Chapters

အရှင် ကျုပ်ကို ချမ်းသာပေးပါ ၁

Vol. 59 Ch. 906

အရှင် ကျုပ်ကို ချမ်းသာပေးပါ ၁

Vol. 59 Ch. 906

ထိုလူစု၏ ကိုယ့်အကျိုးသာကြည့်မှု၊ လောဘကြီးမှု စိတ်မရှည်မှုနှင့် ရူးကြောင်မှုကြောင့် စစ်ရေးအရအရေးပါသော လေစိမ်းနယ်မှာ ကြာရှည်မခုခံနိုင်ဘဲ ကီလိုမီတာထောင်ချီသောနယ်မြေနှင့် သန်းချီသော ဇင်းနစ်သားများမှာ ကျူးကျော်သူများ၏ လက်အောက်သို့ ကျရောက်ခဲ့ရ၏။ သို့သော်လည်း ထိုကိစ္စကိုဖြစ်စေသော တရားခံများက ပျော်မြူးနေရဆဲဖြစ်ကာ ဝတ်ကောင်းစားလှများဝတ်၍ စားကောင်းသောက်ဖွယ်များကို စားသောက်နေရဆဲဖြစ်သည်။

ပိုးဆိုးသည်က ထို အင်းဆက်များက ကိုယ့်လုပ်ခဲ့သည်ကိုပင် မရှက်ကြခြင်းဖြစ်၏။ ဤအတိုင်းတိတ်တဆိတ်ဆက်နေပြီး အသုံးမကျတဲ့သူ့အဖြစ် ဆက်နေပါက တော်သေးသည်။ ယခုတော့ သူတို့က နောက်ဆုံးစည်းကို ကျော်သွားပြီဖြစ်သည်။

သူတို့က အသက်ရှူချောင်သည်နှင့် အပြစ်ကင်းဟန်ဆောင်က အာဏာပါဝါအတွက် နိုင်ငံရေးပြိုင်ဘက် အင်ပါယာ၏သစ္စာရှိပုဂ္ဂိုလ်ကို ချောက်ချသတ်ဖြတ်ရန်ကြံကြ၏။ သူတို့က သေသင့်သူများဖြစ်သည်။ အင်ပါယာအတွက် အပြစ်အရှိဆုံး မေ့ဖျောက်ပစ်မရသည်သူများဖြစ်သည်။

ရှေ့တွင်ရပ်နေသော ထိုအရှက်မဲ့သည့် နိုဘယ်ဖတ်တီးကို ရိုက်မသတ်ပစ်မိစေရန် ဖေးစိတ်မနည်းထိမ်းနေရ၏။ ခနနေတော့ သူ့အနားရှိ တောရက်ကိုခေါ်ကာ ဘာမျှ ဖုံးကွယ်ခြင်းမရှိဘဲ အမိန့်ပေးလိုက်သည်။ “ ကွန်စတန်တင်းကို ငါအမိန့်ပေးတယ်လို့ပြောလိုက် တပ်ကို ပြည်သူ့ရင်ပြင်မှာစု ပြီးရော သူကြွယ်မိသားစုတွေ နိုဘယ်မိသားစုတွေ ပြည်သူတွေပါစုဝေးခိုင်း ငါ လမ်းစဉ်အသစ်တွေချမှတ်ဖို့ ရှိတယ်လို့ပြောလိုက် “

တောရက် ခေါင်းတစ်ချက်ငြိမ့်ပြပြီး ဘာမျှမပြောဘဲထွက်သွား၏။

“ မစ္စတာ ရှားဝုဒ်ပြောတာ မှန်ပါတယ် အားလုံးကို ဗဟိုချုပ်ကိုင်ဖို့လိုတယ် ဒါမှ အာဏာတည်ဆောက်မှုက ရှင်းလင်းပြတ်သားမှာ “ ဖေးက ပြုံးလျက်ပြောလိုက်၏။ “ ကဲကဲ ဒီနေ့ပါတီက ဒီလောက်နဲ့တော်သင့်ပြီ ဒီနေ့လည်း လူကြီးမင်းတို့ အလုပ်အတော်များပြီးသွားပြီး စစ်ရေးလေ့ကျင့်မှုကွင်းပြင်ကို သွားကြ အဲ့မှာ ပိုအရေးကြီးတာတွေလုပ်စရာရှိတယ် “

