အပိုင်း (၅၂၇) – လဲလှယ်ခြင်းညှိနှိုင်းချက်များ
Vol. 006 Ch. 527
“အဟွတ် အဟွတ် အဟွတ်…” ထိုမျိုးသမီးသည် အားထုတ်ပြီးနောက်တွင် ထပ်မံချောင်းဆိုး လေသည်။ ထို့အပြင် သူမသည် ထိုင်နေရင်းနှင့်ပင် ဆိုးရွားစွာ ချောင်းဆိုးလေသည်။ ရှီမာယူယူ ပြောလိုက်သည့်စကား ကြောင့် ပိုဆိုးသွားသလားတော့ ဘယ်သူမှမသိနိုင်ပေ။
သူမ၏ ထိုပုံစံကို မြင်သောအခါ ရှီမာယူယူသည် အရှေ့တိုးကာ ခံစားရ သက်သာလိုငြား သူမ ကျောကို ပုတ်ပေးလေသည်။
အတန်ကြာသောအခါ ထိုအမျိုးသမီးသည် ပြန်ကောင်းလာကာ ချောင်းဆိုးခြင်းရပ်သွား လေသည်။
“အဒေါ် အဆင်ပြေရဲ့လား” ထိုလှပသော အမျိုးသမီး ဆိုးရွားစွာ ချောင်းဆိုးနေသည်ကို ကြည့်ရသည်မှာ ရှီမာယူယူ စိတ်မကောင်းပေ။ သူမသည် သွေးပင်အန်လိုက်သည်။ ခဏအကြာ တွင် သူမသည် ဝိညာဉ် အသီးများ ဖြင့် ပြုလုပ်ထားသော ဖျော်ရည်တစ်ခွက်ထုတ်ကာ ထိုအမျိုးသမီးအား ကမ်းပေးလိုက်ပြီး “ဒါသောက်လိုက်ပါ”
ထိုအမျိုးသမီးသည် ခေါင်းမော့လာကာ ရှီမာယူယူအား ကြည့်လေသည်။ သူမမျက်လုံးမှ စိုးရိမ်မှုများကို မြင်သောအခါ သူမပြုံးပြီး သစ်သီးဖျော်ရည်အား ယူလိုက်သည်။ သူမသည် ဖြေးညင်းစွာ သောက်လိုက်လေ သည်။ သူမ တည်ငြိမ်အောင် တိုက်သည်ဟု ထင်ထားသော်လည်း သောက်ပြီးနောက်တွင် သူမ လည်ချောင်းမှာ ချောမွေ့သွားခဲ့သည်။ သူမသည် နောက်ထပ် ချောင်းမဆိုးတော့မည့် အတိုင်းပင်။
ထိုနှစ်ပေါင်းများစွာအတွင်းတွင် သက်တောင့်သက်သာအဖြစ်ဆုံး အချိန်ဖြစ်သည်။
“ဒါက လည်ချောင်းကို ချောမွေ့စေတယ် နည်းနည်းထပ်သောက်လိုက်ပါလား” သူမ သည် အနည်းငယ် သောက်ပြီးနောက် ရပ်သွားသည်ကို တွေ့ပြီးနောက် ရှီမာယူယူ ပြောလိုက်သည်။
ထိုအမျိုးသမီးသည် နောက်တစ်ကျိုက်သောက်ပြီးနောက် လှည့်ပြီးမေးလေသည် “ဒါဘာလဲ”
“ဝိညာဉ်အသီးဖျော်ရည်ပါ လည်ပင်းကို စိုစွတ်စေတဲ့အကျိုးရှိတယ် အထဲမှာလည်း ဆေးနည်းနည်းထည့် ပြီးလုပ်ထားတာပါ” ရှီမာယူယူ ရှင်းပြလေသည်။
သူမသည် ဝိညာဉ်လေးကို ထိုဖျော်ရည်လုပ်ခိုင်းလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် လတ်ဆတ်ကာ အရသာရှိခြင်းဖြစ်သည်။
“အဲဆေးတွေထက်တော့ အကျိုးရှိသားပဲ” ထိုအမျိုးသမီးသည် ပြုံးပြီးပြောလိုက်သည်။
သူမ အပြုံးကို ရှီမာယူူယူမြင်သောအခါ ထိုအမျိုးသမီးသည် သူမ ပတ်ဝန်းကျင်မှ လူများကို သက်တောင့် သက်သာဖြစ်အောင် လုပ်နိုင်သည့် အစွမ်းရှိသည်ဟု ခံစားမိလေသည်။ သူမကိုကြည့်လိုက်သည်နှင့် စိတ်ကို တည်ငြိမ်စေသည်။ သူမ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည်မှာတော့ နှမြောစရာကောင်းသည်။
