ဘာလို့လဲ ၂
Vol. 58 Ch. 895
“ ဟုတ်ပါတယ် လီယွန်အင်ပါယာရဲ့ တပ်မှူးအနေနဲ့ အဆိုးဆုံးကြုံရတာက ခင်ဗျားလို နေအဆင့်အရှင်နဲ့တိုးတာပဲ ဒီစစ်ပွဲက အင်ပါယာအတွက်ဖြစ်တာကြောင့် တပ်မှူးအနေနဲ့ ကျုပ်အားလုံးကို စဉ်းစားခဲ့တယ် တော်ဝင်စစ်ရုံးချုပ်က မဟာဆရာသခင်တစ်ဦးစစ်ကူးမပို့ခဲ့တာ ကျုပ်အတွက် နစ်နာမှုပဲ အဲ့ဆန်းကြယ်တဲ့သူက ကျုပ်ကို တောင်းဆိုမှုတွေလုပ်ခဲ့ပေမယ့် ကျုပ်မှာရွေးခြယ်စရာမရှိခဲ့ပါဘူး “ ဘက်ကင်ဟန်က ဖေးကိုတောင်းပန်ဟန်ဖြင့်ဆိုသည်။
“ ကျုပ်ကိုကျုပ် စတေးပြီး အင်ပါယာအတွက် လုပ်သင့်ပါတယ်လေ အဲ့တာကအကောင်းဆုံး ရွေးခြယ်မှုပဲ ကျုပ်လောင်းကြေးမှန်တာပဲ အဲ့အစွမ်းထက်ပုဂ္ဂိုလ်သွင်းခဲ့တဲ့ အရိုးစုကြောင့်သာမဟုတ်ရင် အချိန်ကြာကြာခင်ဗျားကိုတားနိုင်မှာမဟုတ်ဘူး သင်္ဘောတပ်စုတစ်ဝက်လောက်လဲ လွတ်သွားမှာမဟုတ်ဘူး ကျုပ်သာဒီလိုမလုပ်ခဲ့ရင် တစ်တပ်လုံးကုန်ခဲ့မှာ “
ဖေးအသံတိတ်သွား၏။ ဘက်ကင်ဟန်က လေးစားဖွယ်ရာပြိုင်ဘက် စစ်မှန်သောနိုဘယ် အရည်အချင်းပြည့်ဝသော တပ်မှူးဖြစ်သည်။
တစ်ချိန်ထဲမှာပင် သတိလည်းဝင်သွား၏။ သူနှင့် ချမ်းဘောဒ့်သားများသည် နိုင်ပွဲဆက်မှုကြောင့်ဝင့်ကြွားနေကြပြီး အင်ပါယာတိုင်းတွင် သူရဲကောင်းများရှိသည်ကို မေ့လျော့နေကြသည်။
ဇင်းနစ်အင်ပါယာအကျူးကျော်ခံရသည်နှင့် များစွာသောသူရဲကောင်းများထွက်ပေါ်လာပြီး နှလုံးရည် လက်ရုံးရည်များထုတ်ဖော်ပြခဲ့ကြသည်။ လီယွန်အင်ပါယာက ဇင်းနစ်အင်ပါယာထက်ပိုကျယ်ပြောပြီး လူဦးရေထူထပ်ရာ ထိုကဲ့သို့သော သူရဲကောင်းမျိုးရှားပါးမည်မဟုတ်ပေ။
ဇင်းနစ်သားများအဖို့ ဤစစ်ပွဲက ဆိုးညစ်သောကျူးကျော်သူများကိုတွန်းလှန်စစ်ဖြစ်သည်။ သို့သော်လည်း တစ်ဖက် အင်ပါယာဆယ်ခုတပ်ပေါင်းစုအတွက်တွင်လည်း ၎င်းက အင်ပါယာ၏ တန်ခိုးကိုထုတ်ဖော်ခြင်းဖြစ်၏။ အင်ပါယာ၏ အစွမ်းကို နယ်မြေများကျော်လွန်၍ပြသခြင်းက စစ်သူကြီးများ စစ်သားများအတွက် ဂုဏ်ဒြပ်တစ်ခုဖြစ်ပေသည်။
တစ်ချို့သော စစ်သည်များက သေရမည်ကိုကြောက်ရွံ့ပြီး စစ်မြေပြင်မှ ထွက်ပြေးကြသော်လည်း စစ်သည်အများစုကတော့ အင်ပါယာအတွက် အသက်စွန့်လိုဆဲဖြစ်၏။
ဘက်ကင်ဟန်က ထိုသို့ရဲစွမ်းရှိသော နောက်ဆုံးလီယွန်စစ်သည်မဟုတ်ပေ။
