← Chapters

အပိုင်း (၅၃၂) – ငါနဲ့ထွက်သွားမလား

Vol. 006 Ch. 532

အပိုင်း (၅၃၂) – ငါနဲ့ထွက်သွားမလား

Vol. 006 Ch. 532

ရှီမာယူယူနှင့် ရှီမန်ဖန်တို့သည် ၂ရက်အကြာတွင် အခန်းမှထွက်လာလေသည်။ ဝူလင်းယူသည် ခြံဝန်း အပြင်တွင်စောင့်နေလေသည်။

တံခါးပွင့်လာချိန်တွင် ရှီမာယူယူ၏ မျက်နှာသည် ပင်ပန်းနေပုံပေါ်သည်။ ထိုမိန်းကလေး သည် ခြေကုန် လက်ပန်းကျမှပင် ပင်ပန်းသည့်ပုံပြသည်ကို သူသိသည်။

“မင်းအဆင်ပြေရဲ့လား” သူရှေ့တိုးကာ သူမနားထင်အား ညင်သာစွာ နှိပ်ပေး လိုက်သည်။

ရှီမာယူယူသည် သူ၏ ဝိညာဉ်စွမ်းအင်ကို ခံစားမိကာ ပင်ပန်းမှုများ ပြေလျော့သလိုပင်။ သူမသည် သူ၏ လက်များကို တွန်းဖယ်လိုက်ရန် စဉ်းစားသော်လည်း သူသည် ကိုယ်ပိုင်နည်း ဖြင့် နှိပ်နယ်နေသဖြင့် သူမဘာမှပြန် မလုပ်မိပေ။

ရှီမန်ဖန်အခန်းမှထွက်လာချိန်တွင် သူတို့ခန္ဓာကိုယ်ပေါ်သို့ သဘာဝကျကျ နေရောင်များ ဖြာကျကာ အေးချမ်းမှုနှင့်အတူ လိုက်ဖက်မှုရှိနေသည်ကို တွေ့လိုက်ရသည်။ သူ ခြေလှမ်း များတုန့်သွားသည်။

ဝူလင်းယူ သူ့ အစ်မကိုနှစ်သက်သည်ကို သူသိသည်။ သို့သော် သူ့အစ်မ၏ ခံစားချက်ကို သူ မသိသေး ပေ။ သူနှင့် ဝူလင်းယူစကားပြောတိုင်းတွင် သူမသည် နှလုံးသားမဖွင့်ပေးကာ မှတ်ဉာဏ်များပြန်ရရန်သာ ကြိုးစားနေပြီး သူမအား ချည်းကပ်ရ ခက်မည်ကို စိုးရိမ်ကြောင်း ပြောလေ့ရှိသည်။

ရှီမန်ဖန် ထွက်လာသည်ကို ရှီမာယူယူ သိလိုက်ချိန်တွင် သူမသည် ဝူလင်းယူလက်ထဲမှ ရုန်းလိုက် သည်။ သူမသည် အပြစ်လုပ်ထားသည့် ပုံစံမျိုးဖြစ်နေသည်။

ဝူလင်းယူသည် သူမနှင့်မတူပဲ ရှီမန်ဖန်ကို ယုံကြည်မှုအပြည့်ဖြင့် စကားပြောလေသည်။

“ရောင်ဝါကို ဖိနှိပ်ပြီးပြီနဲ့တူတယ် မင်းဆီကနေရတဲ့ ခံစားချက်လည်းပြောင်းသွားတယ် အရင်ကလို အေးစက်စက် ဖြစ်မနေတော့ဘူး”

ရှီမန်ဖန် လျှောက်လာကာ “ဒီနှစ်တွေမှာ နေသားကျနေပါပြီ အခုဖိနှိပ်ပြီးသွားတော့ ထူးတောင်ထူးဆန်း နေတယ်”

“ဒါတွေအကုန်လုံး အဒေါ်ဖန်ရဲ့ အံ့ဖွယ်အမှုန့်ကျေးဇူးတွေပဲ မဟုတ်ရင် မင်းအခြေအနေကို ထိန်းချုပ် ထားလို့်ရမှာမဟုတ်ဘူး” ရှီမာယူယူ ရှင်းပြလေသည် “နောက်ကျရင် မင်းနဲ့ ငါနဲ့ သူမကို ကျေးဇူးတင်စကား သွား ပြောကြတာပေါ့”

“ကောင်းပါပြီ” ရှီမန်ဖန် ခေါင်းညိမ့်လိုက်သည် “ဒါပေမဲ့ သူမက ဘယ်လိုလူမျိုးလဲ”

