Chapters

ထူးဆန်းသောပြင်ဆင်ထားမှု ၁

Vol. 58 Ch. 896

ထူးဆန်းသောပြင်ဆင်ထားမှု ၁

Vol. 58 Ch. 896

နောက် နှစ်ရက်လုံး ဖေးနှိမ့်နှိမ့်ချချနေပြီး ဘိုင်ဇန်တိုင်းပြည်တွင် မျက်နှာထွက်မပြခဲ့ပေ။

အချိန်ကြာမြင့်သည်နှင့် အင်ပါယာ၏ အခြေအနေမှာ တဖြည်းဖြည်းပြောင်းလဲလာပြီး စိန့်ပီတာဘတ်မှ သတင်းမျိုးစုံထွက်လာသည်။

ပထမက ဒုတိယမင်းသား ဒိုမင်ဂွက်အကြောင်းဖြစ်သည်။ စစ်ရေး၌ ပါရမီတစ်ခါမျှမပြခဲ့သော မင်းသားက ယခုသူ၏ အရည်အချင်းကိုထုတ်ပြလာခဲ့သည်။

သူက မြောက်ပိုင်းတွင် စစ်သည်၄၀၀၀၀ကျော်စုဆောင်းနိုင်ခဲ့၏။ ထိုစစ်သည်များမှာ လက်အောက်ခံ ပဏ္ဏာဆက်နိုင်ငံများမှ စေလွှတ်ခြင်းဖြစ်ပြီး သူက ၎င်းတို့ကိုပေါင်းစည်းကာ မြောက်ပိုင်း၌ရှင်းလင်းရေးဆောင်ရွက်နေသော ရန်သူများကို တိုက်ခိုက်နိုင်ခဲ့သည်။

ရက်အနည်းငယ်အတွင်းမှာပင် သူ ရန်သူများကိုတောက်လျှောက်အနိုင်ယူခဲ့ပြီး အဆက်ပြတ်နေသော မြောက်ပိုင်းနှင့် စိန့်ပီတာဘတ်ကိုပြန်လည် ဆက်စပ်ပေးနိုင်ခဲ့၏။

စိန့်ပီတာဘတ်မှာ ရန်သူများချညိးပတ်ပတ်ဝိုင်းနေသော အနေအထားမှလွတ်မြောင်လာသည်ဖြစ်ရာ ၎င်းမှာအကျိုးဆောင်မှုကြီးတစ်ခုဖြစ်သည်။

ထိုသို့စွမ်းရည်ထုတ်ပြသော ဒိုမင်ဂွက်မှာ ပြည်သူများနှင့် အရာရှိများအကြား အပေါင်းဆောင်သောဂုဏ်စကားတိုးလာခဲ့၏။

သူက စစ်နတ်ဘုရား အိမ်ရှေ့စံအာရှာဗန်ကို လိုက်မှီခြင်းမရှိသေးသော်လည်း ပထမဆုံးအကြိမ်စစ်ရေးပါရမီစတင်ထုတ်ပြခြင်းဖြစ်ရာ အာရှဗန်၏ ဖိအားအောက်အမြဲ အသက်ရှူကြပ်ခဲ့သော သူ့အပေါင်းအပါများအတွက် အသက်ရှူချောင်စရာ သတင်းကောင်းတစ်ခုဖြစ်လာခဲ့သည်။

တစ်ချို့သူများက ဒုတိယမင်းသားကို မျက်နှာ‌သာပေးအမြင်ကြည်နေကြခြင်းမှာ သူကပြိုင်ဘက်ကင်းဆရာသခင် အလက်ဇန္ဒားနှင့် ခင်မင်၍ဖြစ်သည်။ ချမ်းဘောဒ့်ဘုရင် အလက်ဇန္ဒားမှာ အိမ်ရှေ့စံနှင့် ရန်ဘက်ဖြစ်သော်လည်း ဒုတိယမင်းသားနှင့်တော့ ရင်းနှီးလှ၏။

သို့သော်လည်း စိန့်ပီတာဘတ်ခုခံစစ်တွင်တော့ ချမ်းဘော့ဒ်ဘုရင်နှင့် အိမ်ရှေ့စံအကြား ဗျူဟာပိုင်းဆိုင်ရာနားလည်မှုထွက်ပေါ်လာခဲ့သည်။ သူတို့အတူတကွအလုပ်လုပ်ကြပြီး ဆက်ဆံရေးတင်းမာမှုလျော့ကျခဲ့၏။

လူအများ၏ အမြင်၌ ဇင်းနစ်၏တိုက်ပွဲနတ်ဘုရားနှင့် စစ်နတ်ဘုရားတို့ အတူတူရပ်တည်မှုက ဒုတိယမင်းသားအတွက် သတင်းကောင်းမဟုတ်ပေ။

