← Chapters

အပိုင်း (၅၂၅) – မပြည့်ဝလိုက်သော ဆန္ဒ

Vol. 006 Ch. 525

အပိုင်း (၅၂၅) – မပြည့်ဝလိုက်သော ဆန္ဒ

Vol. 006 Ch. 525

အံ့ဖွယ်မျက်ရည်စက်… ဒီပစ္စည်းအတွက်ကြောင့်ပင် အားလုံးက ဒီနေ့လာကြခြင်း ဖြစ်သည်။ ထိုပစ္စည်း သည် လူအများကြီးလာရသည့် အကြောင်းအရင်းပင်ဖြစ်သည်။

ဒီပစ္စည်းရရန် လူမည်မျှ ကြိုးစားမည်ကို ရှီမာယူယူ တွေးခဲ့သော်လည်း ဒီအတွက် အားလုံးလာကြသည့် အကြောင်းကိုတော့ မသိခဲ့ပေ။

ဈေးပြိုင်မှုသည် အပြိုင်အဆိုင်ပင်။ သူမသည် အလယ်အလတ်ကျောက် ၅သန်းရောက်သည်အထိ  ဈေးမပြိုင်သေးပေ။ ထိုအချိန်တွင် ၁၀ဆတက်နေပြီဖြစ်သည်။

“အဲလူတွေ… တကယ်ပဲ ပိုက်ဆံကို ပိုက်ဆံလို့မမြင်တော့တာလား” ဖက်တီးကျူသည် သူတို့ဈေးပြိုင်နေ ကြသည်ကို ကြားသောအခါ သက်ပြင်းချမိလေသည်။

“အားကျနေတာလား” ဘေဂုံထန် သည် ရယ်မောလေသည်။

“အားကျတာပေါ့ ငါတို့မှာလည်း အဲလောက်ပိုက်ဆံရှိလို့ကတော့ လိုချင်တာရှိရင် ကျင့်ကြံဖို့အတွက် လို တယ်ဆိုရင် ရအောင်ယူမှာပဲ၊ ငါတို့လိုချင်တာကို ကြိုက်သလောက် ယူလို့ရတာ.. ဘယ်လောက်ကောင်းလိုက်လဲ” ဖက်တီးကျူသည် သူ့စိတ်ထဲမှ ဆန္ဒကို အော်ပြောလေသည်။

“ဒီကောင်ကတော့… ဘာလို့ လူချမ်းသာလေသံဖမ်းနေတာလဲ” ဝူရန်ဖေ နောက်  ပြောင်လေသည်။

ဖက်တီးကျူသည် မရှက်ပဲ ရယ်မောလေသည် “လူချမ်းသာဆိုမှာတော့ ချမ်းသာ တာပဲလေ”

ရှီမာယူယူသည် လေလံပွဲဝင်ပြိုင်မည်ဖြစ်သဖြင့် သူတို့စကားဝိုင်းတွင် ဝင်မပြောပေ။

အံ့ဖွယ်မျက်ရည်စက်သည် သူမ ပိုင်ဆိုင်ရမည်ဟု ဆုံးဖြတ်ထားသော ပစ္စည်းဖြစ်သည်။ အရူးအမူး  ဈေးပြိုင်နေကြသည်ကို ကြည့်ပြီးနောက် သူမ အစီအစဉ်ကြိုဆွဲထားပြီးဖြစ်သည်။ သူမ ဈေးပြိုင်ရာတွင် ရှုံးသွား ပါက အစီအစဉ် (ခ) ကိုသုံးကာ ပိုင်ရှင်ဆီမှ လုယူမည်။ အကျိုးအကြောင်းသင့်သည် မသင့်သည်ကို သူမ ဂရုမစိုက်တော့ပေ။ သူမ ရရန်သာ အားထုတ်မည်။

ဈေးသည် မြင့်မြင့်လာကာ ၁၀သန်းနားပင် ကပ်လာသည်။ ရှီမာယူယူ ဈေးပြိုင်နေ သည်ကို ရှီမန်ဖန်  တွေ့သောအခါ ပြောလိုက်သည် “ယူယူ ထားလိုက်တော့”

“ဒါက အဓိကပါဝင်ပစ္စည်းပဲ ဒီအခွင့်အရေးလွတ်သွားမယ်ဆိုရင် ဘယ်တော့မှ ထပ်ရမယ်ဆိုတာ  မသေချာဘူး” ရှီမာယူယူသည် ရှီမန်ဖန်အား ကြည့်လိုက်သည် “ငါတို့စောင့် စရာမလိုတော့တာပေါ့”

“၁၀သန်း” ဝူလင်းယူသည် ဒီတစ်ခေါက်တွင် အသံထွက်လာသည် “ငါ့ပညာရှိ စံအိမ်တော်က အံ့ဖွယ် မျက်ရည်စက်ကိုလိုတယ်”

