ပြောင်းလဲ သွားသည်။ မလိုလားမှုတို့နှင့် အတူ သူမ လက်သီးကို တင်းတင်းဆုပ် လိုက်၏။

“သူက လျှို့ဝှက် ဝိညာဉ် အဆင့်မှာပဲ ရှိသေးတာ... အဲဒီ ကျင့်ကြံခြင်း အခြေခံနဲ့ ဆိုရင် ရိုးရာ ချိုးဖျက် နတ်ဘုရားဓား တိုက်ခိုက်မှုကို သုံးကြိမ်ပဲ ဖော်ထုတ်နိုင်သေးတယ်... သူ အရူးလုပ်တာ မခံနဲ့... သူ ဆက်ပြီး မတိုက်ခိုက် နိုင်တော့ဘူး... ပြေးလည်း မပြေးနိုင်တော့ဘူး”

စန်းယွန်းလီ၏ ယုံကြည်ချက် ရှိသည့် သံက ပင်းထျန်း၏ စိတ်အတွင်းသို့ တင်ရောက်လာ၏။ တစ်ချိန်တည်း၌ သူမက သူတို့ သုံးယောက် ကြိုတင် ချမှတ်ထားသည့် ဝိညာဉ် ဝင်္ကပါကိုပါ နှိုးဆွလိုက်သည်။

ရိုးရာချိုးဖျက် နတ်ဘုရားဓား...

ပင်းထျန်း၏ စိတ်က သံသယများနှင့် ပြည့်နှက် နေခဲ့၏။ ထိုမိန်းမက သူတို့ကို သေတွင်းထဲ ပို့နေခြင်းလော။ သူမ အနေဖြင့် ဝတ်စုံနက်၏ ရုပ်ခန္ဓာ အဆင့်အတန်းကို ခွဲခြား၍ မရသလို ကျင့်ကြံခြင်း အခြေခံကိုလည်း အာရုံခံနိုင်ခြင်း မရှိပါချေ။

“အရှင် အေးခဲခြင်းလေ... သေချာ စဉ်းစားပါ... လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်က အဲဒီလို စွမ်းအားမျိုးကို ဘယ်နှစ်ကြိမ်လောက် သုံးနိုင်မယ် ထင်နေတာလဲ...”

စန်းယွန်းလီက စိတ်မရှည်သည့် လေသံမျိုးဖြင့် အော်ဟစ်လိုက်၏။ သူမ လက်ထဲမှ အရိပ်ဥ အမြုတေများကို လုယူသွားသည့် အဖြစ်မျိုးကို လုံးဝ ခွင့်မပြုနိုင်ပါချေ။

စန်းယွန်းလီ၏ ပထမ အစီအစဉ်က မိစ္ဆာ ကောင်းချီးခံအား ရှောင်ရှားဖို့ ဖြစ်သည်။ သူမ သေဆုံးခဲ့သည့် မူလ အချိန် လမ်းကြောင်းတွင် အရိပ်ဥ၌ အမြုတေ နှစ်ခု ရှိခဲ့သည်။ တစ်ခုက အဓိက အမြုတေ ဖြစ်ကာ နောက်တစ်ခုက အရံ အမြုတေ ဖြစ်သည်။ ကောင်းကင်လမ်းစဉ် စာအုပ်၏ အဆိုအရ ဆိုလျှင် မူလ အမြုတေကို ရိုးရာဆန့်ကျင် နတ်ဘုရား အင်ပါယာ အဖြစ် ကျော်ကြားသည့် အစစ်အမှန် မွေးဖွားခြင်း၏ ကိုယ်စားလှယ် တစ်ယောက်က ဝင်ရောက် ယူဆောင် သွားခဲ့သည်။ အရံ အမြုတေကိုတော့ နောင်အခါ ထိုနေရာတွင်ပင် လမ်းစဉ် ခြောက်ခု ဧကရီက အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း ခရီးနှင်ရင်း မတော်တဆ ရှာဖွေ တွေ့ရှိခဲ့ပေသည်။

ပစ္စုပ္ပန် အချိန်လမ်းကြောင်းတွင်တော့ အရိပ်ဥ သုံးခုကို အသုံးပြုခဲ့သည်။ သုံးခု စလုံးက အဓိက အမြုတေများ ဖြစ်ကာ အရံ မရှိပါချေ။ ကောင်းကင်လမ်းစဉ် စာအုပ်က ထိုအပြောင်းအလဲကို မှတ်တမ်း တင်နိုင်ခဲ့ကာ အခွင့်အရေး အကြောင်း သူမကို ထောက်ပြခဲ့သည်။ တတိယမြောက် အမြုတေမှာလည်း အစစ်အမှန် သိုင်း အင်ပါယာ၏ လက်တွင် အဆုံးသတ်လိမ့်မည် ဟု ဆိုသည်။