သို့သော်လည်း ယခု ဒုတိယမင်းသားဒိုမင်ဂွက်၏ စစ်ရေးပါရမီထွက်ပေါ်လာခြင်းနှင့် သိုင်းသူတော်စင်နှင့်ပိုနီးကပ်လာခြင်းကြောင့် အချို့က ဒုတိယမင်းသားထီးနန်းရနိုင်သည်ဟု မြင်ကြသည်။

ထိုသတင်းပြီးနောက် တခြားသတင်းတစ်ခုကလည်း အားလုံးကို အံ့ဩစေခဲ့သည်။

မည်သူမျှ အရေးစိုက်မခံရသော စတုတ္ထမင်းသား ခရစ်စတယ်မှာ တော်ဝင်မိသားစုနှင့် တော်ဝင်စစ်ရုံးချုပ်၏ အမိန့်အရ အဓိကတိုက်ခိုက်ရေးတပ်ဆယ်ခုမှ တစ်ခုဖြစ်‌ေသာ ဧရာအင်အားစုတပ်အတွက် တပ်ဦးစီးအဖြစ်ခန့်အပ်ခံရခြင်းဖြစ်သည်။ စတုတ္ထမင်းသားအနေနှင့် ထိုတပ်ကိုဦးဆောင်၍ အင်ပါယာဆယ်ခုမဟာမိတ်တပ်များထိန်းချုပ်ထားသော အင်ပါယာ၏တောင်ပိုင်းသို့ အဓိကအင်အားစုတစ်ခုအဖြစ်သွားရမည်ဖြစ်သည်။

ဧရာအင်အားစုတပ်က အင်ပါယာ၏အဓိကတပ်ကြီးတစ်ခုဖြစ်ကာ ဂုဏ်ရှိန်ဝါများပြည့်နေသော နှစ်၂၀ကျော်သမိုင်းရှိသည်။ ယခင်က ၎င်းမှာ ဩဇာကြီးမားသော နိုဘယ်မိသားစုဘီယက်၏ ထိန်းချုပ်မှုအောက်တွင်ရှိခဲ့သည်။ နှစ်ပေါင်းများစွာ ကောင်းမွန်သောစီမံမှုအောက်တွင် စစ်သည်များ၏ အသုံးအဆောင်များအားလုံးမှာ အကောင်းစားများဖြစ်ကာ သာမန်ဖွဲ့တည်စတပ်များအဖို့ ထိုတပ်ကိုယှဉ်နိုင်မည်မဟုတ်ပေ။

တော်ဝင်မိသားစုက ထိုတပ်မျိုးကို စတုတ္ထမင်းသား ခရစ်စတယ်ကိုပေးအပ်လိုက်သည်ဖြစ်ရာ ခရစ်စတယ်ကိုအလျှင်အမြန်အင်အားကြီးစေလိုကြောင်းသိနိုင်သည်။

ပဉ္စမမြောက်နေ့တွင် တော်ဝင်စစ်ရုံးချုပ်က စစ်အတွင်း၌ တည်ထောင်ထားသော စစ်သတင်းချန်နယ်မှ သတင်းတစ်ခုထုတ်ပြန်လာခဲ့သည်။ ၎င်းက အင်ပါယာရက်ဆင်၏ အမိန့်အရ တပ်သစ်ဆယ်တပ်တည်ထောင်ပြီးစီးသည်ဟူ၍ဖြစ်သည်။

ယခုအချိန်၌ အဓိကတပ်ကြီးများဖြစ်ခဲ့သော တပ်ဆယ်တပ်မှ ခုနှစ်ခုမှာ တိုက်ခိုက်ရေးစွမ်းရည်ရှိနေဆဲဖြစ်သည်။ ထို့ပြင် အင်ပါယာမှာ စပါးတက်အင်ပါယာ အန်ဒိုဗင်အင်ပါယာနှင့် ဂျက်အင်ပါယာတို့နှင့် ရင်ဆိုင်ရန် တပ်ဆယ်ခုတည်ထောင်ထားပြီး ၆ခုမှာတည်ရှိဆဲဖြစ်သည်။ ထို့ကြောင့် ယခုအင်ပါယာတွင် တပ်၂၃တပ်ရှိနေသည်။

တပ်တစ်တပ်စီ၌ စစ်သည် သုံးသောင်း လေးသောင်းရှိပြီး နိုဘယ်များ၏ လျှို့ဝှက်တပ်များပေါင်းပါက ဇင်းနစ်အင်ပါယာတစ်ခုလုံး၏ စစ်အင်အားက ရှစ်သိန်းနီးပါးရှိလာပြီဖြစ်သည်။ ဖေးမှာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးပြီဖြစ်သော်လည်း ထိုသတင်းကြောင့် ရှော့ဖြစ်သွားဆဲဖြစ်သည်။

End