သူသည် ပညာရှိစံအိမ်တော် အမည်ကို ပြောလိုက်သည်နှင့် လူများသည် ချက်ချင်းပင် နောက်ဆုတ်သွား ကြလေသည်။

အင်အားကြီးအများစုသည် ရှင်သန်ရန်အတွက် ပညာရှိစံအိမ်တော်ကို မှီခိုနေရသည်။ အခုတော့  ဈေးပြိုင်သူမှာ မြင့်မြတ်သော သားတော်ဖြစ်ကာ သူသည် ထိုအတိုင်းပြောလာသည်။ အများစုသည် ချက်ချင်းပင်  နောက်ဆုတ်ကြလေသည်။

ဈေးပြိုင်ချင်သူ တချို့ရှိကြသေးသည်။ သို့သော် သူတို့သည် ရုတ်တရက် တစ်စုံတစ်ရာ ကို သိလိုက် သည်။ ပညာရှိစံအိမ်တော်မှ မြင့်မြတ်သောသားတော်သည် မိုဒိဆန်းနှင့် တစ်ခန်း တည်းတွင်ရှိနေသည်။

ဒါက သူတို့နှစ်ယောက်က တစ်လှေတည်းစီးလို့ဆိုလိုတာမလား။ ပညာရှိစံအိမ်တော် လက်အောက်ခံရှိ အဖွဲ့များသည် မိုဒိဆန်းကိုလည်း မလွန်ဆန်ရဲကြပေ။ ပညာရှိ စံအိမ်တော်နှင့်ယှဉ်လျှင် မိုဒိဆန်း၏ နောက်ကွယ် တွင် ဘယ်သူရှိသည်ကို မသိကြသဖြင့် သူတို့ကို ပိုကြောက်ရွံ့စေသည်။

ရှီမာယူယူသည် ဆွံ့အသွားသည်။ သူမသည် ဝူလင်းယူအား အနည်းငယ် ခံပြင်းသလိုကြည့်လိုက်သည်။ ဒီလူကတော့ သူမနှင့်မတိုင်ပင်ပဲ ပြောချလိုက်ကာ ပညာရှိစံ အိမ်တော်၏ နာမည်ကိုပင် ဆွဲသွင်းလိုက်သေးသည်။

သို့သော် ထိုနည်းလမ်းသည် အသုံးဝင်သည်။ အနည်းဆုံးတော့ ဘယ်သူမှ ဈေးမပြိုင် တော့ပေ။

“၁၀သန်း တစ်ကြိမ် ၁၀သန်း နှစ်ကြိမ် ၁၀ သန်းသုံးကြိမ်…” ဂျွန်ကျောင်းသည် ဈေးပြိုင်မည့်သူမရှိတော့ သည်ကို သေချာအောင် ကြေညာပြီးနောက် လေလံတူကို ခေါက်လိုက်လေသည် “လေလံအောင်သွားပါပြီ အံ့ဖွယ်မျက်ရည်ကျက ဒီမြင့်မြတ်သော သားတော်ကရသွားပါပြီ”

သူပြောလိုက်သည်နှင့် အစေခံမိန်းကလေးသည် ဗန်းကိုင်ကာ ရှီမာယူယူတို့ရှိရာ အခန်းသို့ ဝင်လာလေ သည်။

ရှီမာယူယူသည် ဖန်ကတ်ထုတ်ပြီးနောက် အစေခံမိန်းကလေးအား ၁၀သန်းပေးကာ အံ့ဖွယ် မျက်ရည်စက် ကို သိမ်းလိုက်လေသည်။

နောက်ပိုင်းတွင် ရှီမာယူယူ ဈေးပြိုင်ရာတွင် မပါတော့ပေ။ သူမသည် ထိုပစ္စည်းများကို စိတ်ဝင်စားခြင်း မရှိပေ။ သို့သော် သူမသည် ကြည့်ရင်းနှင့် များစွာသင်ယူမိလေသည်။

လေလံပွဲသည် တစ်ရက်နှင့် တစ်ညကြာလေသည်။ တတိယမြောက်မနက်တွင် လေလံပွဲ၏ နောက်ဆုံး  ရောက်ပြီဟု ဂျွန်ကျောင်း ပြောလေသည်။ ပစ္စည်းချင်းလဲလှယ်ရမည့် အချိန်ဖြစ်လေသည်။

အစပိုင်း ပစ္စည်းနှစ်မျိုးမှာ ရှီမာယူယူကို မဆွဲဆောင်နိုင်ပေ။ သို့သော် တတိယပစ္စည်းယူလာချိန်တွင် သူမ သည် ဂျွန်ကျောင်း၏ မိတ်ဆက်ပေးမှုတွင် စိတ်ဝင်စား သွားသည်။

