အခန်း (၈၈၆)
Vol. 60 Ch. 886
နောက်ပိုင်းတွင် ဘိုးဘေးရှစ်ရွှယ်တစ်ယောက် မြောက်ပိုင်းဒေသကြီးအတွင်း၌ ထျန်းဟွမ်မြို့ အရှင်သခင်ဖြစ်သော လန်အောင်းယွဲ့ဟူသည့် ငရဲဘုံကိုးခု ဧကရာဇ်၏ တပည့်တစ်ဦးရှိကြောင်းကို သိခဲ့ရသည်။
ထို့ကြောင့် ဘိုးဘေးရှစ်ရွှယ်က လန်အောင်းယွဲ့နှင့်လန်အောင်းယွဲ့နှင့် ဆက်နွယ်နေသော လူအားလုံးကို သတ်ရန်အတွက် ထျန်းဟွမ်မြို့သို့ အပြင်းသွားရောက်ခဲ့၏။
သို့သော် ထျန်းဟန်မြို့သို့ သူရောက်ရှိသောအခါတွင် လန်အောင်းယွဲ့တစ်ယောက် ပျောက်ဆုံးနေသည်မှာ နှစ်ပေါင်းများစွာရှိနေပြီဖြစ်သည်။ ထိုထက်ပိုသည်ကား ၎င်း၏အိမ်၌ လူတစ်ယောက်ပင်ရှိမနေခြင်းဖြစ်သည်။
မူလကတည်းက ကြမ်းကြုတ်ရက်စက်သွေးဆာသော ဘိုးဘေးရှစ်ရွှယ်က သူ၏ဒေါသကို ဖွင့်ထုတ်ရန်အတွက် ထျန်းဟွမ်မြို့အတွင်းရှိ လူအားလုံးကို သတ်လိုခဲ့သည်။ သို့သော် အဘိုးအိုတစ်ဦးနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ဦးတို့က ထျန်းဟွမ်မြို့၌ပေါ်လာပြီး ဤသို့ပြောလာခဲ့၏။
“ဒီနေရာမှာ ဒီမိစ္ဆာ သတ်ဖြတ်မှုတွေကျူးလွန်မယ်ဆိုတာကို ငါသိနေတယ်”
ထို့ကြောင့် ရက်စက်ကြမ်းကြုတ်သော ဘိုးဘေးရှစ်ရွှယ်အနေဖြင့် အဘိုးအို၊သက်လတ်ပိုင်းအရွှယ်လူတို့နှင့်တိုက်ခိုက်ခဲ့ရ၏။ သို့သော် အဘိုးအို၏ ကျင့်ကြံခြင်းပညာရပ်က ကိုင်တွယ်ရခက်လိမ့်မည်ဟု မည်သူကထင်ပါမည်နည်း။ သက်လတ်ပိုင်းအရွယ်လူမှာမူ ၎င်းကလည်း ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ်တစ်ဦးဖြစ်နေပြန်၏။
ဘိုးဘေးရှစ်ရွှယ်တစ်ယောက်ထိခိုက်ဒဏ်ရာအချို့ရရှိခဲ့ရုံသာမက အကယ်၍ သူသာ နည်းနည်းလေးနောက်ကျမှထွက်ပြေးခဲ့လျှင် သူ၏အသက်ပင်ထိုနေရာ၌ ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။
ဘိုးဘေးရှစ်ရွှယ်မှာ သူ၏ထိခိုက်ဒဏ်ရများပြန်လည်ကုသကောင်းမွန်လာပြီးနောက် ပို၍ ပင်ခက်ထန်လာသည်။ အနောက်ပိုင်းဒေသကြီး၌ ငရဲဘုံကိုးခု ဧကရာဇ်၏ တပည့်ဖြစ်သော မော်ကြွားဓားစံအိမ်၏ အရှင်သခင်ယွမ်ရီမုန့်ရှိသည်ကို သူသိခဲ့ရ၏။
