အပိုင်း (၅၂၈) – ရှေးဟောင်းရွှေရောင်မြွေ
Vol. 006 Ch. 528
ဖန်ရူယန်သည် သူမ၏ တောက်ပသော မျက်လုံးများကို ကြည့်ကာ ရင်ထဲစူးသွား လေသည်။
“ဘာလို့လဲ”
ဘာလို့ သူမကို ကယ်ဖို့ စိတ်ပိုင်းဖြတ်ထားတာလဲ။ သူတို့က အခုမှ သိကျွမ်းတာလေ။
ရှီမာယူယူသည် ရှုပ်ထွေးသွားသည်။ ဟုတ်သားပဲ ဒီအမျိုးသမီးကိုကယ်ဖို့ သူမက ဘာလို့အဲလောက် စိတ်အားထက်သန်နေရတာလဲ။
သူမ ပြောသည့်အတိုင်းဆိုလျှင် သူမ ဘေးတွင်နေပေးပါက သူမ သေသွား ပြီးနောက်တွင် အံ့ဖွယ်အမှုန့် ကို ရမည်ဖြစ်သည်။ သို့သော် သူမကို ဘာကြောင့် အသေမခံနိုင်တာလဲ။
ယောက်ျားလေးလို ဝတ်တာကြာလို့ မိန်းကလေးတွေကို ပြောင်းကြိုက်သွားတာလား။
အဲဒါမဖြစ်နိုင်ဘူး။
သူမ အသက်ရှုသွင်းလိုက်ကာ ထိုအတွေးများကို လျင်မြန်စွာပင် ငြင်းဆန်လိုက်သည်။
ဖန်ရူယန်သည် ရှီမာယူယူ၏ အမူအရာကိုကြည့်ကာ သူမ ပြုံးလိုက်သည်။
“မင်းငါ့ ရောဂါကို ဖိနှိပ်နိုင်မယ်ဆိုရင် အံ့ဖွယ်အမှုန့်ကိုပေးလိုက်မယ်” သူမရှေ့တွင် မိန်းကလေးကို ကြိုက်တာ ဖုံးကွယ်ထားတာလား။
“ကောင်းပါပြီ” ရှီမာယူယူ ခေါင်းညိမ့်သည်။
သူမ လက်ခံနိုင်သည်။ သူမသည် ဖန်ရူယန်၏ ရောဂါကို စစ်ဆေးပြီး ယုံကြည်ချက်ရှိသည်။
ဖန်ရူယန်သည် မျက်လုံးမှိတ်လိုက်ကာ “ငါပင်ပန်းနေပြီ”
“ဒါဆိုလည်း နားလိုက်ပါ ကျွန်တော် ပြင်ဆင်စရာတွေရှိသေးတယ် နောက် ၂ရက်ကြာရင် အစ်မကို ကုပေးမယ်” ရှီမာယူယူ ကတိပေးလိုက်သည်။
“ကောင်းပြီ…”
ဖန်ရူယန် ပင်ပန်းနေပုံကို ရှီမာယူယူတွေ့သောအခါ သူမ အိပ်ပျော်တော့မည်ကို ကြည့်နေလေသည်။ သူမ သက်ပြင်းချပြီး သစ်သီးဖျော်ရည်တစ်ခွက်ထုတ်ကာ ဆေးနှင့်ရောပြီး ဘေးတွင် ညင်သာစွာ ထားခဲ့ပြီး ထွက် ခဲ့လေသည်။
သူမ ထွက်သွားသည်နှင့် ဖန်ရူယန်သည် မျက်လုံးဖွင့်ကာ ဖျော်ရည်ခွက်ကို စစ်ဆေးလိုက်သည်။ သူမ ဟန်လုပ်ပြီး ပြုံးလိုက်သည်။ သူမသည် အခုထိကို ချောင်းမဆိုး တော့ပေ။
ချောင်းဆိုးပြီး ကြာမှပင် သူမ ချောင်းဆိုးတော့မည်ဟု ခံစားရသည်။ ရှီမာယူယူ ထားခဲ့သော ဖျော်ရည် အားတွေးမိပြီး ချောင်းဆိုးရင်း တစ်ကျိုက်သောက်လိုက်လေသည်။
အစေခံမိန်းကလေးများသည် ရုတ်တရက် ဖန်ရူယန်ဘေးတွင် ပေါ်လာသည်။
