အပိုင်း (၅၃၅) – ဘေဂုံထန်၏ သဘောထား
Vol. 006 Ch. 535
ဘေဂုံရှုန်သည် ရင်မိသားစုအားတိုက်ရန်အတွက် နောက်ဆုံးလူသတ်ပွဲအတွက် လူများကို ခေါ်လာ ချိန်တွင် သူတို့ ဘယ်လောက်ပင် နီးကပ်အောင်သွားသွား သူတို့ကြားနှင့် ရင်မိသားစုကြားမှ အကွာအဝေးသည် မပြောင်းလဲပေ။ သူတို့သည် ရင်မိသားစုအိမ်တော်သို့ နီးကပ်အောင်သွားရန် နည်းလမ်းမရှိပေ။
“မိသားစုခေါင်းဆောင် နန်းတော်သခင်၊ အခြေအနေကတော့ မဟုတ်သေးဘူး ကျွန်တော်တို့ ဘယ်လောက်သွားသွား ရင်မိသားစုဆီမရောက်နိုင်ဘူး၊ ဦးတည်ရာပျောက်နေ သလိုပဲ” ထူးခြားမှုကို သတိထား မိသော တစ်ယောက်သည် ရုတ်တရက်ပြောလေသည်။
“မကောင်တော့ဘူး နန်းတော်သခင်၊ ကျွန်တော်တို့ ထင်ယောင်ထင်မှား တည်ဆောက်မှု ထဲရောက်နေပြီ” ရိချုံနန်းတော်မှ ကောင်လေးတစ်ယောက်သည် ပြောလိုက်သည်။
“ထင်ယောင်ထင်မှား တည်ဆောက်မှုဟုတ်လား”
ထိုကောင်လေးသည် မြူခိုးများ အုံ့စိုင်းနေသော လမ်းများကို ကြည့်လိုက်သည်။ သူမ အတည်ပြုလိုက် သည်။ “ဟုတ်ပါတယ် ကျွန်တော်တို့ ထင်ယောင်ထင်မှား တည်ဆောက်မှု ထဲကို ဝင်သွားတာဖြစ်လောက်တယ် ဒါပေမဲ့ ထင်ယောင်ထင်မှား တည်ဆောက်မှုက အလျင်စလိုလုပ်ထားတာထင်တယ်၊ သူက အချိန်ပဲဆွဲနိုင်တယ် ပြန်မတိုက်နိုင်ဘူး”
“ဒါဆို ငါတို့မြင်ရတာတွေက ထင်ယောင်ထင်မှားတွေလား” ဘေဂုံအောင် ပြောလိုက် သည်။
“ဟုတ်ပါတယ်” ထိုကောင်လေး၏ အမူအရာသည် မျက်နှာရလိုက်သလိုပင်။
သူသည် ရိချုံနန်းတော်၏ တည်ဆောက်မှုသခင်ဖြစ်သည်။ သူ၏ တည်ဆောက်မှုသခင် အဆင့်မှာ နက်ရှိုင်းသည်။ သို့သော် တခြားလူ၏ တည်ဆောက်မှုအတွင်းဝင်ခဲ့သည်ကို သူ သတိမထားမိခဲ့ပေ။ ဆိုလိုသည် မှာ တစ်ဖက်လူ၏ တည်ဆောက်မှုစွမ်းရည်သည် သန်မာသည်။ ထိုတည်ဆောက်မှုကို အလျင်စလိုပြုလုပ်ခဲ့ခြင်း မျိုးမဟုတ်ပဲ တိုက်ခိုက်ရာတွင် သုံးရန် ပြုလုပ်ခဲ့ပါက သူတို့ သေသွားနိုင်သည်။