ဂျွန်ကျောင်း မိတ်ဆက်ပေးသော ပစ္စည်းမှာ သာမန်မှတ်တမ်းသာဖြစ်သည်။ သူပြောသည်မှာ “ဒီပစ္စည်း ရဲ့ ပိုင်ရှင်က သူလိုချင်တာကိုရေးတာမဟုတ်ဘူး လူတွေ သူ့ကိုပေးချင်တာကို သူတို့ကို စာရွက်ပေါ်မှာ ရေး ခိုင်းတာ၊ သူက အဲဒီအထဲကမှ ပြန်ရွေးတာ”

ရှီမာယူယူသည် သူမသည် စုတ်တံကို ကောက်ယူူပြီး ခေတ္တမျှ စဉ်းစားကာ ရွှေမြွေအသီးဟု ချရေးလိုက် သည်။ ထို့နောက်တွင် သူမသည် အစေခံမိန်းကလေးကို စာရွက်ပေးလိုက်လေသည်။

“မြန်မြန်ပဲ ပစ္စည်းပိုင်ရှင်က တစ်ယောက်ကိုရွေးလိုက်ပါပြီ သူက ရှီမာယူယူရဲ့ ရွှေမြွေအသီးနဲ့လဲဖို့ ရွေး လိုက်ပါတယ်”

ရှီမာယူယူ ဘာရေးလိုက်သည်ကို ဘယ်သူမှ မသိပေ။ သို့သော် ပိုင်ရှင်ကို စိတ်ဝင်စားစေသည်မှာ သာမာန် မဟုတ်သည့်ပစ္စည်းဖြစ်သည်မှာ သေချာသည်။

နောက်ဆုံးပစ္စည်းယူလာချိန်တွင် အားလုံး၏ မျက်လုံးများ မခွာနိုင်ပေ။ ရှီမာယူယူပင်လျှင် အသက်ရှု မြန် လာသည်။

“ဒီပစ္စည်းကတော့ လေလံပွဲရဲ့ နောက်ဆုံးပစ္စည်းဖြစ်တဲ့ အံ့ဖွယ်အမှုန့်ပါ ဒီပစ္စည်းက ရှေးဟောင်း သတ္တုရိုင်း ယူထားတဲ့ ပစ္စည်းဖြစ်ပါတယ် ဒီပစ္စည်းဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ကျွန်တော်ပြောဖို့လိုမယ် မထင်ပါဘူး အားလုံးသိကြမှာပါ” ဂျွန်ကျောင်း ပြောလေသည် “ပိုင်ရှင်က တစ်ခုတော့တောင်းဆိုပါတယ် ဒီပစ္စည်း ကလွဲပြီး တခြားဘာနဲ့မှ မလဲချင်ပါဘူးတဲ့”

“သခင်ကြီးဂျွန် စောင့်ရအောင်မလုပ်ပါနဲ့တော့ သူဘာလိုချင်တာလဲ မြန်မြန်ပြော” အောက်မှ လူများ သည် ဒေါသထွက်လေသည်။

အားလုံး စိုးရိမ်နေကြသည်ကို ဂျွန်လန်တွေ့သောအခါ မျက်လုံးများကွေးသွားသည် အထိ ပြုံးလိုက်ကာ “သူလိုချင်တာက အံ့ဖွယ်ဘန်းဟန်နဲ့ပဲ အံ့ဖွယ်အမှုန့်ကိုလဲလို့ရမယ်တဲ့”

“အံ့ဖွယ်ဘန်းဟန်ဟုတ်လား အဲဒါဘာလဲ”

ပြောလိုက်သည့်အချိန်တွင် လူများသည် ထိုပစ္စည်းကို မကြားဖူးကြပေ။

ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် အံ့ဖွယ်ဘန်းဟန်ကို အရင်က ကြားဖူးခဲ့သည်။ သို့သော် သူမတွင် မရှိပေ။

“အံ့ဖွယ်ဘန်းဟန်ဆိုတာ ဘာလဲ၊ မြင့်မြတ်သော သားတော် အဲဒါဘာလဲဆိုတာ သိလား”

“အံ့ဖွယ်ဘန်းဟန်က အံ့ဖွယ်ဆေးတစ်မျိုးပဲ၊ ကျင့်ကြံသူအပြစ်အနာအဆာကင်းတဲ့ အင်ပါယာဂျွန် ပျိုးထောင်ခဲ့တဲ့ ဆေးပစ္စည်းပဲ၊ သူမသေခင်ကို သူ့ဝိညာဉ်စွမ်းအင်အားလုံးကို အဲဆေးပစ္စည်းထဲမှာ ထည့်ထားခဲ့ တယ်လို့ ပြောကြတယ် အဲဒါကပဲ သာမန်ဆေးပစ္စည်းကို အံ့ဖွယ်ဆေးဖြစ်သွားစေတာပဲ၊ အဲပစ္စည်းက ရှေးဟောင်း စာအုပ်တွေမှာပဲရှိတာ ဘယ်သူမှ မြင်ဖူးတာမဟုတ်ဘူး” ဝူလင်းယူ ပြောလိုက်သည်။

