Chapters

ရက်စက်သောရည်ရွယ်ချက် ၁

Vol. 58 Ch. 904

ရက်စက်သောရည်ရွယ်ချက် ၁

Vol. 58 Ch. 904

“ အိုး “ ဖေး ဘာထင်မြင်ချက်မှ ဝင်မပြောပေ။ ဝိုင်နီတစ်ချက်သောက်ပြီးနောက် အပြုံးနှင့် အတူ ထို နိုဘယ်များကို သူ့ဘေးဝင်ထိုင်ရန် အချက်ပြလိုက်သည်။

၎င်းက နိုဘယ်များကို ဖေး သူတို့ဘက်ပါပြီဟု ထပ်အထင်မှားသွားစေပြန်သည်။ ရှာဝုဒ်မှာ ပျော်သွားပြီး တွေဝေနေခြင်းပင်ပျောက်သွား၏။

ခပ်ဖားဖား အပြုံးကိုမျက်နှာပေါ်တွင် ဆင်မြန်ထားရင်း သူက တခြားနိုဘယ်များကို ထိုင်ရန်အချက်ပြလိုက်သည်။ ထို့နောက်တွင်တော့ ဘာမျှ မထိန်းတော့ဘဲ ရိုးသားဟန်ဆောင်၍ စတင်၍ တိုင်ကြားတော့သည်။ “ မစ္စတာ သိုင်းသူတော်စင်ခင်ဗျ အရှင်က ဘုရင်ကွန်စတန်တင်းအတွက် အကောင်းဆုံးဆန္ဒရှိပြီး ကျင့်ကြံမှုနဲ့ သိုင်းပညာကိုတောင်သင်ကြားပေးခဲ့တယ် အရှင်က အင်ပါယာအတွက် နောက်ထပ် ပါရမီရှင်တစ်ဦးမွေးထုတ်ပေးချင်နေတာဆိုတာသိသာပါတယ် ဒါပေမယ့် လူယုတ်မာ ကွန်စတန်တင်းက အရှင့်ကို စိတ်ပျက်စေခဲ့တယ် သူက ငယ်ရွယ် တွက်ချက်တတ်တဲ့သူဖြစ်ပြီး လူကောင်းမဟုတ်ပါဘူး အရှင် အများကြီးမကြည့်ပါနဲ့ တစ်ခုပဲကြည့်ပါ အင်ပါယာရဲ့တောင်ပိုင်းတစ်ခုလုံး ရန်သူ့လက်ကျနေချိန်မှာ ဘယ်လိုလုပ် ဘိုင်ဇန်တိုင်းက နှစ်ယောက်တောင်ခံနိုင်ခဲ့တာလဲ ရန်သူတွေက ဘာလို့ သူတို့ရဲ့ချမ်းသာမှုကို မလုယက်ကြတာလဲ “

ဖေးက ရှားဝုဒ်ကို ကြည့်ရင်း အမေးစကားဖြင့် ဖြေသည်။ “ အဲ့တာက ဘိုင်ဇန်တိုင်းပြည်ရဲ့ စစ်သည်တွေက သန်မာလွန်းတာကြောင့် လီယွန်တွေ အနိုင်မယူနိုင်ဘဲ အကြာကြီးတောင့်ခံနိုင်တာမဟုတ်ဘူးလား “

ရှားဝုဒ်က သက်ပြင်းချပြီး ခေါင်းခါလျက်ဖြေသည်။ “ အစက ကျွန်တော်လည်း အဲ့လိုထင်ခဲ့တာပဲလေ ဒါပေမယ့် ကျွန်တော် အဲ့လူယုတ်မာကွန်စတန်တင်းက အင်ပါယာကိုသစ္စာဖောက်ပြီး လီယွန်ပြည်ကို အညံ့ခံထားတာ တွေ့လိုက်ရတယ် အဲ့တာကြောင့်မလို့ အနီးအနားက အဆင့်၁ ပဏ္ဏာဆက်တိုင်းပြည်က နာရီပိုင်းလောက်နဲ့ ကျတဲ့အချိန်မှာ လီယွန်ရဲ့ ငဲ့ညာမှုကိုရခဲ့တဲ့ ဘိုင်ဇန်တိုင်းက ကြာရှည့်တောင့်ခံနိုင်ခဲ့တာပေါ့ “

