အပိုင်း (၅၃၀) – အဒေါ်ဖန်
Vol. 006 Ch. 530
သူမ နားမလည်တော့ပဲ သူမစဉ်းစားသည့်အတိုင်း မဟုတ်ဟုလည်း ခံစားမိနေသည်။ ငတိလေး သူမ ဘေးမှထွက်သွားကာ မိုဒိဆန်း၏ စေတနာအထ မမြောက်လိုက်မည်ကို စိုးရိမ်သည်။
သို့သော် ငတိလေးသည် ဆေးများကို ကြိုက်နှစ်သက်သည်ကို စဉ်းစားလိုက်လျှင် သူမ ဘေးမှ ထွက် သွားမည်မဟုတ်ပေ။ ထိုအစား မရေမတွက်နိုင်သော ဆေးများကို စားမည်။
ရှီမာယူယူ ဆေးဖက်ဝင်ပစ္စည်းများ တွေ့သဖြင့် ဆေးအမျိုးအစား သုံးမျိုးလုပ်ပြီးနောက် ဝိညာဉ် စေတီမှ ထွက်ခဲ့လေသည်။ ငတိလေးသည် ဆေးများနှင့် မခွဲခွာချင်သော်လည်း သူမ ထွက်သွားသောကြောင့် စိတ်မပါပဲ လိုက်ထွက်ခဲ့လေသည်။ ငတိလေးသည် သူမ လက်မောင်းတွင် သံချပ်ကာကဲ့သို့ ရစ်ပတ်ထားလေသည်။
တစ်ခါတစ်ရံတွင် သူမသည် ဆေးထုတ်ကာ စနောက်ပြီးမှ ကျွေးလေ့ရှိသည်။
ရှီမာယူယူတို့သည် နှစ်ရက်မျှနေပြီးနောက် လိုအပ်သမျှကို ပြင်ဆင်ေလေသည်။ ထို့နောက်တွင် သူမ သည် ဂျွန်လန်ကိုရှာရန် ရွှန်းယွမ်ဆိုင်သို့သွားလေသည်။
နှစ်ဂက်အတွင်းတွင် မိုဒိဆန်းနှင့် ကုန်ရှန်ယိတို့သည် ကုန်တောင်ကြားသို့ သွားကြသည်။ ရှီမာယူယူ သည် ရှီမန်ဖန်ကို နေခဲ့ခိုင်းသည်။
ရှင်းမိုသည်လည်း သူ့မိသားစုမျိုးနွယ် ကိစ္စများကိုဖြေရှင်းရန် ပြန်သွားလေသည်။ သူသည် ရှီမာယူယူ အတွက် လက်စားချေပေးရန် ပြင်ဆင်ရမည်။ လက်စားချေခြင်းသည် သူမကိုယ်ပိုင် ကိစ္စဖြစ်သည်ဟု ပြောထား သော်လည်း သူမ လိုအပ်လျှင် ကူညီနိုင်ရန်အတွက် ပြင်ဆင်ထားရမည်။
ဘေဂုံထန်သည် ဆောင်းဦးလမြို့သို့ ပြန်သွားလေသည်။ ရင်မျိုးနွယ်နှင့် ဘေဂုံမျိုးနွယ် ကိစ္စများမှာ ဖြေရှင်းမပြီးသေးပေ။ သူမသည် သူမအမေအတွက် မှီခိုရာဖြစ်ပေးရဦးမည်။
ဝူရန်ဖေတို့ သုံးယောက်၊ ရှီမာမိသားစုဝင်များနှင့် စစ်သူကြီးလုံရိပါ ထွက်သွားကြသည်။ သူတို့သည် ဘေဂုံထန်အား ကူညီရန် လိုက်ပါသွားခြင်းဖြစ်သည်။
သည်လိုနှင့် ရှီမာယူယူနှင့် အားလုံးသည် ကောင်းကင်ဘုံမြို့တော်တွင် တွေ့ရန် သဘောတူထားကြ သည်။ ထို့ကြောင့် သူမဘေးတွင် ဝူလင်းယူနှင့် ရှီမန်ဖန်သာ ကျန်ခဲ့လေသည်။
သူမ လာသည်ဟု ကြားသည်နှင့် ဂျွန်လန်သည် ချက်ချင်းပင်ရောက်လာသည်။ သူမ ဘေးမှ ယောက်ျား လေး နှစ်ယောက်အားတွေ့လိုက်သည်။ “သူတို့ကိုပါ ခေါ်သွားမလို့လား”
