← Chapters

အပိုင်း (၅၃၁) – ဝိညာဉ်များစည်းလုံးခြင်း

Vol. 006 Ch. 531

အပိုင်း (၅၃၁) – ဝိညာဉ်များစည်းလုံးခြင်း

Vol. 006 Ch. 531

ဖန်ရူယန်သည် ခေါင်းယမ်းကာ အားပျော့စွာပြောလေသည် “သူမ မသိတာက ပုံမှန်ပါပဲ ကျွန်မတို့ ဒီလိုပဲ ဆက်သွားရုံပဲရှိတာပဲ”

လူအများသည် သူမအား ကြည့်လိုက်ကြသည်။ သူမ ရာထူးကြောင့်ပင် သူမအား လေးစား ကြောက်ရွံ့ ကြသည်။ သို့သော် သူမအား အမှန်တကယ် စိတ်ပူပေးသူမှာ နည်းသည်။

“သခင်မာကီး သူမက တကယ်ပဲ သခင်မရဲ့ သရုပ်မှန်ကိုမသိဘူးလား” ဂျွန်လန်သည် အနည်းငယ် ပူပန်  စွာပြောလိုက်သည်။ “သူမက သခင်မကြီးအတွက် အရေးပါတဲ့လူလို့ ဖန်ဂျီအာပြောတာကြားခဲ့ပတယ်၊  အဲအတွက် ကြောင့်များလားလို့ ထင်မိပါတယ်”

“ရွှတ်” ဖန်ဂူယန်သည် ရယ်မောလိုက်သည်။

သူမသည် အစပိုင်းတွင် ရှီမာယူယူ သူမအပေါ်ကောင်းရခြင်းအကြောင်းကို သိချင်မိ သည်။ သူမသည် မွှေးကြိုင်စွဲမက်စေသော လှပသော လူကို မမြင်ဖူးဘူးဟု ရှက်ရွံ့သော မျက်နှာဖြင့် ပြောခဲ့သည်။ သူမ ခံစားရ သော ရောင်ဝါမှာ ကောင်းမွန်၍ ရင်းနှီးချင်သည်ဟုပင် ပြောခဲ့သည်။

“သခင်မကြီးရဲ့ ကျင့်ကြံမှုလမ်းစဉ်ကြောင့်များဖြစ်မလား” ဂျွန်ကျောင်းသည် ဖန်ရူယန် ပြောသည်ကို ကြားပြီးနောက်တွင် ခန့်မှန်းလေသည်။

“ငါ့ ကျင့်ကြံခြင်းလမ်းစဉ်က လူတွေကို ရင်းနှီးချင်တာ ဖြစ်စေပေမယ့် ငါက အခုမှ အစပိုင်းပဲရှိသေးတာ၊ ရင်းနှီးမှုအဆင့်ပြီးသွားရင်တော့ ချစ်ကြောက်ရိုသေမှုဖြစ်လာရမှာ” ဖန်ရူယန်သည် အထီးကျန်မှု အနည်း ငယ် ရောယှက်ကာ ပြောလေသည်။

ထိပ်တန်းအဆင့်တွင် အထီးကျန်သည်။ ထိုအဆင့်ရောက်ဖူးသည့်သူများသာ နားလည် မည်။

တစ်ခဏအကြာတွင်  သူမပြောလိုက်သည် “ဒါပေမဲ့ သူမဝိညာဉ်က လူတစ်ယောက်နဲ့ ရင်းနှီးစေတယ်လို့ ခံစားရတယ် ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အဲဒါကို လျှို့ဝှက်ထား တယ်၊ ခံစားမှုအားမကောင်းဘူးဆိုရင် ငါလည်းသိမှာမဟုတ်ဘူး”