ရှီမာယူယူ ခေါင်းရမ်းလိုက်သည် “ငါလည်းမသိဘူး သူမ သရုပ်မှန်ကတော့ မရိုးရှင်းဘူး သူမ အင်အား… က ငါသိတဲ့အထဲမှာ အသန်မာဆုံးပဲ သူမ သရုပ်မှန်က ဘာဖြစ်ဖြစ် အရေးမကြီးပါဘူး သူမက ဒီကမှမဟုတ်တာ သူမ ထွက်သွားရင်လည်း ဘယ်သူမှ သိလိုက်မှာမဟုတ်ဘူး ငါ အရင်သွားနားလိုက်ဦးမယ် ပြီးမှ သူမနဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်”

သူမ အခန်းသို့သွားကာ စိတ်စွမ်းအင်ပြန်အားပြည့်လာစေရန် တရားထိုင်လိုက်သည်။

နောက်တစ်နေ့တွင် ရှီမာယူယူသည် ထိုနှစ်ယောက်ကိုခေါ်ကာ ဖန်ရူယန်နှင့် သွားတွေ့လေသည်။ သူတို့ နှင့်တွေ့သည့်အချိန်တွင် သူမ ခန္ဓာကိုယ်သည် ပိုကောင်းသည့် အခြေအနေဖြစ်နိုင်သည်။

ဖန်ရူယန်အားတွေ့သောအချိန်တွင် ကမ္ဘာပေါ်တွင် ဒီလို အလှဆုံးမိန်းကလေး ရှိပါ့မလားဟု ရှီမန်ဖန်နှင့် ဝူလင်းယူတို့သည် စိတ်လှုပ်ရှားမိကြသည်။ ထို့အပြင် သူမ၏ တည်ငြိမ်သော မျက်လုံးများသည် လူများကို သက်တောင့်သက်သာဖြစ်စေသည်။ ထိုမျက်လုံးများသည် သူမ ထိုနှစ်များတွင် ကြုံတွေ့ခဲ့ရသော ကံ အတက်အကျ အတွေ့အကြုံများဖြင့် အဓိပ္ပာယ်ပြည့်နေသည်။

“ပညာရှိစံအိမ်တော်က မြင့်မြတ်သောသားတော်”  ဖန်ရူယန်သည် ဝူလင်းယူအား ကြည့်လိုက်သည် “မင်းက ယူယူရဲ့ စီနီယာအစ်ကိုလို့ကြားတယ်”

“ဟုတ်ပါတယ်”

“သူမက အံ့ဖွယ်နတ်ဆိုးတောင်ကြားကိုမရောက်ဖူးဘူးလို့ ယူယူပြောတယ်၊ နတ်ဆိုးလေးက ဘယ်လို လဲ” ဖန်ရူယန် ရေရွတ်လိုက်သည်။ ဝူလင်းယူ အံ့သြသွားသည်။

အားလုံးသည် သူ့ဆရာအား အဘိုးနတ်ဆိုးဟု ခေါ်သည်။ သို့သော် သူမသည် နတ်ဆိုးလေးဟု ခေါ် သည်။ ဘာအဓိပ္ပာယ်လဲ။

“အဒေါ်ဖန်က ကျွန်တော့်ဆရာ့ကို အရင်ကတွေ့ဖူးတာလား” ရှီမာယူယူ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“အရင်ကတွေ့ဖူးတယ် အဲတုန်းက သူက ပျော့ညံ့တဲ့ကလေးပဲရှိသေးတယ် သူက အံ့ဖွယ်နတ်ဆိုး တောင်ကြားရဲ့ ဒုခေါင်းဆောင်ဖြစ်လာမယ်လို့ ထင်တောင်မထင်မိဘူး” ဖန်ရူယန် ပြန်တမ်းတမိလေသည်။

ရှီမာယူယူ ရယ်ချင်မိသည်။ အဘိုးနတ်ဆိုးသည် လေးစားခံရသော ရာထူးရှိထားသော အဘိုးကြီးဖြစ် သည်။ သို့သော် အခုတော့ သူသည် ပျော့ညံ့တဲ့ကလေးလေးဟု အခေါ်ခံနေရသည်။ သူသာ ထိုစကားကိုကြား လျှင် ဘယ်လိုတုန့်ပြန်မည်ကို မသိနိုင်ပေ။ ပြောရမည်ဆိုလျှင် ပျော့ညံ့သော ကလေးက ဘယ်လိုပုံစံဖြစ်မလဲ ဆိုသည်ကို သူမ မတွေးနိုင်ပေ။

