Chapters

ဆန်းကြယ်သောမင်းသား ၁

Vol. 58 Ch. 898

ဆန်းကြယ်သောမင်းသား ၁

Vol. 58 Ch. 898

ဒုတိယမင်းသား ဒိုမင်ဂွက်မှာ နောက်ဆုံးတွင် တပ်ကိုဦးဆောင်ခွှင့်ရလာပြီဖြစ်သည်။ သို့သော်လည်း အခြေအနေက လူအများ ထင်ထားသလိုမဟုတ်ပေ။ ဒုတိယမင်းသားမှာ ပါရမီနှင့် ညဏ်ပညာပိုင်းတွင်ထင်ရှားပြီး ဧကရာဇ်၏ ချစ်ခင်မှုကိုကသူဖြစ်၏။ သို့သော်လည်း စတုတ္ထမင်းသား တပ်ဦးဆောင်ခွှင့်ရခြင်းက အံ့ဩစရာဖြစ်သည်။ ထိုမင်းသားက ဘာကူညီမှုမှမပေးနိုင်ပေ။ သူက မောက်မာပြီး ညံ့ဖျင်းက အမြင်ကျဉ်းသူဖြစ်သည်။

စစ်ပွဲက ကစားပွဲမဟုတ်ပေ။ လူတစ်သိန်းကို ထိုသို့သောသူမျိုးအား ဦးဆောင်စေခြင်းက ဆုံးဖြတ်ချက်အချစောခြင်းဖြစ်၏။ လူအများအပြားက ထိုကဲ့သို့သော ကျိုးကြောင်းမစီလျော်သည့်ဆုံးဖြတ်ချက်ကို မြန်မြန်ချခြင်းက တော်ဝင်မိသားစုနှင့် တော်ဝင်စစ်ရုံးချုပ်က အင်ပါကိုအန္တရာယ်ဖြစ်စေခြင်းဟုမြင်ကြသည်။

“ နာမကျန်းဖြစ်နေတဲ့ အင်ပါယာရက်ဆင်က မင်းသားတိုင်းကို ရွှေထီးအတွက် စစ်ဆေးမှုလုပ်နေတာလား “ တချို့က ထိုသို့တွေးကြသည်။

“ အင်ပါယာ ရက်ဆင်၌ ကလေးဆယ်ဦး‌ရှိပြီး ယောက်ျားလေး လေးယောက် မိန်းကလေးခြောက်ယောက်ဖြစ်သည် အိမ်ရှေ့စံမင်းသားအာရှဗန် ဒုတိယမင်းသား ရိုဒီဂွက် တတိယမင်းသား ခရစ်စတယ် မင်းသမီးကြီး တနာရှာမှလွဲလျှင် ကျန်သည့် မင်းသမီးလေးများက ငယ်ရွယ်ကြသေးသည်။ ဒုတိယမင်းသမီး ချာရယ်သည်ပင်လျှင် ၁၄နှစ်သာရှိသေးပြီး တရာဝင်ဘွဲ့ထူးမရသေးပေ။ ထို့ကြောင့် သူက စိန့်ပီတာဘတ်၏ တော်ဝင်များအကြားသွားလာခြင်းမရှိပေ။

ဧကရာဇ်၏ ကလေးဆယ်ဦးအနက် အဆန်းကြယ်ဆုံးက တတိယမင်းသားလေးဖြစ်သည်။ တတိယမင်းသား၏ မွေးဖွားလာမှုမှတ်တမ်းနှင့် ဘွဲ့နာမည်မှလွဲ၍ တတိယမင်းသားလေးအကြောင်း အရာအားလုံးက ဆန်းကြယ်လှသည်။

အရာရှိဟောင်းများ အမတ်အိုကြီးများ၏ မှတ်ညဏ်ထဲ၌ တတိယမင်းသား၏ မိခင်မှာ ဧကရာဇ်ရက်ဆင်အမြတ်နိုးဆုံးသူဖြစ်ပြီး မီးဖွားပြီးတစ်လအကြာ၌ ပျောက်ဆုံးခဲ့သည်။ သူက သာမန်အရပ်သူမျိုးရိုးဖြစ်ရာ ကောလဟာလအမျိုးမျိုးထွက်ပေါ်လာခဲ့၏။

တစ်ချို့က ထိုအရပ်သူမိဖုရားမှာ ဧကရာဇ်ရက်ဆင်ကိုစော်ကားမိ၍ တတိယမင်းသားနှင့်အတူ သတ်သေခဲ့သည်ဟုပြောကြသည်။ တချို့ကတော့ တတိယမင်းသားဖျားနာသေဆုံးခဲ့ပြီူ မိဖုရားမှာ ထိုသေဆုံးမှုကြောင့် ရင်ကွဲနာကျ သေဆုံးခဲ့သည်ဟုဆိုကြ၏။ တစ်ချို့က ထိုမိဖုရားမှာ တတိယမင်းသားကိုမွေးဖွားပြီးနောက် ဇင်းနစ်မှထွက်ခွာသွားပြီး တတိယမင်းသားလေးမှာ ပါရမီရှိလွန်း၍ ဆရာသခင်တစ်ဦးက ခေါ်ဆောင်သွားသည်ဟုဆိုကြ၏။