ရှီမာယူယူသာ ထိုနေရာတွင် ရှိမည်ဆိုပါက အမှန်တကယ်ပင် အံ့သြသွားလောက်သည်။ အစပိုင်းတွင် သူမသည် ဝိညာဉ်စေတီနှင့် စာချုပ်ချုပ်ထားသည်ဖြစ်သဖြင့် သူမ ဝိညာဉ်သည် တခြားလူများကို ရင်းနှီးစေရန် ဆွဲဆောင်ခဲ့သည်။ သို့သော် အံ့ဖွယ်အဆင့်တက် ပြီးနောက်ပိုင်းတွင် သူမ ဝိညာဉ်ရောင်ဝါသည် ပြောင်းလဲမှုကို ကြုံ ခဲ့ရသည်။ ထိုပြောင်းလဲမှုသည် ရင်းနှီးကျွမ်းဝင်စေသော ခံစားမှုကို ဖြစ်စေသည်။ ဖန်ရူယန်ထိုအရာကို အာရုံခံ နိုင်မည်ကို ဘယ်သူထင်မိမှာလဲ။

သို့သော် သူတို့နှစ်ယောက်၏ ဝိညာဉ်များ တစ်ဦးနှင့်တစ်ဦး ရင်းနှီးနေပြီဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ အချင်းချင်းကြည့်ရာတွင် ပျော်ရွှင်ရခြင်းဖြစ်သည်။ သို့သော် အခုတော့ ထိုအရာသည် သိသာမှု နည်းပါးသေး သည်။

ဖန်ရူယန်သည် ရှီမာယူယူကို စိတ်ဝင်စားမှုရှိနေသည်ကို ဂျွန်ကျောင်းမြင်သောအခါ ပြောလိုက်သည် “ကျွန်တော်လည်း အဲလူကို သိပ်နားမလည်ပေမယ့် လန်လေးရဲ့ သူမအပေါ် သုံးသပ်ချက်ကတော့ မဆိုးဘူးတဲ့ ပြီးတော့ သူမက အဲလောက်ငယ်ငယ်လေးနဲ့ ဆေးပညာဗဟုသုတလည်းများတယ် တကယ့်ကိုရှားပါးတဲ့ အရည် အချင်းပဲ တကယ်လို့သာ…”

ဖန်ရူယန်သည် ဆက်မပြောရန် လက်ကို မြှောက်လိုက်သည်။

“ကျွန်မ အဲကလေးကို သဘောကျတယ်ဆိုပေမယ့် သူမကို ဖိအားပေးဖို့ အစီအစဉ်မရှိဘူး အဲအခြေ အနေကို ကျွန်မဘာသာ ဆုံးဖြတ်မှာ”

“ဟုတ်ကဲ့ပါ သခင်မကြီး”

“ကောင်းပြီ ရှင်တို့ အရင်သွားနှင့်ကြလေ”

“ဟုတ်ကဲ့ပါ”

ဂျွန်ကျောင်းထွက်သွားရာ ဖန်ရူယန်သည် ရှီမာယူယူထားခဲ့သော် သစ်သီးဖျော်ရည်ကို တစ်ကျိုက် သောက်ပြီးနောက် နားရန်မျက်လုံးများကို ပိတ်လိုက်သည်။

ရှီမာယူယူ ပြန်သွားပြီးနောက် တစ်ညလုံးအနားယူသည်။ နောက်တစ်နေ့မနက်တွင် သူမသည် ဖန်ရူယန် အားလာကြည့်သည်။

ဒီတစ်ကြိမ်တွင် ဖန်ရူယန်သည် အဆောင်အသေးတွင် ရှိမနေပေ။ သူမသည် အိမ်ထဲတွင်ရှိနေသည်။ သူမသည် ဖန်ဂျီအာနှင့် စကားလက်ဆုံကျနေသည်။ သူမ ရောက်သွားချိန်တွင် ဖန်ဂျီအာကို ထွက်သွားရန် ခိုင်း လိုက်သည်။

“အဒေါ်ဖန် ဒုတိယအကြိမ်အပ်စိုက်ရမယ့်အချိန်ရောက်ပါပြီ” သူမသည် ဝင်ဝင်လာ ချင်းပင် ဖန်ရူယန် အား ပြောလိုက်သည်။

ဖန်ရူယန်သည် လက်ဝေ့ပြလိုက်ရာ အိမ်ထဲတွင် အစကတည်းကရှိနေသော အဖြူရောင်ဝတ်ထားသော အမျိုးသမီးနှစ်ယောက်သည် ပြန်ဆုတ်သွားလေသည်။ ဖန်ရှင်းဟု ခေါ်သော အမျိုးသမီးတစ်ဦးသာ ကျန်ခဲ့လေ သည်။

