သတ်ဖို့ဆုံးဖြတ်ခြင်း ၂
Vol. 59 Ch. 911
“ ငါဒီလူယုတ်မာတွေကို သေတဲ့အထိ ကိုက်သတ်ချင်လိုက်တာ ဒီကောင်တွေက အင်ပါယာရဲ့ အပြစ်သားတွေပဲ သူတို့မှာ လူစိတ်ရောရှိသေးရဲ့လား “
“ ဘုရားရေ လောကကြီးထဲမှာ ဒီလောက်ရက်စက်ကောက်ကျစ်တဲ့သူတွေရှိသေးတာလား “
“ သတ် သူတို့ကိုသတ် “
လေစိမ်းစစ်သည်များ ပြောဆိုပြီးသည်နှင့် ဒေါသတကြီး အော်ဟစ်သံများထွက်ပေါ်လာ၏။ ဘိုင်ဇန်တိုင်းပြည်သူများနှင့် စစ်သည်များအားလုံး ရှေ့သို့တက်ကာ ရှားဝုဒ်တို့ကို အပိုင်းပိုင်းစုတ်လိုနေကြသည်။
ရှားဝုဒ်တို့လည်း သူတို့ဇာတ်နိမ့်များအဖြစ်တွေးထားသော ပြည်သူများက အလွန်အင်အားကြီးကြောင့် ယခုမှသိလိုက်ရ၏။ သို့သော်လည်း သူတို့အတွက် နောက်ထပ်ဆိုသည်များက ရှိလာတော့မည်မဟုတ်ပေ။
ရှားဝုဒ်တို့ဘက်မှ ပါပေးသူများကတော့ ဒုက္ခလှလှတွေ့နေကြပြီဖြစ်သည်။ တစ်ချို့က ပါးစပ်ပိတ်သွားကြ၏။ တစ်ချို့ကတော့ ဘက်ပြောင်းကာ ရှားဝုဒ်တို့ကိုကြိမ်းမောင်ရန်ပြင်လိုက်ကြသည်။ တစ်ချို့ကတော့ တိတ်တိတ်လေးထွက်သွားရန်ကြံ၏။ သို့သော်လည်း မည်သူမျှ မလွတ်မြောက်ပေ။
ကွန်စတန်တင်းနှင့် ရုံးတော်သားများက ထိုသူများကိုအသေအချာမှတ်သားထားပြီးပြီဖြစ်သည်။ ထို့နောက် တစ်ယောက်ချင်းအရှေ့သို့ဆွဲခေါ်ထုတ်လိုက်ကြ၏။
သစ္စာဖောက်များနှင့် အကြံဆိုးရှိသူများ ချမ်းသာရာမရကြပေ။ ဘိုင်ဇန်တိုင်း၏ အာဏာပါးကွက်သားများ၏ ဓားချက်အောက်၌ ၎င်းတို့၏ ခေါင်းများ မြေသို့လိမ့်ကျသွား၏။
မြေပြင်၌ သွေးများပေကြံသွားသည်။ ၎င်းက ဖေး ရက်စက်ခြင်းမဟုတ်ပေ။
လက်ရှိ၌ အင်ပါယာမှာ အန္တရာယ်များသော အခြေအနေ၌ကျရောက်နေပြီး ဘိုင်ဇန်တိုင်းကသာလျှင် တောင်ပိုင်းတွင် စစ်တပ်တည်နိုင်သည့်အခြေအနေတွင်ရှိသော တိုင်းပြည်ဖြစ်ပေသည်။ တစ်ချိန်ထဲမှာပင် ဒုက္ခသည်များစွာနှင့် တပ်မဲ့စစ်သည်များစွာ ခိုလုံလာကြရာ ၎င်းတို့အထဲ၌ အကြံဆိုးရှိသူများလည်း ပါလာနိုင်ပေသည်။ ဖေးသာညှာတာပြလိုက်ပါက သူထွက်သွားသည်နှင့် ဘိုင်ဇန်တိုင်းက ပြည်တွင်းစစ်ဖြစ်ကာ ဖရိုဖရဲဖြစ်သွားပေလိမ့်မည်။
ဖေးအနေနှင့် ကွန်စတန်တင်းအတွက် အမှိုက်များရှင်းပေးကာ စိန်ခေါ်ရဲသူမရှိစေရန်လုပ်မည်ဖြစ်သည်။ သူ့အနေနှင့် လူထပ်သတ်ရပါကလည်း သတ်မည်ဖြစ်၏။
ရှားဝုဒ်တို့ပြောသလိုပင် ဘိုင်ဇန်တိုင်းက ရှင်းလင်းပြတ်သားသော ဗဟိုချုပ်ကိုင်မှုရှိရမည်ဖြစ်သည်။ သို့မှသာ ဦးတည်ချက်မကွဲပြားပဲ ခေါင်းဆောင်မှုတစ်ခုထဲအောက်၌ ရန်သူများကိုခုခံနိုင်မည်ဖြစ်သည်။ ခနချင်းပင် ခေါင်းရာချီမြေပေါ်လိမ့်သွားပြီး အလောင်းများ တောင်လိုပုံသွား၏။
မပြီးဆုံးသေးပေ။ ရုံးတော်သားများ ဖမ်းဆီးထားသည်က လူထောင်ချီကျန်သေးသည်။ ၎င်းတို့က စာရုံးမှ စုံစမ်းထားရှိသော ရန်သူ့သူသျှိုများ၊ အကြံဆိုးရှိသူများ၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်လုယက်ခဲ့သူများနှင့် ရာဇဝတ်သားများဖြစ်ကြသည်။ မည်သူမျှ လွတ်မြောက်ခြင်းမရှိပဲ ကွပ်မျက်ခံရလိုက်၏။
အလောင်းထောင်ချီမှ သွေးများချောင်းစီးသွားသည်။ အားလုံး အင်ပါရီယန်သိုင်းသူတော်စင်၏ ဒေါသကိုခံစားမိလိုက်ကြ၏။
End