“ဘယ်လိုဖြစ်ပြီး နေမကောင်းဖြစ်တာလဲ ကျင့်ကြံသူက နေမကောင်းဖြစ်တာက အရမ်းထူးဆန်းနေပြီ ကျွန်တော်ကြည့်လို့ရမလား”
“မင်းက သမားတော်လား” ထိုအမျိုးသမီးသည် သံသယဝင်သွားသော်လည်း ချက်ချင်း ပင် လျစ်လျူရှု ကာ ပြောလေသည် “မင်းက သမားတော်ထင်တယ် ဒါပေမဲ့ မင်းက ငယ်လွန်း တယ် ငါ့ခန္ဓာကိုယ်ကို သမားတော် အယောက် ၈၀၀လောက် စမ်းပြီးပြီ ဒါပေမဲ့ ဒီလိုပဲဖြစ်သွား တာပဲ”
“သမားတော်အဲလောက်အများကြီး စမ်းပြီးမှာတော့ တစ်ယောက်လောက် ပိုစမ်းတာကို ဗွေမယူဘူး မလား” ရှီမာယူယူ ပြောလိုက်သည်။
ထိုအမျိုးသမီးသည် ရှီမာယူယူအား စောင့်ကြည့်ကာ ပြန်ပြီးလှဲလိုက်သည် “ဟုတ်တယ် ဒါဆို မင်းကို ဒုက္ခပေးရတော့မှာပဲ”
ရှီမာယူယူသည် ခုံယူကာ အမျိုးသမီး၏ ဘေးတွင် ထိုင်လိုက်လေသည်။ သူမသည် အမျိုးသမီး၏ ခန္ဓာကိုယ်အား စစ်ဆေးလေသည်။
“ဖန်ရူယန်” ထိုအမျိုးသမီးသည် ရှီမာယူယူ လေးနက်စွာကြည့်နေသည်ကို မြင်သောအခါ ပြောလိုက် သည်။
ရှီမာယူယူ မှင်တက်သွားသော်လည်း သူမ နာမည်ကို ပြောခြင်းဖြစ်ကြောင်း ရုတ်တရက် သဘောပေါက် လိုက်သည်။ ထိုမျှလှပသော အမျိုးသမီးတွင် သူမကဲ့သို့ လှပသော နာမည်ရှိလိမ့်မည်ဟု ဘယ်သူထင်မိမှာလဲ။
“ရှီမာယူယူပါ” သူမ ပြန်ဖြေလိုက်သည်။
“ရှီမာမျိုးနွယ်ကလား”
“ကျွန်တော်က ယိလင်းတိုင်းပြည်ကလာတာပါ” ရှီမာယူယူ ပြန်ဖြေသည်။ ဖန်ရူယန်ပြော သော ရှီမာမျိုးနွယ်မှာ အနိမ့်ပိုင်းတိုင်းပြည်က မျိုးနွယ်ကို ပြောခြင်းမဟုတ်သည်ကို သူမ သိသည်။
ဖန်ရူယန် တခြားဘာမှမပြောပဲ ခေါင်းညိတ်လေသည်။
ခဏအကြာတွင် ရှီမာယူယူ သူမအား လွှတ်လိုက်သည်။ သူမသည် ဖန်ရူယန်အား ကြည့်ရာတွင် နားမလည်သလိုပုံမျိုးဖြင့် မျက်လုံးများတွန့်လိုက်သည်။
“ငါ့ခန္ဓာကိုယ်က မင်းကို လန့်သွားစေလား” ဖန်ရူယန်သည် ရှီမာယူယူ၏ အမူအရာကို မြင်သောအခါ မအံ့သြတော့ပေ။ ရှီမာယူယူ၏ အမူအရာသည် သူမ မျှော်လင့်ထား သည့်အတိုင်းပင်။
“အဒေါ်က နေမကောင်းတာမဟုတ်ဘူးပဲ” ရှီမာယူယူ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ဖန်ရူယန် ပြုံးလိုက်သည်။ သူမသည် ထိုသံသယအား မငြင်းပေ။
“ဒါပေမဲ့ အဒေါ့်ရဲ့ ခန္ဓာကိုယ်က ထူးဆန်းတယ်၊ အဒေါ့်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တွေက အလုပ်မလုပ်တော့ဘူး” ရှီမာယူယူ ဆက်ပြောလေသည်။