အလယ်ပိုင်းဒေသကြီး၌လည်း သေခြင်းဧကရာဇ်ဟူသောလင်ယဲ့ဖုန်းအမည်ရသည့်တပည့်တစ်ယောက်ရှိကြောင်းသူသိခဲ့ရသည်။ ၎င်းက အလယ်ပိုင်းဒေသကြီးအတွင်း အမှောင်စီရင်စု၏ အရှင်သခင်သုံးပါးထဲမှတစ်ဦးဖြစ်သည်။ ၎င်း၏ကျင့်ကြံမှုကလည်း ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ်၌ရှိသည်ဖြစ်သည်။
ဘိုးဘေးရှစ်ရွှယ်မှာ အလယ်ပိုင်းဒေသကြီး၏ အလင်းစီရင်စုနှင့် အမှောင်စီရင်စု အကြောင်းကို ကြားခဲ့ရသည်။ အမှောင်စီရင်စုက အသေးအဖွဲ့ပမွှားလေးမဟုတ်သည်ကို သူသိ၏။ထို့ကြောင့် သူကယွမ်ရီမုန့်ကို အရင်သတ်ရန် အနောက်ပိုင်းဒေသကြီးသို့ အပြေးသွားခဲ့သည်။
သို့သော် မော်ကြွားဓားစံအိမ်သို့ သူရောက်ရှိသွားသောအခါတွင် သူမြင်တွေ့လိုက်ရသည်ကား များပြားလှသော ဂူသင်္ချိုင်းများသာဖြစ်သည်။
ယင်းကသူ၏လက်စားချေလိုမှုဆန္ဒအား ပို၍ ပြင်းထန်လာစေသည်။ ယခုသူ့အနေဖြင့် လုံးဝမတက်နိုင်သော အခြေအနေကို ခံစားနေရ၏။ သူက သားရဲရိုင်းတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်သည်။
“ဘာလို့ ဒီငရဲဘုံကိုးခုဧကရာဇ်ရဲ့ သောက်ချီးထုပ်တစ်ကောင်ကိုသတ်ဖို့အရေး အရမ်းခက်ခဲလွန်းနေရတာလဲ”
လမ်းဘေးသေရည်ဆိုင်အတွင်း လူများက ငရဲဘုံကိုးခု ဧကရာဇ်ပြန်လည်မွေးဖွားလာသည့်အကြောင်းအား ပြောနေသည်ကို ကြားရသောအခါတွင် အရမ်းဒေါသထွက်ရလွန်းသောကြောင့် သူ၏တစ်ကိုယ်လုံးပင်တုန်ယင်နေရသည်။ သူက ခက်ထန်စွာပြောဆိုလိုက်သည်။
“ ငရဲဘုံကိုးခုဧကရာဇ်ရဲ့ အဆက်အနွယ်တွေ.. ငရဲဘုံကိုးခု ဧကရာဇ်.. ယိုမင်”
ငရဲဘုံဘုံနန်း ၎င်းက မှုန်မှိုင်းနေဆဲဖြစ်ပြီး အေးစိမ့်သောလေပြင်းများက တိုက်ခတ်နေကာ တစ္ဆေသရဲများက ဖရိုဖရဲပရမ်းပတာကခုန်နေကြသည်။
ရှစ်ဖုန့်နှင့်အတူ တစ္ဆေစစ်သူကြီးခုနှစ်ဦး၊တပည့်သုံးဦးနှင့်မြေးတပည့်တစ်ဦးတို့ ပြန်လည်ရောက်ရှိသောအခါတွင် တစ္ဆေစစ်သူကြီးခုနှစ်ဦးနှင့် ငရဲဘုံဘုံနန်းအားစောင့်ကြပ်နေခဲ့သော တစ္ဆေစစ်သူကြီးတို့က သူတို့၏နယ်မြေအသီးသီးသို့ပြန်သွားကြ၏။
ထို့နောက် ကိုးသိန်းလေးသောင်းသော တစ္ဆေစစ်သည်များကိုလည်းရှစ်ဖုန့်က သွေးကျောက်ပြားအတွင်းမှလွှတ်ပေး လိုက်သည်။ ထို့နောက် သူ၏ တပည့်သုံးဦးနှင့် မြေးတစ်ပည့်တို့အား ရှေ့ရှိဟင်းလင်းပြင်ထဲသို့ဦး ဆောင်ခေါ်သွားသည်။
လမ်းတစ်လျှောက်တွင် သူတို့၏လမ်းကြောင်းအားပိတ်နေသော ယင်ဝိညာဉ်များက ကျယ်လောင်စွာအော်ပြီး တစ်ယောက်ပြီးတစ်ယောက်ဆုတ်ခွာပေးကြသည်။
