အပိုင်း (၅၃၄) – ရင်မျိုးနွယ်၏ အရေးအကြီးဆုံးအချိန်
Vol. 006 Ch. 534
ရှီမာယူယူ ပိုစိုးရိမ်လာသည်။ ထို့ကြောင့် သူမသည် ဂျွန်ကျောင်းအား ကတိုက်ကရိုက် နှုတ်ဆက်လိုက် သည်။ သူမသည် ရှီမန်ဖန်နှင့်အတူ ဝူလင်းယူအား ဆောင်းဦးလမြို့တော်သို့ သွားမည့် ဝင်ပေါက်ကို ဖန်တီးခိုင်း လေသည်။
ဝူလင်းယူသည် ရင်မိသားစုအိမ်တော်သို့ ရောက်သော ကောင်းကင်ဝင်ပေါက် တစ်ခုအပို ဖွင့်လိုက်သည်။ ရှီမာယူယူနှင့် တခြားလူနှစ်ယောက် ထွက်လာသည်ကို ဘေဂုံထန်တို့ တွေ့လိုက်သည်။
“သူတို့ ဖိနှိပ်ခံရပြီး အဆင်မပြေတဲ့ပုံပဲ” ကောင်းကင်ပေါ်မှ အောက်သို့ဆင်းရာတွင် မကျစေရန် ရှီမန်ဖန် သည် ရှီမာယူယူအား တွဲပေးရင်း ပြောလေသည်။
ရှီမာယူယူသည် မပျံနိုင်သဖြင့် ဖိအားကိုခံစားမိသည်။ သို့သော် ရင်မိသားစု၏ ဖိအား ကိုလည်း ခံစားရ သည်။ သူမ ဘေဂုံထန်တို့ လုံခြုံမှုကို စိတ်ပူနေချိန်တွင် အိမ်ထဲမှ ရင်းနှီးသော ပုံရိပ်တစ်ခု ပြေးထွက်လာသည်။
“ညီလေး၅”
“ယူယူ”
“ယူယူ ဘာလို့လာတာလဲ”
ရှီမန်ဖန်သည် ရှီမာယူယူ၏ ခါးကိုထိန်းပေးပြီး သူမကိုခေါ်ကာ မြေပေါ်သို့ ဆင်းသက်လိုက်သည်။ သူတို့ အဆင်ပြေနေသည်ကို သူမ တွေ့သောအခါ သူမ စိတ်အေးသွားသည် “ငါတို့ဘက်ကိစ္စက ပြီးသွားပြီ ဒါပေမဲ့ မင်းတို့ဘက်က အဆက်အသွယ် မရလို့ မင်းတို့တစ်ခုခုဖြစ်မှာစိုးလို့ ငါတို့လာကြည့်တာ”
ရင်မိသားစုခေါင်းဆောင်သည် အိမ်ထဲမှထွက်ကာ ရှီမာယူယူနှင့် ဝူလင်းယူတို့အား တွေ့လိုက်သည်။ သူ အပြစ်တင်လိုက်သည် “ဒီမှာဘာလုပ်နေတာလဲ ထန်လေး သူတို့ကို အထဲခေါ်သွားပြီး ထိုင်ခိုင်းလိုက်ဦး”
“ဟုတ်ကဲ့ပါ မိသားစုခေါင်းဆောင်” ဘေဂုံထန် ပြန်ဖြေလိုက်သည် “ငါတို့ဆွေးနွေး စရာရှိတယ်… ငါနင်တို့ နားဖို့ ခြံဝန်းထဲခေါ်သွားပေးမယ်”
“ဘာတွေဖြစ်နေတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ဘေဂုံမိသားစုနဲ့ ရိချုံနန်းတော်က မဟာမိတ်ဖွဲ့လိုက်ပြီး ငါတို့ကို ဖိနှိပ်ဖို့ ပြင်နေကြတယ် ပြီးတော့ သူတို့ က တခြားအင်အားကြီးတွေနဲ့ မဟာမိတ်ဖွဲ့ဖို့လည်းလုပ်နေတယ် ဒီနှစ်လ အတွင်းကို ငါတို့ သူတို့နဲ့ အကြိမ်ပေါင်း များစွာ တိုက်ပြီးပြီ” ဘေဂုံထန် ပြန်ပြောပြလေသည် “သူတို့က အင်အားကောင်းတယ် ပြီးတော့ သူတို့က ငါတို့ကို ချောင်ပိတ်ပြီး ဖိအားပေးထား တယ် အခုလေးတင်ပဲ သူတို့ဆွေးနွေးနေကြတာ၊ သူတို့ ဒီ၂ရက်အတွင်းကို ငါတို့ကို လာတိုက်မယ်လို့ သတင်းကြားထားတယ်”