ကောင်းကင်လမ်းစဉ် စာအုပ်မှာ အရိပ်ဥ အမြုတေ သုံးခုကို ထိုဂန္တဝင်တွင်မည့် ပုဂ္ဂိုလ် သုံးယောက် ခွဲဝေ ရရှိလိမ့်မည်ဟု ပြောခဲ့သော်လည်း ကံဆိုးစွာပင် မည်ပုံမည်နည်းဖြင့် ခွဲဝေ ရရှိမည်ကိုတော့ ပြောပြမထားပါချေ။ ကောင်းကင်လမ်းစဉ် စာအုပ်အရ ရိုးရာချိုးဖျက် နတ်ဘုရား အင်ပါယာမှာ တစ်ခုကိုသာ ရရှိမည် ဖြစ်လေရာ ကျန်နှစ်ခုမှာ အပျက်အစီး နိုဗာ ဖန်တီးသည့် အပျက်အစီး အာကာသနယ် အတွင်းတွင်သာ ဆက်လက် ရှိနေလိမ့်မည်ဟု သူမ ခန့်မှန်း တွက်ချက်ခဲ့ခြင်း ဖြစ်သည်။

သူမ မှားယွင်းခဲ့သည်။ စန်းယွန်းလီ ကိုယ်ကိုယ်လည်း သူမ မှားခဲ့သည်ကို သဘောပေါက်သည်။ အရိပ်ဥ အမြုတေ နှစ်ခုမှာ မိစ္ဆာ ကောင်းချီးခံ၏ လက်၌ ဆုံးရှုံးသွားနိုင်သလို သူ ကိုယ်တိုင် ရောင်းချခဲ့တာလည်း ဖြစ်နိုင်သည်။

စန်းယွန်းလီ ဒေါသကြောင့် မချင့်မရဲ ဖြစ်နေခဲ့၏။ လမ်းကင်လမ်းစဉ် စာအုပ်က အဘယ်ကြောင့် မရှင်းလင်းရ သနည်း။ ပိုမို၍ အသေးစိတ် ရှင်းပြသင့်သည် မဟုတ်ပါလော။ ထိုသို့ဆိုလျှင် တိုက်ပွဲအတွက် သူမ ပြင်ဆင်မှုများ ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။ သူမ၏ အမြင်အရ ဆိုလျှင် လက်ရှိ ခုနှစ် သက္ကရာဇ်၌ မိစ္ဆာ ကောင်းချီးခံမှာ လျှို့ဝှက် ဝိညာဉ် အဆင့်မှာတင်သာ ရှိနေသင့်သေးသည်။ သူ သေမျိုးတစ်ပိုင်း ဖြစ်လာဖို့ အတွက် အချိန် ကြာမြင့်စွာ စောင့်ရပေဦးမည်။ သူမ အနေဖြင့် အဆင့်မြင့် ပညာရှင် အချို့ကို ခေါ်ဆောင်လာဖို့သာ လိုအပ်ပေသည်။

ကံဆိုးစွာပင် စန်းလော့ယန် အပါအဝင် မြေကြီး ရှန့်ထို အားလုံးမှာ မဟာစက်ဝန်း ရှန့်ထို ညီလာခံသို့ တက်ရောက်နေခဲ့ကြလေရာ ဤလောဘသား သေမျိုးတစ်ပိုင်း အရှင် အဆင့် နှစ်ယောက်ကိုသာ သူမ အနေဖြင့် မှီခိုရန် တတ်နိုင်ခဲ့လေသည်။

ပင်းထျန်း၏ အေးစက်စက် မျက်ဝန်းများမှာ ဝတ်စုံနက်ကို စိုက်ကြည့် နေခဲ့၏။ သူမထံတွင် မိစ္ဆာ ကောင်းချီးခံ၏ ကမ်းလှမ်းမှုအား လက်ခံရန် ရွေးချယ်စရာ တစ်ခုတည်းသာ ကျန်ရှိပေသည်။ သို့သော်လည်း ထိုအရာကို ဆန့်ကျင်ရန် သူမ ဆုံးဖြတ်လိုက်၏။ တစ်ခါတုန်းကလည်း ဟယ်မျိုးနွယ်၏ မြေကြီးရှန့်ထို ဟယ်ယန်ကျန်းမှာ သူမကို အတင်းအကြပ် ဖိအားပေးကာ ကိုယ်လုပ်တော် တစ်ယောက် ဖြစ်လာစေဖို့ အားထုတ်ခဲ့သေးသည်။ ထိုအချိန်တုန်းကလည်း သူမမှာ မရရအောင် ငြင်းဆိုခဲ့သည်သာ ဖြစ်သည်။

