ပင်လယ်ရေနက်သားရဲဘီလူးကြီးများ ၁
Vol. 59 Ch. 916
ရေပြင်အခြေအနေမှာ သာယာနေပြီး သင်္ဘောက မုန်တိုင်းနှင့် လှိုင်းလှေထန်ခြင်းကိုပင် မကြုံခဲ့ရပေ။
ညည့်လေညှင်းက ဖြေးဖြေးညှင်းညှင်းတိုက်ခတ်နေပြီး လအလင်းမှာလည်း ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ဖြာကျနေ၏။
အပူချိန်အတော်လေး ကျဆင်းနေသော်လည်း နေအဆင့်အရှင်ဖေးအတွက် ပြဿနာတစ်ခုမဟုတ်ပေ။
ဖေး မမြင်ဖူးသော ငါးမျိုးများစွာ ရေထဲတွင် ကူးလူးနေကြပြီး ငှက်အမျိုးများကလည်း လေထဲတွင် ဝဲပျံနေကြ၏။
ရေငွေ့များ သယ်ဆောင်လာသော ပင်လယ်ညလေညှင်းက လူတိုင်းကို စိုစွတ်နွေးထွေးစေကာ သက်တောင့်သက်သာဖြစ်စေ၏။
ဖေး လျှောက်လာသည်ကိုမြင်သည်နှင့် မျှားရေးကျင့်နေသော တောရက်က ချက်ချင်းပြေးလာပြီး နေ့တွင် ဖြစ်ပျက်သမျှကို ဘုရင့်အားတင်ပြပေးသည်။
ခရီးအတွက် စစ်သင်္ဘောကို မောင်းနှင်းပေးသော သင်္ဘောသားများက လီယွန်စစ်သုံ့ပန်းများဖြစ်ကာ လမ်းပြသည်လည်း အကြီးဆုံးသုံ့ပန်း ဘက်ကင်ဟန်ဖြစ်နေ၍ ချမ်းဘော့ဒ်သားများအဖို့ သတိမလွတ်ရဲပေ။
ဖေး အခန်းအောင်းလေ့ကျင့်နေချိန်တစ်လျှောက်လုံး တောရက်က ကျောင်းသားကိုးဦးအကူအညီနှင့် သင်္ဘောတစ်ခုလုံးကိုစောင့်ကြည့်ထား၏။ အခြားအစောင့်တစ်ဦးဖြစ်သော ဟတ်စကီးကတော့ စားဖိုဆောင်ကို စောင့်ကြပ်နေသည်။
ယခုက ပထမဆုံး ပင်လယ်ရေကြောင်းခရီးဖြစ်ရာ အစီအရင်များကို အသက်သွင်းမထားကြသေးပေ။ ထို့ကြောင့် အရှိန်ကသိပ်မမြန်ပေ။ တစ်ချို့သော ကုန်သည်သင်္ဘောများနှင့် ကြုံသည်မှအပ တခြားမည်သည့်ကိစ္စများမဖြစ်ခဲ့ချေ။
လီယွန်စစ်သုံ့ပန်းများက အတော်လေးနာခံကြပြီး ဘက်ကင်ဟန်ပင်လျှင် ခေါင်းမမာတော့ပဲ ပူပေါင်းဆောင်ရွက်ပေး၏။ အတွေ့အကြုံရှိသော လီယွန်ရေတပ်မှူးက လမ်းပြသည်ဖြစ်ရာ ဆိုးဆိုးရွားရွားဘာမျှမဖြစ်သေးပေ။
ညနေပိုင်း၌ ဖေးနှင့် ကျောင်းသားများမှာ မှုန်မှိုင်းမှိုင်း ခပ်ဝါးဝါး ရှုခင်းများကိုကြည့်ရင်း ငါးကင်များစားကာ သက်တောင့်သက်သာဖြစ်နေကြ၏။ ညသို့တဖြည်းဖြည်း ရောက်လာပြီဖြစ်သည်။
နောက်တစ်နေ့တွင်လည်း ရာသီဥတုက သာယာဆဲဖြစ်သည်။ ကောင်းကင်မှာ တိမ်များကင်းစင်၍ ပြာလွင်နေသည်။ လေပြေမှအပ လေပြင်းများလည်း တိုက်ခတ်ခြင်းမရှိပေ။ ဖေးတို့စီးနှင်းနေသော ထွန်းလင်းတောင်ပခြင်းအမည်ရှိ စစ်သင်္ဘောမှာ အစီအရင်များဖွှင့်၍ မိုင်ကုန်တင်တော့သည်။
ဖေးကတော့ ကျောင်းသားများကို သင်ကြားပြသချိန်မှလွဲ၍ တစ်နေကုန်အခန်းအောင်းနေ၏။ ဒိုင်ယာဘလို ကမ္ဘာတွင်တော့ ဖေး စတုတ္ထနှင့် ပဉ္စမ တာဝန်များကို လွတ်ဂိုလိမ်မှရရှိသည်။ ၎င်းတို့က အာကိန်းဆန်ကျူရာရီနှင့် ဆင့်ခေါ်သူဖြစ်သည်။
ဖေးမှာ နန်းတော်အနက်ပိုင်းရှိ အာကိန်းဆန်ကျူရာရီထဲဝင်၍ မွန်းစတာများရှင်းလင်းပြီး ၎င်းတို့ကိုဆင့်ခေါ်သည့် ဆင့်ခေါ်သူများကိုသတ်ဖြတ်ကာ ငရဲသခင်ကိုအနိုင်ယူခြင်း အချက်အလက်ပါသည့် ဟိုရာဇွန်ဂျာနယ်ကိုရှာဖွေမည်ဖြစ်သည်။
ဖေး အာကိန်းဆန်ကျုရာရီထဲ သာမန်ပုံစံနှင့် အိပ်မက်ဆိုးပုံစံ ပုံစံနှစ်မျိုးလုံးဖြင့်ဝင်ဖူးသော်လည်း သတိလက်လွတ်မနေရဲပေ။ ဖြေးဖြေးသာသွားသည်။
အာကိန်းဆန်ကျူရာရီမှာ ဟင်လင်းပြင်၌ တည်ဆောက်ထားသော ဝင်္ကပါဆန်ဆန်ပုံသဏ္ဍန်ရှိကာ ၎င်းက ဒဏ္ဌာရီဆန်သည်။ ၎င်းတွင် ရှုပ်ထွေးသောကော်ရစ်ထားများ လှိုဏ်ဂူများရှိပြီး တစ်ခုနှင့် တစ်ခုထွေယှက်နေသည်။ တိတ်ဆိတ်နေသော လှိုင်ခေါင်းမှာ မွန်းစတားအော်သံများနှင့် ဆူညံနေ၏။ မွန်စတားများမှာ ဖေးထံသို့ပြေးဝင်လာကြသည်။ ၎င်းတို့မှ ပမာဏအလွန်များသည်ဖြစ်ရာ ၎င်းတို့၏အစွမ်းကလည်း ရှော့ဖြစ်စရာဖြစ်သည်။
End