“သခင်မ မြန်မြန်ပြန်သင့်ပြီ” ခေါင်းဆောင်မိန်းကလေးသည် ဖျောင်းဖြလေသည်။
“ဘာအတွက်လဲ” ဖန်ရူယန်၏ လည်ခေါင်းမှာ ကောင်းသွားပြီး ချောင်းမဆိုးတော့ပေ။ သူမ လှဲချလိုက် သည်။ “ငါပြန်သွားရင်တောင် ဘာမှပြောင်းမသွားဘူး၊ အပြင်မှာနေတာ ပိုမကောင်းဘူးလား ပိုပြီး သက်တောင့် သက်သာဖြစ်တယ် ငါ ရုတ်တရက်သေသွားနိုင်တယ် ဒီအချိန်ကို တန်ဖိုးထားပြီး ကမ္ဘာကြီးကို စူးစမ်းချင်တယ်”
ထိုမိန်းကလေးများသည် ဒူးထောက်ကာ ပြိုင်တူပြောလေသည် “သခင်မက ဘေးကင်းမှာပါ”
“သေခြင်း ရှင်ခြင်းက ကံတရားပဲ” ဖန်ရူယန် ရေရွတ်လိုက်သည် “မင်းတို့အားလုံး ထကြတော့”
“သခင်မ ရှီမာယူယူမှာ တကယ်ပဲ အဖြေရှိမှာလား” ခေါင်းဆောင်မိန်းကလေးသည် မေးမြန်းလေသည်။
“ဖန်ဂျီအာ သူမ အသက်ဘယ်လောက်ရှိပြီလဲလို့ ထင်လဲ” ဖန်ရူယန်မေးလိုက်သည်။
“အသက် ၂၀လောက်ပဲရှိဦးမယ်” ဖန်ဂျီအာ ပြန်ဖြေလေသည်။
“အသက် ၂၀လောက်ပဲရှိတဲ့ လူတစ်ယောက်က သူမလို ကျွမ်းကျင်ပါ့မလား သူမက အရည်အချင်းရှိ တယ်” သူမကို သမားတော် အတုဟု ပြောလိုက်သည်ကို တွေးပြီး ဖန်ရူယန် ရယ်လိုက်သည်။
“အသက် ၂၀လောက်ရှိတဲ့ မိန်းကလေးက သူ့ကို သမားတော်အတုလို့ ပြောတာကို သခင်ကြီးဂျင်သာ သိရင်တော့ ဘယ်လိုအမူအရာဖြစ်သွားမလဲ” ဖန်ဂျီအာသည် ဖန်ရူယန် ရယ်လိုက်သည်ကို နားလည်ကာ သူမ လည်းလိုက်ရယ်လေသည်။
“ဟုတ်တယ် ဂျင်သာသိရင် ဒေါသထွက်မှာပဲ” ဖန်ရူယန် ပြောလေသည်။
“သူမကို သခင်မကို ကုစေချင်လား”
ဖန်ရူယန်သည် ခွက်အား ဘေးတွင်ပြန်ထားကာ မျက်စိမှိတ်ပြီး ပြန်ဖြေလေသည် “သူမကို သွားစုံစမ်း လိုက်”
ဖန်ဂျီအာသည် တခြားမိန်းကလေးတွေကို အရိပ်အကဲပြရာ အားလုံးသည် ချက်ချင်းပင် တိတ်ဆိတ်စွာ ထွက်သွားလေသည်။
ရှီမာယူယူ ပြန်လာပြီး ဖန်ရူယန်၏ အခြေအနေကို ရှင်းပြကာ သူမ ဘယ်သူဖြစ်သည်ကို သိလိုသိငြား ပြောလေသည်။ သို့သော် မိုဒိဆန်းနှင့် ဝူလင်းယူတို့သည် ထိုလူကို မကြားဖူး ကြပေ။
သူတို့မသိသည်ကို ရှီမာယူယူ မြင်သောအခါ ထပ်မမေးတော့ပေ။ လက်ရှိတွင် အရေးကြီးဆုံးကိစ္စမှာ သူမ ရောဂါကိုဖိနှိပ်ရန်နှင့် အံ့ဖွယ်အမှုန့်ကို လဲလှယ်ရန်ဖြစ်သည်။ ရှီမန်ဖန်၏ အခြေအနေတည်ငြိမ်သွားလျှင် အသက်ရှည်နိုင်မည်။
