← Chapters

ထူးဆန်းသောပြင်ဆင်ထားမှု ၂

Vol. 58 Ch. 897

ထူးဆန်းသောပြင်ဆင်ထားမှု ၂

Vol. 58 Ch. 897

ဇင်းနစ်က အဆင့်၁အင်ပါယာလေးသာမဟုတ်ပါလော။ ဧကရာဇ် ရက်ဆင်၏ စီမံခန့်ခွဲမှု တော်လွန်းလျှင်ပင် နယ်မြေနှင့် လူဦးရေက အကန့်အသတ်နှင့်သာဖြစ်သည်။

အဆင့်တစ်အင်ပါယာက စစ်သည်ရှစ်သိန်းလောက်စုစည်းနိုင်ပါက အဆင့်ရှစ်၊ အဆင့်ကိုးအင်ပါယာများက စစ်သည်သန်းဆယ်ချီစုဆောင်းနိုင်မည်မဟုတ်ပါလော။

ဖေးအနေနှင့် မြေကမ္ဘာ၌ စစ်ရေးအခြေအနေကိုလေ့လာသူမဟုတ်သော်လည်း အမေရိကန်ပင်လျှင် စစ်သားတစ်သန်းနှစ်သိန်းသာရှိသည်မဟုတ်ပါလော။ ယခု နံပါတ်အရေအတွက်များက ဖေးကိုရှော့ဖြစ်စေ၏။

“ ဒီမှော်လောကကို မြေကမ္ဘာနဲ့သွားပြီး သင်္ချာပိုင်းဆိုင်ရာယှဉ်လို့မရဘူး “ ဖေးထိုသို့တွေးလိုက်မိသည်။

ဖေးအနေနှင့် စစ်သည်၈၀၀၀၀အတွက် အစားအစာအသုံးအဆောင် မည်မျှထောက်ပို့ရမည်ကို မမှန်းဆတတ်ပေ။ သို့သော်လည်း မှော်လောကဖြစ်ရာ ဤနေရာ၌ အချိန်နေရာ၏ ကန့်သတ်မှုက မြေကမ္ဘာလောက်မရှိတော့ပေ။ မြေကမ္ဘာ၌ မဖြစ်နိုင်ဟု ဖေးသိထားသောအရာများက ဤနေရာတွင်အစစ်အမှန်ဖြစ်တည်မှုများ လာဖြစ်နေသည်။

ထို့ပြင် ဇင်းနစ်၏ တော်ဝင်မိသားစုနှင့် တော်ဝင်စစ်ရုံးချုပ်က အရူးများမဟုတ်ပေ။

“ သူတို့တွေက ဒီလောက်များများ စစ်သည်စုဆောင်းနေတယ်ဆိုတော့ အစားအစာနဲ့အသုံးအဆောင်တွေထောက်ပံ့ပေးဖို့ပြဿနာမရှိလောက်ပါဘူး ဟုတ်တယ်မှတ်လား “ ဖေးထိုသို့တွေးမိလိုက်သည်။

တစ်ချိန်ထဲမှာပင် ဖေးသည် အဆင့်၆လီယွန်အင်ပါယာနှင့် အဆင့်၇အော်မွန်အင်ပါယာအကြောင်းတွေမိသွား၏။ ၎င်းတို့ကိုသာ ချောင်ပိတ်ရိုက်မိပါက ကြောက်စရာဖြစ်လာနိုင်သည်။ ဖေးလည်းကျက်သီးထသွား၏။

ဖရိုဖရဲခေတ်ကာလစပြီဖြစ်သည်။

ဆဌမမြောက်နေ့တွင်တော့ အတွင်းသတင်းဌာနမှ နောက်ဆုံးတိုက်ပွဲအစီအမံကိုထုတ်ပြန်သည်။ ထိုအစီအစဉ်က အားလုံးကို အံ့ဩသွားစေခဲ့၏။

တပ်များအားလုံး၏ ဦးစီးချုပ်ဖြစ်သင့်သော အိမ်ရှေ့စံအာရှဗန်က ဦးစီးချုပ်ဖြစ်မလာခဲ့ပေ။ ထို့ပြင် တော်ဝင်မိသားစုနှင့် တော်ဝင်စစ်ရုံးချုပ်က အင်အားပြည့်သုံး၍ အလျင်အမြန်အနိုင်ယူချင်ပုံလည်းမရပါ။ တပ်သစ်ဆယ်တပ်စလုံး စိန့်ပီတာဘတ်မြို့အနားတွင်သာချထားရပြီး မင်းသားအာရှဗန်က ၎င်းတို့ကိုလေ့ကျင့်ပေးရမည်ဖြစ်သည်။ ထိုတပ်သစ်များကို မည်သည့်အချိန်မှ အသုံးချမည်မသိပေ။

အင်ပါယာက တောင်ပိုင်းတိုက်ပွဲအတွက် အင်အားနှစ်သိန်းမျှသာသုံးမည်ဖြစ်ပြီး ၎င်းကိုအုပ်စုနှစ်စုခွဲ၍ စေလွှတ်မည်ဖြစ်၏။

