ကောင်းကင်တာအို၏ ကံကြမ္မာ
Vol. 84 Ch. 1171
အစစ်အမှန် မွေးဖွားခြင်း၏ အဖျက်အဆီး လုပ်ရပ်မှာ မဟာ စက်ဝန်း ရှန့်ထို ညီလာခံကို နှောင့်နှေး စေခဲ့ကာ မြေကြီး ရှန့်ထို များစွာကို အပျက်အစီးနိုဗာ ဖြစ်ပွားရာ နေရာကို သွားရောက် စူးစမ်း စေခဲ့သည်။ ၎င်းက မရေမတွက်နိုင်သည့် သေခြင်းတရားများကို ဖြစ်ပေါ်စေခဲ့သည့် အပြင် ကောင်းချီးခံများထံကိုလည်း ကမ္မ ကံကောင်းမှုများ ရယူလာခဲ့လေသည်။
ထာဝရ နတ်ဘုရား သတ်မှတ်သည့် အချိန် နာရီဝက် အတွင်းမှာပင် မြေကြီး ရှန့်ထိုများစွာမှာ ညီလာခံ ကျင်းပရာ လျှို့ဝှက် နယ်မြေထံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။ သေမျိုးတစ်ပိုင်း အရှင်များနှင့် ဟင်းလင်းပြင် သင်္ဘောများစွာမှာလည်း မရှေးမနှောင်းပင် ရောက်ရှိလာခဲ့ကြ၏။ မဟာစက်ဝန်း ရှန့်ထို ညီလာခံမှာ အပျက်အစီး နိုဗာကြောင့် နှောင့်နှေးခဲ့ရသည့်တိုင် ၎င်း၏ အရေးပါမှုက မယုတ်မလျော့ ရှိနေဆဲ ဖြစ်သည်။
ညီလာခံတွင် မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ “ရွေးချယ်ခံ” ခေါင်းစဉ်ကို စံသတ်မှတ်ချက် အသစ်များနှင့် ရွေးချယ် ဆုံးဖြတ်မည် ဖြစ်သည်။ အကယ်၍ သတ်မှတ်ချက်များ ပိုမို၍ မြင့်မားလာမည် ဆိုပါက ကြေးအဆင့် အင်အားစုများ ဘောင်အပြင်သို့ ရောက်ရှိသွားလိမ့်မည် ဖြစ်ကာ အခြား အင်အားစုများမှာလည်း အဆင့် ကျဆင်းသွားလိမ့်မည် ဖြစ်သည်။ သူတို့က ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွက် ဝင်ခွင့် နေရာ တစ်ချို့ကိုလည်း လက်လွှတ်ရနိုင်သည်။
နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ဘယ်လောက် အရေးကြီးကြောင်း လူတိုင်း သိကြပေသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌ လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန် အရေအတွက်မှာ အလွန်ပင် ရှားပါးသည်။
မြေကြီး အဆင့် အဂ္ဂိရတ် ရှန့်ထို သုံးယောက် ရှိသည် ဆိုသော်လည်း သူတို့မှာ ကိုယ်ပိုင် အင်အားစုများနှင့် လည်ပတ် နေကြသူများ ဖြစ်သည်။ လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို ဖြန့်ကျက်ရန် ရည်ရွယ်ချက်များ မရှိကြချေ။ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ စုပေါင်း၍ လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို အောင်မြင်စွာ ဖော်စပ်နိုင်ခြင်းမျိုး ရှိသော်လည်း ထိုအရာများက စျေးကွက်ကို ဘယ်တော့မှ ရောက်မလာခဲ့ချေ။ ထို့ကြောင့် မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ရရှိဖို့ မဖြစ်နိုင်သလောက် နီးပါး ဖြစ်သည်။
