အပိုင်း (၅၂၆) – လှပသော အမျိုးသမီး
Vol. 006 Ch. 526
ရှီမာယူယူ သူမကိုလာရှာသည်ဟု သတင်းကြားသောအခါ ဂျွန်လန်အံ့သြမိလေသည်။ လေလံပွဲသည် ပြီးဆုံးသွားပြီဖြစ်ကာ လေလံအောင်တဲ့ပစ္စည်းတွေအတွက် ဂုဏ်ပြုပွဲလုပ်ရမယ့် အစား သူမကိုလာရှာတာလား။
သို့သော် သူမသည် အံ့သြသွားရုံသာဖြစ်သည်။ ရှီမာယူယူကို သွားတွေ့ခဲ့သည်။
“ယူယူ ကျွန်မကိုဘာလို့လာရှာတာလဲ” စိုးရိမ်နေသော ရှီမာယူယူကို တွေ့သောအခါ ဂျွန်လန် မေးလိုက် သည်။
ဂျွန်လန်ဝင်လာသည်ကို ရှီမာယူယူမြင်သောအခါ အချိန်ဆွဲမနေတော့ပေ။ သူမ မေးလိုက်သည် “အံ့ဖွယ် အမှုန့်ရှိတဲ့ နောက်ဆုံးလူကိုသိလား”
“အဲပစ္စည်းကိုစိတ်ဝင်စားလို့လား” ဂျွန်လန်သည် သူမအား နားမလည် သလိုကြည့်လိုက်သည်။
ရှီမာယူယူ ခေါင်းညိမ့်ပြီးနောက် ဂျွန်လန်ကို ကြည့်ကာ စိတ်ရင်းဖြင့် ပြောလိုက်လေသည် “ကျေးဇူးပြုပြီး ပြောပေးပါ အဲပစ္စည်းကကျွန်တော့်အတွက် အရေးကြီးလို့ပါ”
“အဲလူက ကျွန်မဦးကြီးရဲ့ မိတ်ဆွေတစ်ယောက်ပဲ” ဂျွန်လန် ပြောလိုက်သည် “ဒါပေမဲ့ အဲလူကိုတော့ ကျွန်မ မတွေ့ဖူးဘူး”
“မတွေ့ဖူးဘူးလား” ရှီမာယူယူ မထင်မှတ်ထားသဖြင့် အံ့သြသွားသည်။ သူမနှင့် ဂျွန်ထန်တို့က လေလံပွဲ တစ်ခုလုံးကို တာဝန်ယူထာတာမဟုတ်ဘူးလား။ အဲလို ဂုဏ်မြင့် တဲ့ဧည့်သည်ကို မတွေ့ဖူးဘူးလား။
ရှီမာယူယူ စဉ်စားနေသည်ကို သူမ တွေ့သောအခါ ပြောလိုက်လေသည် “အံ့ဖွယ်အမှုန့်က လေလံပွဲမှာ တင်မယ်လို့သာ ဆုံးဖြတ်လိုက်တာ ကျွန်မလည်း အဲပစ္စည်းကို မမြင်ဖူးဘူး၊ အဲပစ္စည်းကို နောက်ဆုံးစာရင်းထဲမှာ ထည့်ထားတာက ကျွန်မဦးကြီးရဲ့ ဆန္ဒဖြစ်နေ လို့ပါ၊ လေလံပွဲစခါနီးမှ ကျွန်မဦးကြီးက အဲပစ္စည်းကို ယူလာခဲ့တာ”
သူမ ဦးကြီးဆိုသူမှာ ဂျွန်ကျောင်းဖြစ်သည်။
ရှီမာယူယူ ခေတ္တမျှစဉ်းစားပြီးနောက် ခေါင်းမော့ကာ မေးလေသည် “ဂျွန်လန် ကျွန်တော့်ကို ထောက်ခံ ပေးလို့ရမလား ကျွန်တော် ပိုင်ရှင်နဲ့တွေ့ချင်တယ်”
“အဲပစ္စည်းကတကယ်ပဲ ရှင့်အတွက် အရေးကြီးလို့လား” ဂျွန်လန်သည် စိုးရိမ်စိတ်ဖြစ် နေသော ရှီမာယူယူကိုတွေ့သောအခါ တွေဝေသွားလေသည်။
“ကျွန်တော့် မိသားစုဝင်တစ်ယောက်နဲ့ ဆိုင်နေလို့ပါ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို ကျွန်မကြိုးစားကြည့်ပါမယ်၊ ဒါပေမဲ့ အောင်မြင်မလားဆိုတာတော့ အာမ မခံနိုင်ဘူး” ဂျွန်လန် ပြောလိုက်သည်။ “အဲလူရဲ့ အခြေအနေမကောင်းဘူးလို့ ဦးကြီးပြောတာ ကြားဖူးတယ် အဲဒါကြောင့် ရှင့်ကို မတွေ့ချင်တာလည်းဖြစ်နိုင်တယ်နော်၊ ဒါပေမဲ့ ကျွန်မ အကောင်းဆုံးကြိုးစားပေးပါမယ်”
