ဆန်းကြယ်သောမင်းသား ၂
Vol. 58 Ch. 899
ခုနှစ်ရက်မြောက်နေ့
ထိုနေ့တွင် ဖေး စာရုံမှသတင်းကိုရပြီး အံ့ဩခဲ့ရသည်။ တော်ဝင်မိသားစုက တရားဝင်သတင်းဌာနများက ထိုသတင်းကိုမဖြန့်ခဲ့ပေ။
အင်ပါယာဆယ်ခုတပ်ပေါင်းစုက ဖေး မြို့တော်တွင်မရှိသည်ကို စုံစမ်းမိသည်နှင့် စိန့်ပီတာဘတ်မြို့၌ ကာကွယ်ပေးမည့်ဆရာသခင်မရှိသည်ကိုအခွှင့်ကောင်းယူကာ တော်ဝင်မိသားစု၌ဩဇာရှိသူများ ပညာရှိအမတ်ကြီးများကို လုပ်ကြံရန် လအဆင့်ဆရာသခင်များချည်းပါသည့် အဖွဲ့ကိုစေလွှတ်ခဲ့၏။
အစောပိုင်း၌ ထိုအကြံက အလုပ်ဖြစ်ခဲ့ပြီး ဇင်းနစ်သားများကို အလစ်အငိုက်ဖမ်းနိုင်ခဲ့သည်။
ထိုလုပ်ကြံသတ်ဖြတ်ရေးအဖွဲ့က စိန့်ပီတာဘတ်မြို့နားကပ်လာပြီး ၎င်းတို့ကိုတားဆီးသည့်တပ်စုကို ရှင်းလင်းနိုင်ခဲ့၏။ ထို့နောက် ဇင်းနစ်တော်ဝင်နန်းတော်အနား အတော်လေးကပ်လာနိုင်ခဲ့သည်။
၎င်းတို့က တော်ဝင်မိသားစုတစ်ခုလုံးကိုရှင်းပစ်ခါနီးတွင်ပင် အစွမ်းထက်သော ဆရာသခင်တစ်ဦးထွက်ပေါ်လာပြီး အားလုံးကိုရှင်းလင်းခဲ့သည်။ လအဆင့်လက်ရွေးစင်တစ်ဦးမျှ မလွတ်မြောက်ခဲ့ပေ။ အားလုံး နန်းတော်နှင့် မီတာ၁၀၀အကွာ၌ ရှင်းပစ်ခံခဲ့ရခြင်းဖြစ်သည်။
ထိုဆရာသခင်က ကိုယ့်ကိုယ်ကိုဖုံးကွယ်ထားခြင်းမရှိသော်လည်း စက္ကန့်အနည်းငယ်မျှသာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။
စာရုံးမှရရှိသော သတင်းများအရ တော်ဝင်နန်းတော် ကျိုးပျက်လုနီးအချိန်တွင်ပဲ အပြာရောင်အလင်းတန်းများထွက်ပေါ်လာပြီး လအဆင့်လက်ရွေးစင်ဆယ်ဦးလုံးတပြိုင်ထဲရှင်းလင်းခံလိုက်ရသည်။ ထိုအထဲ၌ အထွတ်အထိပ်လပြည့်လက်ရွေးစင်တစ်ဦးနှင့် အဆင့်ကိုး အလယ်အလတ်အဆင့် လပြည်လက်ရွေးစင်တစ်ဦးပါဝင်ပေသည်။
ထိုဆန်းကြယ်သောဆရာသခင် အပြာရောင်အလင်းတန်းများဖုံးလွှမ်းနေသည်ဖြစ်ရာ သူမည်သူဆိုသည်နှင့် မည်သည့်နည်းစနစ်များသုံးသွားသည်ကိုမသိကြရပေ။ သို့သော်လည်း သူက ရန်သူတစ်ဦးမဟုတ်ဘဲ မိတ်ဆွေဖြစ်သည်မှာတော့ ထင်ရှားလှသည်။ ထိုပုဂ္ဂိုလ်က နေအဆင့် သို့မဟုတ် နေအဆင့်ကို အလွန်နီးကပ်နေသူတစ်ဦးဖြစ်ပေလိမ့်မည်။
ထိုသတင်းက စိန့်ပီတာဘတ်တစ်မြို့လုံးသာမက ရန်သူများကိုပင် အံ့ဩသွားစေခဲ့သည်။ ထိုသတင်းက ချမ်းဘော့ဒ်ဘုရင် နေအဆင့်ဖြစ်သည့် သတင်းနှင့် တန်းတူအရေးပါလှသည်။ ထိုသတင်းကြောင့် ဇင်းနစ်၏ တော်ဝင်မိသားစုမှာ လူအများအမြင်တွင် ပိုမိုလျှို့ဝှက်ဆန်းကျယ်လာပေသည်။
