← Chapters

အပိုင်း (၅၂၉) – သူမအား ရစ်ပတ်ခြင်း

Vol. 006 Ch. 529

အပိုင်း (၅၂၉) – သူမအား ရစ်ပတ်ခြင်း

Vol. 006 Ch. 529

ရှီမာယူယူ သူမ နားရွက်နားမှ အော်သံကို ကြားလိုက်ပြီး သူမမျက်နှာမှ စိုစွတ်မှုကို ခံစားရကာ ခေါင်းမွေး များထောင်သွားသည်ကိုလည်း သိလိုက်သည်။

မြွေလေး သူမ လည်ပင်းကို မည်မျှရစ်ပတ်ထားသည်ကို သူမ မသိတော့ပေ။ မြွေလေးသည် သူမ လည်ပင်းအား ရစ်ပတ်ထားကာ သူမသည် လည်ပင်းမှအေးစက်မှုကိုသာ ခံစားရလေသည်။

“ဝူး….”

မြွေလေးသည် ကျယ်လောင်စွာ စတင်အော်ကာ မျက်ရည်များ ဆက်တိုက်ကျလာလေသည်။ ထိုအသံ သည် နားဝင်ဆိုးသည်ဟု ရှီမာယူယူ ခံစားရသည်။

မြွေလေး လွတ်သွားမည် သို့မဟုတ် ထွက်ပြေးသွားကာ ထိခိုက်အောင်လုပ်မည်ကို စိုးသဖြင့် အားလုံး သည် ကြံရမရဖြစ်ကြလေသည်။ သူတို့သည် ဒီအခြေအနေကို မမှန်းဆခဲ့ပေ။

ခဏအကြာတွင် မြွေလေးသည် အဆက်မပြတ်အော်နေကာ ရှီမာယူယူကို ထိခိုက်စေလိုသည့် စိတ်မရှိ သည်ကို မြင်လိုက်ရသည်။ ထိုအခါမှပင် သူတို့ စိတ်အေးသွား လေသည်။

“ယူယူက သူ့ကိုအရင်ကပစ်ထားဖူးတဲ့ပုံ ပေါက်နေသလိုပဲ” ဝေကျိရွှီ မှတ်ချက်ပေး လေသည်။

“ဟုတ်တယ် ယူယူ့ကို ထူးထူးဆန်းဆန်းကြည့်တာကို ငါခံစားမိတယ်၊ သူစိမ်း တစ်ယောက်ကို ကြည့် တဲ့အကြည့်မဟုတ်ဘူး၊ အရင်သခင်က ပစ်သွားလို့ အဲသခင်ကို ပြန်ရှာတဲ့အကြည့်မျိုးပဲ”

အားလုံးသည် ထိုအတိုင်းပင်ခံစားရကာ ထိုအကြည့်ကြောင့်ပင် ရှီမာယူယူ အပြစ်မကင်းသလိုခံစားရ သည်။ သူမသည် ထိုမြွေလေးအား ပစ်ထားခဲ့ဖူးသည့်အတိုင်းပင်။

“ဟေး အကောင်လေး မင်း ငါ့ကိုတစ်ယောက်ယောက်နဲ့များ မှားနေတာလား” ထိုရွှေရောင်မြွေလေး သည် သူမအား ထိခိုက်အောင် လုပ်မည့်ပုံမပေါ်သည်ကို ရှီမာယူယူ ခံစားမိသည်။ သူမသည် မြွေလေး၏ ဦးခေါင်း ကို ပွတ်ကာ ချော့မော့လေသည်။

မထင်မှတ်စွာပင် မြွေလေးသည် ကျယ်လောင်စွာပင် အော်ငိုလိုက်သည်။ သူ၏ ခေါင်းသည် သူမ မျက်နှာ ကို ပွတ်ရင်းနှင့် အမြီးသည် သူမအား ရိုက်နေလေသည်။

“ဝူး…. ဝူး….”

