Chapters

ရွက်လွှင့်ခြင်း ၁

Vol. 59 Ch. 912

ရွက်လွှင့်ခြင်း ၁

Vol. 59 Ch. 912

အဆုံးတွင်တော့ ရှားဝုဒ်တို့ နိုဘယ်တစ်သိုက်မှာ စင်ထက်၌ ချုပ်နှောင်ခံလိုက်ရသည်။

ဤကဲ့သို့ သွေးသံတရဲရဲဖြစ်ရပ်များကို မြင်ပြီးနောက် နိုင်ငံရေးလှည့်ကွက်များသာ ကစားတတ်သော နိုဘယ်များမှာာလန့်ဖြန့်နေကြပြီဖြစ်သည်။ ဘရက်ဆိုနှင့် ဂေါလက်တို့က ကြောက်ရွံ့ကာ သတိလစ်သွားသလို လေစိမ်းစစ်တပ်၏ စစ်သူကြီးဟောင် ဗင်ဆင့်မှာလဲပျော့ခွေလဲကျသွား၏။ ဤကဲ့သို့ အသည်းငယ်သူက အရေးကြီးမြို့ဖြစ်သည့် လေစိမ်းမြို့၏ မြို့စောင့်တပ် စစ်သူကြီးဖြစ်လာသည်က အံ့ဩဖွယ်ရာပင်ဖြစ်သည်။

ရေခဲရေများနှင့် အပတ်ခံလိုက်ရပြီးနောက် သတိလစ်သွားသော နိုဘယ်များမှာ ပြန်လည်နိုးထလာကြ၏။

သူတို့က လွှတ်ပေးပါရန် တောင်းပန်ကြသည်။ တခြားသူများကိုလည်း အပစ်ဖို့ကြ၏။ တစ်ချို့ကတော့ အကြောက်လွန်ကာ စကားပင်မပြောရဲကြတော့ပေ။

သူတို့၏ ခေါင်းဆောင် ရှားဝုဒ်သာ အခြေအနေမဆိုးရွားဖြစ်နေ၏။ ရှားဝုဒ်က ဖင်ထဲတုတ်ထိုးခံရသည့် မျောက်လိုအော်ဟစ်နေသည်။

“ လွှတ်ပေးစမ်း ငါ့ကိုလွှတ်ပေးကြစမ်း အင်ပါရီာန်သိုင်းသူတော်စင်ဖြစ်နေရင်တောင် ဧကရာဇ်ကတိုက်ရိုက်ချီးမြှင့်တဲ့ ငါတို့လို နိုဘယ်တွေကို သတ်မရဘူး မင်းငါတို့ကို ဆုံးဖြတ်စီရင်လို့ရရင်ရမယ် ကွပ်မျက်ဖို့က အင်ပါယာရက်ဆင်သာလုပ်ဆောင်နိုင်တာ “

ဇင်းနစ်၏ ဥပဒေအရ အင်ပါရီယန်သိုင်းသူတော်စင်က နိုဘယ်များကို သတ်ဖြတ်ခွှင့်မရှိပေ။

တကယ်တော့ သိုင်းသူတော်စင်အနေနှင့် နိုင်ငံရေးနှင့် စစ်ရေးများတွင် ဝင်စွတ်ဖက်ခွှင့်ပင်မရှိချေ။ တော်ဝင်မိသားစုနှင့် အင်ပါရီယန်စစ်ဌာနချုပ်သာ ထိုသို့အာဏာရှိသည်ဖြစ်ရာ ရှားဝုဒ်ကို မြို့တော်သို့ပို့၍ စစ်ဆေးခံစေရမည်ဖြစ်သည်။ ယနေ့ ဖေးလုပ်ရပ်က စည်းကျော်နေပြီဖြစ်ရာ တော်ဝင်မိသားစုနှင့် အင်ပါရီယန်သူရဲခေါင်းနန်းတော်တို့က ကျေနပ်မည်မဟုတ်ပေ။

ဒါက ရှားဝုဒ်၏ နောက်ဆုံးလောင်းကြေးဖြစ်သည်။

ယနေ့သာ လွတ်မြောက်နိုင်ပါက နောက်ပိုင်းသူ အသက်ရှင်ရနိုင်ချေရှိ၏။ သက်သေများအားလုံးက သူ့ကိုဆန့်ကျင်နေသော်လည်း သူ့အဆက်အသွယ်များကိုသုံးကာ စီရင်ချက်အပေါ်သက်ရောက်အောင်ပြုလုပ်နိုင်သည်။ သူ့အနေနှင့် နိုဘယ်ရာထူးပြုတ်နိုင်သော်လည်း သေရမည်မဟုတ်ပေ။ နှစ်အနည်းငယ်ကြာပြီး အားလုံးမေ့သွားချိန်တွင်တော့ သူပြန်လည်ပြီး နိုင်ငံရေးထဲပါလာနိုင်မည်ဖြစ်ပေသည်။

သို့သော်လည်း ဖေးက သူ့အလိုမလိုက်ပေ။ “ ငါမင်းကိုသာလွှတ်ပေးခဲ့ရင် တပ်သားတွေက တောင်ပိုင်းကိုကာကွယ်နိုင်တော့မှာမဟုတ်သလို ကျဆုံးခဲ့ရတဲ့သူတွေကလည်း ကျေနပ်နိုင်မှာမဟုတ်ဘူး မင်းဒီညသေရမယ် “ ဖေး၏ စီရင်ချက်က ရှားဝုဒ်ကို မျှော်လင့်ချက်မဲ့သွားစေသည်။

“ ကွပ်မျက်စေ စီရင်ချက်ကို မကျေနပ်ရင် ငါဆီလာရှာ “

မည်သူမျှ ထိုစီရင်ချက်ကို မကျေနပ်ခြင်းမရှိကြပါ။ ဘိုင်ဇန်တိုင်း၏ အာဏာပါးကွက်သားများက ဓားများကို ပုခုံးထက်တင်ပြီး နိုဘယ်များကို ခေါ်ထုတ်ကြ၏။

ဘိုင်ဇန်တိုင်းဘုရင် ကွန်စတန်တင်းကလည်း စင်ပေါ်တက်လာသည်။ ထို့နောက် ပါးကွက်သားများထံမှ ဓားကိုလုကာ နိုဘယ်များကို တစ်ယောက်ချင်းသတ်တော့သည်။ လူထုထံမှ ဩဘာသံများ ထွက်လာ၏။

“ ဒီနေ့ကစပြီး တောင်ပိုင်းမှာ အာဏာအတွက် တိုက်ခိုက်ချင်တဲ့သူတွေ အကြံဆိုးရှိတဲ့သူတွေအားလုံး ဒီလိုပဲကြုံရမယ် “ ဖေး၏ စကားသံက အားလုံး၏ နားထဲစွဲစွဲမြဲမြဲဝင်သွားသည်။

ဇင်းနစ် တည်ထောင်ချိန်မှစ၍ နိုဘယ်များ သိပ်အသတ်မခံခဲ့ရပေ။ နိုဘယ်အများဆုံးအသတ်ခံရသည့် ထိပ်တန်းဖြစ်ရပ်သုံးခု၌ အလံစုံမြို့ဖြစ်ရပ်နှင့် ယခုဖြစ်ရပ်ပါဝင်ပေသည်။ ထ်ုနေ့မှစ၍ ဖေးလည်း ဇင်းနစ်၏နိုဘယ်သတ်ဖြတ်သူ ဟူသောဘွဲ့ရသွား၏။

End