ရက်စက်သောရည်ရွယ်ချက် ၂
Vol. 59 Ch. 905
ရှားဝုဒ်က ထိုသို့ပြောပြီး သူအပေါင်းအဖော်များကို လှည့်ကြည့်သည်။ ထိုအခါ သူ့အပေါင်းအသင်းများကလည်း ဘာဆိုလိုသည်ကို နားလည်ပြီး ဝင်ရောက်ထောက်ခံကြ၏။
အကောက်အခွန်အရာရှိ ဘရက်ဇိုက ဤသို့ပြောသည်။ " ဟုတ်တယ် ဟုတ်တယ် မစ္စတာရှားဝုဒ်မှန်တယ် ဒီ ကွန်စတန်တင်းက ငယ်ရွယ်ပေမယ့် ရက်စက်ကောက်ကျစ်တယ် သူက အင်ပါယာတောင်ပိုင်းရဲ့စုန်းပြူးဘဲ အရှင့်ရဲ့ သိက္ခာကိုညှိုးနွမ်းစေမယ့်သူပါ "
တပ်ဦးစီး ဂျွန်ဆင်က ဝင်ပြောပြန်သည်။ " ခုလည်း သူကဇင်းနစ်ရဲ့ ဥပဒေနဲ့ ထုံးစံကို လစ်လျူရှုပြီး အာဏာကို ဗဟိုကနေချုပ်ကိုင်ဖို့လုပ်နေတာ "
လေစိမ်းတပ်ဟောင်း၏ စစ်သူကြီး ဗင်ဆန်ကလည်း ဝင်ရောက်ခလောက်ဆန်သည်။ " ဟုတ်ပါတယ် အင်ပါယာရဲ့ ဥပဒေအရ မစ္စတာရှားဝုဒ်သာ တပ်နဲ့ သုံ့ပန်းကိုစီမံခွှင့်ရှိတာပါ ဒီကွန်စတန်တင်းက ဒါကိုအဆင့်ကျော်နေပါတယ် "
ဘဏ္ဍာထိန်း ဂေါလတ်ကတော့ နှာခေါင်းရှုတ်သည်။ " ဒါမှ သူ သစ္စာဖောက်တာကိုဖုံးကွယ်နိုင်မှာလေ ဒါမှ သူ့ထီးနန်းကိုဆက်ထိန်းနိုင်ပြီး လီယွန်အင်ပါယာကနေ စည်းစိမ်တွေဆက်ရနေမှာ "
ဖေးကတော့ ဘာမှတ်ချက်မှမပေးဘဲ စကားများကိုသာတိတ်တိတ်လေး နားထောင်နေသည်။
အားလုံးပြောပြီးမှ ပြုံးပြီး ဝိုင်ခွက်ကို ဝှေ့ယမ်းကာ မေးသည်။ " ဒါဆို မင်းတို့ရဲ့ အစီအစဉ်ကဘာလဲ မင်းတို့ဘာစီစဉ်ထားလဲ မင်းတို့ကအဆင့်အတန်းမြင့်တော့ အကြံအစည်တွေ ဗျူဟာတွေပိုကောင်းမှာပဲ "
ရှားဝုဒ်က ထိုသို့ပြောလာမည်ကို စောင့်နေသူဖြစ်သည်။
ဖေး၏ မေးခွန်းသံပြီးသည်နှင့် သူက လည်ချောင်းရှင်းကာ ပြောလိုက်သည်။
" ခုချိန်မှာ ဘိုင်ဇန်တိုင်းက လက်ရွေးစင်ကြည်းတပ်၊ ရေတပ် ဖွဲ့စည်းထားပြီး သန်မာတဲ့ စစ်တပ်ရှိနေတယ် ထောက်ပို့ကလည်း ခုချိန်ထိ ပြဿနာမရှိသေးဘူး ကျွန်တော့အထင်တော့ အရှင်က သစ္စာဖောက် ကွန်စတန်တင်းကိုကွပ်မျက်ပြီး တော်ဝင်တစ်မိသားစုလုံးကိုရှင်းပစ်သင့်တယ် ဒါမှ နောက်မလုပ်ရဲအောင် ဥပမာဖြစ်သွားမှာ ပြီးရင် အင်အားစုအားလုံးကိုစုပြီး ပိုပြီးရှင်းလင်းပြတ်သားတဲ့တည်ဆောက်ပုံနဲ့ နောက်နိုဘယ်တစ်ဦးကို ခေါင်းဆောင်တင်သင့်တယ် ဒါမှသာ တပ်သားတွေအားလုံးရဲ့အစွမ်းကို အပြည့်သုံးနိုင်ပြီး ပြည်သူတွေကို ကာကွယ်နိုင်မှာ "
" ကွန်စတန်တင်းကိုသတ်မယ် အင်အားစုတွေကိုဗဟိုချုပ်ကိုင်ပြီး ခေါင်းဆောင်သစ်ရွေးမယ် ဟုတ်လား " ဖေးက ပြုံးကာမေးလိုက်၏။
" ခု အခြေအနေမျိုးမှာတော့ ဒါက အကောင်းဆုံးပါ " ရှားဝုဒ်က ခေါင်းငြိမ့်သည်။
" ကွန်စတန်တင်းလို လူယုတ်မာက အာဏာရနေတာ အကျိုးယုတ်ပါတယ် မစ္စတာရှားဝုဒ်က ပိုကြိုးစားပြီး တိုင်းပြည်ကို ကယ်တင်ချင်ရင် ဇင်းနစ်အတွက် ကောင်းချီးပဲ မစ္စတာရှားဝုဒ် ဒီတာဝန်ကို ထမ်းဆောင်ပေးပါ "
" မစ္စတာ ရှားဝုဒ် အင်ပါယာအတွက် လုပ်ဆောင်တာတွေကို ကျွန်တော်တို့ မြင်ပြီးပြီ သူက တကယ်ပဲ သင့်တော်ပါတယ် ကျွန်တော်လည်း ထောက်ခံပါတယ် "
တခြားနိုဘယ်များကလည်း ရှားဝုဒ်ကို ဖြောင့်မတ်မှန်ကန်သူအလား ဝိုင်းဝန်းပြောကြ၏။
ဖေးကတော့ စိတ်ထဲမှ ကြိတ်သက်ပြင်းချမိသွားသည်။ " ဒီကောင်တွေကတော့ တကယ်အရှက်မဲ့တာပဲ "
End