ထာဝရ အစည်းအရုံးပင်လျှင် အောင်မြင်စွာ ဖော်စပ်နိုင်ပါက ၎င်းတို့ကို ရောင်းချခြင်း မပြုပဲ ကိုယ့်အတွက် သိမ်းထားလေ့ ရှိသည်။
သို့သော်လည်း... ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကတော့ ခြားနားလှသည်။ ထာဝရ ဧကရာဇ်သည် လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် အမျိုးမျိုးကို ထိုပြိုင်ပွဲ၏ ရွေးချယ်ခံ အတွက် ဆုလာဘ် အဖြစ် ချန်ထားခဲ့သည်ဟု ဆိုသည်။ ပိုမို ရှင်းလင်းအောင် ဆိုရလျှင် ယနေ့ခေတ်၏ မြေကြီး ရှန့်ထို အများစုမှာ ထာဝရ ဧကရာဇ်နှင့် တစ်နည်းတစ်ဖုံ ပတ်သက်ခဲ့ကြသူတွေချည်း ဖြစ်သည်။ ထာဝရ ဧကရာဇ် ဖန်တီးခဲ့သည့် အဂ္ဂိရတ် ထုတ်ကုန်များကို စားဖူးကြသူတွေချည်း ဖြစ်သည်။
ထာဝရ ဧကရာဇ်မှာ ရွေးချယ်ခံ ဧကရာဇ် တစ်ခုချင်းစီ၏ ပြိုင်ပွဲများ မတိုင်မှီ ဆုလာဒ်များကို ထာဝရ အစည်းအရုံးထံ ပို့ပေးလေ့ ရှိသည် ဆိုသော အတည်မပြုနိုင်သည့် ကောလဟလများ ရှိပေသည်။ နှစ်ထောင်ပေါင်းများစွာကို ကျော်ဖြတ်ပြီးသည့်တိုင် ထုတ်ကုန်များ ဆက်လက် ပေါကြွယ်ဝနေသည်ကို ထောက်ချင့်ရပါက ထိုကောလဟလက ဖြစ်နိုင်ချေ ရှိသည်။
ထို့အပြင်.... ထာဝရ အစည်းအရုံး အနေဖြင့် လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို စျေးကွက်သို့ မတင်သွင်းရခြင်းမှာ ယင်းတို့ကို ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတွင် ဆုလာဒ် အဖြစ် ပေးကမ်းရန် ရှိသောကြောင့် ဆိုသည့် အခြား သီအိုရီ တစ်ခုလည်း ရှိပေသေးသည်။ ထိုအရာက... လက်ထောက်ဂိုဏ်းချုပ်နှင့် ထာဝရ အစည်းအရုံး၏ အခြားသေမျိုး အဂ္ဂိရတ် အာဏာရှင်များ အများပြည်သူ မြင်ကွင်းထံ မကြာခဏ ထွက်ပေါ်လေ့ မရှိသည့် အကြောင်းပြချက်လည်း ဖြစ်နိုင်ပေသည်။
ထိုကောလဟလသာ အမှန်ဆိုပါက မည်မျှ ရက်စက်လိုက်သနည်း။ ထိုသေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ မှော်သန့်စင် ဆေးအိုးများပေါ်တွင်သာ ကျွန်ပြုခံနေရကာ သူတို့ ကိုယ်တိုင် ဖန်တီးသည့် အကျိုးအမြတ်များကိုလည်း ခံစားနိုင်ခြင်းမရှိပါချေ။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို အစည်းအရုံးသားများ စေလွှတ်ကာ ပြန်ယူရန် ကြိုးပမ်းစေသည်မှ တစ်ပါး သူတို့ထံ၌ အခြား ရွေးချယ်စရာ မရှိပါချေ။
...