ဖေးလည်း ဘက်ကင်ဟန်ထံမှ ဆန်းကြယ်သောဆရာသခင်အကြောင်း ပိုသိရရန်စုံစမ်းလိုက်၏။ သို့သော်လည်း ဘက်ကင်ဟန်ကိုယ်တိုင်ကလည်း ၎င်းအကြောင်းများများစားစားမသိပေ။ ၎င်းက အနက်ရောင်ဝတ်ရုံကိုခြုံထားပြီး မျက်နှာဖုံးစွတ်ထားသည်။ တစ်ချိန်လုံး စကားတစ်ခွန်မျှမပြောဘဲ ရှားပါးသောဝိညာဉ်နည်းစနစ်ကိုသုံး၍ ဘက်ကင်ဟန်၏ စိတ်ဝိညာဉ်အတွင်းသို့ အချက်အလက်များ တိုက်ရိုက်ပေးပို့ခဲ့၏။
မည်သည့်အချက်အလက်များ ထပ်မံ၍ ရှာမရ၍ ထိုဆရာသခင်မှာပို၍ပင်ဆန်းကြယ်လာသည်။ ဘက်ကင်ဟန်သိသည့် တစ်ခုထဲသောအချက်အလက်က ထိုဆရာသခင်မှာ လီယွန်တစ်ဦးမဟုတ်ဆိုသည်သာဖြစ်သည်။
“ ဒါကျုပ်သိသလောက်ပဲ ခင်ဗျားကတိစကားအတိုင်းလီယွန်ရဲ့စစ်ရေးသတင်းတွေကို မမေးဖို့မျှော်လင့်ပါတယ် ကျုပ်စိတ်ဝိညာဉ်နည်းစနစ်နဲ့အစစ်ခံရမယ့်အစားသေဖို့ပိုဆန္ဒရှိတယ် “ ထိုသို့ပြောပြီး ဘက်ကင်ဟန်က နှုတ်ဆိတ်နေ၏။ အကယ်၍ ဖေးသာ အတင်းအဓမ္မမေးမြန်းခဲ့ပါက သူကျောက်ကုလားထိုင်ကိုခေါင်းဖြင့်ဆောင့်၍ သက်သေလိုက်မည်ဖြစ်သည်။
ဖေးလည်း ခေါင်းငြိမ့်လိုက်ပြီး ထိုအကြောင်းကိုဆက်မပြောတော့ပေ။ ထို့နောက် သူက လက်ညှိုးညွှန်လိုက်ပြီး ရွှေရောင်စွမ်းအင်များနှင့် ဘက်ကင်ဟန်ကိုခ်ျပိတ်လိုက်သည်။ ဘက်ကင်ဟန်အနေနှင့် စွမ်းအားများပြန်ရလာသည်တိုင် အပြည့်အဝသန်မာလာမည်မဟုတ်ပေ။
“ ခြောက်ရက်အတွင်းကျုပ် လီယွန်အင်ပါယာကို ခရီးထွက်မယ် မစ္စတာ ဘက်ကင်ဟန် ခင်ဗျားကျုပ်ကိုလမ်းပြပေးနိုင်မလား “ ဖေး ထူးဆန်းသည့်အကြံရပြီး ဘက်ကင်ဟန်ကိုမေးလိုက်၏။
ဘက်ကင်ဟန်လည်း တုန်ရီသွားပြီး အံ့ဩသွားသည်။ ဘုရင်အလက်ဇန္ဒားတွင် ထိုသို့ထူးဆန်းသည့်အကြံညဏ်မျိုးရှိမည်ဟု သူမတွေးမိပေ။
“ သူက လီယွန်အင်ပါယာကိုသွားချင်နေတာလား သူသေချင်နေတာများလား လီယွန်အင်ပါယာရဲ့တော်ဝင်မိသားစုက အင်အားကြီးမားတယ် နေအဆင့်အရှင်သခင်တွေလည်း ရှိသေးတယ် တော်ဝင်မိသားစုမှာ မှော်ကတနာများနှင့် လက်ရွေးစင်လအဆင့်တွေ ထပ်ပိုင်ဆိုင်ထားသေးတယ် တော်ဝင်မိသားစုသာ ဆန္ဒရှိရင် ဘုရင်အလက်ဇန္ဒားကို လီယွန်နယ်မြေထဲမှာ အင်အားသုံးသတ်ဖြတ်နိုင်တယ် “ ဘုရင်အလက်ဇန္ဒား ထိုသို့တွေးလိုက်သည်။
ဘက်ကင်ဟန်မှာ စိတ်ပြန်လည်တည်ငြိမ်လာသည်နှင့် ပုံစံပြန်ထိန်းကာပြောလိုက်သည်။ “ ခင်ဗျားတောင်သွားရဲသေးရင် ကျုပ်က ပို့ရဲပါတယ် “
ဖေးလည်းရယ်ကာပြောလိုက်သည်။ “ ဘာလို့မပို့ရဲရမှာလဲ “
End