သက်ရှိတို့၏ ဗီဇ သဘာဝ အရ ပင်းထျန်း မသေချင်သေးတာ အမှန်တရား ဖြစ်သည်။ မိစ္ဆာ ကောင်းချီးခံသာ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ပါက သူမ သေဆုံးဖို့ အခွင့်အရေးက ကိုးဆယ် ရာခိုင်နှုန်း ဖြစ်သည်။ စန်းယွန်းလီ၏ စကားက ဖြစ်နိုင်ချေ အင်မတန် နည်းသည့်တိုင် အလောင်းအစား ပြုလုပ်ဖို့ သူမ ဆုံးဖြတ်လိုက်၏။

ပင်းထျန်းက အံကို တင်းတင်းကြိတ်ရင်း လျှို့ဝှက် စွမ်းအင်ကို ခန္ဓာကိုယ် အတွင်း ဆက်သွယ်လိုက်သည်။ ခန္ဓာကိုယ် အတွင်းရှိ လျှို့ဝှက် သင်္ကေတ များစွာမှာ တောက်ပလာကြ၏။ တစ်ချိန်တည်း၌ ပင်းထျန်း၏ ရေခဲ မျက်ဝန်းများက သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များနှင့် ပြည့်နှက် လာခဲ့သည်။

မိစ္ဆာ ကောင်းချီးခံ၏ ခန္ဓာကိုယ်က အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ သူက ခြိမ်းခြောက်သည့် အလား လက်ထဲရှိ ဧရာမဓားကြီးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သို့သော်လည်း... ပင်းထျန်းမှာ ဆုံးဖြတ်ချက် ချပြီး ဖြစ်သည်။

ဘုန်း...

ခြေထောက်အောက်ရှိ အေးခဲနေသည့် အပျက်အစီး မန်နာကို ဖနှောင့်ဖြင့် ပေါက်လိုက်ရင်း မိစ္ဆာ ကောင်းချီးခံထံ ပင်းထျန်း အရှိန်အဟုန်နှင့် တိုးဝင် သွားခဲ့၏။ တစ်ချိန်တည်း၌ သူမ၏ နှုတ်ခမ်း တစ်ဝိုက်တွင် ရေခဲစွမ်းအင်များက စုဝေးလာကာ ဂြိုဟ်တစ်ခုအား အေးခဲ ပစ်နိုင်သည့် ရေခဲလေများကို မှုတ်ထုတ် လိုက်လေသည်။

မိစ္ဆာ ကောင်းချီးခံက တောက်ခေါက်လိုက်၏။ သူ၏ မျက်လုံးများ အတွင်း နောင်တရသည့် အငွေ့အသက် တစ်ချို့ ဖြတ်ပြေး သွားခဲ့သည်။ သူက ရင်ဘတ်ကို ဖိလိုက်ရာ မီးခိုးရောင် ဟင်းလင်းပြင် စွမ်းအင်များ ပေါ်ထွက် လာခဲ့၏။ ၎င်းတို့က သူ့ခန္ဓာကိုယ်ကို ဝန်းရံသွားကာ လျှင်မြန်စွာပင် မူလ နေရာမှ ပျောက်ကွယ်သွားခဲ့‌တော့သည်။

ကံမကောင်းစွာပင်... အမြုတေ သုံးခုကတော့ ကျန်ရစ်ခဲ့ပေသည်။ ၎င်းတို့မှာ ရေခဲ မုန်တိုင်း အောက်တွင် တဒင်္ဂ အတွင်း အေးခဲသွားကြကာ နှင်းခဲလုံးများ ဖြစ်သွားကြ၏။

“...”

ပင်းထျန်း တစ်ယောက် ဆွံ့အသွားခဲ့၏။ မိစ္ဆာ ကောင်းချီးခံမှာ အလွန် လျှင်မြန်စွာ ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ သူက နေရာ ကူးပြောင်းရန် အတွက် ထူးခြားသည့် အစီအရင်ကို သုံးခဲ့သည်ပုံ ရသည်။ ပင်းထျန်းမှာ ရှေ့သို့ ဆက်လက် ပျံသန်းလာခဲ့ပြီး ဝတ်စုံနက် ရပ်ခဲ့သည့် နေရာတွင် အေးခဲ မျောလွင့်နေသည့် အရိပ်ဥ အမြုတေ သုံးခုကို တွေ့လိုက်ရသည်။

ကြည့်ရသည်က... မိစ္ဆာ ကောင်းချီးခံမှာ အရိပ်ဥ အမြုတေ သုံးခုကို ရယူရန် အချိန် မလုံလောက်ခဲ့ပုံ၊ သို့မဟုတ်... သူ သုံးခဲ့သည့် အရေးပေါ် အစီအရင်က ၎င်းတို့ကို ယူဆောင်ရန် တားဆီးခဲ့သည့်ပုံ ရသည်။

ပင်းထျန်း အလွန်ပင် စိတ်လှုပ်ရှား သွားခဲ့၏။ စန်းယွန်းလီ ပြောတာ မှန်သည်။ သူက ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။

***

All Chapters