ဒုတိယမင်းသား ဒိုမင်ဂွက်က ပထမအုပ်စုကိုဦးစီးရမည်ဖြစ်သည်။ ပထမအုပ်စု၌ ပဏ္ဏာဆက်နိုင်ငံများမှ စုဆောင်းထားသော ဒိုမင်ဂွက်၏ ကိုယ်ပိုင်တပ်မှ အင်အားလေးသောင်းကိုပေါင်းထည့်ရမည်ဖြစ်ကာ လက်အောက်ခံနိုင်ငံများပြိုင်ပွဲပြီးနောက် ဖွဲ့စည်းထားသော လေမြန်တပ်နှင့် လောင်ကျွမ်းမီးတောက်နှစ်တပ်မှာ ပူးပေါင်းပါဝင်မည်ဖြစ်ပြီး စုပေါင်း တပ်အင်အား တစ်သိန်းကျော်ဖြစ်သည်။

အင်ပါရီယန်အစောင့်တပ်မှ ဆရာသခင်များနှင့် အင်ပါရီယန်လွှတ်တော်မှ ဆရာသခင်များလည်း သူနှင့်အတူပူးပေါင်းပါဝင်မည်ဖြစ်သည်။

သူတို့က တောင်ပိုင်းနယ်မြေများကို အရှေ့တောင်ဘက်မှတိုက်ခိုက်မည်ဖြစ်ပြီး သူတို့၏ ပစ်မှတ်က သစ်ရွက်နီနယ်တွင် ခြေကုပ်ယူထားသော အဆင့်၆အင်ပါယာတပ်များဖြစ်ပေသည်။

ဒုတိယအုပ်စုကိုတော့ ထီးနန်းအတွက် ရှေ့တွန်းထုတ်ခံခဲ့ကသော နာမည်သိပ်မကြီးသည့် စတုတ္ထမင်းသား ခရစ်စတယ်မှ ဦးစီးမည်ဖြစ်သည်။ ထင်ပေါ်ခြင်းသိပ်မရှိသေးသည့် ထိုမင်းသားအနေနှင့် ယခုတော့ သူ့ကိုယ်သူ သက်သေပြခွှင့်ရလာပြီဖြစ်၏။ သူက ဧရာအင်အားစုကို ထိန်းချုပ်ခွှင့်ရသည့်အပြင် တော်‌ေနဒိုတပ်နှင့် ဆူနာမီတပ်တို့သည်လည်း သူနှင့်အတူလိုက်ပါမည်ဖြစ်သည်။ ထို့ပြင် သူက ဘီယက်မိသားစု၏ အပြည့်အဝထောက်ခံမှုကိုရကာ ဘီယက်မိသားစု၏ မင်းသမီး ဘီယက်ဘီယွန်ဆေးကလည်း သူနှင့်အတူရှေ့တန်းလိုက်ပါမည်ဖြစ်သည်။ ထိုတပ်က တောင်ပိုင်းသို့ အရှေ့တောင်အရပ်မှ ချီတက်ရမည်ဖြစ်ကာ အင်ပါယာဆယ်ခုမဟာမိတ်၏ အင်အားနည်းအင်ပါယာလေးများ၏ တပ်များကိုတိုက်ရမည်ဖြစ်သည်။

တော်ဝင်မိသားစု၏ ဆုံးဖြတ်ချက်ကထူးဆန်းလှသည်။

တပ်သားနှစ်သိန်းကျော်က ချီတက်ရသော်လည်း ၎င်းတို့၏ တာဝန်များကိုအကြမ်းဖျင်းသာ ထမ်းဆောင်ရသည့်ပုံစံပေါက်နေ၏။ ကြည့်ရသည်မှာ တော်ဝင်မိသားစု၏ ဆုံးဖြတ်ချက်ချသူက တောင်ပိုင်းနယ်ခြောက်နယ်ကို ပြန်ယူလိုချင်ပုံမရဘဲ လူအများသူ့သဘောထားကိုနားမလည်ဖြစ်နေကြ၏။

မင်းသားအာရှဗန်မှာ ဤစစ်ပွဲ၌ အကျိုးဆောင်ခွှင့်မရသည့်ပုံပေါ်သော်လည်း သူက သူ့သံမဏိသွေးတပ်ကို ထိန်းချုပ်ခွှင့်ရှိဆဲဖြစ်သည်။ ထို့ပြင် တပ်သစ်ဆယ်တပ်မှာလည်း သူ့ကို လေ့ကျင့်ရန်ပေးထားသည်ဖြစ်ရာ မကြာမှီတွင် သူ့တပ်များဖြစ်လာနိုင်ချေရှိ၏။ တစ်စုံတစ်ဦးက စိန့်ပီတာဘတ်မြို့တိုက်ပွဲ၌ တောက်ပခဲ့သော မင်းသားအာရှဗန်ကို နွံထဲကျမသွားစေရန်ကာကွယ်လိုက်ပုံရသည်။

End

All Chapters