အားလုံးပျော်ရွှင်သွားကြပြီး ဖေး၏ ဆုံးဖြတ်ချက် မှန်ကန်မှုကိုပင် ချီးကျူးလိုက်ကြသေးသည်။ ထို့နောက် နိုဘယ်များအားလုံး ပျော်ပျော်ရွှင်ရွှင်နှင့် ပြန်သွားကြ၏။

အားလုံးပြန်သွားကြသော်လည်း ပါးနပ်သော သူရဲကောင်းမျိုး ရန်ကတော့ မပြန်ဘဲ ရှိနေဆဲဖြစ်သည်။ သူက ဖေးအနားတွင် တုန်ရီလျက် ရပ်နေဆဲဖြစ်၏။ သူ၏ မျက်နှာတွင်လည်း ချွေးသီးများ ပေါက်ပေါက်ကျနေသည်။ သူက ထိုပုံစံနှင့် မလှုပ်မရှားရဲပဲရှိနေ၏။

“ ဟမ် မင်းရော ပွဲပြင်ဆင်ဖို့ မပြန်သေးဘူးလား “ ဖေး လှည့်ပင်မကြည့်ပဲ မေးလိုက်သည်။

“ အရှင် ကျွန်တော်မျိုးကို ချမ်းသာပေးပါ “ သူရဲကောင်းမျိုး ရန်က ချက်ချင်းဒူးထောက်ချလိုက်၏။

“ ဟမ် မင်းဘာတွေ ပြောနေတာလဲ ငါမင်းကို သတ်မယ်ပြောလို့လား “ ဖေးက ထိုသို့ပြောလိုက်ပြီး ထိုလူငယ်လေးကို စိတ်ဝင်စားသွားသည်။

သူရဲမျိုးရန်မှာ ကြောက်ရွံ့လွန်း၍ ခေါင်းမမော့ရဲသလို ရှင်းလည်းမရှင်းပြရဲဘဲ ဒူးထောက်နေ၏။

သူရဲကောင်းမျိုးရန်က ညဏ်ရည်ထက်မြတ်ပြီး အခြေအနေနှင့် အချိန်အခါကို နားလည်သူဖြစ်၏။ ရှားဝုဒ်ကဲ့သို့ တော်ဝင်များမှာ လူ့အထက်တွင်နေရပြီး အမိန့်ပေးသူများသာဖြစ်ကြရာ အခြေခံရှင်သန်ရန်ညဏ်ရည်မျိုးမရှိကြတော့ပေ။ အမိန့်သာပေးတတ်သူများဖြစ်ကြသည်။

အရေးကြီးဆုံးက ရန်မှာ ဖေး၏ နောက်ကြောင်းကို သိသူဖြစ်၏။ လူငယ်တစ်ဦးအနေနှင့် အစွမ်းထက်သူကို စံပြထားခြင်းက ပုံမှန်ဖြစ်သည်။ ရန်ကလည်း ဖေးကိုစံပြထားသူဖြစ်ရာ ဖေးအကြောင်းကိုလေ့လားထား၏။ ထို့ကြောင့် ဖေး၏ ကိုယ်ကည်ကိုယ်သွေးကိုသိနေသည်။

ဖေးက အကျင့်ပျက်ပြီး ဘာမျှအသုံးမကျသော နိုဘယ်များကို မုန်းတီးသည်ကို ကောင်းကောင်းသိထား၏။ ဒေါသထွက်ပြီး အလံစုံမြို့၌ နိုဘယ်အများအပြားကိုသတ်ခဲ့ရာ အိမ်ရှေ့စံအာရှဗန်ဝင်ပါခဲ့သည့်တိုင် ဘာမျှမတတ်နိုင်ခဲ့ပေ။ ဘုရင်လေးက အသုံးမကျသော စည်းမျဉ်းဟောင်းများကို ချိုးဖြတ်တတ်သူဖြစ်၏။

ယခုအခေါက် ရှားဝုဒ်မှာ ငယ်ရွယ်သည်ဟုအထင်နှင့် အသိလွတ်ကာ အင်ပါရီယန်သိုင်းသူတော်စင်ကို အရူးလုပ်ရန်ကြံခဲ့၏။ သူတို့က ယခင် ဇင်းနစ်အကြီးပိုင်းများအပေါ်သုံးခဲ့သော နည်းလမ်းဟောင်းများသုံး၍ စည်းကျော်က မီးဖြင့်ကစားကြခြင်းဖြစ်သည်။

End