← Chapters

အာကာသ လေပွေ

Vol. 84 Ch. 1165

အာကာသ လေပွေ

Vol. 84 Ch. 1165

“...”

လောကရှန့်ထို အဆင့် သုံးယောက်ကြားတွင် တိတ်ဆိတ်မှုမှာ မိနစ် အနည်းငယ် ကြာသည်အထိ မင်းမူ နေခဲ့၏။ အလွှာကြားက လောကသာ ဖြည်းညင်းစွာ ပြိုကွဲသွားပါက အဆုံးမဲ့ ခရီးသွား နယ်မြေ အတွင်း မှီတင်း နေထိုင်ကြသည့် လူသားနှင့် ကောင်းကင် မျိုးနွယ်များ၊ ရေစက်ကြိုး ပိုင်ရှင်များ၊ ရှာဖွေသူများ အားလုံး ချိပ်ပိတ် နယ်မြေ အတွင်း လွတ်လပ်စွာ ဝင်ခွင့် ရရှိသွားလိမ့်မည် ဖြစ်သည်။

ဘုန်း...

စုနန်းကျူးမှာ ပျံသန်း ထွက်ခွာသွား၏။ တစ်နာရီမျှ ကြာပြီးနောက် သူ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ သွေးများဖြင့် စွန်းထင်နေသည်။ ရလဒ်ကို သိရှိထားပြီး ဖြစ်သည့်တိုင် သူ ကြိုးစား ကြည့်ခဲ့ခြင်း ဖြစ်သည်။

“အဆုံးမဲ့ ခရီးသွား နယ်မြေကို ချိပ်ပိတ်ထားတယ်... ငါ ထွက်လို့ မရဘူး”

သူက အောက်ကို ငုံ့ကြည့်ရင်း ဆိုလိုက်၏။

"ဒါပေါ့...”

လျူယင်လန်းက ဘာမှ မဖြစ်သလို ပုံစံမျိုးဖြင့် ဆိုလိုက်သည်။

“အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံက ဒီအာကာသ လေပွေကို ကမ္ဘာဖျက် ခြိမ်းခြောက်မှု တစ်ခုလို့ သတ်မှတ်ပြီး အဆုံးမဲ့ ခရီးသွား နယ်မြေထဲမှာ ချိပ်ပိတ်ထားပြီးပြီ... အဲဒါကို မထိန်းသိမ်းနိုင်သေး သရွေ့ ငါတို့ကို မဟာ လောကဆီ ဝင်ခွင့် ပြုမှာ မဟုတ်ဘူး... ငါတို့ရဲ့ မျိုးဆက်တွေလိုပဲ အခု...”

“ငါတို့ ထောင်ချောက်မိနေပြီ...”

ယခုတစ်ကြိမ်တွင်တော့ ကျန်းကျဲဝူရှုက လျူယင်လန်း၏ စကားကို အဆုံးသတ် ပေးလိုက်၏။ လျူယင်လန်းက သူမကို တစ်ချက် စွေကြည့်ရင်း ခေါင်းညိတ်လိုက်သည်။

စုနန်းကျူးက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။ သွေးများက အငွေ့ပျံသွားကာ အော်ရာမှာ တည်ငြိမ်သွားသည်။

“အဲဒါကို ကိုင်တွယ်ဖို့ ဘာအကြံ ရှိလဲ...”

သူတို့ စကားပြောနေစဉ်မှာပင် အာကာသ လေပွေမှာ အတော်လေး ကြီးထွားလာနေခဲ့ပြီ ဖြစ်သည်။ အချိန်ကာလ တစ်ခုသို့ ရောက်ပါက ၎င်းမှာ အရာအားလုံးကို ဆာလောင်နေသည့် သားရဲ တစ်ကောင်လိုမျိုး ဝါးမြိုသွားမှာ ကျိန်းသေသည်။ အာကာသ လေပွေကို တိုင်ကွယ်နိုင်ပါက သူတို့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ကျန်းကျဲဝူရှုက အောက်ကို ငုံ့ရင်း တဖြည်းဖြည်း ကြီးထွားလာနေသည့် အာကာသ လေပွေကို ကြည့်လိုက်၏။ ၎င်းမှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ထုတ်ကုန် တစ်ခု ဖြစ်သည့် အချိန်လေပွေနှင့် ဆင်တူပေသည်။ သို့သော်လည်း ပိုမို၍ ကစဉ့်ကလျား ဆန်ကာ ပြင်းထန်သည်။