သူမသည် ရှီမန်ဖန်ကို သွားရှာကာ ကုန်ရှန်ယိ၏ အခြေအနေကို မေးမြန်းလေသည်။ ကုန်ရှန်ယိသာ ဝိညာဉ်စေတီအကြောင်း သိလျှင်လည်း ဖော်ထုတ်မည်မဟုတ်ဟု ရှီမန်ဖန်က သေချာစွာပြောလေသည်။
ညတွင် မိုဒိဆန်းသည် ကုန်တောင်ကြားသို့ သွားရန်ပြင်ဆင်မည်ဖြစ်ကြောင်း သူမကို ပြောလေသည်။ သူ ကျောက်ရိုင်းပြန်ရလာမည်ကို တွေးမိသောအခါ သူမ မျက်ခုံးများ တွန့်လိုက်သည်။ သူမ ထပ်ပြောလေသည် “မင်းကို စိတ်လှုပ်ရှားစေမယ့်နေရာတစ်ခုကို ငါသိတယ်”
“ဘယ်နေရာလဲ” မိုဒိဆန်းမေးလိုက်သည်။
ရှီမာယူယူ တံခါးပိတ်ကာ မန္တန်ရွတ်လိုက်ပြီး သူ့ကို ဝိညာဉ်စေတီ အတွင်းခေါ်သွားလေသည်။
မိုဒိဆန်းသည် ဒီလို အံ့ဖွယ်ရှေးဟောင်းပစ္စည်းမျိုးကို ကြားဖူးကာ အံ့အားသင့်နေေ လေသည်။ မကြာခင် တွင် သူသတိပြန်ဝင်လာလေသည်။ သူ ပျော်သွားကာ ထိုသတ္တုရိုင်း အားကောင်းမည်ကိုလည်း မကြောက်မိပေ။
ရှီမာယူယူ ပြောလိုက်သည် “မင်းဒီမှာနေပြီ ကျောက်ကို လေ့လာထားလိုက်ပေါ့၊ ငါသူတို့ကို ခေါ်ခဲ့ မယ်”
မကြာခင်တွင် သူမသည် ကုန်ရှန်ယိအပါအဝင် အားလုံးကိုခေါ်ခဲ့လေသည်။
မိုဒိဆန်းသည် သတ္တုရိုင်းထုခွဲတော့မည့်အချိန်တွင် မကျေမနပ်ဖြစ်နေသော ဝူလင်းယူမှ လွဲ၍ အားလုံး စိတ်လှုပ်ရှားကြလေသည်။
သူကလွဲပြီးအားလုံးသိကြသည်။ သူမအတွက် သူအရေးပါပုံသည် သိပ်မမြင့်မားပေ။
မိုဒိဆန်းသည် တစ်နေ့လုံးပြင်ဆင်လေသည်။ သူ အဆင်သင့်ဖြစ်ပြီဟု ကြေညာလိုက် သည်နှင့် အားလုံးလာကြည့်ကြလေသည်။ သူတူရွင်းသုံးကာ အလုပ်လုပ်နေသည်ကို စောင့်ကြည့်လေသည်။
သတ္တုရိုင်းသည် အလွန်ရှုပ်ထွေးသောကြောင့် မိုဒိဆန်းသည် အထဲရှိ အခြေအနေများကို ထိန်းချုပ်ရ မည်ဖြစ်ရာ အလုံခြုံဆုံး ခွဲရမည့်နည်းလမ်းကို သုံးကာ တစ်လွှာချင်းစီ ဖယ်ရှားလေသည်။
အထဲကိုမြင်စပြုလာသောအခါ အားလုံး စိတ်လှုပ်ရှားကြသည်။ လူအရပ် တစ်ဝက်စာလောက်ရှိသော ကျောက်သည် သုံးမီတာလောက်ပေါ်လာလေသည်။
ထွက်လာပြီ။
မိုဒိဆန်း နောက်ထပ် အလွှာတစ်ခုကို ဖယ်လိုက်ရာ အစိမ်းရောင်ဖျော့အလင်းတန်းကို တွေ့ရလေ သည်။ ဝိညာဉ်ကျောက်ထွက်လာပြီဆိုသည်ကို အားလုံးသိလိုက်ကြသည်။