ရှီမာယူယူ ဂျွန်လန်အား အရိုအသေပေးကာ ပြောလိုက်သည် “ကျွန်တော် ကျေးဇူး အကြွေးတင်သွားပါပြီ ခင်ဗျားလိုတာရှိရင်လည်း အကူအညီပေးပါမယ်”
“ဘာလို့အဲလိုတွေပြောနေတာလဲ” ဂျွန်လန်သည် ရှီမာယူယူအား ကြည့်လိုက်သည် “ကျွန်မတို့ အသက် ကို ကယ်တာကိုပဲ ကျေးဇူးတင်နေပြီ၊ ဒီမှာခဏစောင့်ပေးပါ ကျွန်မ ဦးကြီးနဲ့ သွားစကားပြောလိုက်ဦးမယ်”
“ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်” ရှီမာယူယူ ပြောလိုက်သည်။
ဂျွန်လန် ခန်းမမှ ထွက်သွားရာ ရှီမာယူယူသည် စိုးရိမ်စွာဖြင့် စောင့်ကျန်နေခဲ့လေသည်။
လူများစုသည် တခြားသူများ၏ ပစ်မှတ်ဖြစ်ခြင်းမှ ရှောင်ရန် လေလံပွဲပြီးသည်နှင့် ချက်ချင်းထွက်သွား ကြသည်ကို သူမ သိသည်။ ထို့ကြောင့် အံ့ဖွယ်အမှုန့်ပိုင်ရှင်လည်း ချက်ချင်းထွက်မသွားဘူးဟု သူမ မမျှော်လင့်ရဲ ပေ။ ပိုင်ရှင်သာ ထွက်သွားပါက သူ့ကို ရှာရန် သူမအဖို့ ခက်ခဲသွားမည်။
နေ့တစ်ဝက်စောင့်ပြီးနောက်တွင် ဂျွန်လန်ပြန်လာလေသည်။ သူမသည် ရှီမာယူယူကို ကြည့်ပြီး ပြော လေသည် “ပိုင်ရှင်က ရှင့်ကိုတွေ့ဖို့ သဘောတူလိုက်ပြီ၊ ဒါပေမဲ့ ရှင်တစ်ယောက်ပဲ တွေ့ရလိမ့်မယ် တခြားသူ တွေမပါဘူး”
ရှီမာယူယူသည် ဝူလင်းယူနှင့် တခြားသူများကို ကြည့်ပြီးပြောလိုက်သည် “ကျွန်တော်တစ်ယောက် တည်းသွားမယ် စီနီယာ၊ အစ်ကိုရှင်း၊ အရှက်မရှိတဲ့ဒိဆန်း အရင်ပြန် နှင့်ကြပါ”
ဝူလင်းယူသည် သူမအား စိုးရိမ်စွာ ကြည့်ကြလေသည်။ ပိုင်ရှင် မည်သူဖြစ်သည်ကို ဘယ်သူမှ မသိကြပေ။ သူမ တစ်ယောက်တည်းလွှတ်လိုက်ရင် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။
သို့သော် သူသည် ရှီမာယူယူ၏ အကျင့်ကိုသိပြီးသားဖြစ်သည်။ သူမ ဆုံးဖြတ်ထား သည့်အရာတစ်ခုကို ရအောင်လုပ်တတ်သည်။
“ငါတို့ ဒီမှာပဲစောင့်မယ်” မိုဒိဆန်းသည်လည်း စိုးရိမ်နေလေသည်။
“အဲလူက ရွှန်းယွမ်ဆိုင်မှာ မရှိဘူးလို့ ကျွန်မဦးကြီးကပြောတယ်၊ အဲလိုဆိုရင် ယူယူက ဒီကို ပြန်လာမှာမ မဟုတ်ဘူး ရှင်တို့အိမ်မှာပဲ စောင့်တာပိုကောင်းမယ်” ဂျွန်လန် ပြောလိုက်လေသည် “ယူယူ သွားရအောင်”
ရှီမာယူယူ သူတို့အား ခေါင်းညိတ်ပြကာ ဂျွန်လန် နောက်လိုက်ပြီး ထွက်ခဲ့လေသည်။
