အင်အားတိုးလာခြင်း ၁
Vol. 59 Ch. 914
ဒိုင်ယာဘလိုကမ္ဘာ လွတ်ဂိုလိန်မြေ၏ အဝေးတစ်နေရာတွင် မြွေချိုင့်ဝှမ်းဟုသော နေရာတစ်ခုရှိသည်။
ပူပြင်းသော နေရောင်အောက်၌ ဖေးနှင့် အယ်လန်နာတို့မှာ တစ်ပိုင်းပြတ်နတ်ဘုရားရုပ်ထုအထက်၌ ပေါ်ထွက်လာ၏။ ထိုနတ်ဘုရားရုပ်မှာ အနည်းဆုံး မီတာ ၁၀၀ခန့်ရှိပြီး မည်သည့်အချိန်ကတည်းက ထုလုပ်ထားသည်မသိရပေ။ ၎င်းက အလွန်ရှေးကျနေပြီး သုံးပုံနှစ်ပုံခန့် သဲများဖုံးနေကာ ကိုယ်အပေါ်ပိုင်းသာပေါ်လွင်နေ၏။ မျက်နှာတစ်ပိုင်းကလည်းပျက်စီးနေသည်။
ဖေးမှာ နေရောင်ကို ကာရန် အလွှာလေးတစ်ခုရိုးရိုးရှင်းရှင်း ဖန်တီးထားပြီး အရှေ့သို့မျှော်ကြည့်လိုက်၏။ အရှေ့တွင်တော့ အလွန်ကြီးမားသော မုခ်ဝကြီးရှိနေသည်။
ထိုမုခ်ဝကြီးကို အနက်ရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး ၎င်း၏ ပတ်ပတ်လည်၌ လူတစ်ပိုင်းရုပ်ထုများစွာရှိနေ၏။ အမျိုးမျိုးသော ရှေးဟောင်းပုံရိပ်များနှင့် သင်္ကေတများကိုလည်း ကမ်းပါးနံရံထက်၌ ထွင်းထုထားသည်။
အဝေးမှ လှမ်းမျှော်ကြည့်ပါက ၎င်းက နေရောင်ကို ဝါးမြိုနေသည့် သတ္တဝါကြီးအလားပင် ၎င်း၏အတွင်းပိုင်း၌ အမှောင်ထုကိုသာမြင်နေရ၏။
၎င်းက ယခု ဖေး၏ ပန်းတိုင်ဖြစ်သော မြွေပွေးလက်သည်းဘုရားကျောင်းပင်ဖြစ်သည်။
မကြာခင်ကမှ ဖေးပထမမြေပုံရှိ တာဝန်များအားလုံးပြီးဆုံးထားပြီး ဒုတိယမြေပုံ လွတ်ဂိုလိန်းကို ခရီးနှင်းနေခြင်းဖြစ်၏။
ပထမဆုံးတာဝန်အနေနှင့် ရာဒမန့်သားရဲတွင်း၌ ရာဒမန့်အမည်ရှိ မွန်းစတားကိုရှင်းကာ ပထမဆုံးတာဝန်ကိုအသုံးသတ်ခဲ့၏။ ယခု ဟိုရာဒရိတောင်ဝှေးအမည်ရှိ ဒုတိယတာဝန်ကိုအဆုံးသတ်ရန် နောက်ဆုံးတစ်ခုသာလိုတော့သည်။
ယခု ဖေး မြွေပွေးလက်သည်းကျောင်းဆောင်အတွင်းဝင်က ၎င်း၏ဘော့စ် ဖန့်စကင်ကိုသတ်၍ ဟိုရာဒရိလည်ဆွဲကိုအရယူရမည်ဖြစ်၏။ တတိယတာဝန်ဖြစ်သော စွန်းထင်နေ၌လည်း ဖန့်စကင်ကိုသတ်ကာ ၎င်းစောင့်ကြပ်နေသော ပလ္လင်ဆင့်ကိုဖျက်ဆီးရမည်ဖြစ်ရာ တစ်ခါထဲနှစ်ခုအပြီးသတ်ပြီး စတုတ္ထတာဝန်ဆီတက်လှမ်းရမည်ဖြစ်သည်။