တစ်ချိန်တည်းမှာပင် သူမသည် ဖန်ရူယန်၏ သရုပ်မှန်ကို ခန့်မှန်းနိုင်ရန် ကြိုးစားလေသည်။ အဘိုး နတ်ဆိုးထက် အားကောင်းသော လှပသော အမျိုးသမီးသည် သာမန်လူတော့ မဟုတ်နိုင်ပေ။ သူမသာ အဘိုး နတ်ဆိုးနှင့်တွေ့လျှင် သေချာပေါက် မေးမိမည်ဖြစ်သည်။

“မင်းဟင်းချက်တာကောင်းတယ်လို့ ကြားတယ် ဒီအဒေါ်ကို ဘယ်တော့အရသာ ပေးမြည်းခိုင်းမှာလဲ” ဖန်ရူယန်မေးလိုက်သည်။

သူမကို တစ်စုံတစ်ယောက်လိုက်စုံစမ်းထားသည်ကို ရှီမာယူယူသိသဖြင့် သူမ ဟင်းချက်ကောင်းသည် ကို ဖန်ရူယန် သိသည်မှာ မထူးဆန်းတော့ပေ။ သူမ ပြုံးလိုက်သည် “အဒေါ်ဖန်သာ စားချင်ရင် အခုပဲချက်ပေး လို့ရပါတယ်၊ ဒါပေမဲ့ အဒေါ့်ခန္ဓာကိုယ်က ပုံမှန်မဟုတ်တော့ တချို့ဟာတွေ စားလို့မရသေးဘူး”

“ကောင်းတာသာ ချက်လိုက်ပါ” ဖန်ရူယန် ပြောလိုက်သည် “ငါ အစားအသောက် မစားရတာ အတော် ကြာနေပြီ အရသာကိုတောင် မှတ်မိပါဦးမလားပဲ”

“ဒါဆို အခုပဲ သွားချက်လိုက်ပါမယ်” ရှီမာယူယူ ထလိုက်သည်။

“အဲလောက်မလောပါနဲ့ မီးဖိုဆောင်လုပ်ဖို့ ဂျွန်ကျောင်းကို ပြောလိုက်မယ်” မီးဖိုဆောင်မရှိသည်ကို ဖန်ရူယန် သတိတရရှိသည်။

“မလိုပါဘူး ကျွန်တော့်မှာ မီးဖိုဆောင်ပစ္စည်းအကုန်ရှိတယ်” ရှီမာယူယူ ငြင်းလိုက်သည်။

သူမ အပြင်တွင်ချက်ပြုတ်ရန် စီစဉ်ထားသော်လည်း ဖန်ရူယန်သည် ဘေးမှ ကြည့်ချင်သဖြင့် ခြံဝန်းထဲ တွင်သာ ချက်ပြုတ်ရန် အကြံပေးလေသည်။

ရှီမာယူယူသည် အရင်ဆုံး ဖန်ရူယန်အတွက် အာဟာရဖြစ်မည့် ဆေးဖက်ဝင် ငါးရှည့်ကို ပြင်ဆင်သည်။ ထို့နောက်တွင် သူမသည် အရံဟင်းများကို ချက်ပြုတ်သည်။ ဟင်းများသည် ရိုးရှင်းသော်လည်း အရသာရှိသည်။

ဖန်ရူယန်သည် နှစ်သက်အားရစွာစားသည်။ ဟင်းအရသာများသည် ပေါ့ပေါ့ပါးပါးသား ဖြစ်သော်လည်း သူမ ခံတွင်းတွေ့သည်။

စားသောက်ပြီးနောက်တွင် ရှီမန်ဖန်နှင့် ဝူလင်းယူတို့ထွက်သွားကြသည်။ ရှီမာယူယူ သည် ဖန်ရူယန်နှင့် ကျင့်ကြံခြင်းဆိုင်ရာ ပြဿနာများကို ပြောကြလေသည်။

ဖန်ရူယန်သည် သူမအား ကောင်းမွန်စွာဆက်ဆံလေသည်။ သူမ မေးလိုက် သည့်အရာတိုင်းကို စိတ်ရှည် စွာဖြေပေးသည်။ သူမ ကျင့်ကြံခြင်းတွင် ကြုံတွေ့ရသည့် ပြဿနာများကို ဖန်ရူယန် ဖြေရှင်းပေးသည်။ ထို စကားများသည် သူမကို ထိုးထွင်းသိမြင်စေသည်။

