Chapters

အရှင် ကျုပ်ကို ချမ်းသာ ပေးပါ ၂

Vol. 59 Ch. 907

အရှင် ကျုပ်ကို ချမ်းသာ ပေးပါ ၂

Vol. 59 Ch. 907

ထိုကဲ့သို့ သူရဲကောင်းမျိုး ရန်ကို မြင်လိုက်ရ၍ ဖေး ချက်ချင်းထွက်ခွာမသွားသေးပေ။ ကိုယ့်နေရာ ကိုယ်ပြန်ထိုင်လိုက်ပြီး ပြုံးလျက်မေးလိုက်၏။ “ ဟုတ်ပြီလေ မင်းက ညဏ်ကောင်းပြီး မင်းကိုချမ်းသာပေးစေချင်တယ်ဆိုတော့ ငါ့ကို မင်းသိသမျှ ပြောပြ “

ထိုစကားကြားသည်နှင့် သူရဲကောင်းကန် ချက်ချင်းကုန်းထကာ တရိုတသေပြောသည်။ “ ဒါ‌တွေအကုန်လုံးက စွတ်စွဲချက်တွေပါ ရှားဝုဒ်တို့က ဘိုင်ဇန်တိုင်းရဲ့ စစ်အင်အားကိုထိန်းချုပ်ချင်တာပါ ဒီလိုစစ်သားတွေဝိုင်းနေမှာသာ တောင်ပိုင်းမှာ သူတို့လုံခြုံမှာလေ ပြီးတော့ တခြားနည်းလမ်းတွေသုံးပြီး တော်ဝင်မိသားစုဆီကနေ အပြစ်ကင်းလွတ်ဖို့တောင်းပန်မယ် ရှားဝုဒ်က သူ့အနားမှာ ဗျူဟာမှူးတွေရှိမနေတော့ အရှင့်ရည်ရွယ်ချက်တွေကို နားမလည်နိုင်နေတာ “

..……..

“ ဟားဟားဟား ငါဒီလောက် လွယ်လွယ်လေး အောင်မြင်သွားမယ်လို့ ထင်မထားဘူး “ ရှားဝုဒ်က အူလှိုက်သည်းလှိုက်ရယ်ရင်းပြောနေ၏။

အကောက်အခွန်အရာရှိ ဘရက်ဆိုကလည်း ဝင့်ကြွားစွာရယ်သည်။ “ အင်ပါယာတစ်ခုလုံးက အင်ပါရီယန်သိုင်းသူတော်စင်ကို နတ်ဘုရားလိုထင်နေကြတာ ဒီနေ့ငါတို့တွေ့မှ အသက်၂၀အရွယ်တောသားလေးမှန်းသိရတယ် သူ့အချိန်တွေကို သိုင်းပညာမှာပဲ မြှုပ်နှံထားလို့ထင်တယ် ငါတို့လွယ်လွယ်လေး သူ့ကို အရူးလုပ်နိုင်ခဲ့တာပဲ “

ယခင် လေစိမ်းနယ်တပ်၏ စစ်သူကြီး ဗင်ဆင့်ကလည်း ခေါင်းတခါခါနှင့်ဆိုသည်။ “ သူက စစ်သည်တော်ပဲလေ ဘာသိမှာလဲ ငါတို့ အစီအစဉ်သာချောမွှေ့ရင်သူက ကလေးလိုပဲကစားခံနေရမှာ “

သူတို့အားလုံး ရယ်မောပြောဆိုနေကြကာ ဂုဏ်ယူဝင့်ကြွား‌နေကြသည်။ ဤပုဂ္ဂိုလ်များက နိုင်ငံရေးသာ ကစားတတ်သော ငပေါကြီးများဖြစ်သည်။ သို့မဟုတ်ပါက ကောင်းမွန်စွာခံစစ်ပြင်ဆင်ထားသော မြို့မှထွက်ပြေးကာ သွယ်ဝိုက်၌ လက်ရွေးစင် ၄၀၀၀၀ကျော်ကို သေစေသောဆုံးဖြတ်ကို ချကြမည်မဟုတ်ပေ။

