အားအကုန်မခံ ၁
Vol. 59 Ch. 908
ထို မြင်ကွင်း၌ အဓိက ဇာတ်ဆောင်များကတော့ ရှားဝုဒ်နှင့် သူ့လူများကဲ့သို့သော နိုဘယ်များဖြစ်သည်။
“ ကျွန်တော် ထပ်ပြီး မထိန်းနိုင်တော့ဘူး အရှင့်ကို ဒေါသထွက်စေတယ်ဆိုရင်တောင် ဘိုင်ဇန်တိုင်းဘုရင် ကွန်စတန်တင်းရဲ့ အရူးလုပ်ရပ်တွေကို ပြောရမယ် “
“ ဘာလို့ ဘိုင်ဇန်တိုင်းက နှစ်ရက်ထိခုခံနိုင်ခဲ့တာလဲ အဲ့လူယုတ်မာက ကြိုပြီး လီယွန်တွေဆီမှာ အညံ့ခံခဲ့လို့ပဲ “
“ ဒါပေမယ့် ကွန်စတန်တင်းက ဒါကိုဖုံးကွယ်ပြီး အရှင့်လက်အောက်ခိုဝင်လာတဲ့သူမှန်သမျှကို တပ်ထဲဖိအားပေးပြီးသွင်းနေတာ “
“ ကွန်စတန်တင်းက လီယွန်ရဲ့ အမြင့်ဆုံး တပ်အရာရှိကို ဘာလို့နေပြည်တော်ကို မပို့တာလဲ ဘာလို့သူ့ကိုမကွပ်မျက်တာလဲ ဒါက သူဟာ လီယွန်ရဲ့ အမြင့်ဆူံအရာရှိကို ကယ်ချင်နေလို့ပဲ “
“ ကျွန်တော် ကွန်စတန်တင်းကို ကွပ်မျက်ပြီး ဗဟိုချုပ်ကိုင်မှုကို စဖို့အကြံပေးချင်ပါတယ် “
“ မစ္စတာရှားဝုဒ်က အင်ပါယာအပေါ်သစ္စာရှိပြီးဖြောင့်မတ်တယ် တိုက်ပွဲတွေအများကြီးလည်းတိုက်ပြီးပြီ သူကအဆင့်တစ်နိုဘယ်လည်းဖြစ်တော့ တပ်ချုပ်ရာထူးက သူနဲ့သင့်တော်ပါတယ် “
ဖေးနှင့် နိုဘယ်တစ်သိုက်တို့၏ စကားများ အသံသွင်းထားသည်ကို ပြသနေသော ဒိဗ်ဗီပုံဆောင်ခဲ၏ အရည်အသွေးကောင်းမွန်ရာ အသံများမှာ ထစ်သွားခြင်း တုန်ခါနေခြင်းလုံးဝမရှိပေ။
ထိုအရာကိုကြည့်ပြီး အစောပိုင်း၌ တိတ်တဆိတ် နားထောင်နေကြသော်လည်း တဖြည်းဖြည်းနှင့် ဆွေးနွေးသံများ ကျယ်လောင်လာ၏။ တချို့က နိုဘယ်များကို ဒေါသထွက်ပြီး ကျိန်ဆဲကြသည်။
လေ့ကျင့်ရေးကွင်းတစ်ခုလုံး ဆူညံနေပြီး လူအများအပြား ထွေပြားနေကြ၏။
တစ်ချို့က လေ့ကျင့်ရေးကွင်းအရှေ့ဆုံး၌ ရပ်နေသော ကွန်စတန်တင်း၊ ရှားဝုဒ်နှင့် ဂျွန်ဆင်ကဲ့သို့ နိုဘယ်များ၏ အရိပ်အခြေကို သဲလွန်စရလို့ရငြားကြည့်နေကြသည်။ ဘုရင်ငယ်လေး ကွန်စတန်တင်းက တော့တည်တည်ငြိမ်ငြိမ်ရှိနေဆဲဖြစ်၏။ နိုဘယ်များသည်လည်း တစ်ခုခုမှားနေသယောင်ခံစားနေရသော်လည်း တည်ငြိမ်က ယုံကြည်ချက်အပြည့်ရှိဟန် ဆောင်ထားကြသည်။