“အာကာသ ဥပဒေသနဲ့ ပတ်သက်ပြီး သြဇာအာဏာရှိတဲ့လူမှ မဟုတ်ရင် အာဏာရှင် အင်ပါယာတွေပဲ ဒီပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ် ထင်တယ်”

သူမက သက်ပြင်းတစ်ချက် ချရင်းဆိုလိုက်၏။

“...”

လျူယင်လန်းနှင့် စုနန်ကျူးတို့မှာ တိတ်ဆိတ် ငြိမ်သက် နေကြသည်။ အာကာသ ဥပဒေသတွင် သြဇာ အာဏာရှိသည့်လူ ဆိုသည်မျာ အကာသ ဥပဒေသ မျိုးစေ့ တစ်ခုကို နှိုးထကာ ပြုစုပျိုးထောင် ထားနိုင်သည့် ကျင့်ကြံသူကို ဆိုလိုခြင်း ဖြစ်သည်။

အာဏာရှင် အင်ပါယာများကတော့ အခြေအနေက သူတို့ကို မလိုအပ် မချင်း ဝင်ပါလိမ့်မည် မဟုတ်ပါချေ။ တကယ်တမ်းအားဖြင့် နှစ်ခဲ့သည့် နှစ်ပေါင်း ငါးထောင် အတွင်း မည်သည့် အာဏာရှင် အင်ပါယာကမှ အဆုံးမဲ့ ခရီးသွား နယ်မြေကို ဆက်သွယ်ခြင်း မပြုခဲ့ချေ။

ထိုအတောအတွင်း မြို့တော်သခင်များမှာ သူတို့ထံ စာများ ပို့ဆောင်ရန် ကြိုးပမ်းခဲ့ကြသလို အသစ်သစ်သော အခြေအနေများကိုလည်း အစီရင်ခံခဲ့ကြသည်။ သို့သော်လည်း... အာဏာရှင် အင်ပါယာများ၏ လက်အောက်ရှိ လျှို့ဝှက် အရှင်သခင်များကသာ သူတို့ကို စာပြန်ခဲ့ကြကာ ချိပ်ပိတ် အစီအရင်ကို အသက်နှင့် ရင်း၍ ကာကွယ် စောင့်ရှောက်ရန်သာ ညွှန်ကြား ပြောဆိုခဲ့ပေသည်။

ကြည့်ရသည်က လွန်ခဲ့သည့် နှစ်ပေါင်း ငါးထောင် အတွင်း သူတို့ ပြဿနာ တစ်စုံတစ်ရာနှင့် ကြုံတွေ့နေရဟန် ရလေသည်။ ဘာမှ မဖြစ်သေးသည့် အချိန်တွင်တော့ ၎င်းက ပြဿနာ တစ်ခု မဟုတ်သော်လည်း ယခုတွင်တော့...

သူတို့ သုံးယောက်မှာ ‌လောကရှန့်ထိုများ ဖြစ်ကာ နတ်ဘုရား ကဲ့သို့ စွမ်းအားများကို ပိုင်ဆိုင်ထားသည့်တိုင် အဆုံးမဲ့ ဟင်းလင်းပြင်မှန်မှာ ထိုထိပ်သီး အဆင့် ပုဂ္ဂိုလ်များ၏ ဖန်တီးမှု လက်ရာ တစ်ခု ဖြစ်သည်။ သူတို့ ပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်း အခြေခံများက သူတို့ထက် သုံးဆ ပိုမို မြင့်မားသည်။ လျှို့ဝှက် အာဏာရှင် အဆင့် မတိုင်ခင်၌ ထိုကွာခြားချက်က မပြောပလောက်သော်လည်း လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက်တော့ ဆင်နှင့် ပုရွက်ဆိတ်လို ကွာခြားလှပေသည်။