“မစိုးရိမ်ပါနဲ့ ငါ သူမနဲ့ ဆွေးနွေးမှာပါ” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် ရှီမန်ဖန်အား ခေါ်သွားရခြင်းအကြောင်းမှာ သူသည် ကျုံကျောင်မိသားစုကို လက်စားချေရန် သွားရှာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ သူသည် အကျိုးရှိအောင် သူ၏ အတွင်းစွမ်းအားများကို ပြန်သုံး ရမည်ဖြစ်သည်။ ဝူလင်းယူသည် သူတို့အတွက် စိုးရိမ်ကာ လိုက်ချင်သဖြင့် လိုက်ခဲ့ခြင်းဖြစ်သည်။
ရှီမာယူယူ၏ ဆုံးဖြတ်ချက်ကို ဂျွန်လန်တွေ့သောအခါ မငြင်းဆန်ပေ။ သူမသည် ဖြတ်လမ်း တည်ဆောက်မှုကို သုံးကာ မြို့အပြင်ရှိ ခြံဝန်းသို့လာလိုက်သည်။
သူတို့သည် တခြားလူများကို ခေါ်လာသဖြင့် တစ်စုံတစ်ယောက်သည် တားလိုက်သည်။
ဖန်ဂျီအာသည် ဝူလင်းယူနှင့် ရှီမန်ဖန်တို့ကို ရန်သူကဲ့သို့ စစ်ဆေးလေသည်။ ရှီမာယူယူကြောင့် မထုတ် ဖော်ပြသော်လည်း သူတို့ကို ခြံဝန်း၏ အတွင်းပိုင်းထိ မသွားရန်ကိုတော့ တားဆီးထားလေသည်။
“ဒီလူနှစ်ယောက်ကတော့ ဥယျာဉ်ထဲမှာ နေလို့ရပါတယ် ဒါပေမဲ့ သခင်မကြီးရဲ့ ခြံဝန်းထဲတော့ ဝင်လို့ မရဘူး” ဖန်ဂျီအာ ခွင့်ပြုလေသည်။
သူမ ပြောသော သခင်မကြီးဆိုသူမှာ မိန်းမလှလေးကို ဆိုလိုမှန်း ရှီမာယူယူ သိသည်။ သူမကို အဝေးမှ ကြည့်လျှင်တောင် ပြစ်မှားမိနိုင်သည်။
“ကောင်းပြီ” သူသည် ခေါင်းညိမ့်ကာ ဝူလင်းယူနှင့် ရှီမန်ဖန်တို့ကို ကြည့်လိုက်သည် “မင်းတို့နားဖို့ သူတို့ ခေါ်သွားပေးလိမ့်မယ် ငါသူမကို သွားစစ်ဆေးကြည့်လိုက်ဦးမယ်”
သူမ ဖန်ရူယန်၏ ခြံဝန်းသို့ တစ်ယောက်တည်းသွားပြီးနောက်တွင် ချောင်းဆိုးသံကို ကြားလိုက်ရသည်။
သူမ ခြေလှမ်းသွက်ကာ ဝင်သွားရာ တူညီသော နေရာ၊ တူညီသော ခုတင်နှင့် တူညီသော ပိန်လှီသော ပုံရိပ်ကို တွေ့ရလေသည်။ သူမသည် ဝမ်းတွင်းမှ လှိုက်ဆိုးသဖြင့် အတွင်းကလီစာများပါ ထွက်ကျတော့ မည့်အတိုင်းဖြစ်နေသည့် ချောင်းဆိုးသံကို ကြားလိုက်ရ သည်။
ရှီမာယူယူ ရှေ့တိုးကာ ဖန်ရူယန်၏ ကျောပေါ်သို့ လက်တင်လိုက်သည်။ သူမ ခန္ဓာကိုယ်ထဲမှ အဆင်မပြေမှုများလျော့ကျသွားစေရန်နှင့် ချောင်းဆိုးခြင်းရပ်တန့်သွားစေရန် ခန္ဓာကိုယ် အနောက် ပိုင်းကို ဝိညာဉ် စွမ်းအင်များထည့်လိုက်လေသည်။
သူမ လက်ကိုယ်ပုဝါသည် သွေးများဖြင့် စိုရွဲနေလေပြီ။ သူမသည် လက်ကိုင်ပုဝါအား ဘေးတွင် ထားကာ ဖျော့တော့စွာပြုံးလေသည် “မင်းနည်းလမ်းတွေ့ပြီထင်တယ်”