ဘိုင်ဇန်တိုင်း၏ စစ်သည်ဗိုလ်ပါထုကတော့ ရှားဝုဒ်တို့ကို လုပ်ကြံလီဆယ်သည်ဟုဆိုကာ စတင် တိုင်ထွားဆဲရေးကြသည်။
ထိုနိုဘယ်များက အလွန်ကောက်ကျစ်ယုတ်မာကြပေသည်။ လွန်ခဲ့သော ကိုးရက်ခန့်က ဘိုင်ဇန်တိုင်းသို့ သနားဖွယ်ရာရောက်လာကြပြီး အကာအကွယ်ပေးရန် တောင်းပန်ခဲ့ကြ၏။ ယခုတော့ သက်တောင်သက်သာနေရပြီဖြစ်ကာ စတင်၍ ဘုရင်ကွန်စတန်တင်းကိုစွတ်စွဲကာ အင်ပါရီယန်သိုင်းသူတော်စင်ကိုဂုံးချောကြတော့သည်။
လူအုပ်ထဲ၌ စစ်မဖြစ်မှီက လွှမ်းမိုးနိုင်ခဲ့သော နိုဘယ်များရှိနေကြပြီး သူတို့ကလည်းဤအခြေအနေကိုအခွှင့်ကောင်းယူကာ အမြတ်ထုတ်လိုကြသည်။ ထို့ပြင် ရှားဝုဒ်နှင့် သူ့လူများ၏ လာဘ်ထိုးခြင်းခံထားရသော နိုဘယ်များကလည်း ကွန်စတန်တင်းကို လက်ညိုးထိုး၍ဆဲရေးကြ၏။ မေးခွန်းထုတ်ကြသည်။
အခြေအနေက အတော်လေးပွက်လောရိုက်နေ၏။ ဖေးကတော့ ထိုပဋိပက္ခကို စင်ပေါ်တွင်ထိုင်နေရင်း အသာလေးကြည့်နေသည်။
ဆယ်မိနစ်ခန့်ကြာအပြီး ရုပ်သံပြီးဆုံးသွားပြီးနောက် လေထဲရှိ မျက်နှာပြင်မှာ ငွေရောင်စွမ်းအင်အဖြစ် ဒိဗ်ဗီပုံဆောင်ခဲထဲပြန်ဝင်သွားသည်။
ပုံဆောင်ခဲ့အတွင်းသို့ မှော်စွမ်းအင်ဖြည့်ပေးသူမှာ ယခုမှ တပ်ထဲဝင်လာသူ အဆင့်သုံးမှော်ဆရာဖြစ်ပြီး အတွေ့အကြုံမရှိ၍ ထိပ်လန့်နေ၏။
သူက အစွမ်းပြခွှင့်ရသည်ထင်၍ ရှေ့ထွက်လာခြင်းသာဖြစ်ပြီး ပြဿနာရုပ်သံမှန်းသိပါက ဝေးဝေးကရှောင်မည်ဖြစ်သည်။
ပရိတ်သတ်ထုတွင်လည်း အစောပိုင်း၌ စကားများရုံသာဖြစ်သော်လည်း ယခုတော့ နှစ်ဖက်ချတော့မည့်အလားဖြစ်လာကြ၏။ ထိုအထဲ၌ တပ်မှူးတချို့နှင့် စစ်သည်များပါလာရာ ရှားဝုဒ်တို့ကြိုးကြိုးစားစား လာဘ်ထိုးထားကြောင်းသိနိုင်သည်။ တဖြေးဖြေးနှင့် အခြေအနေက ပိုမို ဖရိုဖရဲဖြစ်လာသည်။
End