အားအကုန်မခံ ၂
Vol. 59 Ch. 909
“ တပ်ကို ထိန်းချုပ်ပြီး တိုက်ပွဲဝင်တဲ့နေရာမှာ သူ့ညဏ်ရည်က ထက်မြတ်ပေမယ့် နိုင်ငံရေးထောင်ချောင်တွေမှာတော့ အတွေ့အကြုံနည်းသေးတယ် “ ဖေးထိုသို့ တွေးလိုက်သည်။
ရှားဝုဒ်က ဤရက်ပိုင်းအတွင် ငွေကုန်ကြေးချခံကာ သွေးဆောင်ထားပုံရ၏ သူ့ကိုထထောက်ခံသော ဘိုင်ဇန်တိုင်းနိုဘယ်အများအပြားရှိပေသည်။
“ ကြည့်ရတာ အင်ပါရီယန်သိုင်းသူတော်စင်လည်း အမြင်ပြောင်းနေပြီထင်တယ် ဒီချမ်းဘော့ဒ်ဘုရင်သာ ပါးစပ်ဟတာနဲ့ ဘုရင်ကွန်စတန်တင်းကွပ်မျက်ခံရမှာပဲ အရာအားလုံးကတော့ အစီအစဉ်အတိုင်းပဲ အတော်လေး ဟုတ်နေပြီ “ နိုဘယ်များ ထိုသို့တွေးကြသည်။
ပဋိပက္ခက ပိုပိုကြီးမားလာသည်။ ဓားလှံလက်နက်များပင်ဆွဲ၍ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်တော့မည်ဟန်ဖြစ်လာ၏။
ထိုအချိန်မှာပဲ ဖေး၏ အသံထွက်ပေါ်လာသည်။ “ ကဲတော်လောက်ပြီ ငြင်းခုန်တာတွေရပ်တော့ “
ဖေးအသံက မကျယ်လောင်သော်လည်း ပြိုင်ဘက်ကင်းစွမ်းအားပါဝင်နေသည်ဖြစ်ရာ လူတိုင်းရှင်းရှင်းလင်းလင်းကြားနိုင်၏။ တင်မားမှုက ရပ်တန့်သွားပြီး အင်ပါယာသိုင်းသူတော်စင်၏ ဖိအားက အားလုံးအပေါ်ပိကျလာသည်။
အားလုံးလည်း အင်ပါရီယန်သိုင်းသူတော်စင်၏ အမိန့်ချမှတ်မှုကို သိလိုသွားကြ၏။
ရှားဝုဒ်ကတော့ ကွန်စတန်တင်းဘာပြောမည်ကို သိသလိုမျိုး အနိုင်သူ၏အပြုံးမျက်နှာတွင်ဆင်မြန်းထားသည်။
ဖေး စတင်၍ ပြောဆိုသည်။ သို့သော်လည်း ဖေးပြောသည်က ရှားဝုဒ်ကြားလိုသည်နှင့် ဆန့်ကျင့်ဘက်ဖြစ်၏။
“ နိုဘယ်တွေဖြစ်တဲ့ ရှားဝုဒ်၊ ဂေါလက်၊ ဂျွန်ဆင်နဲ့ ဘရက်ဇိုတို့က တကယ်ပဲ ကောက်ကျစ်ကြတယ် သူတို့ရဲ့ တကိုယ်ကောင်းဆန်မှုကြောင့် လေစိမ်းနယ်ကျပြီး ပြည်သူသိန်းချီသေခဲ့ရတယ် အင်ပါယာအတွက်အများကြီးကြိုးစားခဲ့တဲ့ ကွန်စတန်တင်းကိုချောက်ချကြတယ် သူတို့က ခွှင့်လွှတ်လို့မရတဲ့ အင်းစက်တွေပဲ သူတို့ရဲ့ရာထူးကိုဖြုတ်ပြီး အကျဉ်းချရမယ် အင်ပါယာရဲ့ ဥပဒေပရ နက်ဖြန်ကွပ်မျက်ရမယ် “
အမိန့်ပြီးသည်နှင့် ဘိုင်ဇန်တိုင်း၏ ရုံးတော်သားများ လူအုပ်ထဲမှ တိုးထွက်လာပြီး ရှားဝုဒ်နှင့် သူလူများကို အကျဉ်းချကြသည်။
“ မဟုတ်ဘူး “ ရှားဝုဒ်လည်း ဘာမျှ မတုန့်ပြန်နိုင်ဘဲ နှောင်ကြိုးတုပ်ခြင်းခံရကာ မရုန်းကန်နိုင်ဖြစ်သွားသည်။ “ ဒါက ပေါက်ကရတွေပဲ ကျုပ်က အင်ပါယာအတွက် အလုပ်လုပ်ပေးတဲ့သူဖြစ်ပြီး ကွန်စတန်တင်းက အင်ပါယာကိုသစ္စာဖောက်တဲ့သူပဲ ခင်ဗျားကကျုပ်ကို စွတ်စွဲနေတာ ကျုပ်တော်ဝင်မိသားစုကိုတိုင်ကြားရမယ် ကျုပ်လက်မခံနိုင်ဘူး ကျုပ်လက်မခံနိုင်ဘူး “
“ မစ္စတာရှားဝုဒ်ပြောတာ မှန်တယ် အဲ့ ဘုရင်ကောက်ရဲ့ စကားတွေကိုမယုံပါနဲ့ “
“ အရှင် ကွန်စတန်တင်းကိုသဘောကျတာသိပါတယ် ဒါပေမယ့်သူက ရာဇဝတ်သားပါ “
“ ကျွန်တော်တို့ လက်မခံဘူး ကျွန်တော်တို့မှာ အပြစ်မရှိဘူး အပြစ်သားက ကွန်စတန်တင်း ဘိုင်ဇန်တိုင်းမှာ သူလုပ်ခဲ့တာတွေကြည့်ပါ “
နိုဘယ်များမှာ ယခုမှဘက်ပြောင်းရန်နှောင်းနေပြီဖြစ်ရာ ဗြောင်လိမ်ရန်ကြိုးစားကြတော့၏။ သူတို့၏ လုပ်ရပ်က အရာရောက်သည်။ ဘိုင်ဇန်တိုင်းရောက်စ ပြည်သူတစ်ချို့က စတင်ဆူညံလာ၏။
ဖေး တစ်ချက်ရယ်မောလိုက်သည်။ သူရယ်သံက မိုးခြိမ်းသံအလား ထစ်ချုန်းထွက်လာပြီး ဆူညံသံများကိုဖုံးသွားသည်။ မည်သူမျှ သိုင်းသူတော်စင်ကိုမလှန်ရဲရာ တိတ်ကျသွား၏။
“ မင်းတို့သိသွားအောင်ပြောလိုက်မယ် ဒီရက်ပိုင်းကွန်စတန်တင်းလုပ်သမျှက ငါ့အမိန့်အောက်ကချည်းပဲ မင်းတို့က ငါ့ကိုသံသယဝင်နေတာလား “ ထိုသို့ပြောပြီး ဖေးအချက်ပြလိုက်ရာ တောရက်နှင့် လူတစ်ချို့လျှောက်လာကြ၏။
ရှားဝုဒ်တို့ကတော့ ၎င်းတို့ကိုမြင်ပြီး တုန်ရီလန့်ဖြန့်သွားကြသည်။
End