Chapters

ဆန်းကြယ်သောအင်အားစု

Vol. 59 Ch. 918

ဆန်းကြယ်သောအင်အားစု

Vol. 59 Ch. 918

      ဝှစ် ဝှစ် ဝှစ်

       ဖေး သူ၏ လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး ဓားစွမ်းအင်များကို ပစ်လွှတ်လိုက်၏။ ၎င်းတို့က လက်တံများကို ဖြတ်ချလိုက်ပြီး ဖေးက သင်္ဘောမှာဆွဲချခံရသော သင်္ဘောသားများကို ပြန်ဆွဲတင်လိုက်သည်။

      တစ်ချိန်ထဲမှာပင် ပင်မှရွက်မှ အစိမ်းရောင်အလင်းတန်းများ ပင်လယ်ထဲပစ်လွှတ်လိုက်သည်။ ထိုအလင်းတန်းများက ပင်လယ်အတွင်း တစ်မီတာရှိ အပေါက်ကြီးများ ယာယီဖြစ်သွားစေ၏။

      ထို့နောက်တွင်တော့ ရေအောက်မှ နာကျင်စွာဟိန်းသံကြီးထွက်ပေါ်လာတော့သည်။

       ငြိမ်သက်နေသော ရေပြင်မှု ဘောင်ဘင်ခတ်လာ၏။ ရေအောက်မှ သတ္တဝါကြီး ရုန်းကန်နေသည့်အလား သမုဒ္ဒရာရေပြင်မှာ ခက်ထန်စွာလှုပ်ရှားနေသည်။ ထို့နောက်တွင်တော့ ရေမျက်နှာပြင်ပေါ်သို့ အနီရင့်ရောင် ရေလှိုင်းငယ်များတက်လာပြီး တစ်ကီလိုမီတာရေမျက်နှာပြင်တစ်ခုလုံး ရဲရဲနီသွားတော့၏။

       ထွန်းလင်းတောက်ပခြင်းစစ်သင်္ဘောထက်ရှိ အရေးပါဆုံးသော သုံ့ပန်း ဘက်ကင်ဟန်က လျှောက်ပြေးနေသော သင်္ဘောသားများကို အော်ဟစ်အမိန့်ပေးသည်။

      ဘက်ကင်ဟန်၏ ထိန်းချုပ်မှုဖြင့် သင်္ဘောသားများ ကိုယ့်နေရာကိုယ်ပြန်သွားကြပြီး ထွန်းလင်းတောက်ပခြင်းသင်္ဘောကို အတက်နိုင်ဆုံးထိန်းချုပ်ကြ၏။ တဖြည်းဖြည်းနှင့် လှိုင်းထန်မှုကြောင့် ယိမ်းခါနေသော စစ်သင်္ဘောမှာ ပြန်လည်တည်ငြိမ်လာတော့သည်။

      တစ်ချိန်ထဲမှာ ပင် သမုဒ္ဒရာရေပြင်မှာ လှိုင်းကြမ်းများငြိမ်သက်သွားတော့၏။ ရေပြင်ထက်တွင်တော့ ရေသားရဲကြီးများ၏ အလောင်းခြောက်လောင်း ပေါ‌လောပေါ်ကျန်ရှိခဲ့သည်။

      ရေသားရဲကြီး တစ်ကောင်ခြင်းဆီက အနည်းဆုံးမီတာတစ်ရာခန့်ရှိကာ ထွန်းလင်းတောက်ပခြင်းသင်္ဘောကြီး နည်းပါးရှိသည်။ သူတို့၏ အရေခွံများက အနီရောင်ရှိကာ ခပ်ပျစ်ပျစ် အရေများဖုံးလွှမ်းနေပြီး ရေဘဝဲများနှင့်ပုံသဏ္ဍန်တူလှပေသည်။ ၎င်းတို့၌ သွားအထပ်ထပ်ရှိကာ မီတာတစ်ရာခန့်ရှည်သော လက်တံ ၁၆ချောင်းဆီရှိကြ၏။

      ဤရေနက်သားရဲကြီးများက သမုဒ္ဒရာမှ သင်္ဘောသတ်ဖြတ်သူများဖြစ်ကာ လူပေါင်းများစွာ ၎င်းတို့ကြောင့်သေကြေခဲ့ရသည်။ ကံဆိုးစွာဖြင့် ၎င်းတို့က ဖေးတို့ချမ်းဘော့ဒ်များနှင့် ရင်ဆိုင်မိခဲ့ကာ တောရက်၏ လေးပစ်ချက်အောက် သေဆုံးခဲ့ကြရသည်။

     တောရက်က သတ္တဝါကြီးတစ်ကောင်ပေါ်ခုန်တက်ကာ ထိုသတ္တဝါကို လေ့လာကြည့်လိုက်၏။ ထို့နောက် ပြန်ခုန်ဆင်းလာပြီး သူတွေ့သမျှကို ဖေးထံပြန်တင်ပြသည်။ " ဒီကောင်တွေက မှော်စွမ်းအင်တွေ စစ်သည်တော်စွမ်းအင်တွေမရှိတာကြောင့် နတ်ဆိုးသားရဲတွေမဟုတ်ဘူး သူတို့ရဲ့ ကြီးမားတဲ့ ခန္တာကိုယ်ကြောင့်သာ ခွန်အားကြီးနေတာ ဒါပေမယ့် ကျွန်တော် သူတို့ဆီမှာတွေ့လိုက်တာက "

      တောရက်က ပြောပြောဆိုဆိုနှင့် သတ္တဝါကြီးများထံမှရသည်ကို မြှောက်ပြလိုက်၏။

     ထိုအရာများက သတ္ထုချပ်ဝတ်ကြီးများသဖွယ်အရာများဖြစ်ပြီး ပင်လယ်ရေအောက်တွင်ရှိနေချိန်ကြာမြင့်လွန်း၍ ရေညှိများပင်တက်နေသည်။ ရေညှိများဖယ်ပြီးနောက် ပေါ်လာသော ရေးထွင်းရာများကိုကြည့်ခြင်းအားဖြင့် ၎င်းတို့က ထုလုပ်ဖန်တီးထားသည့်အရာများဖြစ်ကြောင်းသိနိုင်သည်။ ထို့ပြင် ၎င်းတို့၏ နောက်ဘက်၌ သတ္တဝါကြီးများအပေါ်တပ်ဆင်ထားရန် ချိတ်များပါရှိနေ၏။

       " ဒီသတ္တဝါတွေက တစ်ယောက်ယောက် မွေးမြူထိန်းချုပ်ထားတဲ့သတ္တဝါတွေလား ဘယ်သူတေံက ဒီလိုဧရာမအကောင်တွေကို ထိန်းချုပ်မွေးမြူနိုင်တာလဲ " ဖေး အံ့ဩသွားသည်။

      ဖေး ကျောင်းသားကိုးဦးနှင့်အတူ ထိုသတ္တဝါကြီးအပေါ်ခုန်ဆင်းချလိုက်၏။ အသေအချာလေ့လာပြီးနောက် သတ္တဝါတိုင်းတွင် ထိုသို့သော ချပ်ဝတ် သုံးလေးဆယ်ခန့်ရှိပြီး လက်တံများမှအပ သေကွင်းသေကွက်နေရာများကို ဖုံးအုပ်ကာကွယ်ထားသည်။ ထိုသို့စနစ်တကျဖြစ်နေသော ချပ်ဝတ်များမှာ သဘာဝအတိုင်းဖြစ်ပေါ်နေခြင်းလုံးဝမဖြစ်နိုင်ပေ။

End