“အဲဒါမရှိဘူးဆိုမှတော့ အဲပိုင်ရှင်က ဘာလို့တောင်းဆိုတာလဲ”

ဝူလင်းယူ၊ ရှင်းမိုနှင့် တခြားသူများသည် ခေါင်းရမ်းလိုက်ကြသည်။ သူတို့သည် ထိုလူလိုချင်သောအရာ ကို နားမလည်ကြပေ။

“အဲပစ္စည်းရှိတယ်လို့ သူယုံနေတာပဲ” ရှီမာယူယူ သက်ပြင်းချလေသည်။ သူမသည် တစ်ဖက်လူမှ အံ့ဖွယ်ဘန်းဟန်လိုချင်သည်ကို တွေးလိုက်သည်။ သူမသည် အံ့ဖွယ်အမှုန့်ရခွင့် ဆုံးရှုံးသွားသည့်သဘောနှင့် မျက်လုံးပြူးကာ အကူအညီမဲ့စွာပင် ကြည့်နေလိုက်သည်။

ဂျွန်ကျောင်းသည် အကြာကြီးစောင့်ပေးသည်။ ထိုပစ္စည်းထုတ်လာသည့် လူမရှိသည်ကို သိသောအခါ ပစ္စည်းကိုပြန်သိမ်းခိုင်းလိုက်လေသည်။ တစ်ချိန်တည်းမှာပင် လေလံပွဲသည် ပြီးဆုံးသွားလေသည်။

အစေခံမိန်းကလေး စင်ပေါ်မှ ထွက်သွားသည်နှင့် ပိုင်ရှင်အတွက် အနည်းငယ် ဝမ်းနည်းမိလေသည်။ သူမသည် နေရာများစွာကိုရှာကြည့်ပြီးဖြစ်ကာ ဘယ်နေရာမှ ရှာမတွေ့ခဲ့ပေ။ ဒီနေရာတွင် ကံကောင်းမည်ဟု ထင်ထားသော်လည်း ထပ်မံဆုံးရှုံး လိုက်ရပြန်သည်။

သူမ လက်ရှိအခြေအနေအား စဉ်းစားကြည့်လိုက်သောအခါ သက်ပြင်းချမိလေသည်။

လေလံပွဲပြီးဆုံးခါနီးလာသည်နှင့် အားလုံးသည် ထွက်သွားရန် ပြင်ကြလေသည်။ ရှီမာယူယူသည် အံ့ဖွယ်အမှုန့်ကို မရလိုက်သဖြင့် မှိုင်တွေနေလေသည်။

ရှီမာယူယူထိုကဲ့သို့ ဖြစ်နေသည်ကို မြင်ရသည်မှာ ရှီမန်ဖန် စိတ်မကောင်းပေ။ သူသည် သူမအား ဆွဲကာ ညင်သာစွာပြောလေသည် “ယူယူ နင်အဲဒါကို မရလည်း လောစရာမရှိပါဘူး နင့်ကိုထပ်ပြီးရှာတွေ့တာနဲ့တင် ငါကျေနပ်နေပါပြီ”

“မရဘူး နင့်အခြေအနေကို ကုပေးဖို့ နည်းလမ်းရှိရင် ငါလက်မလျော့ဘူး” ရှီမာယူယူ ခေါင်းရမ်းကာ ပြော လိုက်လေသည်။ “ငါတို့်မှာ အံ့ဖွယ်ဘန်းဟန်မရခဲ့ပေမယ့် သူမကိုရှာပြီး ဆွေးနွေးလို့ရသေးတယ်၊ သူမ ငါတို့ကို တခြားအခွင့်အရေးပေးမလား ကြည့်ရဦးမယ်၊ မကြိုးစားကြည့်ပဲတော့ လက်မလျော့နိုင်ဘူး”

ဆုံးဖြတ်ချက်ချပြီးနောက်တွင် သူမသည် မဆင်မခြင်လုပ်ရန် ရည်ရွယ်ချက်မရှိတော့ပေ။ သူမသည် ရှီမာလိုင်နှင့် တခြားသူများကို ပြန်ခိုင်းကာ ဝူလင်းယူ၊ မိုဒိဆန်းတို့ကို ခေါ်ကာ ဂျွန်လန်နှင့်တွေ့ခွင့်ပေးရန် အစေခံ မိန်းကလေးကို ရှာလေသည်။

All Chapters