ဧကရာဇ်ရက်ဆင်နှင့် ရှေးမှီနောက်မှီ ရာထူးကြီးအမတ်ကြီးများမှလွဲ၍ ထိုကိစ္စကိုမည်သူမျှသေချာမသိကြပေ။

သို့သော်လည်း အားလုံးမြင်နေရသည်ကတော့ တတိယမင်းသားမှာ တစ်ခါမျှပေါ်မလာခဲ့သော်လည်း တော်ဝင်မိသားစုက ၎င်း၏ဘွဲ့နှင့်မှတ်တမ်းကိုဖျက်ပစ်ခဲ့ခြင်းမရှိပေ။ တတိယမင်းသား စံအိမ်တော်က ဆက်လက်ရှိနေဆဲဖြစ်ပြီး ထိန်းသိမ်းက ကုန်ကျစရိတ်များသော်လည်း အမြဲမပြတ်နေ့စဉ် သန့်ရှင်းရေးလုပ်ကာ ထိန်းသိမ်းနေဆဲဖြစ်၏။ ထို့ကြောင့် တတိယမင်းသာ တစ်နေရာရာတွင် အသက်ရှင်နေထိုင်ဆဲဖြစ်ကြောင်းသိနိုင်သည်။

ဖေးသည်လည်း ဆန်းကြယ်သော တတိယမင်းသားအကြောင်း သိရှိလို၏။ ထို့ကြောင့် ချမ်းဘောဒ့်စာရုံးကိုသုံး၍ စုံစမ်းခဲ့သော်လည်း မည်သည့်သတင်းမျှမရခဲ့၍ ထိုကိစ္စကိုလက်မြှောက်ခဲ့ရသည်။

ဧကရာဇ်ရက်ဆင်မှာ ဆက်ခံသူရွေးခြယ်နေပြီဟုထင်ကြသည်ဖြစ်ရာ အတိတ်ဟောင်းများက ပြန်လည်ထွက်ပေါ်လာ၏။ အင်ပါယာ၏ ဥပဒေနှင့် ရိုးရာအရ အရွယ်ရောက်ပြီးသော မင်းသားအားလုံးပါဝင်ပြိုင်ဆိုင်ရမည်ဖြစ်ကာ အစွမ်းထက်ဆုံးမင်းသားက ဆက်ခံခွှင့်ရမည်ဖြစ်သည်။ ထို့ကြောင့် ပျောက်ဆုံးနေသော တတိယမင်းသားသည်လည်း ရွေးချယ်ခံတစ်ဦးအနေနှင့်ပါဝင်နေဆဲဖြစ်ရာ ၎င်းကိုကျော်မသွားသင့်ပေ။

မည်သူမျှ တစ်ခါမျှပေါ်မလာသော တတိယမင်းသားက ချောင်ထဲမှခုန်ထွက်လာပြီး ထီးနန်းအတွက်မပြိုင်ဟု မည်သူမျှမပြောနိုင်ပေ။ ထို့ကြောင့် ဖေး၏ သိလိုစိတ်များ ပြန်ပြင်းထန်လာသည်။

သို့သော်လည်း ၎င်းက အတွေးတစ်ခုမျှသာဖြစ်ပြီး ဖေးအနေနှင့် ဇင်းနစ်၏အတင်းအဖျင်းသတင်းများထက် ပိုအရေးကြီးသော ကိစ္စများစွာ လုပ်ဆောင်စရာရှိသေးသည်။

ယခု သူ့အတွက်အရေးကြီးဆုံးက ထိုရွှေအရိုးစုနှင့် သွေးရောင်အရိုးစုတို့မည်သည်နေရာမှထွက်ပေါ်လာသနည်းကိုပင်ဖြစ်သည်။

ကိစ္စများက ဆက်စပ်နေသည်ဟု ဖေးခံစားနေရ၏။ ထို့ကြောင့် လီယွန်အင်ပါယာသို့ကိုယ်တိုင်သွားပြီး ဘက်ကင်ဟန်ပြောသော ဆန်းကြယ်သောပုဂ္ဂိုလ် ကံကောင်းပြီးတွေးရနိုင်မလား သူစမ်းကြည့်ချင်နေသည်။

ထို့ပြင် လီယွန်အင်ပါယာသို့သွားခြင်းက သူ၏ မူလအစီအစဉ်မှများစွာသွေဖယ်သွားခြင်းမရှိပေ။

End