ဖေးမှာ ရှားဝုဒ်၏စကားကို ကြားပြီးနောက် ဘာမှ ဆက်မပြောဘဲ ရှားဝုဒ်၏ရိုးသားဟန်ဆောင်နေသော ပုံကိုသာကြည့်နေပြီး ဘာမျှ မပြောဘဲ ဝိုင်ခွက်ကိုသာ ယမ်းနေလိုက်၏။

သူရဲခေါင်းမျိုးယန်ကလည်း ပါးသည်။ ဖေးဝိုင်ကုန်နေသည်ကိုမြင်တော့ အပြေးထည့်ပေးသည်။

ရှားဝုဒ်မှာ ဖေးနားယောင်လာသည်အထင်နှင့် မီးလောင်ရာပိုလေပင့်ရန် ဆုံးဖြတ်လိုက်၏။ “ အရင်နေ့တွေတုန်းက ကွန်စတန်တင်းကို နောက်ယောင်ခံကြည့်တော့ ပိုပြီးသက်သေ‌တွေတွေ့လာတယ် ဇင်နစ်ပြည်သူတွေတဲ့ စစ်ရှုံးစစ်သည်တွေ ဘယ်လောက်ထိတောင် အရှင့်ရဲ့အရှိန်ကြောင့် ဘိုင်ဇန်တိုင်းကိုရောက်လာလဲ ဒါတောင် ကွန်စတန်တင်းက အရှင့်ကို မလေးစားဘူး သူ့လို အဆင့်နိမ့်ဘုရင်မျိုးက နန်းတော်ထဲနေပြီး အရှင့်ကိုတော့ ဟော်တယ်လေးမှာထားတယ် ဘယ်လောက်ရိုင်းလိုက်သလဲ “

ရှားဝုဒ်က ဖေးနှင့် ကွန်စတန်တင်းတို့အကြား ဆက်ဆံရေးများ ပျက်သွားရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိသာလှသည်။ အလွန်ကို ကောက်ကျစ်ယုတ်မာလှ၏။

ဖေး ခေါင်းငြိမ့်နေပြီး ဘာမျှ ဆက်မပြောပေ။

ရှားဝုဒ်မှာ တက်တက်ကြွကြွ ဆက်လက် ဂုန်းချောနေသည်။ “ ဒါက စော်ကားမှု တစ်ခုပဲရှိသေးတယ် ကွန်စတန်တင်းက အရှင့်နာမည်နဲ့ ဆက်ပြီး စစ်သည်တွေ စုဆောင်းနေတုန်းပဲ မုန်တိုင်းအမှတ်တိုက်ပွဲတုန်းကလည်း အရှင်မင်းကြီးချိန်ကိုက်ရောက်လာလို့သာ တိုက်ပွဲနိုင်ပြီး လူသူလက်နက်သုံ့ပန်းတွေရခဲ့တာပါ ဒါပေမယ့် ကွန်စတန်တင်းက ဒါတွေအားလုံးကို ယူထားတယ် သူက လီယွန်က သုံ့ပန်းတွေကို မကွပ်မျက်တဲ့အပြင် သူတို့ရဲ့ တပ်မှူးကိုလည်း ကောင်းကောင်းကျွေးမွေးထားပါသေးတယ် တော်ဝင်မိသားစု စီရင်ဖို့ စိန့်ပီတာဘတ်မြို့ကိုလည်း ပို့ခြင်းမရှိဘူး ဘိုင်ဇန်တိုင်းပြည်သားတွေက အဲ့ လူသတ်သမားတွေကို ကွပ်မျက်ဖို့ ခနခန တောင်းဆိုခဲ့ပေမယ့် ကွန်စတန်တင်းက လက်မခံခဲ့ပါဘူး အဲ့လူသတ်သမားတွေလက်ထဲမှာ အပြစ်မဲ့ပြည်သူတွေရဲ့ သွေးတွေစွန်းထင်းနေတာတောင်မှ.......”

End