ပြဿနာများသောယင်ကောင်များ ၁
Vol. 58 Ch. 900
၉ရက်မြောက်နေ့တွင်တော့ ဇင်းနစ်၏ တပ်နှစ်တပ်မှာ တပ်ပြင်မှုပြီးဆုံးပြီး စိန့်ပီတာဘတ်မှ စတင်ထွက်ခွာပြီဖြစ်သည်။
စစ်အင်အားနှစ်သိန်းကျော်မှာ အင်ပါယာ၏ တောင်ဘက်သို့ နှစ်တပ်ခွဲ၍ ထွက်လာ၏။ ဤသို့သော ဖရိုဖရဲခေတ်တွင် တပ်များ၏ လှုပ်ရှားမှုတိုင်းက အင်ပါယာတစ်ခုလုံး၏ ကံကြမ္မာကိုဆုံးဖြတ်နိုင်သည်။ စစ်ပွဲပြန်လည်စတင်ပြီဖြစ်ရာ ဇင်းနစ်ပြည်သားတိုင်း၏ စိတ်ထဲ၌ သာယာနေခြင်းမရှိပေ။
ထိုညတွင်ပင် ဘုရင်အလက်ဇန္ဒားမှာ သူနေသောဟိုတယ်၌ ဘုရင်ကွန်စတန်တင်းနှင့် နောက်ဆုံးတွေ့သည်။
“ ဒါက ခုနှစ်ဆင့်လက်သီးကိုအခြေခံပြီး ငါအဆင့်မြှင့်ထားတဲ့ ခုနှစ်ဆင့်နတ်ဘုရားလက်သီးသိုင်းပဲ ငါ ခုနှစ်ဆင့်လက်သီးသိုင်းကို သေသေချာချာအချိန်ယူလေ့လာပြီး သူ့အစွမ်းကိုမြှင့်ထားတာ ခုဒါက လအဆင့် အဆင့်မြင့်နည်းနစနစ်ပဲ အဆင့်ရှစ်တင်မကဘူး ထိပ်တန်းနည်းစနစ်လည်းဖြစ်လာပြီ ပြီးတော့ အသုံးပြုသူကိုလည်း အတွင်းဒဏ်မရစေတော့ဘူး မင်းရဲ့ပါရမီနဲ့ဆိုရင် လပြည့်အဆင့်ထိမြှင့်တင်နိုင်မှာပဲ “ ဖေး ရွှေရောင်သိုင်းကျမ်းကို ဘိုင်ဇန်တိုင်းပြည်ဘုရင် ကွန်စတန်တင်းထံ လက်ဆင့်ကမ်းလိုက်၏။
“ ကျေးဇူးပါ သိုင်းသူတော်စင်အရှင် “ ကွန်စတန်တင်းမှာ အတော်လေး စိတ်လှုပ်ရှားနေပြီး ကိုယ့်ကိုယ်ကိုမနည်းထိန်းနေရသည်။
ခုနှစ်ဆင့်လက်သီးကြောင့် လူပေါင်းများစွာကို သူအနိုင်ယူပြီး နာမည်ကျော်ခဲ့သည်။ ၎င်းက သူ့ကိုနာမည်ကြီးစေသော နည်းစနစ်ဖြစ်၏။
သို့သော်လည်း ခုနှစ်ဆင့်လက်သီးက အကန့်အသန့်နှင့်ဖြစ်ပြီး ထိပ်တန်းကြယ်အဆင့်လက်သီးသိုင်းသာဖြစ်သည်။ ၎င်းက လအဆင့်နည်းစနစ်များနှင့်ယှဉ်လျှင် အလှမ်းဝေးလှပြီး ၎င်း၏ အကန့်အသတ်ကြောင့် ကွန်စတန်တင်း ကြယ်ရှစ်ပွင့်အဆင့်၌ တန့်နေခြင်းဖြစ်၏။
ထို့ပြင် ခုနှစ်ဆင့်လက်သီးက အသုံးပြုသူကို တန်ပြန်သက်ရောက်ပြီး အတွင်းဒဏ်ရာရစေသည်။ ဖေးက ကွန်စတန်တင်းကို ခုနှစ်ဆင့်လက်သီးနှင့်တွဲသုံးရန် သစ်ဓာတ်ကုသရေးကျင့်ကြံခြင်းနည်းစနစ်သင်ပေးခဲ့သော်လည်း တန်ပြန်ထိခိုက်မှုက ရှိဆဲဖြစ်သည်။ ထိုသို့မဟုတ်ပါက ကွန်စတန်တင်း၏ ကိုယ်၌ အတွင်းဒဏ်ရာများစွာရှိနေမည်မဟုတ်ပေ။
ယခုတော့ ပညာရပ်အသစ် ခုနှစ်ဆင့်နတ်ဘုရားလက်သီးက ထိုအခြေအနေကိုလုံးဝပြောင်းလဲပေးခဲ့၍ ကွန်စတန်တင်းကျင့်ကြံရေးလမ်းစဉ်၌ ပိုမိုလျှောက်လမ်းနိုင်တော့မည်ဖြစ်ပေသည်။