လျှို့ဝှက် နယ်မြေသို့ ပြန်လည် ရောက်ရှိပြီးသည့်တိုင် လင်းမင်၏ မျက်ဝန်းများမှာ အတွေး အလင်းစက်များနှင့် တဖျပ်ဖျပ် တောက်ပနေ၏။ ကာလရှည်ကြာ ငြိမ်သက်ပြီး နောက်တွင်တော့ ဒြပ်စင် အမှတ်အသားထဲမှ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့လေသည်။
“သွေးမုန်တိုင်းနဲ့ သေခြင်းတရားက သေချာလုနီးပါးပဲ... ဒါပေမဲ့ အကောင်းဆုံး ကံကြမ္မာဟာ အန္တရာယ်တောမှာပဲ မွေးဖွားတယ်”
အသံက စိတ်လှုပ်ရှားသည့် အငွေ့အသက်များနှင့် ပြည့်နှက် နေ၏။ တစ်ချိန်တည်း၌ မချင့်မရဲ ဖြစ်ခြင်းများလည်း ရောယှက်နေသည်။
"ကျုပ် ကြိုးစားသင့်လား...”
လင်းမင်က မေးလိုက်၏။ မကြာသေးခင်ကပင် လောကသခင် အဆင့်ကို သူ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူ လောကနယ်မြေကို ထိန်းချုပ်ကာ အာကာသထဲ၌ ကောင်းစွာ ရှင်သန်နိုင်ခဲ့ပြီ ဖြစ်သည်။ စွန့်စားလိုသည့် ဆန္ဒက သူ့အရိုးများ အတွင်း ရှားမီးခဲလို တရဲရဲ တောက်လောင်နေ၏။
“မင်း သေချင်လို့လား...”
အသံပိုင်ရှင်က လင်းမင်ကို အလေးအနက် မထားပဲ ခပ်ပြတ်ပြတ်ပင် ပြောလိုက်၏။
“အပျက်အစီး အာကာသထဲကို ဝင်ဖို့ ထားဆုံးထားတယ် ဆိုရင် ဝင်တာနဲ့ မင်း သေပြီပဲ... ချွင်းချက် မရှိဘူး... လျှို့ဝှက် ဝိညာဉ် အဆင့်တွေတောင် အဲဒီ နေရာမှာ ရှင်သန်နိုင်စွမ်း မရှိဘူး”
“တကယ်လား...”
လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်ပင် ရှင်သန်ရန် မဖြစ်နိုင်ကြောင်း သိလိုက်ရလေရာ လင်းမင်၏ ဆန္ဒများမှာ ပြန်လည် ငုပ်လျှိုးသွား၏။
“တကယ်ပဲပေါ့ကွာ... တကယ်လို့ မင်းမှာ အကာသ ရတနာ တစ်ခု ရှိတယ် ဆိုရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ အဲဒီ အာကာသ ရတနာကလည်း အပျက်အစီး စွမ်းအင်တွေကို ခုခံနိုင်တဲ့ အထိ သန့်စင်မှ ဖြစ်လိမ့်မယ်... ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ စွမ်းအားက မင်းရဲ့ အမတေ စွမ်းအင် အားလုံးကို ဝါးမြိုပြီး မင်းရဲ့ ခန္ဓာကိုယ်ကို မိုင်ပေါင်း ဘီလျံချီတဲ့ အထိ ဖောက်ခွဲပစ်နိုင်လို့ပဲ”
"...”