သူတို့ ထွက်မသွားပဲ ရွှန်းယွမ်ဆိုင်၏ အနောက်ဘက်ခြံဝန်းဆီသို့ သွားလိုက်ကြသည်။ သူတို့သည် မြို့ အပြင်သို့ထွက်ရန် ဖြတ်လမ်းတည်ဆောက်မှုကို သုံးလိုက်သည်။
သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် ရှီမာယူယူသည် လူသူကင်းမဲ့ကာ ထူးခြား ပြီးသေးငယ်သော ခြံဝန်းအတွင်း ရောက်နေလေသည်။ ခြံဝန်းမှာ တိတ်ဆိတ်ပြီး အေးစက်ကာ ငြိမ်သက်နေလေသည်။
သူမ မူးဝေမှုများပျောက်မသွားခင်တွင် ဂျွန်လန်သည်လည်း ခြံဝန်း တစ်နေရာတည်းတွင် ပေါ်လာသည်။
“ဒီလူက သမီးရဲ့ အသက်ကိုကယ်ခဲ့တဲ့လူလား” ဂျွန်ကျောင်းသည် ရှီမာယူယူအား အကဲခတ်ရင်း မေး လေသည်။
“ဟုတ်ပါတယ် ဦးကြီး” ဂျွန်လန် ခေါင်းညိမ့်လေသည်။
“အိမ်တော်သခင်ဂျွန်ကို နှုတ်ဆက်ပါတယ်” ရှီမာယူယူသည် ဂျွန်ကျောင်းအား အရိုအသေပေးလေ သည်။
“ငါ သူမနဲ့ စကားပြောပြီးပါပြီ သူမက အချိန်နည်းနည်းပေးလိမ့်မယ်” ဂျွန်ကျောင်း ပြောလေသည် “ငါနဲ့ လိုက်ခဲ့”
ပြောပြီးနောက်တွင် သူလှည့်ထွက်သွားရာ ရှီမာယူယူ အမှီလိုက်ရလေသည်။ သူမ သူတို့ကို စောင့်နေကြောင်း ဂျွန်ကျောင်း ပြောလေသည်။
ထိုခြံဝန်းအတွင်းသို့ ခွင့်ပြုချက်မရှိပဲ ဘယ်သူမှ ဝင်ခွင့်မရှိပေ။ ဂျွန်ကျောင်းသည် ထိုစည်းမျဉ်းအား သတိ ပေးလေသည်။
ရှီမာယူယူသည် ဂျွန်ကျောင်းနောက်လိုက်လေသည်။ သူစိတ်လေးနေသကဲ့သို့ သူ့ ခန္ဓာကိုယ်တွင် အားကောင်းသော ရောင်ဝါ စီးဆင်းနေသည်ကို သူမ သတိထားမိသည်။
ထိုလူ၏ သရုပ်မှန်ကိုလည်း ရှီမာယူယူ သိချင်မိသည်။ ဂျွန်ကျောင်းက အဲလူကို အောက်ကျို့နေတယ် လို့ ဘာလို့ ခံစားမိနေတာလဲ။
သို့သော် ဂျွန်လန်၏ အပြုအမူကိုကြည့်ရသည်မှာ ထိုလူသည် ရွှန်းယွမ်ဆိုင်မှ လူဟုတ်သည့်ပုံမပေါ်ပေ။
“လူတစ်ယောက်က ငါ့ကိုတွေ့ချင်တယ်လို့ ဦးလေးကျောင်းပြောတယ် အဲဒါမင်းလား အဟွတ်အဟွတ်”
ရှီမာယူယူ ခြံဝန်းအတွင်း ဝင်သွားသည်နှင့် ချိုသာသော အသံကို ကြားလိုက်ရေ လေသည်။ သို့သော် ထို လူသည် စကားဆုံးအောင် မပြောရသေးခင်မှာပင် ချောင်းဆိုးလေသည်။
နေမကောင်းနေတာလား။
ရှီမာယူယူသည် နေမကောင်းသည့်လူကို မမြင်ရသည်မှာ ဘယ်လောက်ကြာပြီလဲဆို သည်ကိုပင် မေ့နေ လေပြီ။ ကျင့်ကြံသူများသည် နေမကောင်းမဖြစ်ကြပေ။ ဒဏ်ရာသာရကြ သည်။
သူမသည် ခြံဝန်းအတွင်းရှိ ပန်းများကို ဖြတ်လျှောက်သွားရာ အဆောင်ထဲတွင် ထိုင်ခုံဖြင့် ထိုင်နေသော အမျိုးသမီးကြီးတစ်ဦးကို တွေ့လေသည်။ ထိုင်နေသူမှာ အလွန်လှေ သော အမျိုးသမီးပင်။ ထိုအမျိုးသမီး၏ မျက်နှာသည် သဘာဝမကျသော နီရဲခြင်း ဖြစ်နေလေသည်။ အစောက သူမ ချောင်းဆိုးလိုက်ခြင်းမှ သွေးများ သည် မျက်နှာကို စင်သွားကာ နီရဲသွားစေသည်နှင့် တူသည်။
