Chapters

ဆန်းကြယ်သောအင်အားစု ၂

Vol. 59 Ch. 919

ဆန်းကြယ်သောအင်အားစု ၂

Vol. 59 Ch. 919

      " ဒါတွေက သာမန် ကြေးနီတွေမဟုတ်ဘူး ဒါ‌တွေက ရေအောက် ပင်လယ်မြင်းကြေးနီကနေ လုပ်ထားတာ အဲ့တာတွေကို ရေနက်ပိုင်းကပဲရနိုင်တယ် " တက္ကသိုလ်ကျောင်းတော်သား ကိုးဦးထဲမှ အသားမဲမဲ ဆံပင်တိုတိုနှင့် လူငယ်လေးက ထိုသို့ဖြေသည်။

     သူအမည်က အော်စကာဖြစ်ပြီး ထူးခြားသောကျောင်းသားတစ်ဦးဖြစ်သည်။

      အော်စကာက မှော်စွမ်းအားနှင့် စစ်သည်စွမ်းအားတို့ကို ဝါသနာပါခြင်းမရှိဘဲ အဂ္ဂရိတ်ပညာနှင့် အခြားဆန်းကြယ်သော ပညာများကို ဝါဿနာပါသူဖြစ်၏။ သူက ချမ်းဘော့ဒ်တက္ကသိုလ်၌ လူကြိုက်မများသော သတ္ထုအရည်ကျိုခြင်းနှင့် မှော်မောင်းနှင်းခြင်းစသော ‌အတန်းများကို ယူထားသူဖြစ်သည်။ သို့သော်လည်း ထိုနယ်ပယ်များတွင်ထူးချွန်ပြီး ကရာစီ၊ အာကရာနှင့် ကိန်းတို့၏ နှစ်လိုမှုကိုခံရသူဖြစ်သည်။ သူကိုယ့်သူ သိပ္ပံရူးအဖြစ်ခံယူထားသူဖြစ်၏။

        " ဒီလို ပင်လယ်မြင်း ကြေးနီတွေကို သမုဒ္ဒရာ ရေနက်ပိုင်းမှာပဲတွေ့နိုင်တယ် သာမန်လူတွေအဖို့ အဲ့လောက်ရေနက်ပိုင်းကို မသွားနိုင်ကြဘူး ပင်လယ်ထဲကရေကပဲ ပင်လယ်မြင်းကြေးနီကို အရည်ဖျော်နိုင်တယ်တဲ့ ကုန်းပေါ်က မီးတွေက သူ့ကို ပုံပြောင်းရုံပဲတတ်နိုင်တယ် "

       အော်စကာလည်း သူ့အသိပညာကို ဘုရင်ရှေ့ထုတ်ပြချိန်ရောက်လာ၍ ဟန်လုပ်မနေဘဲ စိတ်လှုပ်ရှားစွာဖြင့် သိသမျှအကုန်ထုတ်ပြောပြတော့၏။

      အော်စကာမှ စမ်းသပ်ကြည့်ချင်၍ ပင်လယ်မြင်းသတ္ထုဖြင့် ပြုလုပ်ထားသော အပြားများကိုဆုဆောင်လိုက်သည်။ ထို့သတ္ထုပြားအပေါ်မှ ပုံစံများကိုလေ့လာပါက အချက်အလက်ပိုရလာမည်ဟု သူထင်မိသည်။

     တစ်နာရီမျှ ရပ်တန့်ပြီးနောက် ထွန်းလင်းတောက်ပခြင်း စစ်သင်္ဘောမှာ ဆက်လက်ခရီးဆက်ပြန်၏။

      သို့သော်လည်း ရုတ်တရက် ညလည်ကြီး မုန်တိုင်းတစ်ခုထွက်ပေါ်လာသည်။ ကောင်းကင်ယံမှ တိမ်မဲများက သမုဒ္ဒယာအပေါ်ပိကျလာ၏။ ကောင်းကင်ယံ၌လည်း ငွေရောင် လျှပ်စီးမိုးကြိုးများ ပြည်နှက်နေသည်။ ထွန်းလင်းတောက်ပခြင်းမှာ သဘာဝတရားကြီး၏ စိန်ခေါ်မှုကိုစတင်ခံရပြီဖြစ်သည်။

      ယခုအခါတွင်လည်း လီယွန်သုံ့ပန်း ဘက်ကင်ဟန်က ရှေ့ထွက်လာ၏။ ရေတပ်မှူးအနေနှင့် ဤသို့သောအခြေအနေများစွာကို သူကြုံဖူးသည်။ သူက သင်္ဘောအန္တရာယ်ကင်းကင်းဖြစ်စေရန်အတွက် သင်္ဘောသားများကို အမိန့်များစီတန်းပေးတော့သည်။

      မိုးကုတ်စက်ဝိုင်းမှ အလင်းရောင်ပေါ်လာသည့်အထိ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံခဲ့သည်။

      အဆုံးရှုံးကတော့ ရှိစမြဲပင်။ သင်္ဘောသား ခြောက်ဦး လှိုင်းဒဏ်အကြား၌ ပျောက်ကွယ်သွားခဲ့ရ၏။ တောရက်က သင်္ဘောသား ဆယ်ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း ၎င်းတို့က လှေကားများ နံရံများနှင့်ဆောင့်မိ၍ ဒဏ်ရာရက ခေတ္တ အလုပ်လုပ်နိုင်စွမ်းပျောက်ဆုံးသွားသည်။ ထို့ကြောင့် ကုန်းပတ်ထဲသွားအနားယူနေကြရ၏။

      ချမ်းဘော့ဒ်သားများကတော့ ပင်လယ်အတွေ့အကြုံမရှိရာ မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရသည်။ ၎င်းတို့က အစွမ်းထက်ကြသော်လည်း အကြိမ်များစွာ အရာဝတ္ထုများနှင့် ဆောင့်မိ၍ အိပ်ယာထဲခန အနားယူရန်လိုအပ်ပေသည်။

       နေ့လည်အရောက်တွင်တော့ ထွန်းလင်းတောက်ပခြင်းမှာ ပင်လယ်သားရဲကြီးများ၏ တိုက်ခိုက်မှုကို ထပ်မံခံရပြန်သည်။ ယခုအခါတွင်တော့ သားရဲကြီး အကောင်၂၀လောက်လာတိုက်ခြင်းဖြစ်ရာ အလူးအလဲခံရသည်။ ဖေးသာ အစွမ်းထုတ်ပြီး ဝင်တိုက်ခဲ့ပါက အားလုံး သင်္ဘောမပါပဲ လီယွန်ပြည်သို့ ရေကူးသွားရပေလိမ့်မည်။

      ယခု တိုက်ခိုက်မှုကြောင့် ထွန်းလင်းတောက်ပခြင်း အတိုက်ခံရခြင်းက မတော်တဆမဟုတ်ဘဲ ဆန်းကြယ်သော အင်အားစုမှ ပြစ်မှတ်ထားခံရခြင်းဖြစ်ကြောင်း သေချာသွား၏။

End