လင်းမင်မှာ ရင်တဒိတ်ဒိတ် တုန်သွားခဲ့ရ၏။ ထိုကံကြမ္မာက အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ မာ့ကျန်း ပင်လျှင် အပျက်အစီး စွမ်းအင်များ အောက်၌ အရေပြား တစ်ခုလုံး ထိုးခွဲခံရသလို ခံစားခဲ့ရသည်။ သို့တိုင်အောင် လူအိုကြီးမှာ ရွှေရောင် အသက်နန်းတော်မှ မကုန်ခမ်းနိုင်သော ရင်းမြစ်များနှင့် ခန္ဓာကိုယ်ကို နှစ်ပေါင်း သုံးသောင်းကြာ သန့်စင်လာခဲ့သူ တစ်ယောက် ဖြစ်သည်။
ကောင်းကင်မန်နာ၏ ထပ်ပေါင်း ပါဝင်နေမှုကလည်း ထိုအခြေအနေကို ပိုမို၍ ပြင်းထန်စေ၏။ အကယ်၍ မဟာ သမုဒ္ဒရာ ဧကရီသာ ခန္ဓာကိုယ်ကို လျှို့ဝှက် အဆင့် အာကာသ စွမ်းအင်များနှင့်သာ သန့်စင် မထားပါက သေဆုံးပြီး နောက်တွင် ဝေ့ဝူယင် ပင်လျှင် သူမ အသက်ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။ သူမ၏ အလောင်းက လောကအနှံ့ တစ်စစီ ပြိုကွဲ သွားလောက်ပြီ ဖြစ်သည်။
စိစိစပ်စပ် ပြင်ဆင်မှုများ မပြုလုပ်ရပဲ ထိုနေရာသို့ မသွားရောက်ရန် လင်းမင် ဆုံးဖြတ်လိုက်၏။
သို့သော်လည်း... သူ မသိလိုက်ခင်မှာပင် ကောင်းကင် တာအိုမှာ လင်းမင် အပါအဝင် ကောင်းချီးခံများ အတွက် အခွင့်အရေး တစ်ခု ပေးအပ်ရန် စတင် လုပ်ဆောင်နေခဲ့ပြီ ဖြစ်လေသည်။
စန်းယွန်းလီ၏ အတိတ်ဘဝ၌ အပျက်အစီ နိုဗာ တစ်ခုသာလျှင် ပေါက်ကွဲခဲ့ကာ ဒုတိယမြောက် ကောင်းကင် လောက အမြုတေက အရံ အဖြစ် ကျန်ရှိခဲ့သည်။ ယခုဘဝတွင်တော့ အပျက်အစီး နိုဗာ သုံးခု အထိ ပေါက်ကွဲခဲ့ကာ ကောင်းကင်လောက အမြုတေ သုံးခု ပေါ်ထွက်ခဲ့သည်။ သို့သော်လည်း... အပျက်အစီး နိုဗာတွင် အရံ အဖြစ် အသုံးပြုထားခဲ့သည့် ကောင်းကင် လောက အမြုတေ တစ်ခု ကျန်ရှိနေခဲ့သေးသည်ကိုတော့ သူမ မရိပ်မိခဲ့ပါချေ။
အပျက်အစီး အာကာသအား စူးစမ်းနေသည့် သတ္တဝါကြီးမှာ ထိုအရာအတွက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၎င်းမှာ အမြုတေကို တွေ့ရှိခဲ့သည်။ ကံမကောင်းစွာပင် မဟာ သမုဒ္ဒရာ ဧကရီက သတိပေးချက် တစ်စုံတစ်ရာ မရှိပဲ ရောက်ရှိလာခဲ့သည်။ ထို့နောက်... သူတို့ နှစ်ယောက် တဒင်္ဂစာမျှ တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲက မျက်တောင် တစ်ခပ်စာမျှသာ ကြာသည့်တိုင် အကျိုးဆက် အနေဖြင့် ကောင်းကင် လောက အမြုတေမှာ ထိခိုက်ခံခဲ့ရသည်။ ၎င်းက အစိတ်အပိုင်း တစ်ချို့ အဖြစ် ကွဲအက်ခဲ့ကာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အနှံ့ ကျပန်း လွင့်စဉ် သွားခဲ့သည်။
သတ္တဝါကြီးမှာ ကောင်းကင် လောက အမြုတေ အစိတ်အပိုင်း ခြောက်ဆယ် ရာခိုင်နှုန်းခန့်ကိုသာ ပြန်လည် တွေ့ရှိခဲ့ကာ အခြား အစိတ်အပိုင်းများကိုတော့ လက်လွှတ်ခဲ့ရသည်။ သေးငယ်သည့် အစိတ်အပိုင်းများ ဆိုသည့်တိုင် ၎င်းတို့မှာ အာကာသနှင့် ကောင်းကင် မန်နာ စွမ်းရည်များကို ထိန်းသိမ်းထားလေရာ အလွန်ပင် အဖိုး ထိုက်တန်ပေသည်။
...