အချိန်လေပွေနှင့် အာကာသ လေပွေ နှစ်ခုစလုံးမှာ ကောင်းကင် ရတနာ တစ်ခု၏ ထုတ်ကုန် ရလဒ်များ ဖြစ်သည်။ သူတို့ကတော့ ကောင်းကင်ရှန့်ထိုများပင် မဟုတ်ချေ။ ၎င်းကို ထိန်းချုပ်နိုင်သည့် စွမ်းအင်က သူတို့နှင့် အလှမ်းကွာသည့် နေရာ တစ်ခု၌ ရှိနေပေသည်။

ကျန်းကျဲဝူရှုက လျူယင်လန်းဘက်ကို လှည့်ကြည့်လိုက်၏။

“နင်ကတော့ ပျော်နေမယ် ထင်တယ်”

သူမက အေးစက်စက် လေသံကို ဖုံးကွယ်ထားခြင်း မရှိပါချေ။

“ပျော်ရမယ်... ရိုးရိုးသားသား ပြောရရင် ငါ့မြို့သားတွေ အတွက် စိတ်ပူနေတာ”

လျူယင်လန်းက ပြောလိုက်သည်။ သို့သော်လည်း သူမ၏ နှုတ်ခမ်းထက်ရှိ အပြုံးက သူမ ခံစားနေရသည့် အလွန်အမင်း ပျော်ရွှင်မှုများကို သစ္စာဖောက်နေ၏။ သူမက အဘယ်ကြောင့် ဖုံးကွယ်ထားရမည်နည်း။

“ချိပ်ပိတ်နယ်မြေ အစီအရင် အားနည်းသွားတဲ့ အခါကျရင် ငါတို့တွေ ချိပ်ပိတ် နယ်မြေထဲကို ဝင်နိုင်လိမ့်မယ်... အဲဒီ အခါကျရင် အကူးအပြောင်း လွယ်ကူစေဖို့ အတွက် ချိပ်ပိတ် နယ်မြေထဲမှာ အဆုံးမဲ့ ခရီးသွား နယ်မြေ တစ်ခု ထပ်လုပ်လို့ ရတယ်... သူတို့ဆီမှာ အခြေပြု လမ်းစဉ်မဲ့ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်နဲ့ မဟာ နေကြယ်ကြီး တစ်စင်း ရှိနေတာပဲ... ငါတို့ ဆုံးရှုံးသွားတဲ့ ဟာတွေပါ ထည့်တွက်ရင် ခုချိန်မှာ အဆုံးမဲ့ ခရီးသွား နယ်မြေက လုံးဝ အမှိုက်ပဲ”

ဒုတိယမြောက် ချိပ်ဆက် တစ်ခု ပျက်စီး သွားခြင်းနှင့် အတူ ချိပ်ပိတ် နယ်မြေ အစီအရင်ကို ထိန်းသိမ်းပေးထားသည့် လောင်စာ ရင်းမြစ် တစ်ခုမှာလည်း လျော့နည်း သွားခဲ့ပြီ ဖြစ်သည်။ မကြာခင် အလွှာကြားက လောကကို အပျက်အစီး လောကနယ်မြေ တစ်ခု အဖြစ်ပင် ယူဆ နိုင်လိမ့်မည် ဖြစ်သည်။

“ဟမ်...”

စုနန်းကျူးမှာ အံ့အားသင့် သွားကာ လျူယင်လန်းကို လှည့်ကြည့်လိုက်၏။ ထိုအခါ သူ့ သံချပ်ကာ ဝတ်စုံထံမှ သတ္တုချင်း ထိခတ်သည့် တချွင်ချွင်သံများ ထွက်ပေါ်လာသည်။ အခြေပြု လမ်းစဉ်မဲ့ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်... ထိုနာမည်ကို သူ ပထမဆုံး အကြိမ် ကြားဖူးခြင်း ဖြစ်သည်။ အခြားတစ်ဖက်၌ ကျန်းကျဲဝူရှု၏ မျက်လုံးများမှာလည်း မသိမသာ ပြူးကျယ် သွား၏။