ချိုင့်ဝှမ်းကိုစောင့်ကြပ်နေသော မွန်းစတားများကိုသတ်ပြီးနောက် ဖေးနှင့် အယ်လင်နာ ကျောက်တုံးဂိတ်ဝနားသို့ရောက်လာကြ၏။ အခက်အခဲများစွာနှင့် ရင်ဆိုင်ရပြီးနောက် ငရဲပုံစံက အခြားပုံစံများထက် အန္တရယ်အလွန်ပိုများကြောင်း လက်ခံလိုက်သည်။
ကြုံရာနေရာတွင် နေအဆင့်မွန်စတားများနှင့်တွေ့နိုင်ပြီး ဖေးအနေနှင့် ဤဒိုင်ယာဘလိုကမ္ဘာတွင် သူ့နေအဆင့်မူမမှန်ခြင်းကိုသုံးမရရာ တိုက်ရိုက်တိုက်ခိုက်ရုံသာတက်နိုင်၏။
ထို့အပြင် ထိုမွန်းစတားများက ယခင်လိုခွန်အားကြီးသာရှိကြသည်မဟုတ်ပေ။ ဖေးအနေနှင့် ငရဲပုံစံကိုရောက်ပြီးနောက် ဤ ဒိုင်ယာဘလိုကမ္ဘာမှာ သက်ရှိငရဲတစ်ခုဖြစ်လာသလိုခံစားလိုက်ရ၏။ အဆင့်အနိမ့်ဆုံး မွန်းစတားများပင် အသိညဏ်ရှိလာပြီး အထင်ကြီးဖွယ်တိုက်ခိုက်ရေး ညဏ်ရည်ရှိလာကြသည်။ သူတို့က ရန်သူ့အစွမ်းကို တိုင်းတာနိုင်ကြသလို အန္တရာယ်မှထွက်ပြေးခြင်း စုပေါင်းတိုက်ပွဲဆင်နွဲခြင်း တိုက်ပွဲအခြေအနေကို ထိန်းချုပ်ခြင်းနှင့် ထောက်ခြောက်များအတွင်းသို့ ကျုံးသွင်းခြင်းတို့ကိုပါ ပြုလုပ်နိုင်လာကြ၏။
ထိုသတ္တဝါများက ကိုယ်ပိုင်အသိညဏ်နှင့် ဝိညာဉ်ရှိလာပြီး ကြောက်မက်ဖွယ်ရာကောင်းလာသည်ဟု ဖေးခံစားမိသည်။ ထို့ကြောင့် ဒိုင်ယာဘလို ကမ္ဘာ၏ ငရဲပုံစံရောက်ချိန်မှစ၍ ဖေးအဆင့်တက်ရကြာလာခြင်းဖြစ်သည်။
ဖေး ခရီးသွားစခန်းတစ်ခုလုံးကို ကျော်ဖြတ်ရန် တစ်လခွဲမျှသာကြာသော်လည်း လွတ်ဂိုလိန်၏ မစ်ရှင်းနှစ်ခုအတွက်ပင် ရက်20လောက်ကြာခဲ့၏။
မွန်းစတားများ ရှင်းလင်းရာတွင်လည်း ယခင်က မခံစားဘူးသော ဖိအားကိုခံစားမိလာသည်။ အန်ဒရီယန်ကဲ့သို့ ဘော့စ်မျိုးနှင့်ဆုံရာ၌ သာမန်ပုံစံကလို အသိညဏ်နှင့် တိုက်ပွဲဗီဇအားသာချက်မျိုး ငရဲပုံစံတွင်မရှိတော့ပေ။
ယခုအချိန်တွင်လည်း ဆေးရည်များစွာသောက်သုံး၍ တစ်နာရီကျော်ကြာအောင် တိုက်ခိုက်ခဲ့ရ၏။ အသိညဏ်ရှိသော အန်ဒရီယန်ကို သူမနည်းသတ်ခဲ့ရသည်။ တိုက်ပွဲအနိုင်ရခဲ့သော်လည်း ပထမဆုံးအကြိမ်အဖြစ်ဒိုင်ယာဘယ်လိုကမ္ဘာ၌ သေမလိုအတွေ့အကြုံကိုရခဲ့၏။
End