ထိုတည်ဆောက်မှုသည် ကျောင်မိသားစုနှင့်ပတ်သတ်ပြီး ရှီမာယူယူ တစ်ခါအသုံးပြုဖူး သည်။ ကျောင်ဖေနှင့် ယုံ့ရှင်းမြို့တော်တို့ အသိဉာဏ်မရှိကာ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ရန် ပြုလုပ်တုန်းကဖြစ်သည်။ သို့သော် အချိန်မှာတိုတောင်းလှသဖြင့် သူမသည် ယေဘုယျကျ သော ထင်ယောင်ထင်မှား တည်ဆောက်မှုကို သာ လုပ်ကာ ဘေဂုံအောင်နှင့် သူ့လူများကို ထောင်ချောက်ဆင်သည်။
“တည်ဆောက်မှုသခင် ဒီတည်ဆောက်မှုကို ဖျက်နိုင်လား” ရိချုံနန်းတော်သခင် မေးလိုက်သည်။
“ကျွန်တော်အချိန်လိုမယ်” တည်ဆောက်မှုသခင် ပြန်ဖြေလေသည် “တစ်ဖက်လူရဲ့ တည်ဆောက်မှု အရည်အချင်းက ကျွန်တော့်ထက်သာတယ် သူက ရင်မိသားစုတစ်ခုလုံးကို ခြုံပြီး လုပ်နိုင်တယ်၊ ဒီ ဆောက်လုပ် မှုကို ဖျက်ဖို့အတွက် သူ့ရဲ့ အတွက်အချက်စည်းမျဉ်းကို တွက်ချက်ဖို့လိုမယ်”
“ဒါဆို ငါတို့က ဆက်ပြီးလျှောက်နေရမှာလား” ဘေဂုံအောင်မေးလိုက်သည်။
“ကျွန်တော်တို့ တည်ဆောက်မှုထဲမှာ ဘယ်လောက်သွားသွား အသုံးမဝင်ဘူး ရင်မိသားစုအိမ်တော်ကို ရောက်မှာမဟုတ်ဘူး၊ ခဏနားလိုက်ကြမယ် မလိုအပ်ပဲ အား အကုန်မခံပါနဲ့” တည်ဆောက်မှုသခင် ပြောပြီးသည် နှင့် ရှီမာယူယူ၏ တည်ဆောက်မှု ကိန်းဂဏန်းတွေကို တွက်ချက်လိုက်သည်။
ရင်မိသားစုခေါင်းဆောင်သည် အားလုံးကို ခြံဝန်းအတွင်းနေစေသည်။ ဘေဂုံမိသားစုနှင့်အဖွဲ့ ထင်ယောင်ထင်မှား တည်ဆောက်မှုထဲတွင် ပိတ်မိနေသည်ဟု ကြားသည်နှင့် အားလုံး အသက်ရှုအောင့်မိကြ သည်။
“အဲတည်ဆောက်မှုက သူတို့ကို နေ့တစ်ဝက်လောက် အချိန်ဆွဲနိုင်မယ်လို့ ရှီမာယူယူ ပြောခဲ့တယ်” ဘေဂုံထန် ပြောလိုက်သည်။
“ထန်လေး သမီးသူငယ်ချင်းက တကယ်သန်မာတာပဲ၊ ဒီလောက်အားကောင်းတဲ့ တည်ဆောက်မှုကို တောင်လုပ်နိုင်တယ်” ဘေဂုံထန်၏ အမေဘက်မှ ဦးလေး၏ အမေက ပြောလိုက်သည်။
“ယူယူက တကယ်ပဲသန်မာပါတယ်” ဘေဂုံထန် ရှီမာယူယူ၏ နာမည်ကို ပြောလိုက်သည့်အချိန်တွင် သူမ၏ ရဲရင့်မှုကိုပါ မသိလိုက်ပဲ ဖွင့်ဟပြလိုက်သလိုပင်။
“သူပြန်လာရင် ငါတို့ သူ့ကို ကျေးဇူးတင်စကားပြောရမယ်” ရင်မိသားစုခေါင်းဆောင် ပြောလေသည် “ထန်လေး ဒါ သမီးကျေးဇူးတွေပဲ မဟုတ်ရင် သူ ငါတို့ကို ဘယ်ကူညီမလဲ”