“သိမ်းငှက်မျိုးနွယ်ကရော”
“သိမ်းငှက်ဘုရင်ပြန်လာပြီး သိမ်းငှက်တွေအကုန်ထွက်သွားကြတယ်” ဘေဂုံထန် ပြောပြလေသည် “ငါတို့ သိမ်းငှက်မျိုးနွယ်ကို ကူညီပေးဖို့ လူလွှတ်ပြီးသွားပြောခိုင်းသေးတယ် ဒါပေမဲ့ သူတို့လမ်းတစ်ဝက်မှာတင် အသတ်ခံလိုက်ရတယ်”
“လုံရိရော”
“စစ်သူကြီးလုံရိ လူတွေကို ဦးဆောင်သွားပြီး သတင်းမကြားရတော့ဘူး ဒါပေမဲ့ ပထမဆုံးသွားတဲ့ အဖွဲ့ ကသေပြီးပြန်ရောက်လာတယ်” ဘေဂုံထန် တောင်းပန်လေသည် “ငါတောင်းပန်ပါတယ် ယူယူ စစ်သူကြီး လုံရိ နဲ့ သူတို့အဖွဲ့ကို ငါတို့က ဒုက္ခရောက်စေတာပါ…”
“ဘေဂုံမျိုးနွယ်နဲ့ ရိချုံနန်းတော်က ဒီကမ္ဘာမှာမနေချင်တော့ဘူးထင်တယ်” ရှီမာယူယူ အေးစက်စွာ ပြော လေသည် “ငှက်လေး လုံရိတို့ အသက်ရှိသေးလား”
ငှက်လေးသည် အားလုံးရှေ့တွင်ပေါ်လာကာ မျက်လုံးမှိတ်ပြီး ခေတ္တမျှ အာရုံခံလိုက်သည်။ “သူတို့ အသက်ရှင်နေသေးတယ် ဒါပေမဲ့ သူတို့ရောင်ဝါက အားနည်းနေ တယ် သူတို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာ နဲ့တူတယ် ပြီးတော့ သူတို့ နောက်က အလိုက်ခံရပြီး ပြေးနေရတယ်”
“ဒီနေရာနဲ့ ဘယ်လောက်နီးလဲ”
“မဝေးဘူး ဆောင်းဦးလမြို့တော်နဲ့ သိပ်မဝေးဘူး” ငှက်လေး အစီရင်ခံလေသည်။
“ကောင်းပြီ သူတို့ကို အားတင်းထားဖို့ ပြောလိုက်ဦး ငါတို့ သူတို့ကို အခုပဲလာကယ် မယ်လို့” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ မင်းတို့ အင်အားကိုဖြန့်ပြီး ဘေဂုံမျိုးနွယ်နဲ့ ရိချုံနန်းတော်ကို သတိပေးထားလိုက် သိမ်းငှက်မျိုးနွယ်ကိုလည်း မင်းပြန်လာပြီဆိုတာ ပြောလိုက်”
ငှက်လေး ခေါင်းညိတ်သည်။ ငှက်လေးသည် စွမ်းအားများ ထိန်းချုပ်မထားပဲ ရွှေရောင်တောင်ပံများ ဖြန့်လိုက်သည်။ ဘေဂုံမိသားစုအလယ်တွင် ရိချုံနန်းတော်သခင်နှင့် ဘေဂုံရှုန်တို့သည် မတ်တတ်ရပ်နေကြသည်။
“ဒါ ဒါက…”
“ဂဠုန်ဘုရင်ပြန်လာပြီ”
ထိုစကားများကို ကြားသောအခါ တက်ရောက်နေကြသော လူများ၏ အမူအရာများ ပြောင်းသွားလေ သည်။
ဂဠုန်ဘုရင်ပြန်လာသည်ဆိုပါက သူတို့ သိမ်းငှက်မျိုးနွယ်ကိုလည်း ဆက်သွယ်မည်။ သူတို့ ပြန်လာချိန် တွင် စီးကြောင်းပြန်လာမည်။
“ငါတို့ အများကြီးစဉ်းစားနေလို့မရတော့ဘူး အားလုံးစုလိုက်ကြတော့ ငါတို့ သိမ်းငှက်မျိုးနွယ်တွေ မရောက်ခင်ကို ရင်မိသားစုကို ရှင်းရမယ်” ဘေဂုံရှုန်သည် စားပွဲကို ရိုက်ရင်းပြောလေသည် “နန်းတော်သခင် ရိချုံ နန်းတော်က လူတွေကို ဖိတ်ပေးပါ”