လျူယင်လန်းက ခေါင်းအား ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။

“ချိပ်ပိတ်နယ်မြေထဲမှာ မရေမတွက်နိုင်တဲ့ ရင်းမြစ်တွေ ရှိတယ်... နယ်မြေသူ နယ်မြေသားတွေက ကောင်းကောင်း မသုံးတတ်ကြရုံတင်... နင်တို့ နှစ်ယောက်က ချိပ်ပိတ်နယ်မြေ အကြောင်း စူးစမ်းဖို့ ပိတ်ပင် ခံထားရတာ ဆိုတော့ ဘယ်သိကြမလဲ... အင်းပေါ့လေ... ချိပ်ပိတ် နယ်မြေ အကြောင်းသိတဲ့ ရေစက်ကြိုး ပိုင်ရှင်တွေကလည်း ဘယ်လို ကိစ္စမျိုးကိုမှ အလွှာကြားက လောကမှာ ရေစက်ကြိုး ပိုင်ရှင် မဟုတ်တဲ့ လူတွေကို ပြန်မပြောပါဘူး ဆိုပြီး သစ္စာဆို ထားရတာ... အခု နင်တို့ နည်းနည်း သိပြီ ဆိုတော့ ငါ ဘာကို စိုးရိမ်လဲ ဆိုတာကိုပါ ရိပ်မိကြမှာပါ”

ထိုကဲ့သို့ ပြောပြီးနောက် လျူယင်လန်း တစ်ယောက် ပျောက်ကွယ် သွားခဲ့၏။ သူမက ပြင်ဆင်မှုများ ပြုလုပ်ရန် အတွက် အဆုံးမဲ့ မြို့တော်ထံ ပြန်သွားခဲ့ခြင်းပင် ဖြစ်သည်။ ထိုခွေးကောင်အား သတ်ဖြတ်နိုင်မည့် အချိန်က မကြာခင် ရောက်ရှိလာတော့မည် ဖြစ်သည်။ ကြည့်ရသည်က အစစ်အမှန် မွေးဖွားခြင်း၏ လက်ချက်ဖြင့် သူမ လွတ်လပ်မှုကို ပြန်လည် ရရှိတော့မည့်ပုံ ရသည်။

ကံမကောင်းတာ တစ်ခုက ချိပ်ပိတ် နယ်မြေ အတွင်း ဝင်ရောက်နိုင်လျှင်ပင် ကျိန်စာ၏ တစ်စိတ်တစ်ပိုင်း အဖြစ် ချိပ်ပိတ် အစီအရင်ကြီးကို သူတို့ ဆက်လက် ကာကွယ်ရဦးမည် ဖြစ်သည်။

အစစ်အမှန် မွေးဖွားခြင်းကတော့ သူတို့၏ နှစ်ပေါင်းသောင်းချီ အားထုတ်မှုများမှာ မလွှဲမရှောင်သာသော သေခြင်းတရားကို ဆင့်ခေါ်လာမည် ဖြစ်ကြောင်းကို နည်းနည်းလေးမှ ရိပ်မိဦးမည် မဟုတ်ချေ။ ကမ္မက တစ်ခါတစ်ရံ အတော်လေး မမျှတချေ။

“ချိပ်ပိတ် အစီအရင်ထဲမှာ အခြေပြု လမ်းစဉ်မဲ့ လျှို့ဝှက် အလင်း‌ရောင်ပြန် ခါးပတ်နဲ့ ဧရာမ နေကြယ်ကြီး တစ်စင်း ရှိတယ် ဆိုရင်...”

ကျန်းကျဲဝူရှု၏ အသံက မယုံကြည်နိုင်မှု၊ အံ့အားသင့်မှု၊ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက် နေသည်။ ထိုကဲ့သို့ ရတနာ တစ်ခုမှာ ပိုမို၍ ရှည်ကြာစွာ တည်ရှိလေလေ... ထိုလောကမှာ ပိုမို၍ ကြွယ်ဝလေလေ ဖြစ်သည်။

အခြားတစ်ဖက်၌ သံမဏိ ခေါင်းဆောင်း အောက်မှ စုနန်ကျူး၏ မျက်ဝန်းများမှာ လောဘ အငွေ့အသက်များနှင့် တဖိတ်ဖိတ် တောက်ပနေပေသည်။

သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စကား မပြောကြပဲ ကြည့်လိုက်၏။ ထို့နောက် တိုင်ပင်စရာပင် မလိုပါပဲ လက်များကို ဆန့်ထုတ်ကာ အာကာသ စွမ်းအင်များကို အာကာသ လေပွေ အတွင်း သွန်းလောင်း လိုက်ကြလေသည်။

ဟူး... ဟူး...