“မိသားစုခေါင်းဆောင်… မောင်ဝမ်းကွဲက ဘေဂုံအာနဲ့ ဂူဂျွန်အာတို့ကို ချောက်ထဲပစ်ချ လိုက်လို့ ဘေဂုံ မျိုးနွယ် နဲ့ ရိချုံနန်းတော်က ကျွန်မတို့ကို ပစ်မှတ်ထားနေတာ၊ သူမကို ဘာလို့ကျေးဇူးတင်ရမှာလဲ” ဘေဂုံထန် အား မကျေနပ်သည့် မိန်းကလေးကပြောလိုက်သည်။
“အစ်မဝမ်းကွဲရဲ့ ဆေးနည်းကိုလိုချင်တာ ဘေဂုံအာတို့လေ၊ သူမ ရှုံးသွားလို့ ချောက်ထဲဆွဲချခံရတာ၊ အဲဒါကြောင့်ပဲ သူမကို ကိုယ်ထိလက်ရောက်လုပ်တဲ့ ဂူယွန်အာလည်း ချောက်ထဲကျသွားတာပဲ၊ သူတို့ လုပ်ရပ် ကြောင့် သူတို့ဒုက္ခရောက်တာ အစ်မဝမ်းကွဲနဲ့ ဘာမှမဆိုင်ဘူး” နှစ်လိုဖွယ်ကောင်းသော ပုံစံရှိသော ကောင်လေး သည် ပြန်ချေပလိုက်သည်။ “ပြီးတော့ ဘေဂုံမျိုးနွယ်က ရင်မျိုးနွယ်ကို ရှင်းပစ်ချင်နေတာ ၁နှစ် ၂နှစ်မှ မကတော့ တာ၊ ဒီကိစ္စဖြစ်မလာရင်လည်း သူတို့က ကျွန်တော်တို့ကို လာတိုက်မှာပဲ၊ အစ်မက အစ်မဝမ်းကွဲကို အရမ်း အပြစ် တင်လွန်းနေပြီ”
ထိုမိန်းကလေးသည် ကောင်လေး၏ စကားများကို ကြားသောအခါ ပြန်ပြောချင် သော်လည်း ရင်မိသားစု ခေါင်းဆောင်မှ ဖျန်ဖြေလေသည် “မင်းတို့ ငြင်းခုံဖို့ အချိန်ရှိသေးတာလား”
“မိသားစုခေါင်းဆောင် လျုံလေးရဲ့ စကားမမှားဘူး၊ သူတို့သာ ရောက်မလာရင် ဒီလိုဖြစ်စရာအကြောင်း မရှိဘူး၊ လျုံလေးကို ဆူနေလည်း ဒီအခြေအနေက ပြောင်းသွားမှာမဟုတ်ဘူး” အမျိုးသမီးတစ်ယောက်က ပြော လေသည်။
သူမသည် ရင်လန်နှင့် ဘေဂုံထန်တို့ မျက်နှာပျက်သွားသည်ကို ကြည့်နေလေသည်။ မိသားစုမျိုးနွယ်များ သည် ဘေဂုံထန်နှင့် ရင်လန်တို့ကို အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ သည်ကို သူမ မြင်တွေ့ခဲ့ရသည်။ ရင်လန် သည် သူတို့၏ ရာထူးများကို လုယူနိုင်သည်။
“အမေဘက်က ဦးလေးရဲ့ အမေက ကျွန်မတို့ ရင်မျိုးနွယ်မှာရှိနေတာကို မကြိုက်ဘူး ထင်တယ်” ဘေဂုံထန် ရယ်မောလိုက်သည် “ကျွန်မတို့ကို မကြိုဆိုရင်တောင် ဒီကိစ္စပြီးတဲ့ အထိစောင့်ပေးပါ၊ ကျွန်မတို့ ဒီမိသားစုကနေ ထွက်သွားပေးမယ်၊ ကျွန်မတို့ ရင်မျိုးနွယ် အိမ်တော်ကို ဘယ်တော့မှထပ်မလာတော့ဘူး”