ဖန်ရှင်းသည် ဖန်ရူယန်၏ အဝတ်အစားများကို ချွတ်ပေးရာ အဝတ်ပါးတစ်ခုသာ ကျန်ခဲ့လေသည်။ ပြည့်စုံပြီး အနုပညာမြောက်သော အဝတ်မဲ့နောက်ကျောပြင်သည် ရှီမာယူယူ ရှေ့တွင်ပေါ်လာသည်။

ရှီမာယူယူ မြင်သောအခါ ထိုအရာကို ယောက်ျားတစ်ယောက်သာ တွေ့ပါက မည်သို့ဖြစ်မလဲဟု တွေး မိလေသည်။

ထိုညသည် သူမ တစ်ကိုယ်လုံးကို အပ်စိုက်ပေးရသော အရင်ကညနှင့်မတူပေ။ ဒီတစ်ကြိမ်တွင် နောက်ကျောနှင့် ခေါင်း၏ အဓိကကျသော နေရာ၂နေရာကိုသာ အပ်စိုက်ပေး ရသည်။

ပြီးသွားသည်နှင့် သူမသည် နို့နှစ်ရောင်ဆေး ၂လုံးထုတ်ကာ သူမအား ကျွေးလိုက်သည်။ ဖန်ရူယန် စားလိုက်ချိန်တွင် ထိုဆေးသည် သာမန်မဟုတ်သည်ကို ခံစားမိသည်။ သူမ ဝိညာဉ်သည် အမြဲတမ်းအားနည်း နေရာမှ မခံစားရသည်မှာ ကြာပြီဖြစ်သော ချောမွေ့သော ခံစားမှုကို ရုတ်တရက်ခံစားလိုက်ရလေသည်။ ထိုခံစား မှုသည် နွေဦးလေပြေကဲ့သို့ နူးညံ့ကာ ပျော့ပျောင်းသည်။

“ဒါဘာဆေးလဲ” သူမသည် သိချင်သဖြင့် ထက်သန်စွာ မေးလိုက်သည်။

သူမ တစ်စုံတစ်ခုကို သိချင်စိတ်မဖြစ်မိတာ ဘယ်လောက်ကြာပြီလဲ။

“ဒါက တကယ့်ဆေးမဟုတ်ပါဘူး ဝိညာဉ်အတွက် အသုံးဝင်မယ့် ပါဝင်ပစ္စည်းတွေကို ကျွန်တော် ဖန်တီးပြီးလုပ်ထားတဲ့ ဆေးပါ” ရှီမာယူယူ ပြောလိုက်သည်။

ဖန်ရူယန်သည် အံ့သြသွားသဖြင့် မျက်ခုံးပင့်လိုက်သည်။ သူမသည် ဆေးဝါး အစမ်းသပ်ခံအဖြစ် အသုံးပြု ခံလိုက်ရတာလား။

သူမ ဖန်ရူယန်၏ အမူအရာကိုမြင်သောအခါ ရှင်းပြလေသည် “ဒီဆေးစားတာ အဒေါ်ဖန် အရင်ဆုံး မဟုတ်ပါဘူး စိတ်မပူပါနဲ့ ဘာပြဿနာမှဖြစ်မှာမဟုတ်ပါဘူး”

ဖန်ရူယန်ပြုံးလိုက်သည် “ငါသိပါတယ်”

“ရွှီး ရွှီး”

ငတိလေးသည် ဆေးအနံ့ရသောအခါ အိပ်နေရာမှ နိုးလာသည်။ သူသည် ဆေးစားချင်နေသည်။

ဖန်ရူယန်သည် အခုမှပင် ရွှေရောင်မြွေကိုသတိထားမိသွားပြီး အံ့သြစွာပြောလိုက်သည် “ရှေးဟောင်း ရွှေမြွေလား”

“ရွှီး ရွှီး” ငတိလေးသည် ဖန်ရူယန်အား ကြည့်ရင်း လျှာကိုထုတ်လိုက်လေသည်။

“အဒေါ်ဖန် ဒီကောင်ရဲ့ မူလအရင်းအမြစ်ကိုသိလား” ရှီမာယူယူသည် ဖန်ရူယန်အား တိုက်ခိုက်မည်ကို စိုးသောကြောင့် လျင်မြန်စွာပင် လက်ဆန့်ထုတ်ကာ တားလိုက်သည်။