ယခုတော့ အန္တရယ်ထဲ ကျနေသည်ကိုပင်မသိဘဲ ယာယီဂေဟာသို့ ပျော်ရွှင်စွာပြန်ကြကာ အဝတ်သစ်များဝတ်လျက် ကိုယ်ရံတော်များခြံရံပြီး စစ်ရေးလေ့ကျင့်ရေးကွင်းသို့ထွက်ခွာလာကြသည်။

ဖေးရောက်တော့ စစ်ရေးကွင်းပြင်၌ လူထောင်သောင်းမကရောက်ရှိနေပြီဖြစ်သည်။ အားလုံးက ဖေးကို အာရုံစိုက်၍ ကြည့်နေကြ၏။

ရက်အနည်းငယ်ကြာ ကွန်စတန်တင်းကြိုးကြိုးစားစားအလုပ်လုပ်ပြီး စစ်သည်တစ်ချို့ဖြည့်တင်းနိုင်ခဲ့ရာ မူလစစ်သည်များအပါအဝင် ယခုစစ်သည်၂၀၀၀၀ခန့်ရှိနေပြီဖြစ်သည်။ ဖေး၏ အဆိုပြုချက်အောက်တည်ဆောက်ထားသော တပ်များကိုပါ ထည့်ပေါင်းပါက စစ်သည်၄၀၀၀၀ရှိသော တပ်မဟာတစ်ခုနှင့်ပင် ယှဉ်နိုင်နေပြီဖြစ်သည်။

တပ်မှူးတစ်ဦးက အင်ပါရီယန် စစ်နတ်ဘုရား ရောက်ရှိလာကြောင်းကြေငြာလိုက်ရာ မိုးလုံးဟိန်းသည့် ဩဘာသံကြီးများ ထွက်ပေါ်လာ၏။ လူအများ ခုန်ပေါက်၍ လက်ခုပ်လက်ဝါးတီးကာ ကြိုဆိုကြသည်။

၎င်းက အင်ပါရီယန် သိုင်းသူတော်စင်၏ ဂုဏ်အသရေဖြစ်၏။ ၎င်းက အင်ပါယာ၏ တစ်ခုထဲသော စိတ်ခွန်အားထောက်တိုင်ကြီး၏ သက်ရောက်မှုဖြစ်သည်။

ဖေးကတော့ ပြုံးလျက်လျှောက်လှမ်းလာ၏။ သူက နတ်ဘုရားတစ်ပါး လူ့ဘုံသို့ ကြွလှမ်းလာသကဲ့သို့ပင်ဖြစ်သည်။ အမှန်လည်း ဇင်းနစ်သားများ၏ ရင်ထဲ၌ ဖေးမှာ နတ်ဘုရားတပါးဖြစ်သည်။

သူရဲကောင်းမျိုး ရန်ကတော့ ဖေး၏နောက်မှကပ်လိုက်လာသည်။ သူက ကြောက်လန့်နေ‌ဆဲဖြစ်သော်လည်း ယခင်နှင့်စာလျှင်တော့ အနည်းငယ်ပိုစိတ်သက်သာရာရနေပြီဖြစ်သည်။

ဖေးကို သိပ်မခန့်သော ရှားဝုဒ်ကဲ့သို့သော နိုဘယ်မျိုးပင် လူထုအရှိန့်ကြောင့် အနည်းငယ်ကြောက်စိတ်ဝင်လာကြ၏။ စင်ပေါ်ရောက်တော့ ဖေးဘာမျှမပြောပေ။ ကွန်စတန်တင်းကိုသာ ပုံဆောင်ခဲတစ်ခုကမ်းပေးလိုက်၏။

၎င်းက ဒိဗ်ဗီသလင်းကျောက်ဖြစ်သည်။ မှော်ဆရာတစ်ဦးက ၎င်းအထဲသို့ မှော်စွမ်းအင်ထင်လိုက်သည်နှင့် ငွေရောင်အလင်းတန်းနှင့်အတူ ရုပ်သံတစ်ခုပေါ်လာသည်။ ၎င်းက ရှားဝုဒ်နှင့် နိုဘယ်များ ဖေးနှင့်စကားပြောဆိုခဲ့သည်များဖြစ်သည်။

End