ရိချုံနန်းတော်သခင်သည် ဂူယွန်အာ၏ မိခင်ဖြစ်သည်။ သူမသည် စိတ်ပိုင်းဖြတ်ကာ ပြောလေသည် “ရင် မျိုးနွယ် အကူအညီရှာလို့ရမယ်လို့ ထင်မထားဘူး ကျွန်မသမီးနဲ့ မြေးမတို့ ရှေ့ရေးကို ပိတ်ရဲတဲ့လူမှန်သမျှကို အလွန်မပေးဘူး၊ လာခဲ့ကြ ဒီတံဆိပ်ပြားယူပြီး ရိချုံနန်းတော်ကလူတွေကို လာခဲ့ခိုင်းလိုက်”
“ဟုတ်ကဲ့ပါ နန်းတော်သခင်” မိန်းကလေး တစ်ယောက် ရှေ့လာကာ တံဆိပ်ပြားကို ယူပြီးထွက်သွား လေသည်။
သိမ်းငှက်မျိုးနွယ် နယ်မြေတွင် သိင်းငှက်ဘုရင်သည် တွဲလောင်းကျနေသော အသိုက်ထဲတွင် ကျင့်ကြံ နေလေသည်။ သူသည် ငှက်လေး၏ ရောင်ဝါကို အာရုံခံမိလေသည်။ သူ ဖြေးညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး ချက်ချင်းပင် အသွင်ပြောင်းရန် ဆုံးဖြတ်လိုက်လေသည်။ သူ ကောင်းကင်သို့ ကြည့်ကာအမိန့်ပေးလိုက်သည် “မျိုးနွယ်ဝင်အားလုံး နားထောင်ကြ အထွတ်အထိပ်အဆင့် အထက်မှာရှိတဲ့ အင်အားကြီးတွေ ချက်ချင်းပဲ စုလိုက် ကြ”
“ဘုရင်ကြီးဘာဖြစ်လို့လဲ” သူ့နောက်မှ ငှက်အမလေးသည် ပြောလေသည်။
“ဘုရင်ကြီးပြန်လာပြီ ငါတို့ ဆင့်ခေါ်စာရတယ် အရေးကြီးကိစ္စဖြစ်လောက်တယ်” သိမ်းငှက်ဘုရင် ရှင်းပြ လေသည်။ “သွားပြင်ဆင်လိုက်ကြ ငါတို့် နာရီဝက်အတွင်း ထွက်ကြမယ်”
“ဟုတ်ကဲ့ပါ ဘုရင်ကြီး”
နာရီဝက်အကြာတွင် သိမ်းငှက်ဘုရင်သည် တစ်ထောင်ကျော်သော အထွတ်အထိပ် သားရဲများကို ခေါ်ကာ မျိုးနွယ်နယ်မြေမှထွက်ခွာလေသည်။ မျိုးနွယ်၏ လူငယ်မျိုးဆက်များကို ကာကွယ်ရန်နေခဲ့သူများမှ လွဲပြီး ကျန် သောသူများသည် ဆောင်းဦးလမြို့တော်သို့ ထွက်ခွာကြ လေသည်။
ငှက်လေးပြန်လာချိန်တွင် ဘေဂုံမိသားစုနှင့် ရင်မိသားစုတို့ ချက်ချင်းပင်တိုက်တော့ မည်ကို ရှီမာယူယူ နားလည်လိုက်သည်။ မဟုတ်လျှင် သူတို့သည် သိမ်းငှက်မျိုးနွယ်ကို ဆက်သွယ်ရန် အကြောင်းမရှိပေ။ သူတို့ ရောက်ရန်မှာ အချိန်ပင်လိုသည်။ ထိုအချိန်အတွင်း တွင် ဘေဂုံမိသားစုနှင့် ရိချုံနန်းတော်တို့ မလှုပ်ရှားဟု ပြော မရပေ။
“ရင်မိသားစုခေါင်းဆောင် ရင်မိသားစုမှာ ကာကွယ်ရေးတည်ဆောက်မှုရှိလား”
“ရှိပါတယ်”
“သိမ်းငှက်မျိုးနွယ်လာနေပြီလို့ ငှက်လေးပြောတယ် တစ်ရက်အတွင်းကို သူတို့ရောက် လိမ့်မယ် ခေါင်းဆောင်တို့ ကာကွယ်ရေးတည်ဆောက်မှုကို အသက်သွင်းပြီး မနက်ဖြန်အထိ တောင့်ခံထားနိုင်ရင်ရပြီ” ရှီမာယူယူ ပြောလိုက်သည်။