သူမသည် ဖန်ရူယန်၏ အမူအရာအားတွေ့ပြီးနောက် သူမ ရင်းနှီးသည်ဟု ခန့်မှန်းပြီးသားဖြစ်သည်။

ရျှွီာယူယူ လက်ကောက်ဝတ်မှ ကာကွယ်ရေးလက်ကောက်သည် ရှေးဟောင်း ရွှေမြွေဖြစ်လိမ့်မည်ဟု ဖန်ရူယန် ထင်မထားမိပေ။ ထိုအကောင်လေးသည် အိပ်ပျော်နေစဉ်တွင် ရောင်ဝါမထွက်ပေ။ သူမသည်ပင်လျှင် သတိမထားမိပေ။ သူမသည် ရွှေရောင်မြွေလေးအား ထပ်ကြည့်ကာ ပြောလိုက်သည် “ရှေးဟောင်းစာအုပ်တွေမှာ အရင်ကတွေ့ဖူးတယ် ဒါပေမဲ့ သူ့ရဲ့ ပုံပန်းသွင်ပြင်လောက်ပဲပါတာ၊ သူ့ရဲ့ လုပ်ဆောင်ချက်မပါဘူး ဒီရှေးဟောင်း သားရဲကို ဘယ်လိုရလာတာလဲ”

“ပြီးခဲ့တဲ့တစ်ခေါက် လေလံပွဲတုန်းက အရှက်မရှိတဲ့ဒိဆန်းက ရှေးဟောင်းသတ္တုရိုင်း ကိုလေလံအောင်ခဲ့ တယ် ဒီကောင်က အဲအထဲမှာရှိနေတာပဲ” ရှီမာယူယူ မဖုံးကွယ်ပေ။

အစပိုင်းတွင် ဖန်ရူယန်သည် ထိုအကောင်၏ အရင်းအမြစ်ကိုသိလိမ့်မည်ဟု သူမ ထင်ခဲ့သည်။ သူမ လည်း ထိုမျှလောက်သာ သိလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“ရှေးဟောင်းသားရဲ အင်အားကြီးတွေဝယ်ချင်နေတဲ့ဟာပဲ နောက်တစ်ခါကျရင် ဘယ်သူမှ ဒီအကြောင်းကို မသိစေနဲ့” ဖန်ရူယန် အကြံပေးလေသည်။

“ဟုတ်ကဲ့ နားလည်ပါပြီ” ရှီမာယူယူ ဆေးထုတ်ပေးရာ ထိုအကောင်သည် ချက်ချင်းပင် ဝါးစားလိုက် သည်။ ထို့နောက်တွင် သူမ လက်ကောက်ဝတ်တွင် ပြန်ရစ်ပတ်ကာ ဆက်အိပ် နေလေသည်။

“အဒေါ်ဖန် အပ်စိုက်တာ ၂ခါပြီးသွားရင်တော့ အဒေါ့်ရဲ့ ပြဿာနာကို ထိန်းချုပ်ပြီးပါပြီ” ရှီမာယူယူ ပြော လိုက်သည် “ဒီ၂လအတွင်းကို ဝိညာဉ်စွမ်းအင်ကိုလုံးဝ သုံးလို့မဖြစ်ပါဘူး၊ မဟုတ်ရင် ကျွန်တော်တို့လုပ်သမျှတွေ အလဟသဖြစ်သွားပါလိမ့်မယ် ၂လပြီးသွားရင်တော့ ဆက်ထိန်းချုပ်နိုင်ဖို့အတွက် ဒီဆေးတွေကို မှီခိုရပါလိမ့်မယ် အဲဒါပြီးရင် ၁၂နှစ် တစ်ခါ အပ်စိုက်ဖို့လိုပါမယ် ဒါပေမဲ့ အဲဒါက နှစ် ၂၀၀ပဲ အချိန်ဆွဲပေးလိမ့်မယ် ဒီ နှစ် ၂၀၀ အတွင်းကို နည်းလမ်းရှာလို့ မရရင် တကယ်ပဲနည်းလမ်းမရှိတော့ဘူး”