“မင်းသွားချင်တယ်ဆိုရင် အခုပဲထွက်သွားလေ၊ အဲဒါဆိုရင် ဘေဂုံမိသားစုလည်း နောက်ပြန်ဆုတ်သွား မှာပဲ” ဆယ်ကျော်သက်အရွယ် ကောင်လေးက တောင်းဆိုလေသည်။
“ငါတို့ ထွက်သွားမယ်ဆိုရင် ဘေဂုံမိသားစုက ရင်မိသားစုကို အလွတ်ပေးမယ်ဆိုတာ မင်း သေချာပြီ လား၊ ရင်မိသားစုက ကိုယ့်ဘာသာ ဖြေရှင်းနိုင်လား” ဘေဂုံထန် အေးစက်စွာ နှုတ်ခမ်းကို တွန့်လိုက်သည်။
“အဲလူတွေရဲ့ မူလပစ်မှန်က မင်းပဲလေ၊ မင်းထွက်သွားတာနဲ့ သူတို့က အလိုလို လွှတ်ပေးမှာပဲ၊ တကယ် လို့ သူတို့ မလွှတ်ပေးဘူးဆိုရင်တောင် သိမ်းငှက်မျိုးနွယ် ရောက်လာတာနဲ့ သူတို့ကို သတ်မှာပဲ” လူငယ်လေး သည် ကြေညာလေသည်။
“ရွှတ်… မောင်ဝမ်းကွဲလေးက တကယ်အဓိပ္ပာယ်မရှိတာတွေ ပြောတာပဲ” ဘေဂုံထန် ထိုလူငယ်လေး အား ကြည့်လိုက်သည် “ငါတို့ထွက်သွားတာနဲ့ သိမ်းငှက်မျိုးနွယ်က လာကူညီမယ်ထင်နေတာလား၊ သူတို့နဲ့ မင်း တို့နဲ့က ဘာဆက်ဆံရေးရှိလို့လဲ”
“ကျွန်တော်…” လူငယ်လေးသည် သစ်ငုတ်တိုဖြစ်သွားလေသည်။ (ငုတ်တုပ်မေ့သွား တာကိုပြောတာပါ)
သူမ ပြောသည်မှာ မှန်သည်။ သူမတို့ထွက်သွားပါက ရှီမာမိသားစုလည်း သွားမည်။ သူတို့မရှိလျှင် သိမ်းငှက်မျိုးနွယ်သည် သူတို့ သေသေရှင်ရှင် ဂရုစိုက်တော့မည်မဟုတ်ပေ။
ရှီမာယူယူ ကူညီသည်မှာ ဘေဂုံထန်ဖြစ်ပြီး ရင်မိသားစုကို ကူညီခြင်းမဟုတ်ပေ။
“ကောင်းပြီ စကားမများကြနဲ့တော့” ရင်မိသားစုခေါင်းဆောင်သည် သူ့မျက်ခုံးများကို နှိပ်နယ်လိုက် သည်။
“မိသားစုခေါင်းဆောင် သမီးတို့ အမှန်ပြောနေတာပါ သမီး အမေနဲ့ တိုင်ပင်ပြီးသွားပြီ ဒီကိစ္စပြီးသွားတာ နဲ့ အမေ၊ မောင်လေးနဲ့ သမီးတို့ ရင်မိသားစုကနေ ထွက်သွားတော့မယ်”
“ထန်လေး… ဘာလို့ သမီးက…” ရင်လန်နှင့် ရုပ်ရည်ဆင်သော အမျိုးသားတစ်ဦး ပြောလာသည်။
“ဘာလို့လဲ” ဘေဂုံထန် မဲ့ပြုံးပြုံးလိုက်သည် “အမေက ဘေဂုံမိသားစုနဲ့ အိမ်ထောင်ပြု လိုက်ရပေမယ့် ရင်မိသားစုအပေါ်မှာ အမှားလုပ်ခဲ့တာမရှိဘူး၊ ကျွန်မ ဆောင်းဦးလမြို့တော်က ထွက်သွားတာ ရက်ပိုင်းပဲရှိသေး တယ် သူမကို ဝိုင်းအနိုင်ကျင့်နေကြပြီ၊ ဒီမှာ ဘာလို့နေတော့မှာပဲ၊ ကျွန်မတို့က ရင်မိသားစုကို ပြန်လာဖို့ စိတ်ကူး ရှိခဲ့တာ၊ ရှင်တို့သာ ကျွန်မအမေကို ကောင်းကောင်းဆက်ဆံတယ်ဆိုရင် ကျွန်မတို့ ဆက်နေမှာပါ၊ ဒါပေမဲ့ ကျွန်မ တို့ကို မနေစေချင်တာနဲ့ ဒီမှာ အလုပ်ရှုပ်ခံ အနိုင်ကျင့်ခံပြီး မနေတော့ဘူး၊ ကျွန်မတို့က ရှင်တို့မရှိတာနဲ့ မနေလို့ ရတာမဟုတ်ဘူး”