“ဘယ်လိုဖြစ်ပြီး နေမကောင်းတာက ပိုဆိုးလာတာလဲ” ရှီမာယူယူ မျက်မှောင်ကြုတ် လိုက်သည်။
ပြီးခဲ့သည့်တစ်ခါက် ချောင်းဆိုးခြင်းသည် ဒီတစ်ခေါက်လောက်မဆိုးပေ။ ၂ရက် အတွင်းမှာပင် ပိုပြင်းထန် လာခဲ့သည်။
ဖန်ရူယန်သည် မနေ့က သူမ ဝိညာဉ်စွမ်းအင်ကို အသုံးပြုခဲ့သည်။ သူမ ကြိုးစားသည့်အချိန်တိုင်းသည် သေရန် တစ်လှမ်းနီးလာခြင်းဖြစ်သည်။ သို့သော် မနေ့က အခြေအနေမှာ မဖြစ်မနေမို့ သုံးလိုက်ရခြင်းဖြစ်သည်။
တခြားအဖွဲ့မှလူများ မထင်မှတ်ပဲရောက်လာသော်လည်း သူမ သူတို့ကို ရှင်းထုတ်နိုင်ခဲ့ သည်။ အချိန် တစ်ခဏအတွင်းမှာပင် အန္တရာယ်ကင်းသွားသည်။
ရှီမာယူယူ သူမလက်အား ဆွဲကိုင်ကာ စမ်းသပ်လိုက်သည်။ သူမ၏ အသားအရေသည် ဆုတ်ယုတ်နေ သည်။
“မနေ့က အဒေါ်ဝိညာဉ်စွမ်းအင်သုံးလိုက်တာလား”
ဖန်ရူယန် ဖြေးညင်းစွာ ခေါင်းညိမ့်လေသည်။
“အဒေါ် ကိုယ့်အခြေအနေကိုယ် သိရမယ်လေ ဝိညာဉ်စွမ်းအင်သုံးတဲ့အချိန်တိုင်းမှာ အဒေါ့်ရဲ့ ခန္ဓာကိုယ် က ပိုပျက်ဆီးလာမှာ၊ ဘာလို့ဝိညာဉ်စွမ်းအင်ကိုသုံးလိုက်တာလဲ” ရှီမာယူယူ သည် သူမ၏ ဖျော့တော့နေသော မျက်နှာကို ကြည့်လိုက်သည်။ သူမသည် သူမကိုယ်သူမ မထိန်းချုပ်နိုင်ပဲ စိတ်ထဲရှိသမျှ စကားများကို ပြောလိုက် လေသည်။
“ဟီးဟီး…” ဖန်ရူယန် ရယ်လိုက်သည်။ သူစိမ်းတစ်ယောက်မှ သူမအတွက် စိုးရိမ်ပေးခြင်းမှာ ပထမဆုံး ပင်ဖြစ်သည်။ သူမ ခန္ဓာကိုယ်အတွက် စိုးရိမ်ပေးနေခြင်းမှာ သူများနှင့်မတူပဲ ဖြူစင်သော စိုးရိမ်မှုဖြစ်သည်။ “အဟွတ် အဟွတ် မစိုးရိမ်ပါနဲ့ ငါမသေပါဘူး”
ထိုစကားလုံးများ ဖန်ရူယန်၏ ပါးစပ်မှထွက်လာမည်ဟု ရှီမာယူယူ ထင်မထားခဲ့ပေ။ သူမသည် ဘဝကို စိတ်မပါတော့ပဲ စိတ်ထိခိုက်ကာ လက်လျော့လိုက်မည်ဟု ထင်ထားခဲ့သည်။
“ကျွန်တော် အခြေအနေ တည်ငြိမ်သွားအောင်လုပ်ပေးမယ်” သူမ သက်ပြင်း ချလိုက်သည်။
“ကောင်းပြီ” ဖန်ရူယန်သည် သူမအား ပြုံးပြလေသည်။
ရှီမာယူယူ လွန်ခဲ့သည့် ၂ရက်က လုပ်ထားသည့် ဆေးထုတ်ပြီး ပြောလိက်သည် “ဒီတစ်ခုကို အရင် သောက် ပြီးမှ အပ်စိုက်ကုထုံးလုပ်ပေးမယ်”
ရှီမာယူယူသည် ခြံဝန်းအတွင်းတွင် တစ်ရက်နှင့် တစ်ညနေပြီးနောက်တွင် ဂျွန်ကျောင်း သည် ဖန်ရူယန် အားတွေ့ရန်လာခဲ့လေသည်။ သူမ နားရန် ထွက်သွားသည်ကို ကြည့်ရသည်မှာ ပင်ပန်းနေသည့်ပုံပင်။
