Chapters

ဇွတ်ဖြူစင်ခြင်း ၂

Vol. 58 Ch. 903

ဇွတ်ဖြူစင်ခြင်း ၂

Vol. 58 Ch. 903

ဖေး၏ ဖိအားအောက်၌ နိုဘယ်လူငယ်လေး စိတ်ယိုင်လဲခါနီးတွင် ဘုရင်ကမေးလိုက်သည်။ " ဒါဆိုမင်းက ဘယ်သူလဲ......."

ထို နိုဘယ်လူငယ်လေးမှာ ကံကောင်မှန်း ဆိုးမှန်းမသိ၍ ထိပ်လန့်နေသည်။ သူက ချက်ချင်းပင် အရိုအသေပေးပြီး ဖားဖားယားယားအပြုနှင့်ပြောလိုက်၏။ " ကျွန်တော်က ရန်ပါ သူရဲကောင်းမျိုးရိုးမိသားစုကပါ "

" ဪ ရန်နိုင်သူရဲကောင်ပဲ "

ဖေးစိတ်ထဲတွင်တော့ ဤသို့တွေးနေသည်။ " သူရဲကောင်းမျိုးရိုးက အလယ်အလတ်နိုဘယ်အဆင့်ဘဲ တန်းတူအဆင့်ထဲမှာတော့ ပိုဩဇာရှိပြီး တော်ဝင်သွေးနည်းနည်းပါကြတယ် ဒီကောင်လေးကလဲ လေစိမ်းနယ်မှာ ရာထူးမြင့်ပိုင်းကိုဖြည့်ပေးဖို့အလွှတ်ခံလိုက်ရတာဖြစ်မယ် "

ဖေးလည်း ပြုံးလျက်ပြောလိုက်သည်။ " မင်းက စကားပြောတော်တော်ကောင်းတာပဲ ဒါဆိုငါ့ကို ဒီညရောက်လာတဲ့နိုဘယ်တွေနဲ့ မိတ်ဆက်ပေး ငါလည်းအင်ပါယာရဲ့ တောင်ပိုင်းကိုမရောက်ဘူးပေါ့ သိပ်မသိဘူးလေ "

ထိုစကားကြောင့် နိုဘယ်‌လူငယ်လေး အကြောက်ပြေပြီး ပျော်သွားသည်။ အခြားနိုဘယ်များကတော့ သူ့ကိုမနာလိုဖြစ်သွားကြ၏။

" သိုင်းသူတော်စင်ရဲ့ လေသံအရဆို သူ ရိုင်ယန်ကိုသဘောကျသွားပုံပဲ ရိုင်ယန်တွေက စကားပြောကောင်းပြီးရက်စက်ကြတယ် အခြေအနေကြည့်ပြီး မြှောက်ပင့်တဲ့နေရာမှာလည်း ဆရာကျကြတယ် ဒီတစ်ကြိမ်သူသိုင်းသူတော်စင်ဆီက ချီးမြှောက်မှုရရင် အဆင့်မြင့်သွားမှာ သိုင်းသူတော်စင်သာတပည့်အဖြစ်လက်ခံလိုက်ရင် ပိုအဆင့်မြင့်သွားမယ် သူ့အနာဂတ်ကအကန့်အသတ်မဲ့ပဲ " နိုဘယ်များထိုသို့တွေးလိုက်ကြသည်။

ရိုင်ယန်သူရဲကောင်းမျိုးက ဖေးရှေ့တွင် သူတက်ကြွသွက်လက်သူဖြစ်ကြောင်းပြချင်၏။ ထို့ကြောင်အလျင်အမြန်ပင် မိတ်ဆက်ပေးသည်။ သူက အတော်လေး လေ့လာထားပုံရသည် နိုဘယ်တိုင်းအကြောင်း အတိအကျပြောနိုင်၏။ နိုဘယ်များ၏ မိသားစုနောက်ခံသာမက ဘယ်မင်းသားကိုပါထောက်ပံ့ကြသည်ကိုပြောနိုင်သည်။

" ဒါက စစ်သူကြီး ဗင်ဆင့်ပါ အရင်က လေစိမ်းမြို့ရဲ့ မြို့တွင်းတပ် တပ်မှူးပါ "

" ဒါက မစ္စတာ ဂျွန်ဆင်ပါ သူက ထောက်ပံ့ရေးတပ်ရဲ့ အရာရှိပါ "

" ဒါက ဘရက်ဇိုပါ လေစိမ်းမြို့ရဲ့ အကောက်အခွန်တွေကို ကောက်ခံပေးတဲ့ အရာရှိနဲ့ အဆင့်သုံးနိုဘယ်ပါ "

ရိုင်ယန်သူရဲကောင်း၏ မိတ်ဆက်ပေးမှုနှင့် ဖေးမှာ အားလုံး၏မျက်နှာများကိုမှတ်ကာ စာရုံးမှရသည့်အမည်သတင်းအချက်အလက်များနှင့်တိုက်ကြည့်လိုက်သည်။ ထို့နောက် ဘာမျှမပြောဘဲ ဟောခန်းကို တစ်ပတ်ပတ်လိုက်၏။

ထို့နောက် သူနေခဲ့သည့်နေရာသို့ ပြန်လာခဲ့လိုက်သည်။ ဆွဲဆောင်မှုရှိရှိ ဝတ်ဆင်ထားသော နိုဘယ်အမျိုးသမီးတချို့ သူ့လာကရန်ဖိတ်ခေါ်သော်လည်း ၎င်းတို့ကိုစိတ်ပျက်စေပြီး သူငြင်းဆန်လိုက်၏။

ဖေးလက်ရှိအခြေအနေကို မည်သို့ကိုင်တွယ်ရမည်ကိုစဉ်းစားနေချိန်၌ ရယ်သံတစ်ချို့နှင့်အတူ ဂျွန်ဆင်၊ ရှားဝုဒ်တို့အုပ်စု ဝိုင်ခွက်များကိုင်၍ အနားသို့ရောက်လာကြသည်။

" မင်းတို့ပြောစရာရှိလို့လား " အားလုံး၏ တွေတွေဝေဝေဟန်အမူအရာကိုမြင်တော့ ဖေး ခပ်ပြုံးပြုံးနှင့်ပြောလိုက်၏။ ထို့နောက် သူ ဝိုင်ခွက်ကိုဝိုက်ယမ်းရင်း ထိုင်ခုံသို့မှီချလိုက်သည်။

ဖတ်တီးရှားဝုဒ်မှာ ဖေး၏ အပြုံးကိုအဓိပ္ပာယ်ကောက်လွဲသွားပုံရသည် စိတ်အေးသွား၏။ ထို့နောက် သူက တွေတွေဝေဝေဖြစ်ဟန်ဆောင်ပြီး စိတ်ပျက်ဝမ်းနည်းဟန်ဖြင့်ပြောသည်။ " စစ်ရှုံးတပ်ရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ ကျွန်တော် တင်ပြစရာရှိပါတယ် ပြောတော့မပြောသင့်ပေမယ့် အင်ပါယာရဲ့အကျိုး တိုက်ပွဲမှာအနိုင်ရဖို့ ကျွန်တော်တင်ပြရပါမယ် ဒီနေ့ ဘိုင်ဇန်တိုင်းပြည်ရဲ့ဘုရင် ကွန်စတန်တင်းလုပ်ခဲ့တဲ့ ရူးကြောင်ကြောင်လုပ်ရပ်ကိုတင်ပြပါမယ် "

End