အဘယ့်ကြောင့် အဆင့်တစ်အင်ပါယာက အလွန်အစွမ်းထက်နေရသနည်းဟူ တွေးတောလာကြ၏။
အင်ပါယာဆယ်ခု တပ်ပေါင်းစုမှာ ထပ်မံ၍ ရှုံးနိမ့်ပြန်ပြီဖြစ်သည်။ သူတို့က ဘုရင်အလက်ဇန္ဒားမရှိခင် အလစ်အငိုက်ဖမ်းလုပ်ကြံရန်ကြိုးစားခဲ့သော်လည်း နောက်ထပ်လအဆင့် လက်ရွေးဆင် ဆယ်ဦးဆုံးရှုံးရပြန်ပြီဖြစ်သည်။
ချမ်းဘော့ဒ်ဘုရင် အလက်ဇန္ဒား၏ လက်ချက်ကိုပါ ထည့်တွက်မည်ဆိုပါက အင်ပါယာဆယ်ခုတပ်ပေါင်းစုမှာ လအဆင့်လက်ရွေးစင် နှစ်ဆယ်လောက်ဆုံးရှုံးခဲ့ရပြီဖြစ်၏။ ထိုပမာဏက အင်ပါယာဆယ်ခုပေါင်းဆုံးရှုံးမှုဖြစ်သည့်တိုင် နည်းပါးသောအဆုံးအရှုံးပမာဏမဟုတ်ပါ။
စိန့်ပီတာဘတ်မြို့အတွင်းရှိ ထိုပုဂ္ဂိုလ်နှင့်ဆိုပါက ရန်သူဘက်မှ နေအဆင့်မှလွှတ်လိုက်လျှင်ပင် မြို့တော်မှာဘေးကင်းနေမည်ဖြစ်သည်။ ထို့ကြောင့်လည်း ဖေး အင်ပါယာမှခွာသည့်ခရီးထွက်ရဲခြင်းဖြစ်၏။
ရှစ်ရက်မြောက်နေ့တွင်တော့ ဇင်းနစ်သားများ အာရုံစိုက်စရာကိစ္စတစ်ခုပေါ်လာသည်။
၎င်းက ချမ်းဘော့ဒ်မှ ဘိုင်လောတပ်ကူ လက်ရွေးစင်သုံး ဒုတိယမင်းသား ရိုဒီဂွက်နှင့် လာရောက်ပူးပေါင်းခြင်းဖြစ်၏။ ၎င်းတို့ကို လမ်းပတ်နှင့် လူအိုကြီး အာရန်တို့ကဦးဆောင်ပြီး တောင်ပိုင်သို့လိုက်ပါတိုက်ခိုက်ပေးမည်ဖြစ်သည်။
လူသုံးရာက များပြားသော ပမာဏမဟုတ်သော်လည်း အချို့က သိုင်းသူတော်စင် အလက်ဇန္ဒားက ဒုတိယမင်းသားရိုဒီဂွက်ဘက်တွင် ရပ်တည်ကြောင်း အချက်ပြခြင်းဖြစ်သည်ဟု ယုံကြည်ကြ၏။
လူသိသောသတင်းများအရ လမ်းပတ်မှာ ချမ်းဘော့ဒ်၏ ရွှေသူတော်စင်ဆယ်ဦးအနက်တစ်ဦးဖြစ်သည်။ သူက ရွှေလီယွန်သူတော်စင်ဖြစ်ပြီး လအဆင့်လက်ရွေးစင်ဖြစ်ကာ သူမည်မျှအစွမ်းထက်ကြောင်းမည်သူမျှမသိကြပေ။
လမ်းပတ်က ဘုရင်အလက်ဇန္ဒားအလွန်ယုံကြည်ရသူဖြစ်ပြီး ဘုရင့်အကြီးအကဲတစ်ဦးဖြစ်ပေသည်။ ထိုပုဂ္ဂိုလ်မျိုးက ဒုတိယမင်းသားကိုလာရောက်ကူညီခြင်းက ချမ်းဘောဒ့်က ဒုတိယမင်းသားကိုထောက်ပံ့ကြောင်းပြသနေ၏။
သို့သော်လည်း ဗျူဟာရှင်ဖြစ်သော လူအိုကြီး အန်းယန်အကြောင်းကိုတော့မည်သူမျှမသိကြပေ။ အားလုံး၏ အမြင်၌ အရေးမပါသောထိုပုဂ္ဂိုလ်က တောင်ပိုင်းနယ်မြေစစ်ပွဲ၌ ဇင်းနစ်၏ အင်ပါယာကိုမည်သို့ပြောင်းလဲပေးနိုင်ကြောင်း မည်သူမျှမသိသေးပေ။
End