“ဒါကိုစားလိုက်” ဖန်ရူယန်သည် ဆေးတစ်လုံးကို ရှီမာယူယူ လက်ထဲသို့ ထည့်လိုက်သည်။
နောက်ပိုင်းတွင် သူမ အသားအရေမှာ ဖျော့တော့ခြင်းမရှိ၊ သွေးချောင်းဆိုးခြင်းများမရှိပဲ အခြေအနေ တိုးတက်လာကာ ပုံမှန်အတိုင်းဖြစ်လာသည်။ သူမ၏ ဖျားနာမှုသည် ပျောက်ကင်း သွားသည်နှင့် တူသည်။
ရှီမာယူယူသည် သူမလက်ထဲမှ ဆေးကိုကြည့်လိုက်သည်။ ဆေးသည် နို့နှစ်ရောင်ဖြစ်ကာ အလယ်တွင် အနီရောင်ရှိသည်။ ဆိုလိုသည်မှာ ထိုဆေးအဆင့်သည် မနိမ့်ပေ။
“အဒေါ်ဖန် ကျွန်တော်က ပင်ပန်းရုံတင်ပါ နားလိုက်ရင် ကောင်းသွားမှာ၊ ဒီဆေးက တန်ဖိုးကြီးတယ် နောက်လိုအပ်တာတွေမှာ သုံးရင်ပိုကောင်းမယ်” သူမသည် ဆေးကို သိမ်းထားပြီးနောက် မသောက်လည်း မသောက် ပြန်လည်းမပေးပေ။
တစ်ရက်နှင့် တစ်ည သိကျွမ်းပြီးနောက်တွင် သူတို့ရင်းနှီးလာသည်။ ဖန်ရူယန်သည် အဒေါ်ဖန်ဟုပင် ခေါ်ခိုင်းလေသည်။ သူတို့ဆက်ဆံရေးသည် ရုတ်တရက်ပြောင်းလာသည်။
“ဒီဆေးက သိပ်တန်ဖိုးမကြီးပါဘူး နောက်တစ်ခါအတွက် ချွေတာမလို့လား” ဖန်ရူယန် ပြောလိုက်သည်။
“ကျွန်တော် ဆေးကို မမှီခိုချင်တာလည်းပါတယ်” ရှီမာယူယူ ရယ်မောလိုက်သည် “ကျွန်တော် သွား နားလိုက်ဦးမယ်”
“သွားပါ” ဖန်ရူယန် ကျက်သရေရှိစွာ လက်ဝေ့ပြလိုက်သည်။
ရှီမာယူယူသည် ဂျွန်ကျောင်းကို လက်အုပ်ချီ နှုတ်ဆက်ပြီးနောက် ခြံဝန်းမှထွက်ကာ အိပ်ရန် နောက် ခြံဝန်းတစ်ခုကို ရှာလိုက်သည်။
“သခင်မကြီး လုံးဝနေကောင်းလာပြီလား” ဂျွန်ကျောင်းသည် ရှီမာယူယူထွက်သွား သည်နှင့် မေးလိုက် သည်။
“လုံးဝ ပြန်ကောင်းတာတော့မဟုတ်သေးဘူး” ဖန်ရူယန် ရှင်းပြသည် “အခုလက် တလော ထိန်းချုပ်လို့ မယ့် နည်းလမ်းကို သူမရှာတွေ့လာတာ၊ အဲဒါ ခဏဆိုပေမယ့် ဒီလို စိတ်အေးတာကို မခံစားရတာ တော်တော် ကြာခဲ့ပြီ”
“နည်းလမ်းရှိလိမ့်မယ်လို့ ထင်မထားဘူး” ဂျွန်ကျောင်းပြောလိုက်သည်။
“ဟုတ်တယ် ဂျင်တောင်မှ ဘာမှမလုပ်နိုင်တာကို သူမက တစ်ရက်နဲ့ တစ်ညအတွင်း လုပ်နိုင်ခဲ့တယ်” ဖန်ရူယန်သည် ချီးကျူးမိလေသည်။
“သခင်မကြီး သူမက သခင်မကို အဒေါ်ဖန်လို့ခေါ်တာကြားတယ်”
“အင်း သူမက အရင်နှစ်တွေက ကောင်လေးကို သတိရစေတယ်၊ သူတို့က တူတယ် အဲဒါကြောင့် အဲလို ခေါ်ခွင့်ပြုလိုက်တာ၊ ဒီကလေးလည်း အရမ်းကြိုက်တဲ့ပုံပဲ”
“ဒါဆိုရင်… သူမက သခင်မရဲ့ သရုပ်မှန်ကိုသိပြီလား”