ဇွတ်ဖြူစင်ခြင်း ၁
Vol. 58 Ch. 902
ဖက်ရှင်ဆတ်ဆန်ဝတ်ဆင်ထားသော ဖတ်တီးကိုကြည့်ပြီး ဖေး ကွန်စတန်တင်းကိုမေးလိုက်သည်။ “ ဒီ လူကြီးမင်း ရှားဝုဒ်က......”
“ ကျွန်တော် မိတ်ဆက်ပေးပါရစေ ဒါက လေစိမ်းနယ်ရဲ့ ရဲတိုက်အရှင် လေစိမ်းနယ် တပ်တွေရဲ့ တပ်မှူး ဂုဏ်သရေရှိအဆင့် ၁ နိုဘယ် ရှားဝုဒ်ပါ “ ကွန်စတန်တင်း ဘာမျှ မတုန့်ပြန်ခင်နိုင်မှာပင် ခက်ဖားဖားအပြုံးနှင့် လူငယ်လေးက ဘေးဖယ်ရန်လက်ဟန်ပြပြီး ဝင်ဖြေသည်။
“ အိုး “ ဖေးက ထိုဖတ်တီး၏ ဂုဏ်ပုဒ်ကိုသိသွားပြီးခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူကပြောလိုက်သည်။ “ ဒါဆို ခင်ဗျားက လေစိမ်းနယ်က ရဲတိုက်အရှင်တစ်ဦးပေါ့ ကျုပ်လည်းကြားတယ် လေစိမ်းနယ်မှာ အင်ပါယာကို ရန်သူတွေကျူးကျော်တော့ နှစ်ပေါင်းများစွာအင်ပါယာက စီစဉ်ထားတဲ့ လက်ရွေး၅၀၀၀၀ရှိတယ်ဆိုတာ အနည်းဆုံးတော့ ဒီအင်အားက မြို့ကိုနေ့ဝက်တော့ကာနိုင်တယ်လေ အဲ့တာ သောက်ရူးတစ်ကောင်က ပြည်သူနှစ်သိန်းရှိတဲ့မြို့မှာ နိုဘယ်ထောင်ဂဏန်းလွတ်ဖို့မြောင်းတူးခိုင်းတော့ ရန်သူတွေအလွယ်တကူပဲမြို့သိမ်းနိုင်ပြီး ပြည်သူသောင်းချီ သတ်ဖြတ်ခံလိုက်ရတယ် စစ်သည်တွေလည်း ကောင်းကောင်းမတိုက်နိုင်တော့ဘဲ နည်းနည်းပဲလွတ်မြောက်လာတယ် အဲ့လို ခေါင်းမရှိတဲ့ လုပ်ရပ်ပိုင်ရှင်က မစ္စတာရှားဝုဒ်မှတ်လား “
ရှားဝုဒ် မျက်နှာမှ အပြုံးမှာ အသက်မဝင်တော့ပေ။ လူတိုင်း အင်ပါရီယန်သိုင်းသူတော်စင်၏ စကားမီ မနှစ်လိုမှုကိုခံစားမိကြ၏။
သို့သော်လည်း လူငယ်နိုဘယ်လေးမှာ အလွန်လည်သူဖြစ်သည်။ သူက မျက်စိစွေပြီး တစ်ချက်တွေးကာပြော၏။ “ မစ္စတာ အလက်ဇန္ဒားက မစ္စတာရှားဝုဒ်ကို အထင်လွဲသွားတာ မစ္စတာရှားဝုဒ်က တပ်ဖွဲ့တွေနဲ့အတူ လွတ်မြောက်အောင်ပြေး စိန့်ပီတာဘတ်မြို့ပြန်လာပြီး တော်ဝင်မိသားစုကိုကာကွယ်ချင်တာပါ မစ္စတာရှားဝုဒ်က သစ္စာရှိရှိတွေးပြီး ကြိုတင်မြှော်မြင်ခဲ့တာ “