“င့ါအတွင်းပိုင်း ကလီစာတွေ တတ်နိုင်သမျှ အလုပ်လုပ်တာနည်းအောင် လုပ်သင့်တယ်လို့ သမားတော် တစ်ယောက်ကပြောတယ်၊ အဲဒါကပဲ ငါ့အသက်ကို ဆွဲဆန့် လို့ရမှာ” ဖန်ရူယန်သည် မငြင်းဆန်ပေ။
သူမ ကိုယ်တွင်းကလီစာများသည် အလုပ်လုပ်သေးသည်။ အလွန်နှေးကွေး ခြင်းသာဖြစ်သည်။ နှေးခြင်း မှာလည်း အလုပ်မလုပ်သည့်အတိုင်းပင်။
ရှီမာယူယူ ထိတ်လန့်သွားသည်။ သူမသည် သူမခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်လောက် အောင် အားကောင်း ရမည်။
“အဒေါ် ဒဏ်ရာရတုန်းက တော်တော်ထိသွားတာပဲ တစ်ခုခုက အဒေါ့်ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက် တာ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အဒေါ့်ရဲ့ ကိုယ်တွင်းကလီစာတွေကို အပိတ်ခံထားရတာပဲ ကျွန်တော် ဘာမှမမြင်ရဘူး”
အခုမှပင် ဖန်ရူယန်သည် ရှီမာယူယူအား လေးနက်စွာကြည့်လေသည်။ သူမ ဆေးပညာက အားကောင်း လိမ့်မည်ဟု ဘယ်သူထင်မိမှာလဲ။ သူမ ခန္ဓကိုယ်ဘာကြောင့် နေမကောင်းဖြစ်သည်ကို မပြောသော်လည်း ရှီမာယူယူ ပြောနိုင်သည်။
“ဘယ်သမားတော်အတုက အဒေါ့်ရဲ့ ကိုယ်တွင်းကလီစာတွေကို ချိပ်ပိတ်သွားတာ လဲတော့ ကျွန်တော် မသိဘူး ဒါပေမဲ့ ဒီလိုသာဆက်သွားရင် တစ်သက်လုံး နေမကောင်းဖြစ်သွားမှာပဲ” ရှီမာယူယူ ဒေါသဖြင့် ပြော လေသည် “အဲဒါကြောင့်ပဲ ဖယ်ချင်လို့ ဖယ်လို့မရတာ အဲဒါကို တစ်သက်လုံး ချိပ်ပိတ်လို့ရတယ် ဒါပေမဲ့ လုံးပါးပါး သွားမှာပဲ”
ဖန်ရူယန် ပြုံးလိုက်သည်။ ထိုလူသည် သူ့အား သမားတော်အတုလို့ ခေါ်လိုက်သည်ကို သိပါကာ ဘယ်လိုအမူအရာဖြစ်သွားမလဲ။
“မျှော်လင့်လို့မရတဲ့အခြေအနေပဲ တခြားနည်းလမ်းမရှိတော့ဘူး” သူမသည် ထိုလူအစား ရှင်းပြနေလေ သည်။
“ဒါပေမဲ့ အခုက ပိုပြဿနာကြီးသွားပြီလေ” ရှီမာယူယူ ပြောလိုက်သည်။
သူမ ပြောသည်ကို ကြားပြီးနောက် ဖန်ရူယန်၏ မျက်လုံးများ အရောင်တောက်သွား လေသည် “မင်းမှာ အကြံရှိလို့လား”
“အဒေါ့်ရဲ့ လက်ရှိအခြေအနေက အခုကျွန်တော့် မောင်လေးအခြေအနေနဲ့ တူတယ် ဒါပေမဲ့ အဒေါ်က ပိုဆိုးနေတယ်” ရှီမာယူယူ သက်ပြင်းချကာ ပြောလေသည် “တကယ်ကို ခေါင်းကိုက်စရာပဲ”
ဖန်ရူယန်သည် ပြုံးလိုက်လေသည်။ သူမ အမြဲပြုံးလေ့ရှိသော အပြုံးနှင့် မတူပေ။ ဒီတစ်ခေါက်တွင် သူမ စိတ်ထဲမှ လာခြင်းဖြစ်သည်။
ရှီမာယူယူ၏ အကူအညီမဲ့နေသော ပုံစံမှာ ချစ်စရာကောင်းသည်။
