Chapters

ပြဿနာများသောယင်ကောင်များ ၂

Vol. 58 Ch. 901

ပြဿနာများသောယင်ကောင်များ ၂

Vol. 58 Ch. 901

ကွန်စတန်တင်း နတ်ဆေးမြစ်များကိုဝါးမြိုပြီးနောက်တွင်တော့ ချက်ချင်းပင် အဆင့်ကိုးသို့တက်သွား၏။ နတ်ဆေးမြစ်က ဤဖြစ်စဉ်အတွက်ကူညီနိုင်သော်လည်း ကွန်စတန်တင်း၏ အဆင့်ရှစ်၌ ကြိုးစားခဲ့မှုများကြောင့် အလွယ်တကူဖြစ်လာခြင်းဖြစ်သည်။ ယခုအချိန်မှစ၍ သူအတွက် လအဆင့်သို့တက်ရန် အဟန့်အတားရှိတော့မည်မဟုတ်ပေ။

နဂါးပြောင်းလဲခြင်းဆေးထဲမှ စွမ်းအင်များကိုစုပ်ယူပြီးနောက် ဘုရင်ကွန်စတန်တင်းမှာ ဖေးကိုအရိုအသေပေးတော့သည်။ ဘုရင်ကွန်စတန်တင်းမှာ ဖေးစိတ်ကောင်းဝင်နေသည်ကိုမြင်တော့ တွေဝေစွာပြောလိုက်၏။ “ အရှင်သိုင်းသူတော်စင် အရှင်က ဒီမှာကိုးရက်နေပြီးပြီဆိုတော့ မူလစီစဉ်ထားသလိုပဲ နောက်နေ့ထွက်ခွာမှာလား “

“ အမ်း “ ဖေးခေါင်းငြိမ့်ပြလိုက်၏။

“ ဒါ....ဒါဆို နိုဘယ်တစ်ချို့က အရှင့်ကိုတွေချင်နေကြတယ် သူတို့ကအရှင့်ရဲစွမ်းအားကိုလေးစားတာကြောင့် အရှင်ကိုမြင်ဖူးချင်ကြတယ် ကျွန်တော်ဘုရင့်နန်းတော်မှာပွဲတစ်ခုစီစဉ်ပြီး အရှင်တက်ရောက်နိုင်..... “

“ ဟားဟားဟား “ ဖေးရယ်မောလိုက်၏။ သူရရှိထားသော စာရုံးမှ သတင်းများအရ ဘိုင်ဌန်တိုင်းပြည်အရှင် ကွန်စတန်တင်းမှာ အတော်လေးပြဿနာများကြုံ‌ေနရသည်ဟူ၍ဖြစ်သည်။

ကွန်စတန်တင်းမှာ တွေဝေနေသော်လည်း သူ့ရည်ရွယ်ချက်က ရိုးရှင်း၍ ဖေးလက်ခံလိုက်၏။ သူပြုံးကာပြန်ပြောလိုက်သည်။ “ ဟုတ်ပါပြီ ငါမင်းနဲ့အတူလိုက်တက်ပေးပြီး အဲ့နိုဘယ်တွေနဲ့တွေ့မယ် ပြီးရင် မင်းအတွက်ပြဿနာတွေကို ငါရှင်းပေးမယ် “

ကွန်စတန်တင်းလည်း ဖေး၏ စကားများကိုကြားပြီးနောက် ပျော်ရွှင်သွားသည်။

ဘိုင်ဇန်တိုင်း၏ မြို့တော်၌ ညမှာကျရောက်လာပြီး မြို့မှာမီးများဖြင့်လင်းထိန်လာသည်။

မြို့မှာ ချမ်းဘော့ဒ်ကဲ့သို့ မှော်စနစ်တွင် တိုးတက်ခြင်းမရှိသော်လည်း သူ့အတိုင်းအတာနှင့်သူတော့ ခြားနားသည့်ခန်းနားမှုရှိသည်။ ဘိုင်ဇန်တိုင်းက ကန်းရိုးတန်းတိုင်းပြည်ဖြစ်၍ မိုးအတော်လေးရွာသွန်းလှသည်။ ထို့ကြောင့် မိုးရေများလျှောကျစေရန်အလို့ငှာ ၎င်းတို့၏ အမိုးများက ထိပ်ဆုံးတွင်ချွန်ထက်ပြီး လျှောကျသွားဟန်ရှိ၏။ ၎င်းက ချမ်းဘော့ဒ်ပြည်၏ ကုဗသဏ္ဍန်အဆောက်အဦးများနှင့်မတူညီရာ ချမ်းဘော့ဒ်သားများအတွက် အမြင်ဆန်းနေသည်။