ဝမ်းနည်းမှုသည် အခဲမကြေနိုင်သေးပေ။ ရှီမာယူယူ၏ စိတ်သည် ရှုပ်ထွေးသွားကာ လျင်မြန်စွာပင် နှစ်သိမ့်လိုက်သည် “မငိုနဲ့ မငိုနဲ့ နောက်ကို ငါမင်းကို တစ်ယောက် တည်းထားမသွားတော့ဘူး”

သူမသည် စိတ်မနူးညံ့သော်လည်း ထိုအကောင်လေးကို မလွတ်သင့်ဟု ခံစားမိသည်။ ထိုမြွေသည် သူမ လည်ပင်းတွင် ရှိနေသဖြင့် အားထည့်လိုက်လျှင် သူမ လည်ပင်းအား ညစ်ပြီးသားဖြစ်သွားမည်။

မြွေလေးသည် သူမ ပြောသည့်စကားကို အမှားအမှန်ခွဲခြားရန် ကြိုးစားသည့်အနေနှင့် မျက်ရည်ဝဲနေ သော ကြီးမားသော မျက်လုံးများဖြင့် ကြည့်ကာ နားထောင်နေလေသည်။

“တကယ်ပြောတာ တကယ်” ရှီမာယူယူ ကတိပေးလိုက်သည်။

“ဝူး….” မြွေလေးသည် သူမ စကားကို အတည်ပြုပြီးနောက် သူမ မျက်နှာအား ထပ်မံပွတ်လေသည်။

ရှီမာယူယူ၏ ဆံပင်များ ထောင်နေတုန်းပင်။ သူမ သတိမထားမိလိုက်ချိန်တွင် အကိုက်ခံရ၍ သေသွား မည်ကို စိုးရိမ်နေမိသည်။

သူမသည် အကောင်လေးအား သူမလည်ပင်းမှ ဖယ်ရန်ဟန်ပြင်လိုက်သော်လည်း ထိုငတိကောင်လေး သည် သူမလည်ပင်းအား တင်းကြပ်စွာ ရစ်ပတ်ထားလေသည်။ ရှေးဟောင်းသားရဲနှင့် ပတ်သတ်မိပါက သူမ၏ လုံခြုံရေး ပေါက်သွားနိုင်သည်။

“ငါအသက်ရှုလို့မရတော့ဘူး ဆင်းပေးလို့ရမလား” သူမသည် အကောင်လေးနှင့် ဆက်သွယ်မိရန် ကြိုးစားလေသည်။

ထိုအကောင်လေးသည် လူသားစကားကို မပြောတတ်သော်လည်း နားလည်သည်။

“ဝူး….” မြွေလေးသည် နှစ်ကြိမ်မှ ငိုပြီးနောက် ရှီမာယူယူအား စိုက်ကြည့်လေသည်။ သူမ ဆိုလိုသည်ကို နားလည်ကာ သူမ လည်ပင်း ရစ်ပတ်ထားသည်ကို ဖြေလျော့လိုက်သော်လည်း ထွက်မသွားသဖြင့် ရွှေရောင် ကော်လာပုံစံဖြစ်နေလေသည်။ ထိုအကောင်လေးသည် ကျေနပ်သည့်သဘောနှင့် မျက်စိမှိတ်လိုက်လေသည်။

“အဲငတိလေးက ယူယူ့ကို တွယ်ကတ်နေတာလား” ဖက်တီးကျူ ရယ်လိုက်သည်။

ရှီမာယူယူ ရယ်လည်းမရယ် ငိုလည်းမငိုနိုင်ပေ။ ထိုအကောင်သည် မိုဒိဆန်း၏ အကောင်ဖြစ်သည်။ သို့သော် သူမကို တွယ်ကတ်နေသလိုပင်။

“မိုဒိဆန်း…”

မိုဒိဆန်းသည် သူ့လက်အား ဝေ့ရမ်းလိုက်ကာ ပြောလိုက်သည် “မင်းဆီသွားမှာတော့ မင်းကိုပဲ ပေး လိုက်မယ်”

“မိုဒိဆန်း အဆင်ပြေပါ့မလား” ရှီမာယူယူ ခေါင်းရမ်းလိုက်သည်။ ရှေးဟောင်းသားရဲကို ပေးချင်းသည် ကျောက် ၁၀သန်းထက်ပင်တန်ကြေးရှိသည်။