ဖန်ရူယန်သည် ရှီမာယူယူအား မေးသမျှ ပြန်ဖြေပေးနေသည်ကို ဖန်ဂျီအာမြင်သောအခါ အားကျမိလေ သည်။

“သူမက သခင်မကြီးရဲ့ လမ်းညျွန်မှုတွေရတာ အဲလူတွေသာသိလို့ကတော့ အားကျမိမှာပဲ”

“သခင်မကြီးက သူမကို သဘောကျတယ် သူမတကယ်ပဲ ပျော်နေပုံပေါ်တယ်”

ဖန်ရူယန်၏ သရုပ်မှန်မှာ သာမန်မဟုတ်သည်ကို ရှီမာယူယူသိသည်။ သို့သော် သူမသည် မြင်သာ အောင်မပြပေ။ သူမသာ သရုပ်မှန်ကိုပြလိုက်ပါက အခုလိုဆက်ဆံရေး မရှိတော့မည်ကို စိုးရိမ်သည်။ ပြီးလျှင် ဖန်ရူယန်သည် ဒီလို တုန့်ပြန်မှုကို နှစ်သက်သည်။

သူမ၏ သိပ်မကျန်တော့သော ဘဝတွင် ထိုအချိန်သည် သမုဒ္ဒရာထဲမှ ရေတစ်စက်မျှ သာဖြစ်သည်။ သို့သော် အရင်က ထိုကဲ့သို့ ခံစားမှုမျိုး မခံစားခဲ့ရဖူးပေ။ ထို့ကြောင့်ပင် သူမသည် ရှီမာယူယူကို ပိုနှစ်သက်သည်။

ထို့နောက်တွင် ရှီမာယူယူသည် သူမ၏ ရောဂါအား ထိန်းချုပ်ရန် သူမအား အပ်စိုက်ပေး လေသည်။ ထို့နောက်တွင် တစ်ပတ်လုံး တံခါးပိတ်ကာ ဖော်စပ်ထားသော ဆေးများအားလုံးကို ဖန်ရူယန်အား ပေးလေ သည်။

“၇ရက်တစ်ခါ ဆေးတစ်လုံးသောက်ပါ ဒီဆေးတွေက အနည်းဆုံး ၅နှစ်စာတော့ခံမှာပါ” ရှီမာယူယူ ပြော လိုက်သည် “ဒါက ပါဝင်ပစ္စည်းစာရင်းပါ ဒီဆေးတွေကုန်သွားရင် လူရှာပြီး ဒီပါဝင်ပစ္စည်းတွေနဲ့ ဆေးဖော်ခိုင်း လိုက်ပါ”

ဖန်ရူယန်သည် ပါဝင်ပစ္စည်းစာရင်းယူကာ ကြည့်လိုက်သည်။ ထိုပစ္စည်းအဆင့်များသည် အဆင့်မမြင့် သော်လည်း ဆေးဖော်ရသည့်နည်းမှာ ခက်ခဲသည်။ သူမ အဂ္ဂိရတ်ပညာအဆင့်မှာ မနိမ့်သည့်ပုံပင်။

“ပြီးတော့ အခု အဒေါ်လုံးဝ ဝိညာဉ်စွမ်းအင်သုံးလို့မဖြစ်ပါဘူး တကယ်လို့ သုံးမယ်ဆိုရင် ဒီဆေးတွေကို သောက်ပြီးမှ သုံးပါ ဒါက ဆေးဖက်ဝင်ပစ္စည်းစာရင်းပါ” သူမသည် ဆေးပုလင်းနှစ်ပုလင်းကိုလည်း ထုတ်ပေး လေသည်။ ဖန်ရူယန်သည် ဖွင့်ကြည့်ရာ အနက်ရောင်ဆေးများကိုတွေ့လေသည်။

ဖန်ရူယန်သည် ဆေးများနှင့် ပါဝင်ပစ္စည်းများ စာရင်းကို သိမ်းလိုက်သည်။ သူမသည် တွေဝေစွာ မေးလေသည် “မင်းငါနဲ့ အတူထွက်သွားချင်လား”

ရှီမာယူယူသည် မှင်တက်သွားပြီးနောက် ခေါင်းရမ်းလိုက်သည် “အဒေါ်နဲ့ လိုက်မယ် ဆိုရင် မတူတဲ့ တခြား ဘဝရမယ်ဆိုတာ သိပါတယ် ဒါပေမဲ့ ကျွန်တော့်မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ မပြီးပြတ်သေးတဲ့ လက်စားချေဖို့တွေရှိပါတယ် အဲဒါကြောင့် ကျွန်တော်မလိုက်နိုင်ပါဘူး”

All Chapters