ပြီးခဲ့သည့်တစ်ခေါက် သူမ လေလံပွဲသွားနေစဉ်တွင် သူမ အမေနှင့် မောင်လေးသည် အနိုင်ကျင့်ခံရ သည်။ သူမ အပြင်းအထန်ပင် စုံစမ်းခဲ့သည်။ ရှီမာယူယူ ပြန်မလာတော့ ဘူးအထင်နှင့် သူတို့သည် ရင်လန်တို့ အား လက်လွတ်စပယ် ဆက်ဆံခဲ့သည်။ သူတို့ပြန်လာ သည်ကို မကျေနပ်ကြသော လူများသည် ထိုအချိန် အတွင်းတွင် သူတို့ကို အနိုင်ကျင့်ခဲ့ ကြသည်။
သူတို့သည် ရင်မိသားစုဝင်များဖြစ်သောကြောင့် ရင်လန် သည်းခံသည်။ သို့သော် ဘေဂုံမိသားစုကိစ္စ ပြီးသည်နှင့် ထွက်သွားမည်ဟု ဘေဂုံထန်ဆုံးဖြတ်ခဲ့သည်။ သူမသည် သူတို့ကိုပါ အတူခေါ်သွားကာ ထွက်သွား မည်။
“ရင်လန် မင်းကလည်း အဲလိုပဲဆုံးဖြတ်ထားတာလား” ရင်မိသားစုခေါင်းဆောင်သည် ဘေးတွင် ငြိမ်နေ သော ရင်လန်အားကြည့်ပြီး မေးလေသည်။
“ထန်လေးပြောတာမှန်သမျှကို ကျွန်မ နာခံရမှာပဲ” ရင်လန် ပြောလိုက်သည်။
“မိသားစုခေါင်းဆောင် သမီးတို့ ဘေဂုံမိသားစုနဲ့ ရိချုံနန်းတော်ကိစ္စကို ဖြေရှင်းပြီးသွား ရင် ရင်မိသားစုက ဒီဆောင်းဦးလမြို့တော်မှာ အောင်မြင်မှုရသွားမှာပါ၊ ဒါကပဲ ဒီရက်တွေ အတွက် သမီးတို့ရဲ့ ပြန်ပေးဆပ်တာလို့ပဲ မှတ်ယူလိုက်ပါ” ဘေဂုံထန် ပြောဆိုလေသည်။
ဘေဂုံထန်၏ ပြတ်သားသော သဘောထားကို တွေ့ပြီးနောက် ရင်မိသားစု ခေါင်းဆောင်သည် စိတ်ချ သွားရသည်။ သူသည် သူ၏ သားများကို အပြစ်မပေးရခြင်းအတွက် နောင်တရမိသည်။
သူ၏ အပြစ်ပေးမှုသည် တရားမျှတမှုမရှိပါက ရင်မိသားစုအပေါ်ထားရှိမည့် ဘေဂုံထန်၏ အမြင်တွင် စိတ်ပျက်သွားနိုင်သည်။ သူမသည် ထွက်သွားချင်မိသည်။
ဆောင်းဦးလမြို့တော်တွင် ကိစ္စများစတင်ဖြစ်ပေါ်ချိန်တွင် ရှီမာယူယူသည် အမှောင်ထဲတွင်ရှိနေသည်။ တစ်ချိန်တည်းမှာပင် သူမသည် ဆောင်းဦးလမြို့တော် အပြင်ဘက်သို့ ခရီးနှင်လေသည်။