Chapters

ရွက်လွှင့်ခြင်း ၂

Vol. 59 Ch. 913

ရွက်လွှင့်ခြင်း ၂

Vol. 59 Ch. 913

ဒုတိယမြောက်နေ့တွင်တော့ ကောင်းကင်ကြီးမှာ အပြာရောင်သလင်းကျောက်အုပ်ထားသည့်အလား တိမ်ကင်းစင်၍ ကြည်လင်နေ၏။

ကောင်းကင်ကို ကြည့်ရုံမျှနှင့် စိတ်ကြည်လင် အေးချမ်းနိုင်ပေသည်။ သမုဒ္ဒယာလေကလည်း တဖြူးဖြူးတိုက်ခက်နေ၏။

ပင်လယ်လေဆားရနံ့နှင့် လေပြေလေးက စိုစွတ်စွတ်နှင့် အေးမြလှရာ ပင်လယ်ခရီးမထွက်ဖူးသူများအဖို့ ရှားပါးသော အတွေ့အကြုံဖြစ်ပေသည်။

ပင်လယ်ရေပြင်ထက်တွင်တော့ လီယွန်အင်ပါယာ၏ အလယ်အလတ်တန်းစား ရေတပ်သင်္သောများရှိနေ၏။ ဖေးနှင့် ချမ်းဘော့ဒ် ပြည်သူနှင့်တပ် တက္ကသိုလ်ကျောင်းသားများ ဖမ်းဖိထားသည့် လီယွန်သင်္ဘောကိုသုံးကာ တိတ်တဆိတ်ထွက်ခွာလာခဲ့ကြ၏။

ဖေးတို့ထွက်ခွာသည့်သတင်းက လျှို့ဝှက်ချက်ဖြစ်ရာ ကွန်စတန်တင်းနှင့် အကြီးပိုင်းတစ်ချို့သာသိထားကြသည်။

နေ့လည်ရောက်တော့ စစ်သင်္ဘောက သမုဒ္ဒရာအတွင်း အတော်ဝေးဝေးသို့ရောက်လာ၏။ ဖေး ပတ်ပတ်လည်ကိုကြည့်တော့ ရေပြင်မှအပ ကုန်းမြေ တစ်စို့တစ်စိမျှ မမြင်ရတော့ပေ။ အမည်မသိ ငှက်ကြီးများ ကောင်းကင်ထက်၌ ပျံသန်းနေသည်ကိုသာတွေ့ရ၏။

ယခု ဖေး၏ အနား၌ လူအနည်းငယ်သာရှိတော့သည်။ ကျောင်းသားကိုးဦးမှ တောရက် ဟက်စကီး လှေ‌တော်သားများနှင့် ဆိုင်ယန်သူတော်စင်တစ်ချို့တို့က အလက်ဇန္ဒားစစ်သင်္ဘောပေါ်နှင့်အတူ ချမ်းဘော့ဒ်သို့ပြန်သွားကြ၏။

ဖေး လီယွန်သင်္ဘောကို ပြန်ပြင်ကာ သုံ့ပန်းလီယွန်ရေတပ်သား၄၀ခန့်နှင့် ရန်သူရဲကောင်းမျိုးကိုပါ တစ်ပါးထဲခေါ်လာခဲ့သည်။ အားလုံးက ဘက်ကင်ဟမ်၏ ဦးဆောင်မှုအောက်၌ လီယွန်အင်ပါယာသို့ ဦးတည်ထွက်ခဲ့ပြ၏။

နေ့လည်တွင်တော့ သင်္ဘောက မုန်တိုင်းအမှတ်ပင်လယ်အော်ကို ကျော်လာခဲ့သည်။

သင်းရနံ့ပင်လယ်က အဇိုရာတိုက်ကြီး၏ ကုန်းတွင်းပင်လယ်ဖြစ်သည်။ ၎င်းက ဧရာမ ရေအိုင်ကြီးသာဖြစ်သည်။ တိုက်ကြီး၏ မြစ်အများစုကတော့ အပြင်ဘက်သမုဒ္ဒရာသို့စီးဝင်ကြသည်။ သ်းရနံ့ပင်လယ်က ဧရာမကြီးဖြစ်ကာ ကောလဟာလများအရ ပင်လယ်မျိုးနွယ်များ၏ ဌာနေဖြစ်ပေသည်။

ဤရေပြင်းအတွင်း၌ ရနံ့သင်းသော ပင်လယ်ရေညှိတစ်မျိုးရှိပြီး ဆောင်းအကုန်၌ ၎င်းတို့က လျှင်မြန်စွာကြီးထွားလာကာ ရနံ့သင်းသင်းများက နွေးထွေးသောရာသီဥတုနှင့်အတူ ပင်လယ်အတွင်းပျံ့လာသဖြင့် သင်းရနံ့ပင်လယ်ဟုပင်အမည်တွင်တော့သည်။

မှော်အစီအရင် ခရူးဆင်းကိုသာ အသက်သွင်းမထားပါက မုန်တိုင်းအမှတ်မှ လီယွန်အင်ပါယာ၏ ကမ်းရိုးတန်းသို့ရောက်ရန် အချိန် နှစ်လလောက်ယူကမည်ဖြစ်၏။ ခရူးဆင်းမှော်အစီအရင်ကိုသာ သုံးလိုက်ပါက ခြောက်ရက်မှသာကြာတော့၏။

အစောပိုင်းတွင် ကျောင်းသားများမှာ ရှုခင်းများကိုခံစားရင်း ကုန်းပတ်ပေါ်မှ ပျော်ပျော်ရွှင်ရွှင်လိုက်ပါလာကြသည်။ အချို့က ဖေးအားလက်ချိန်၌ အပျင်းပြေ ဖန်တီးထားသော ရေကူးဝတ်စုံကိုဝတ်ရင်း ရေဆင်းကူးလိုက်ငါးဖမ်းလိုက်ပင်လုပ်ကြသေးသည်။

ဖေးကတော့ သမုဒ္ဒရာကို ကြည့်ရသည်မှာ ကြာလာ၍ပျင်းလာ၏။ ထို့ကြောင့် နေ့လည်၌ ကုန်းပတ်ပေါ်မှ တစ်ယောက်ထဲထွက်လာလိုက်သည်။

End