“ရွှီး…”  အကောင်လေးသည် ရှီမာယူယူ၏ အကြည့်အတိုင်းအာရုံခံပြီး မျက်လုံးဖွင့်လိုက် ပြီးနောက် မိုဒိဆန်းအား မနှစ်သက်ကြောင်း အသံပြုလေသည်။ ထိုမျက်လုံးသည် မလိုမုန်းတီးသောအကြည့်ဖြစ်လေသည်။ သူ့ကို ခေါ်သွားပါက သူသေသွားအောင် ကိုက်မည့်အတိုင်းပင်။

“ကြည့်” မိုဒိဆန်းသည် သူ့လက်ကိုမြှောက်ရင်း မြွေလေးအား ကြည့်လေသည်။

လက်ရှိတွင် သူ ဆန္ဒရှိသည် မရှိသည်က အရေးမကြီးပဲ ထိုငတိလေး ဆန္ဒရှိခြင်း မရှိခြင်းက အရေးကြီး သည်။

“မင်းငါ့ကို ပေးစရာ ပစ္စည်းကောင်းကောင်းလေးမရှိဘူးလား၊ မင်း ယူရမှာရှက်ရင် ငါ့ကို သစ်သီးဝိုင် ဖြစ်ဖြစ်ပေးလေ” ရှီမာယူယူ လက်ခံစေရန် သူ ထပ်ပြောလိုက်သည် “မင်းမှာ ဝိညာဉ်အသီးတွေအဲလောက်များ နေတာ သစ်သီးဝိုင်ရှိမှာတော့ သေချာပါတယ်”

“ကောင်းပြီ မင်းဆန္ဒကိုဖြည့်ပေးရမှာပေါ့” ရှီမာယူယူသည် မိုဒိဆန်း၏ ကြင်နာမှုကို ကျေးဇူးတင်မိလေ သည်။

ထိုအကောင်လေးသည် အလွန်ပင် စိတ်ခက်ထန်လေသည်။ ဘယ်သူက သူ့ကို လှုံ့ဆော်ရဲမှာလဲ။ သူ့ကို တစ်ယောက်တည်းထားလိုက်ခြင်းက အကောင်းဆုံးပေ။

ထိုအကောင်လေး ဘယ်လောက်ကြာအောင်နေပြီးမှ ထွက်သွားမလဲဆိုတာ မသိနိုင် သေးပေ။

သူမ အတွေးများဘေးဖယ်ပြီးနောက်တွင် အားလုံးကို သွားခိုင်းလိုက်သည်။ မကြာခင်တွင် အားလုံးထွက် သွားကြလေသည်။ ထို့နောက်တွင် သူမသည် ဆေးဖော် သည့်အခန်းသို့ သွားလိုက်သည်။

“ဝူ….”

မြွေလေးသည် လှုပ်ရှားလာကာ ရှီမာယူယူသည် အေးစက်မှုကို မခံစားရတော့ပေ။ သူမ မျက်လုံး မော့ ကြည့်ရာ မြွေလေးသည် ဆေးစင်များ၏ ထိပ်သို့ ပြေးသွားလေသည်။ သူသည် ဆေးပုလင်းအား ရစ်ပတ်ကာ သူ့ခေါင်းကို ဆေးပုလင်းထဲသို့ ထိုးထည့်နေသည်။ ပုလင်းအဝသည် သေးငယ်သဖြင့် သူသည် ခေါင်းကို ပြန်ထုတ် မရဖြစ်နေသည်။

“ရွှီး…”

ရှီမာယူယူ ကြိတ်ရယ်လိုက်သည်။ သူ ရုတ်တရက် ခြေချုပ်မိသွားသည်။

သူမ လျှောက်သွားကာ ကျောက်စိမ်းပုလင်းအား မြေပေါ်သို့ရိုက်ခွဲပေးလိုက်ရာ သူလွတ်သွားလေသည်။

“မင်းကိုမင်းကြည့်ဦး ဆေးစားချင်တယ်ဆို ငါကျွေးမှာပေါ့ နောက်တစ်ခါဆိုရင် အရှက်ရစရာတွေ ဘာမှ မလုပ်နဲ့ မဟုတ်ရင် ငါမင်းကိုမကူညီတော့ဘူး” သူမ မြွေလေး၏ ခေါင်းကို ပုတ်လိုက်သည်။