ပဓာန ကျောက်စိမ်း နယ်မြေ...
အယ်ဗန် ဘေးမဲ့ နယ်မြေ...
တတိယ ကောင်းကင်ဂြိုဟ်...
အဆုံးမဲ့ ကြယ်တာရာ နယ်မြေ၊ ပင်းမျိုးနွယ်...
စသည် နေရာ အသီးသီး၌ ဥက္ကာပျံများမှာ ကြယ်ကြွေသလိုမျိုး ပြုတ်ကျ သွားခဲ့၏။
ရွှီး...
နောက်ဆုံး လက်ကျန် အပိုင်းအစ နှစ်ခု အနက် တစ်ခုကတော့ ရတနာ အလင်း ကြယ်တာရာ နယ်မြေနှင့် ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ အကြားရှိ လေလွင့်ဂြိုဟ် တစ်ခု အပေါ် လွင့်စဉ် ကျသွားခဲ့သည်။ နောက်ဆုံး တစ်ခုသည်ကား...။
...
နဂါးငွေ့တန်း ကြယ်ကွင်းပြင်...
ဝေ့ဝူယင်မှာ ဝူယုနှင့် စကားပြောနေရင်း လက်တစ်ဖက်ကို ဆန့်ထုတ် လိုက်၏။ ဟင်းလင်းပြင် နဂါး အင်အားနှင့် ကြယ်တာရာ ဝိညာဉ် လေးခု၏ မိုးကုပ်စက်ဝိုင်း မူလ အဆင့် မန်နာ ထိန်းချုပ်နိုင်စွမ်းတို့က သူ့ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားကာ တစ်စုံတစ်ရာကို ဖမ်းယူလိုက်သည်။ ထို့နောက် လက်ဝါးကို ဖြန့်ကြည့်လိုက်ရာ မီးခိုးရောင် အလင်းများနှင့် အေးခဲနေသည့် တြိဂံ သဏ္ဌာန် သတ္တု အပိုင်းအစ တစ်ခုကို တွေ့လိုက်ရသည်။
“ဒါက ဘာလဲ...”
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်စဉ်မှာပင် ဝူယု၏ မျက်လုံးများကတော့ တောက်ပသွား၏။ သူ၏ လျှို့ဝှက် ဝိညာဉ်က စိတ်လှုပ်ရှားစွာဖြင့် ဟိန်းဟောက်လာခဲ့သည်။
တစ်ခဏလောက် စစ်ဆေးပြီးနောက်၌ ဝေ့ဝူယင်၏ အမူအရာက ပြောင်းလဲ သွား၏။ ကောင်းကင်လောက အမြုတေ၏ အစိတ်အပိုင်း တစ်ခုလော။
ကမ္မ တန်ဖိုး... ၄၁၅၅၅.၃ → ၄၁၁၃၂.၃
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း../. ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး တားဆီးခြင်း... ၁၀ နှစ်
...
မဟာစက်ဝန်း ကြယ်ကွင်းပြင် အနှံ့အပြား၌ ကမ္မ တန်ဖိုး ဖြတ်တောက်မှုများက ကြိုကြား ကြိုကြားဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်တာအို ကြိုတင် သတ်မှတ်ထားသည့် ကံကြမ္မာ အတိုင်း ကောင်းချီးခံများမှာ မတူကွဲပြားသော လမ်းကြောင်းများနှင့် သူတို့၏ ကိုယ်ပိုင် ကံကောင်းမှုများကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။ ယင်းကို ဖမ်းဆုပ်ကာ ပိုမို တောက်ပသည့် အနာဂတ်များထံ လျှောက်လှမ်းရန် အတွက် အတွက်တော့ သူတို့၏ အရည်အချင်း အပေါ်တွင်မှာသာ မူတည်နေလိမ့်မည် ဖြစ်ပေသည်။
***