“ ဒါပေမယ့် ရန်သူတွေချီတက်လာမှုက အတော်လေးမြန်သွားတယ် စိန့်ပီတာဘတ်မရောက်ခင်မှာတင် လိုက်မှီလာကြတယ် မစ္စတာရှားဝုဒ်က ချပ်ဝတ်မှာသွေးတွေပြည့်နှက်ပေကျံတဲ့အထိ ဦးဆောင်ညွှန်ကြားတိုက်ခိုက်ပါသေးတယ် ဒါပေမယ့်အခြေအနေကထိန်းမရေတော့ပဲ စစ်သည်အများအပြားဆုံးရှုံးလိုက်ရတယ် မစ္စတာရှားဝုဒ်လည်း သွေးထွက်လွန်ပြီး သတိလစ်ခဲ့တယ် သူလည်း အစွမ်းထက်ဆရာသခင်တွေ ကယ်တင်မှုကြောင့် အသက်ရှင်လွတ်မြောက်လာတာ ခုလည်း ညီအကိုတွေအတွက် ပြန်လက်စားချေချင်လို့ သိုင်းသူတော်စင်ဆီ လာခိုလုံတာပါ “
“ ဟုတ်ပါတယ် အဲ့လိုတကယ်ဖြစ်ခဲ့တာ “
“ မစ္စတာရှားဝုဒ်က အင်ပါယာရဲ့ နိုဘယ်တိုင်းအတွက် စံနမူနာယူစရာသူပါ “
“ မနာလိုသူတွေက မစ္စတာရှားဝုဒ် သေဖို့ထိုက်တန်သယောင် ကောလဟာလ လွှင့်ကြတာပါ မစ္စတာရှားဝုဒ်က သစ္စာရှိ အင်ပါယာရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်ပါ “
တခြားသော ဖက်ရှင်ဆန်ဆန်ဝတ်စားထားသော မေးနှစ်ထပ်နှင့် ဖတ်တီးများကလည်း ဝိုင်ခွက်များကိုမြှောက်ကာ မစ္စတာရှားဝုဒ်ကို ဝိုင်းဝန်း မြှောက်ပင့်ကြသည်။
ထိုစကားများကြောင့် မစ္စတာရှားဝုဒ်၏ မနေမထိုင်တတ်ဖြစ်နေမှုများ ပျောက်သွားပြီး အပြုံးများပြန်ထွက်ပေါ်လာတော့သည်။
ဘုရင်ကွန်စတန်တင်းကတော့ စိတ်ထဲမှ ကြိတ်ကျိန်းဆဲမိနေသည်။ “ လူယုတ်မာတွေ ကိုယ့်ကိုယ်ကို အပြစ်ကင်းယောင်ဆောင်နေကြတာ လေစိမ်းနယ်ရဲ့ ဖုန်မှုန့်တွေတောင် ရှားဝုဒ်သရဲဘောကြောင်ထွက်ပြေးပြီး မြို့ကိုထားခဲ့လို့ ပြည်သူတွေသေရတာ လက်ရွေးစင်စစ်သည်ငါးသောင်းဆုံးရတဲ့ အကြောင်းအရင်းကိုအရင်ခံတာလည်းသူပဲ သူကအပြစ်ရှိဆုံးပဲ ဒါကိုပြောင်းပြန်လှန်ပြီး အကျိုးဆောင်ခဲ့သယောင်ပြောနေတာပဲ ခွှင့်မလွတ်နိုင်စရာပဲ “
ကွန်စတန်တင်း ထိုလူလိမ်ကို အပိုင်းပိုင်းစုတ်ချင်မိသွားသည်။
သို့သော်လည်း သူ့အဆင့်အတန်းက ရှားဝုဒ်ထက်နိမ့်ပါးသလို သူ့တိုင်းပြည်ကလည်း ရှာဝုဒ်၏ အမိန့်ကိုနာခံရန်လိုသေး၏။ ထင်သလိုလုပ်လိုက်ပါက အနာဂတ်တွင် ပြဿနာများတတ်မည်ဖြစ်သည်။ ထို့ကြောင့် စကားလုံးများကို ပြန်မြိုချပြီး အင်ပါရီယန်သိုင်းသူတော်စင်ကို နောက်မှတိုးတိုးပြောပြရန်တွေးလိုက်၏။
ဖေး ထိုလူကောက်များ၏ လှည့်ဖျားမှုမခံရစေရန်သာ သူမျှော်လင့်နေသည်။
ဖေးကတော့ ထိုစကားများကိုနားထောင်ပြီးသည်နှင့် ဘာမျှထုတ်မပြောပေ။ သူက နိုဘယ်လူငယ်လေးကိုသာစိုက်ကြည့်နေလိုက်၏။
End