ဖေး၏ နန်းတော်သို့ရောက်လာခြင်းက လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။ ဤနေရာသို့ရောက်ရှိနေသော ဩဇာကြီးပုဂ္ဂိုလ်များနှင့် နိုဘယ်များ အံ့ဩစိတ်လှုပ်ရှားသွားကြသည်။

ဤနေရာရှိအများစုက စစ်ရှုံးတပ်များ၏ တပ်မှူးများ အသိမ်းပိုက်ခံနယ်မြေများမှ အရာရှိများစသည့် နိုဘယ်မျိုးနွယ်များဖြစ်ကြသည်။ သူတို့က ရန်သူများထိန်းချုပ်ထားသော နယ်မြေများအတွင်းတွင် ရှာမတွေ့စေရန်ပုန်းအောင်နေကြရပြီး သိုင်းသူတော်စင် ဘိုင်ဇန်တိုင်းပြည်တွင်ရှိနေသည်ဟူသော သတင်းကြောင့် အကာကွယ်ရယူရန်နှင့် အခွှင့်အရေးကောင်းများရရန်အတွက် ဘိုင်ဇန်တိုင်းပြည်သို့ ပြေးလာကြခြင်းဖြစ်သည်။

ကျယ်လောင်သော ဩဘာသံများမှာ ဖေးသူ့နေရာတွင်ထိုင်ပြီးနောက် ရပ်တန့်သွားပြီး ပှံပါတီပွဲအဖြစ်ပြန်ဆက်သွား၏။

ဘုရင့်နန်းတော်အတွင်းမှ ဤခန်းမကြီးမှ ခန်းနားပြီး ရတနာအပါင်းမှ ပြိုးပြိုးပျက်ပျက်အလင်းများ ထွန်းလက်နေသည်။ အနံ့ အရသာနှင့် ပြည့်စုံသော စားသောက်ဖွယ်ရာ ဝိုင်များ နေရာအနှံ့တွင်ရှိပြီး နိုဘယ်အမျိုးသား အမျိုးသမီးများမှာ စားရင်းသောက်ရင်း ပြောဆိုနေကြ၏။

ခနအကြာတွင်တော့ အဆင့်အတန်းအမြင့်ဆုံးနိုဘယ်အချို့မှာ ဖေးအနားသို့အပြုံးနှင့် လျှောက်လာကြသည်။

“ ကွန်စတန်တင်း မင်းက တကယ့်ကောင်ပဲ သိုင်းသူတော်စင်ကိုတောင် ခေါ်ထုတ်နိုင်တယ် ဟားဟားဟား “ ခပ်ဝဝ ဖက်ရှင်အပြည့်ဝတ်ဆင်ထားသော လူတစ်ဉီးက ကွန်စတန်တင်း၏ ပုခုံးကိုပုတ်ရင်းပြောသည်။ သူက ဤနေရာတွင် အမြင့်ဆုံးနိုဘယ်ဖြစ်ပြီး ကွန်စတန်တင်းကို ငယ်သားအားမြှောက်ပင့်သလိုပြောဆိုနေ၏။ ဤနန်းတော်ကိုလည်း သူ့ပိုင်ဆိုင်မှုအလား လုပ်ဆောင်နေသည်။

ဒေါသတစ်ချက်ဖြစ်သွားသော်လည်း ကွန်စတန်တင်းမှာ မြိုသိပ်လိုက်၏။ “ ကျုပ်ကိုမြှောက်ပင့်နေပါပြီ ရဲတိုက်အရှင် မစ္စတာရှားဝုဒ် “

ထို့နောက် ကွန်စတန်တင်းက အားလုံးဘက်လှည့်ကာပြောလိုက်သည်။ “ သိုင်းသူတော်စင်နဲ့ ခင်ဗျားတို့ကို မိတ်ဆက်ပေးပါရစေ “

“ မလိုပါဘူး ရတယ် ငါပဲ သိုင်းသူတော်စင်ကိုအားလုံးနဲ့ မိတ်ဆက်ပေးလိုက်မယ် မင်းလုပ်စရာရှိတာသွားလုပ် “ ဖတ်တီးရှားဝုဒ်က ကွန်စတန်တင်းကို လေးစားမှုတစ်ချက်မပြပဲ ပြောသည်။

End