“ ဒီမှာ အစိမ်းရောင်သမုဒ္ဒရာပြန်လည်အသက်သွင်း နည်းစနစ် ဒါကလပြည့်အဆင့်နည်းစနစ်ပဲ ရောဒါကတော့ နဂါးပြောင်းလဲခြင်းမြက်ပဲ ဒါက မင်းရဲ့ပါရမီနဲ့ ခန္တာကိုယ်ကြံ့ခိုင်မှုကိုတိုးမြှင့်ပေးနိုင်တယ် ခုမင်းရဲ့လက်ရှိစွမ်းဆောင်ရည်နဲ့ဆို နှစ်ဝက်အတွင်း လအဆင့်ကိုတက်သွားနိုင်တယ် ခု မင်းက တောင်ပိုင်းမှ ဩဇာရှိပုဂ္ဂိုလ်ဖြစ်လာပြီဆိုတော့ ဘိုင်ဇန်တိုင်းရဲ့ တပ်အင်အားအပြင် မင်းရဲ့ကိုယ်ပိုင်စွမ်းအားကိုပါမြှင့်တင်ရမယ် “ ထိုသို့ပြောပြီးနောက် ဖေးမှာ သူ့သိုလှောင်ရေးလက်စွပ်ထဲမှာ ကျမ်းစာတစ်အုပ်နှင့် မြက်တစ်ပင်ကိုထုတ်ပေးလိုက်၏။
“ သိုင်းသူတော်စင်ခင်ဗျ ကျွန်တော် ဒီရတနာတွေနဲ့ ထိုက်တန်တယ်လို့ မခံစားရပါဘူးခင်ဗျ “ ကွန်စတန်တင်းကဆိုသည်။ ဖေးထုတ်ပေးသည်များက အားလုံး၏ အာရုံကိုဖမ်းစားနိုင်ပြီး စစ်သည်များလောဘတက်ကာ သတ်ဖြတ်မှုများဖြစ်စေသည့်အထိဖြစ်စေနိုင်သော်လည်း ကွန်စတန်တင်းက လောဘကြီးသူမဟုတ်ပေ။ သူက ဖေးကိုအလွန်ကျေးဇူးတင်နေပြီး ထပ်မံလက်ခံရန်အတွက် မသက်မသာဖြစ်နေ၏။ ဖေးအပေါ် သူတင်ရှိနေသည့် အကြွေးကအလွန်များနေပြီဖြစ်သည်။
ဖေးက တည်ကြည်သော မျက်နှာထားနှင့်ပြောလိုက်၏။ “ ဒါကိုယူပါ တွေဝေမနေနဲ့ ငါအင်ပါယာတစ်ခုလုံးအကျိုးရှေးရှူးပြီးပေးတာ “
ကွန်စတန်တင်းလည်း ကျေးဇူးတင်ကြောင်းအကြိမ်ကြိမ်ပြသပြီးမှလက်ခံ၏။
“ မင်းခုပဲ နဂါးပြောင်းလဲခြင်းမြက်ကို သန့်စင်လိုက် ငါမင်းကို ကူညီပေးမယ် “
ဤနေရာသို့ရောက်နေပြီဖြစ်ရာ တက်နိုင်သမျှ ဆက်လက်ကူညီပေးရန်ဖေးဆုံးဖြတ်လိုက်သည်။ ဤ နတ်ဘုရားဆေးမြစ်က စုပ်ယူပြီးနောက် အာရုံဖမ်းစားနိုင်သော သဘာဝမြင်ကွင်းကိုဖြစ်ပေါ်စေနိုင်သည်။ ထို့ပြင် နတ်ဘုရားဆေးမြစ်ကို ကြေညက်ရန်အလွန်ခက်ခဲလှပြီး အကျိုးထူးက ချက်ချင်းလက်ဟင်းဖြစ်ပေါ်လာမည်ဖြစ်သည်။
ထို့ကြောင့် ဖေးမှာ သူ ဘိုင်ဇန်တိုင်းပြည်မှမခွာခင် ကွန်စတန်တင်း နဂါးပြောင်းလဲခြင်းမြက်၏ စွမ်းအားကို ဖြစ်နိုင်သမျှစုပ်ယူနိုင်ရန် သူ၏ နေအဆင့်စွမ်းအားကိုသုံးကူညီပေးမည်ဖြစ်သည်။ သို့မဟုတ်ပါက ကြယ်အဆင့်စစ်သည်လေးသာဖြစ်သော ကွန်စတန်တင်းမှာ နတ်ဘုရားဆေးကို မကြေညက်နိုင်ဖြစ်ပြီး တန်ပြန်ဆိုးကျိုးထိသွားနိုင်သည်။ ထိုသို့ဖြစ်လာရန် မထိုက်တန်ပေ။ စုပ်ယူခြင်းဖြစ်စဉ်က ဖေးကူညီပေးရင်း တစ်နာရီလောက်ကြာသွားသည်။
End