“ငါတို့မှာ ကာကွယ်ရေးတည်ဆောက်မှုရှိပေမယ့် သူတို့က အုပ်စုကြီးပြီး အဆက်မပြတ် တိုက်မယ်ဆိုရင် ကာကွယ်ရေးတည်ဆောက်မှုက ကြာရှည်ခံမှာမဟုတ်ဘူး” ရင်မိသားစု ခေါင်းဆောင် ပြောလေသည်။
ရှီမာယူယူ စဉ်းစားပြီးနောက် ငှက်လေးကို ဆင့်ခေါ်လေသည်။ သူတို့ လေထဲတွင် ပျံကာ တည်ဆောက်မှု ကျောက်များကိုထုတ်ကာ ရင်မိသားစုအိမ်တော် ပတ်လည်ကို ဟိုဟိုဒီဒီ ဦးတည်ချက်များတွင် ပြန့်ကျဲလိုက်သည်။
ရင်မျိုးနွယ်ဝင်များသည် ရှီမာယူယူ တည်ဆောက်မှု ဆောက်လုပ်နေသည်ကို ကြည့်နေကြသည်။ သူတို့ သည် အံ့အားသင့်စွာ အော်လေသည် “တည်ဆောက်မှုသခင်လား”
ဘေဂုံထန်သည် သူတို့အား ကြည့်လိုက်သော်လည်း ပြန်မဖြေပေ။
ရင်မိသားစုအိမ်တော်သည် ကြီးများသဖြင့် ရှီမာယူယူသည် တည်ဆောက်မှုကို ၁နာရီလောက် အချိန် ယူလိုက်ရသည်။ သူမ ဆင်းပြီးနောက် ဘေဂုံထန်ကို ပြောလိုက်လေ သည် “ငါ ထင်ယောင်ထင်မှား တည်ဆောက် မှုလုပ်ပြီးသွားပြီ ဘေဂုံမိသားစုနဲ့ ရိချုံနန်းတော်ကလူတွေကို တည်ဆောက်မှုထဲ ဝင်ခိုင်းရမယ် ဒါပေမဲ့ ထင်ယောင် ထင်မှား တည်ဆောက်မှုကလည်း ကြာကြာမခံနိုင်ဘူး၊ ထင်ယောင်ထင်မှား တည်ဆောက်မှုပြိုကွဲ သွားတာနဲ့ ကာကွယ်ရေးတည်ဆောက်မှုကို သုံး၇မယ် ဒါပေမဲ့ တည်ဆောက်မှု ၂ခုပေါင်းလိုက်ရင်တော့ သိမ်းငှက်မျိုးနွယ် ရောက်တဲ့အချိန်ထိ တောင့်ခံလိုရတယ်… ပြီးတော့ ရိချုံနန်းတော်နဲ့ ဘေဂုံမိသားစုက နင့်ကို တိုက်ချင်တယ်ဆိုရင် ပြင်ဆင်ထားဖို့ အချိန်လို လိမ့်မယ်”
“ယူယူ နင်ကရော” ဘေဂုံထန် မေးလိုက်သည်။
“ငါ စစ်သူကြီးလုံရိတို့ကို ကယ်ရဦးမယ်” ရှီမာယူယူ ပြောလိုက်သည် “တစ်ဖက်လူ အင်အားက မနည်း ဘူး သူတို့ကို ရှောင်လို့မရဘူး စစ်သူကြီးလုံရိတို့က ဒဏ်ရာရထားလို့ သူတို့ကိုကယ်ဖို့ လူလိုနေတယ်”
“ဒါဆို ဂရုစိုက်ပါ” ဘေဂုံထန် ပြောလိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “နင်ရောပဲ”
ရှီမာယူယူတို့ ထွက်သွားပြီးမကြာမီတွင် လူတစ်စုသည် အရှေ့ဘက်တောင်များမှ ဟိတ်ဟန်ဖြင့် ဆင်း လာလေသည်။ သူတို့သည် ဆောင်းဦးလမြို့တော်သို့ ဦးတည်လာလေ သည်။
တစ်ချိန်တည်းမှာပင် ဆောင်းဦးလာမြို့တော်ရှိ အင်းအားကြီးအများစုသည် ဘေဂုံမိသားစုရှေ့တွင် စုဝေး ကြလေသည်။ သူတို့သည် နောက်ဆုံး အမိန့်ကိုစောင့်နေ ကြသည်။