သူမရှေ့မှာ ဒီလိုအမူအရာမျိုး ပြရဲတဲ့လူကို မတွေ့တာ ဘယ်လောက်ကြာနေပြီလဲ။ တကယ်တော့ သူမ ရှေ့မှာ အမူအရာမ ပြသည့်လူမျိုးမတွေ့တာ ဘယ်လောက်ကြာပြီလဲ။ ကြောက်ရွံ့မှုမဟုတ်ရင် စိုးရိမ်မှု မဟုတ်လျှင် တခြားသော စိတ်ခံစားချက်တွေ… ဘယ်သူမှ မရှိခဲ့ဘူး။
“ဒါဆို မင်းမှာ နည်းလမ်းရှိလား” သူမ မေးလိုက်သည်။
“ကောင်းသွားအောင်လုပ်မယ့် နည်းလမ်းတော့မရှိဘူး ဒါပေမဲ့ အဲဒါကို ဖိနှိပ်လို့ရမယ့် နည်းတော့ရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “အနည်းဆုံးတော့ ဝေဒနာ အများကြီးမခံစား ရတော့တာပေါ့”
“ဒါကိုသုံးပြီးလား” ဖန်ရူယန်သည် သူမ လက်ထဲမှ ခွက်ကို မြှောက်လိုက်သည်။ မသိလိုက်သည်မှာ ခွက်ထဲတွင် ဘာမှမရှိတော့ပေ။
ရှီမာယူယူ ခေါင်းရမ်းလိုက်လေသည် “ဒါက လည်ပင်းကို ခဏပဲ ရှင်းသွားစေတာ အဒေါ့်ရဲ့ အခြေအနေ ကို မဖိနှိပ်နိုင်ဘူး တခြားနည်းလမ်းကို သုံးကြည့်ရမှာပဲ”
“ငါမင်းကို ဘယ်လိုယုံရမှာလဲ” ဖန်ရူယန် မေးလိုက်သည်။
ရှီမာယူယူ ဖန်ရူယန်ကို ကြည့်ပြီး ပြောလိုက်သည် “ကျွန်တော် အံ့ဖွယ်အမှုန့်လိုတယ်”
“မင်းမောင်လေးကို ကယ်ဖို့လား” ဖန်ရူယန်သည် သူမ၏ ပွင့်လင်းမှုကို ဒေါသမထွက်ပဲ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
“မင်းက ပွင့်လင်းတဲ့ မိန်းကလေးပဲ” ဖန်ရူယန် ပြောလိုက်သည် “မင်းငါ့ကို ကုပေးမယ်ဆိုရင် မင်းကို အံ့ဖွယ် အမှုန့်ပေးပါမယ်”
ရှီမာယူယူသည် ဖန်ရူယန်အား ဒုက္ခရောက်သည့် အမူအရာဖြင့် ကြည့်လိုက်သည် “အဒေါ် ကျွန်တော့်ကို အခက်တွေ့အောင်လုပ်နေတာလား၊ အစ်မကို ကုဖို့ နည်းလမ်းစဉ်းစား မရဘူးလို့ ပြောပြီးပြီလေ ပြီးတော့ အဒေါ့်ရဲ့ အခြေအနေက အရမ်းရှုပ်ထွေးနေတယ် ကျွန်တော့် မောင်လေးကို ကယ်ပြီးမှ အဒေါ့်ကို ကုပေးရင် ကျွန်တော့်မောင်လေးကို ကယ်ဖို့ပဲ တွေးနေမိလိမ့်မယ် ဘယ်လိုလုပ် အဒေါ့်ကို အေးအေးဆေးဆေး ကုနိုင် တော့မလဲ”
ဖုန်ရူယန်သည် အပျော်ပြောရုံသာဖြစ်သည်။ သူမ လက်ရှိအခြေအနေကို သူမ သိသည်။ အံ့ဖွယ် ဘန်းဟန်မှလွဲပြီး တခြားနည်းလမ်းမရှိပေ။ သူမ ခန္ဓာကိုယ်ကို တောင့်ခံရသည်မှာ ပိုပို၍ ခက်လာသည်။ သူမ ကျော်ဖြတ်နိုင်မလားဆိုသည်ကို ဘယ်သူမှ မသိနိုငပေ။
“မင်း ငါပြောတဲ့အတိုင်းလုပ်ရမယ် ငါ့ကို မကုနိုင်လည်း ငါသေသွားတဲ့အချိန်ကို မင်းကို အံ့ဖွယ်အမှုန့် ပေးခဲ့မှာပါ”
“အဒေါ်မသေပါဘူး ကျွန်တော် ကုပေးမှာပါ” ရှီမာယူယူ၏ မျက်လုံးများသည် ယုံကြည်ချက်များ ပြည့်နေ လေသည်။