“နှစ် ၂၀၀…” ဖန်ရူယန်၏ မျက်လုံးများသည် သည်းခံထားရသည့်ပုံပေါ်ကာ သူမ နှုတ်ခမ်းများသည် ဖျော့တော့စွာ ပြုံးလိုက်သည်။ “နှစ် ၂၀၀လောက်နေရရင်ကို မဆိုးပါဘူး”

“အဒေါ် စိတ်ချပါ ကျွန်တော် ဒီနှစ် ၂၀၀အတွင်းကို ကုပေးနိုင်ဖို့ နည်းလမ်းရှာမှာပါ” ရှီမာယူယူ ပြောလိုက် သည်။

“ငါ မင်းကိုယုံပါတယ်” ဖန်ရူယန်သည် သေတ္တာတစ်လုံးထုတ်ပြီး သူမအား ပေးရင်းပြော လေသည်။

သေတ္တာအားမြင်သောအခါ ရှီမာယူယူ မှင်တက်သွားလေသည် “အဒေါ် နေမကောင်းတာကို လုံးဝ ထိန်းချုပ်နိုင်တဲ့အခါမှ ကျွန်တော့်ကို ပေးမယ်လို့ ကတိပေးထား တာမလား”

“ယူလိုက်ပါ ငါမင်းကိုယုံတယ် မင်းကို အခုပေးရင်တောင် ငါလည်းအခုကောင်းနေပြီပဲ” ဖန်ရူယန် ပြော လိုက်သည် “ခြံဝန်းထဲက မျက်နှာဖုံးနဲ့ တစ်ယောက်က မင်းမောင်လေးမလား”

“ဟုတ်ပါတယ် သူက အဆိပ်ရှိတဲ့ ပိုးအကိုက်ခံရပြီးတော့ မျက်နှာတစ်ခုလုံး အနာရွတ် တွေဖြစ်နေပါတယ် အဲဒါကြောင့် သူမျက်နှာဖုံးဝတ်ထားရတာပါ” ရှီမာယူယူ သေတ္တာယူရင်း ပြောလေသည် “ဒါဆိုရင် အဒေါ့်ကို ကျေးဇူးတင်ပါတယ်”

“သွားလိုက်ပါ” ဖန်ရူယန်သည် မတ်တတ်ရပ်ပြီး အဝတ်အစားများဝတ်ကာ သူမအား လက်ရမ်းပြလေ သည်။

ထိုပစ္စည်းရပြီးနောက်တွင် ရှီမာယူယူသည် ရှီမန်ဖန် ထိုရောင်ဝါအား ဖိနှိပ်နိုင်ရန်အတွက် အမြန် ကူညီချင်မိသည်။ သူမသည် အရိုအသေပေးပြီးနောက် ချက်ချင်းပင် ထွက်သွား လေသည်။

သူတို့နှစ်ယောက်လုံးသည် အခြေအနေချင်းတူကြကာ နှစ်ယောက်လုံး၏ ခန္ဓာကိုယ်အတွင်းမှ အရာကို ရှင်းပစ်၍ မရပေ။ သို့သော် သူတို့ အင်အားအဆင့်နှင့် အကြောင်းအရင်းမှာ ကွဲပြားသည်။ သူတို့ အခြေအနေ ကွဲပြားမှုမှာ နေ့နှင့်ည လိုပင်။

“ငါ ထိန်းချုပ်ပေးရမယ့် သူတို့နှစ်ယောက်လုံးရဲ့ အခြေအနေတူပေမယ့် ကုပေးရမယ့်နေရာကမတူဘူး ကုရမယ့်အချိန်ကျရင်တော့ နည်းလမ်းတူပါစေလို့ မျှော်လင့်ရတာပဲ”

သူမသည် လက်ထဲမှ အံ့ဖွယ်အမှုန့်ကို ကြည့်ပြီး ပျော်ရွှင်ကာ ရှီမန်ဖန် နေထိုင်သော အိမ်သို့လျှောက် သွားလိုက်သည်။

All Chapters