ပိုမို များပြားသည့် အာကာသ စွမ်းအင်များကို စုပ်ယူလာနိုင်သည်နှင့် အမျှ အာကာသ လေပွေ၏ ကြီးထွားနှုန်းမှာ အဆပေါင်းများစွာ မြင့်တက် လာခဲ့သည်။

အလွန်ဝေးကွာလှသည့် နေရာ တစ်ခုတွင်တော့ အဆုံးမဲ့ မြို့တော်ဆီ ပျံသန်းရင်း လျူယင်လန်း၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖွဲ့စည်းလာခဲ့လေ၏။

...

ဝှစ်... ဝှစ်...

အရောင်အသွေး စုံလင်လှသည့် အလင်းတန်း များစွာမှာ အမှောင် ဟင်းလင်းပြင်ကို ထိုးခွဲ ပျံသန်းရင်း အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ နယ်စပ်ထံသို့ ရောက်ရှိလာခဲ့၏။ ထိုနေရာ၌ အပျက်အစီး ဟင်းလင်းပြင်လှိုင်းများက မုန်တိုင်းထန်သလို နေရာယူ နေကြကာ အာကာသကို ပျံပျက် နေစေခဲ့သည်။ အပျက်အစီး နိုဗာ ပေါက်ကွဲမှုမှာ အာကာသ စွမ်းအင်များကို မုတ်သုံလေလို တိုက်ခတ် စေခဲ့ကာ ပုံမှန် အာကာသ ရွှေ့ပြောင်းခြင်းများ မပြုနိုင်အောင် တားဆီးထားသည်။

ဟူး... ဟူး...

မကြာခင်မှာပင် အလင်းများမှာ ထင်ရှားလာကာ မြေကြီး ရှန့်ထိုများ၏ ပုံရိပ်များ ဖြစ်ပေါ်လာကြသည်။ သူတို့မှာ အရေအတွက်အားဖြင့် နှစ်ရာကျော်သည် အထိ ရှိပေသည်။ သူတို့၏ ‌ပေါင်းစပ် ‌အော်ရာများ အောက်တွင် အပျက်အစီး မန်နာများပင်လျှင် ဟိုဒီ ရွေ့လျား နေကြ၏။

မြေကြီး ရှန့်ထို အုပ်စုကို ဦးဆောင်လာသူများကတော့ ဝိညာဉ် ရှန့်ထို ဧကရာဇ်၊ ဧကရီ ရှောင်ချွမ်း၊ အဆုံးမဲ့ သိုင်းဧကရာဇ်နှင့် ပုပ်ရဟန်း မင်းကြီး ဟုန်ယန်တို့ပင် ဖြစ်သည်။ သူတို့မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် ထိပ်တန်း သြဇာ အာဏာကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ အင်ပါယာ အကြံပေး၊ မဟာ ပုရောဟိတ်နှင့် ထာဝရ နတ်ဘုရားတို့ကတော့ သိသိသာသာပင် ပျက်ကွက်နေသည်။

သို့သော်လည်း... ထာဝရ သူရဲကောင်းများနှင့် အင်ပါယာ ဧကရာဇ်တို့လိုမျိုး သူတို့၏ လက်အောက်ငယ်သားများကတော့ လိုက်ပါလာကြပေသည်။ အဆုံးမဲ့ ကောင်းကင်၏ အပြင်သို့ အရောက်တွင်တော့ မြေကြီး ရှန့်ထိုများမှာ သူတို့၏ တိုင်းတာရေး ကိရိယာ အသီးသီးကို ထုတ်ယူကာ အချက်အလက်များကို စတင် စုဆောင်း လိုက်ကြတော့သည်။

***

All Chapters