“ဝူ…..” မြွေလေးသည် အမြီးရမ်းကာ ငြင်းဆန်လေသည်။

ရှီမာယူယူ သူ့ကိုလျစ်လျူရှုကာ စားပွဲပေါ်ရှိ ဆေးဖက်ဝင်အပင်များကို စီစဉ်ရန် သွားလိုက်လေသည်။ သူမ ညွှန်ကြားလိုက်သည် “မင်းဒီက ဆေးတွေအကုန်စားလို့ရတယ် ဒါပေမဲ့ အလဟသတ်တော့မဖြစ်စေနဲ့…”

သူမသည် တုန့်ပြန်သံမကြားရသဖြင့် လှည့်ကြည့်ရာ အကောင်လေးသည် ဆေးပုလင်း တစ်ခုလုံးကို ဝါးစားနေလေသည်။ ရှီမာယူယူ၏ အကြည့်အောက်တွင် သူရပ်သွားကာ သူမအား အပြစ်ကင်းသည့်အကြည့်ဖြင့် ကြည့်လေသည်။

“ငါက အဂ္ဂိရတ်ပညာရှင်ဖြစ်နေတာ ကျေးဇူးတင်ရမယ် အဲဒါအပြင်ကို ဝိညာဉ်စေတီထဲမှာ ဆေးပင်တွေ လုံလုံလောက်လောက်ရှိနေလို့ မဟုတ်ရင် မင်းစားဖို့တောင် လောက်မှာ မဟုတ်ဘူး” ရှီမာယူယူ ခေါင်းရမ်းလိုက် သည် “ငတိလေး မင်းက သေးသေးလေး မင်းကို အခုချိန်ကစပြီး ငတိလေးလို့ပဲခေါ်တော့မယ်”

“ရွှီး ရွှီး” ငတိလေးသည် ကြည့်လေသည်။

ငတိလေး နာမည်ကို မလိုချင်ဘူး.. ငတိလေးဆိုတာ ဗိုလ်ကျလို့လည်းမရဘူး။

ရှီမာယူယူ ရယ်မောကာ “ငြင်းလို့မရဘူး ငါက အဂ္ဂိရတ်ပညာရှင်ပဲ မင်းငါ့ကို ဆက်ပြီး နှောင့်ယှက်မယ် ဆိုရင် ဒီအခန်းထဲကို ထပ်ပြီး မဝင်ခိုင်းတော့ဘူး”

“ရွှီး ရွှီး” ငတိလေးသည် သဘောတူကာ ခေါင်းညိတ်လေသည်။

ရှီမာယူယူ ရယ်မောလိုက်သည်။ ထိုငတိလေးသည် လူအများကို အန္တရာယ် အငွေ့အသက်ပေးခဲ့သည်။ ထိုအကောင်လေးသည် သူ့ကို ဖမ်းတော့မည့် ခံစားချက်မျိုး ဝင်မိသည်ဟု ဝူလင်းယူပင် ပြောခဲ့သည်။ ဆိုလိုသည် မှာ သူ့အားသည် အမှန်တကယ်ပင် သန်မာနိုင်သည်။ ထိုအကောင်လေးသည် အဝေးကပင် လူများကို တွန်းလန်နိုင်သော မြွေများ၏ အေးစက်မှုရှိသည်။

သို့သော် ထိုငတိလေးသည် သူမအား တွယ်ကတ်နေသည်။ သူမရှေ့တွင် ငိုခဲ့သည်ကိုပင် သတိပြန်ရ သွားသည်။ သူမ မျက်နှာအား သူမပွတ်လိုက်သည်။ သူမက သူ့အရင်သခင်နဲ့များတူနေလို့လား။

သို့သော် သူ့သခင်သေသွားကာ သူမသေခဲ့ပေ။ ထိုအဓိပ္ပာယ်မှာ သူတို့သည် စာချုပ်ဆက်ဆံရေးမဟုတ် ဟု…

အဲလိုဆိုရင် သူမကို မြင်တုန်းက ဘာလို့အဲလောက် ဝမ်းနည်းတကြီးငိုခဲ့တာလဲ။

All Chapters