မိုဒိဆန်း ဆက်လုပ်နေစဉ်တါင် အားလုံးသည် အသက်အောင့်ကာ ကြည့်နေကြေ လေသည်။
ကျောက်၏ အပြင်ပိုင်း ကွာသွားသောအခါ ဝိညာဉ်ကျောက်ပုံစံကို တွေ့ရလေသည်။
ဝိညာဉ်ကျောက်၏ တတိယအလွှာမှာ တစ်မီတာအရှည်ရှိ၍ ရွှေရောင် မြွေငယ်နှင့်တူသည်။ မြွေငယ် မျက်လုံးပိတ်အိပ်နေလေသည်။
မထင်မှတ်ပဲနှင့် ဝိညာဉ်ကျောက်၏ အရောင်တောက်လာကာ အထဲရှိဝိညာဉ်စွမ်းအင်သည် ပျောက်သွား လေသည်။ ဝိညာဉ်ကျောက်သည် ကွဲသွားလေသည်။ အထဲတွင် ရွှေရောင်မြွေငယ် သည် ရုတ်တရက် မျက်လုံးပွင့် လာကာ အေးစက်သောအကြည့်ဖြင့်ကြည့်လေသည်။
သို့သော် ထိုအကြည့်သည် ခဏတာမျှသာဖြစ်ကာ မြွေလေးသည် ရှုပ်ထွေးစွာ ကြည့်လေသည်။
“မြွေလေးလား ဒါက ရှေးဟောင်းရွှေရောင်မြွေလား” ဖက်တီးကျူသည် အံ့သြစွာ မှတ်ချက်ပေးလေ သည်။
သူ့စကားလုံးများသည် မြွေလေးကို လန့်သွားစေသည်။ သူသည် ကွဲနေသော ဝိညာဉ်ကျောက်မှ လျောဆင်းကာ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သည်။
“ရွှီး…”
မြွေလေးသည် အားလုံးကို သဘောမကျသည့်ပုံဖြင့် လေမှုတ်လိုက်လေသည်။ သူ့မျက်လုံးများသည် အေးစက်ကာ အကြည့်များသည် မောက်မာသော ပုံစံဖြစ်နေလေသည်။
မြွေလေးသည် ပတ်ဝန်းကျင်အား ကြည့်ရာ အနီးဆုံးရှိ မိုဒိဆန်းဆီသို့ အကြည့် ရောက်သွားလေသည်။
“သတိထား” ရှီမာယူယူသည် မိုဒိဆန်းအား အော်လိုက်လေသည်။ သူမသည် မြွေလေး၏ အာရုံတခြား ရောက်သွားစေရန် ဝိညာဉ်လေးကို လုပ်ခိုင်းရန်ဟန်ပြင်သော်လည်း မြွေလေးသည် ပျောက်ကွယ်သွားလေသည်။
တည်ဆိတ်ကျန်နေခဲ့လေသည်။
ဝူလင်းယူနှင့် ရှင်းမိုတို့သည်မျက်မှောင်ကြုတ်လိုက်ကြသည်။ မြွေလေး ဘယ်နေရာကို ပျောက်သွားသည်ကိုတော့ သူတို့လည်းမသိကြပေ။
“ဝူး…”
အားလုံး စိုးရိမ်နေကြချိန်တွင် ငိုသံပြောင်းသွားသည်ကို ကြားလိုက်ရာ သူတို့အားလုံး ရုတ်တရက် ထုံသွားကြလေသည်။
မြွေလေးသည် ရှီမာယူယူ၏ လည်ပင်းနားတွင် ရှိနေကာ သူ့ခေါင်းသည် ရှီမာယူယူ၏ မျက်နှာကို ပွတ်နေလေသည်။ သူသည် အော်ပြီး သူ့မျက်ရည်များသည် သူမမျက်နှာပေါ်သို့ ကျနေလေသည်။
သူမ လှုပ်ရှားရန်မဖြစ်နိုင်တော့သည့်ပုံပင်။