Chapters

သတ်ဖို့ ဆုံးဖြတ်ခြင်း

Vol. 59 Ch. 910

သတ်ဖို့ ဆုံးဖြတ်ခြင်း

Vol. 59 Ch. 910

“ မင်းတို့ မသေသေးဘူးလား မင်းတို့အသက်ရှင်နေသေးတာလား “ ဖုတ်ကောင်များကို မြင်လိုက်ရသကဲ့သို့ ရှားဝုဒ်အံ့ဩသွားသည်။

“ မင်းကတော့ မင်းရဲ့ယုတ်မာတဲ့ လုပ်ရပ်တွေရဲ့ မျက်မြင်သက်သေတွေကိုသေစေချင်မှာပေါ့ မင်းက လီယွန်တွေရဲ့လက်ကိုသုံးပြီးတောင် ငါတို့ကိုသတ်ခဲ့တာ ဒါပေမယ့် ဘုရားသခင်က ငါတို့ဘက်မှာလေ ဘုရားသခင်က မင်းတို့ရဲ့ ပြစ်မှု‌တွေ ပျောက်ပျက်သွားမှာ မလိုလားတဲ့ပုံပဲ ငါတို့ကိုကယ်တင်ခဲ့တယ် ခု အင်ပါရီယန်သိုင်းသူတော်စင်ကို ‌တရားသူကြီးအဖြစ် မင်းငါ့ညီအကိုတွေကိုသေစေခဲ့တာကိုစီရင်ခိုင်းရမယ် “

ထိုလူများထဲမှ အရပ်နှစ်မီတာကျော်ရှည်သော ဒေါသကြောင့်မျက်စိထဲမီးတောက်နေသည့် လူက ပြော၏။

လက်တလောမှ ပျောက်ကင်းစပြုနေသော ကန့်လက်ဖြတ်အမာရွတ်တစ်ခု သူ့မျက်နှာပေါ်တွင်ရှိနေသည်။ ထိုအမာရွတ်က သူ့မျက်နှာ ကန့်လန့်အပိုင်းခံထားရကြောင်းပြောပြနေ၏။ အဆိုးရွားဆုံးဒဏ်ရာက သူ့လည်ဂျို့အနားရှိ ဓားချက်ဖြစ်သည်။ လက်မအနည်းငယ်သာလွဲသွားပါက သူ့လည်မျိုပိုင်းအဖြတ်ခံရပြီးဖြစ်သည်။

သူ့ဘေးရှိ သူ့ရဲဖက်များမှာလည်း ဒဏ်ရာအပြည့်နှင့်ဖြစ်ကြသည်။ တစ်ယောက် ခြေတစ်ဖက် လက်တစ်ဖက်ဆုံးရှုံးထားပြီး ချိုင်းထောက်အကူနှင့် လမ်းလျှောက်နေရ၏။

သူတို့အားလုံး ဇင်းနစ်ပြည်စစ်သည်တော် ဝတ်စုံကိုဝတ်ဆင်ထားပြီး ယခုမှအလောင်းပုံထဲက ထွက်လာသည့်အလား သေခြင်းအငွေ့အသက်များ ထွက်ပေါ်နေကြသည်။

သူတို့က လေစိမ်းနယ်၏ အဆင့်နိမ့် တပ်မှူးများဖြစ်ပြီး စစ်မဖြစ်မှီက လေစိမ်းမြို့ကို ကာကွယ်ကြရသူများဖြစ်သည်။ သူတို့အားလုံး အရိုးမဲ့နိုဘယ်များက မြို့ကိုအကာအကွယ်ပေးသည့် တံတိုင်းကိုဖောက်ပြေးမှုကြောင့် ရန်သူ့လက်ချက်ဖြင့် မြို့တစ်နာရီအတွင်းကျသွားခဲ့ရပြီး လေစိမ်းနယ်သားသိန်းချီ သတ်ဖြတ်ခံရသည်ကို မြင်ခဲ့ကြသူများဖြစ်၏။

၎င်းတို့လွတ်မြောက်လိုမှုကို တားလိုသူများအား ဤနိုဘယ်များက သတ်ရန်အမိန့်ပင်ပေးခဲ့သေးသည်။ ထိုသို့တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဇင်းနစ်စစ်သည်များမှာ လီယွန်တို့ဓားချက်အောက်လည်စင်းပေးခဲ့ရ၏။

ဤစစ်သည်များက ‌ဇင်းနစ်စစ်သည်သောင်းချီအနက် ဒဏ်ရာရပြီးသေဟန်ဆောင်ခဲ့သူများဖြစ်ကာ ၎င်းတို့ကို ဖေး၏ စာရုံးမှ တွေ့ရှိ၍ ကယ်ဆယ်ထားခြင်းဖြစ်သည်။ သို့မဟုတ်ပါက ဤစစ်သည်များမှာ ဒဏ်ရာအရှိန် ပိုးဝင်မှုများကြောင့်သေရမည်သာဖြစ်၏။

ယနေ့တော့ နိုဘယ်များ၏ အလိမ်အညာကိုဖော်ထုတ်ရန် ဖေး၎င်းတို့ကို ဆင့်ခေါ်ထားခြင်းဖြစ်သည်။ ယခုက ၎င်းတို့အတွက် နိုဘယ်များ၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့် သေဆုံးခဲ့ရသောပြည်သူ စစ်သည်များအတွက် လက်စားချေရန် အခွှင့်အရေးဖြစ်သည်။

တောရက်၏ ဦးဆောင်မှုအောက်၌ ထိုစစ်သည်များက စင်ပေါ်တင်လာပြီး နိုဘယ်များ၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့် မြို့ကျပြီး ပြည်သူအများသေရပုံကို အသေးစိတ်ပြောပြသည်။

ထိုစစ်သည်များက နိုဘယ်များမှာ ၎င်းတို့ကိုကာကွယ်ရန်အတွက် စစ်သည်သောင်းချီကို အမိန့်ပေးခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးကြ၍ ပြည်သူသိန်းချီနှင့် စစ်သည်များသေဆုံးရပုံကိုပြောနေရင်း မျက်ရည်များကျဆင်းလာ၏။ ကိုယ်လက်များ အခုတ်ခံရစဉ်က မရွံ့ခဲ့သူများမှာ ရဲဘော်များအတွက် ငိုကြွေးနေပြီဖြစ်သည်။

ရဲဘော်များက တိုင်းပြည်အတွက်မဟုတ်ဘဲ တစ်ကိုယ်ကောင်ဆန်သူအတွက် အသက်ပေးခဲ့ရပြီး ကာကွယ်ရမည့်ပြည်သူများ ရန်သူ၏အနိုင်ကျင့်သတ်ဖြတ်ခံရမှုက အလွန်နာကျင်ဖွယ်ရာဖြစ်သည်။

စစ်သည်များ၏ စကားသံများက မှော်အသံချဲ့စက်များကြောင့် ပြည်သူအားလုံးကြားနေကြရသည်။ နောက်ဆုံးတော့ ပြည်သူများ၏ ဒေါသက ရှားဝုဒ်တို့အပေါ်ပုံကျတော့သည်။

“ သတ် သူတို့ကိုသတ် ကြိုးပေးသတ် “

End