Chapters

အင်အားတိုးလာခြင်း ၂

Vol. 59 Ch. 915

အင်အားတိုးလာခြင်း ၂

Vol. 59 Ch. 915

ဖေးစိတ်ပျက်ရသည်က မွန်စတားများစွာသတ်၍ သူ့အဆင့်များတက်လာသော်လည်း အင်မော်တယ်ဘုရင်အိုက်တမ်စု၏ အပိုင်းအစတစ်ခုမျှမရသေးခြင်းဖြစ်သည်။ သူ၏ ကံကောင်းမှုများက အကုန်သုံးပစ်မိသည့်အလားပင်ဖြစ်၏။

ငရဲပုံစံ၌ အန္တရယ်များကအပြည့်ဖြစ်သည်။ သူသာ ဂရုမစိုက်မိပါက သေသွားနိုင်သည်။ နာကျင်မှုက ဟာသမဟုတ်ပေ။

ယခင်ဘဝက ဂိမ်းများကဲ့သို့ တစ်ခါပြန်အသက်ရှင်နိုင်မည်လား မသေချာရာ ဖေးအနေနှင့် လုပ်သမျှကို သတိထားဂရုစိုက်လုပ်နေရ၏။

ဤ မြွေပွေးလက်သည်းဘုရားကျောင်းက ဒုတိယမြေပုံ၏ အန္တရာယ်နေရာတစ်ခုဖြစ်ရာ သူအသေအချာပြင်ဆင်ပြီးမှ ဗက်ကီရိုင်း အယ်လင်နာနှင့် အတူထွက်လာခြင်းဖြစ်သည်။

“ ကိန်းရဲ့ သီအိုရီအရဆိုရင် ဘုရားကျောင်းကို နှစ်ပိုင်းပိုင်းထားတယ် ပထမပိုင်းက လွယ်ပေမယ့် ဒုတိယပိုင်းမှာတော့ အန္တရာယ်တွေများတယ် ငါတို့သွားရင် သတိထားရမယ် လောကြီးလို့မရဘူး ကြာရင်ကြာပါစေ လုံခြုံမှုကအဓိကပဲ နားလည်တယ်မှတ်လား “ ဖေးက သူ့မယားဗက်ကီရိုင်းမလေး ကို သတိပေးရင် သံချပ်ကာကိုဝတ်လိုက်၏။ ထို့နောက် မုခ်ဝ၏ အမှောင်ထုထဲသို့တိုးဝင်လိုက်တော့သည်။

လက်ထပ်ပြီးနောက်ပိုင်း၌ ဖေးစပြီး စိုးရိမ်တတ်လာသည်။ အယ်လင်နာက မကြာခန ဖေးနှင့်အတူ ဒိုင်ယာဘလိုကမ္ဘာ၌ တာဝန်များ အတူလုပ်တတ်လာသည်။ အယ်လင်နာ၏ တိုက်ခို‌က်ရေးပုံက တိုက်ရိုက်ဆန်ရာ မွန်းစတာတွေ့တိုင်း နောက်မဆုတ်တမ်းတိုက်လေရှိ၏။ ထို့ကြောင့် ဒဏ်ရာအနာတရများသည်။ အယ်လယ်နာတိုက်ပွဲဝင်တိုင်း ဖေးစိုးရိမ်နေရသည်။

မြွေပွေးလက်သည်းက အလွန်နာမည်ကြီးပြီး အလကားနေရင် နာမည်ရထားသည်မဟုတ်ပေ။

ပထမထပ်ကိုရှင်းလင်းရန် ဖေးနှင့် အယ်လင်နာတို့ လေးနာရီလောက်ကြာ၏။ ရှိသမျှ ဆေးရည်များလည်းကုန်ခန်းသွားရ ကူးပြောင်းရေးစာလိပ်ကိုသုံး၍ လွတ်ဂိုလိန်သို့ပြန်ကာ ဆေးဝါးရိက္ခာများပြန်ဖြည့်တင်းရသည်။

ထို့နောက် မြွေပွေးလက်သည်းကျောင်းတော်သို့ပြန်ကာ ဒုတိယအဆင့်ကိုရှင်းလင်းပြန်၏။ ၎င်းကလည်း လေးနာရီလောက်ထပ်ကြာမြင့်သည်။

နေ့စဉ် ကစားခြင်းအကန့်အသတ်မရောက်ခင်မှာပဲ အားကုန်ထုတ်သုံးက ထိုနေရာ၏ ဘော့စ် ဖန့်စကင်ကိုသတ်ကာ ဒုတိယထပ်ကိုရှင်းနိုင်ခဲ့၏။

ဖေး၏ တစ်ကိုယ်လုံး ဒဏ်ရာပြည့်နေပြီး လက်တစ်ဖက်ပြတ်လုနီးပါးဖြစ်နေသည်။ အယ်လင်နာ၏ ဗိုက်တွင်လည်း မြားတစ်ချက်စိုက်ဝင်နေပြီး တစ်ကိုယ်လုံးဒဏ်ရာအပြည့်နှင့်ဖြစ်သည်။

ဖေးကိုစိတ်ပျက်စေသည်က ယခုထိ ထိပ်တန်းအဆင့် အိုက်တမ်တစ်ခုမှကျမလာခြင်းဖြစ်၏။ သို့သော်လည်း သူ၏ လူရိုင်းဘုရင် ငရဲပုံစံမှာ အဆင့်22ရောက်သွားပြီး အယ်လင်နာသည်လည်း အမှတ်များရမှုကြောင့် အဆင့် 17သို့တိုးသွားသည်။

ရှင်းလင်းရေးလုပ်ပြီးနောက် ဖေး ဟိုရာဒရစ်၏ လည်ဆွဲကိုရှာပြီး ဟိုရာဒရစ်၏ တောင်ဝှေးတာဝန်ကို အဆုံးသတ်လိုက်၏။ ထို့ပြင် ဤနေရာ၏ ဘော့စ် ဖန့်စကင်ကိုလည်းသတ်ခဲ့၍ တတိယတာဝန်ဖြစ်သော စွန်းထင်နေလည်း ပြီးဆုံးသွားပြီဖြစ်သည်။

ဖေးခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်နိုင်ခဲ့၏။ ထို့နောက်တွင်တော့ နေ့စဉ်ဂိမ်းကစားခြင်း၏ အကန့်အသတ်သို့ရောက်သွားသည်။

ခနအနားယူပြီး ဖေး ချမ်းဘော့အကြောင်း အယ်လင်နာထံမေးသည်။ အရာရာအဆင်ပြေပြီး အော်မွန်များ လက်စားခြေရန် ရောက်မလာကြပေ။ ထို့နောက် အယ်လင်နာနှင့် အချစ်ပွဲဆင်နွှဲပြီးနောက် ဒိုင်ယာဘလိုကမ္ဘာမှ ထွက်လာလိုက်၏။ ဖေး အခန်းထဲမှ ထွက်လာချိန်တွင်တော့ နေ့လည်ရောက်နေပြီဖြစ်သည်

End