ခဏကြာချောင်းဆိုးပြီးနောက်တွင် အမျိုးသမီးသည် ခေါင်းမော့လာသည်။ သူမသည် ရှီမာယူယူ သူမအား ကြည့်နေသည့်အကြည့်ကို မြင်သည်နှင့်သိချင်သွားသည်။ ထို့နောက်တွင် သူမ ညင်သာစွာ ပြုံးပြီး နောက် “မင်းလို မိန်းကလေးက ဘာလို့ငါ့ကိုလာရှာတာလဲ”
ရှီမာယူယူ အံ့သြသွားလေသည်။ သူမအားကြည့်သော သူမအကြည့်များသည် သတိအပြည့်ရှိနေသည်။
သူမသည် သေချာပေါက် လက်စွပ်ကိုဝတ်ထားရဲ့သားနဲ့ ကြည့်လိုက်တာနဲ့ သူမက မိန်းကလေးဖြစ်တာ ကို သူမ ဘယ်လိုသိတာလဲ။
ထိုအမျိုးသမီးသည် ရှီမာယူယူ၏ လက်စွပ်အကြောင်းကို ဘာမှမပြောပေ။ သူမသည် ဖော်ရွေစွာ ပြောလေသည် “မကြောက်ပါနဲ့ ဒုက္ခမပေးပါဘူး ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ကိုတွေ့ဖို့လာတာမလား၊ အံ့ဖွယ်အမှုန့် အတွက်လာတာလား”
ရှီမာယူယူ ထိုအမျိုသမီးအား ကြည့်လိုက်ရာ သူမ ခန္ဓာကိုယ်မှ ရောင်ဝါသည် သာမန်မဟုတ်သည်ကို ခံစားမိလိုက်သည်။ အနည်းဆုံးတော့ သူမသည် အရင်ဘဝကတည်းကပင် သူမကဲ့သို့ လူမျိုးကို မတွေ့ဖူးခဲ့ပေ။
“အဒေါ် နေမကောင်းနေတာပဲ” သူမ မတုန့်ပြန်ပဲ ထိုစကားသာ ပြောလိုက်သည်။
အမျိုးသမီးကြီးသည် အဖြူရောင်အဝတ်များ ဝတ်ထားသည်။ အစောက ချောင်းဆိုးရာ မှထွက်လာသော သွေးများ ပေကျံသွားသည်နှင့်တူသည်။ ရှီမာယူယူ ပြောသောစကားကို ကြား သောအခါ သူမသည် ခေတ္တမျှ မှင်တက်သွားရာမှ ပြုံးပြီးပြောလေသည် “ဟုတ်တယ် ငါ နေမကောင်းဘူး ဆေးကုလို့တောင်မရတော့ဘူး”
“ကျင့်ကြံသူတွေက နေမကောင်းဖြစ်တတ်တယ်လို့ မကြားဖူးဘူး” ရှီမာယူယူသည် နားမလည်စွာ ပြောလိုက်သည်။
“မင်းအခုမြင်ဖူးသွားတာပေါ့” အမျိုးသမီးသည် တုန့်ပြန်လေသည် “ဒီနေ့ မင်းက အံ့ဖွယ်အမှုန့်အတွက် လာတာဆိုရင် တစ်ခုခုတော့ ပြန်ပေးရမယ် အံ့ဖွယ်ဘန်းဟန်ကလွဲပြီး ငါဘာမှမလိုချင်ဘူး”
“အံ့ဖွယ်ဘန်းဟန်က အဒေါ် နေမကောင်းတာကို ကုဖို့အတွက်လိုချင်တာမလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ်”
“ဒါပေမဲ့ အံ့ဖွယ်ဘန်းဟန်က ရှေးဟောင်းစာအုပ်တွေမှာပဲ မှတ်တမ်းတင်ထားပြီး ဘယ်သူမှ မမြင်ဖူးဘူး ဆိုတာသိလား၊ အဲပစ္စည်းက မရှိဘူး”
ထိုအမျိုးသမီး၏ မျက်လုံးထဲတွင် စိတ်ပျက်ခြင်းများ ဖြစ်ပေါ်သွားလေသည်။ ထိုအဖြစ်မှာ လျင်မြန် သော်လည်း ရှီမာယူယူ သတိထားမိလိုက်သည်။