သိပ်မကြာခင် ဟင်းလင်းပြင်ထဲ၌ တင်ပျဉ်ခွေထိုင်ပြီး လေထဲ၌ မျောလွင့်နေသော အဖြူရောင်ပုံရိပ်တစ်ခုကိုတွေ့ရသည်။ တစ္ဆေများက ၎င်း၏ဝန်းကျင်တွင် ကခုန်နေသော်လည်း ၎င်းကတော့ သတိမထားမိခြင်း သို့ဟုတ် ဂရုစိုက်လိုခြင်းရှိပုံမရပေ။
ဤတစ္ဆေများက ၎င်းအား သတိထားနေပုံရပြီး ၎င်းနှင့် တစ်မီတာအကွာသို့ ကပ်လာရဲခြင်းမရှိပေ။
“စတုတ္ထစီနီယာအကို”
ရှေ့ရှိလောချင်းချွမ်အားမြင်လိုက်ရသောအခါတွင် ရှောင်းထျန်းရီက အော်ပြောလိုက်သည်။ ထို့နောက်သူကအံ့အားသင့်စွာရေရွတ်လိုက်၏။
“စတုတ္ထစီနီယာအကို. သူတကယ်ပဲ ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ် တစ်ယောက်ဖြစ်လာတာပဲ. လွန်ခဲ့တဲ့နှစ်အချို့လောက်သူ့ကို ကျွန်တော်တွေ့တုန်းက သူ့ရဲ့ကျင့်ကြံမှုက ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ် မှာပဲရှိသေးတာ”
“အဲ့တာကဒီနှစ်မှာ သူ ဘယ်သူနဲ့တွေ့ခဲ့လဲဆိုတာပေါ်မူတည်တယ်”
ရှောင်းထျန်းရီ၏ဘေးရှိ မိုရှောင်ယောင်ကပြောလိုက်သည်။
“ငါတို့ထဲမှာ သူက ဆရာနဲ့တွေ့တာအစောဆုံးပဲ.. လွန်ခဲ့တဲ့တစ်နှစ်ခွဲအတွင်း သူက ဆရာနဲ့အတူ တိုက်ခိုက်ခဲ့ပြီး စွမ်းအားကြီးရန်သူတွေကို သတ်ခဲ့တယ်လို့ငါကြားတယ်.. သူ့အတွက် အဆင့်မချိုးဖျက်မှာတောင်ခက်နေသေးတယ်”
“အော်.အဲ့လိုဖြစ်တာကိုး”
မိုရှောင်ယောင် ၏ စကားများအားကြားပြီးနောက် ရှောင်းထျန်းရီက သူ့ရှေ့ရှိ လွင့်မျောနေသော ပုံရိပ်ကိုကြည့်လိုက်သည်။
ကျင့်ကြံနေသော လောချင်းချွမ်မှာ ရှစ်ဖုန့်နှင့်အခြားသူများ ပြန်ရောက်အလာကို အာရုံခံမိပုံရသည်။ သူက မျက်လုံးတို့ကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး ရှေ့သို့ကြည့်လိုက်၏။
ရှစ်ဖုန့်ကို မြင်သောအခါတွင် သူကအော်ပြောလိုက်သည်။
“ဆရာ..ပြန်လာပြီပဲ.. အိုး..ပဉ္စမဂျူနီယာညီလေးပဲ.”
ရှစ်ဖုန့်နှင့်ရှောင်းထျန်းရီအား မြင်တွေ့သောအခါတွင် သူကအံ့အားသင့်စွာ ပြောလိုက်၏။
ရှစ်ဖုန့်နှင့်အခြားသူများက လောချင်းချွမ်၏ ရှေ့တွင်ရပ်လိုက်သည်။ လောချင်းချမ်အားကြည့်လိုက်ပြီး ရှစ်ဖုန့်ကပြောလိုက်သည်။
“မဆိုးဘူး.. မင်းရဲ့ကျင့်ကြံမှုက လွန်ခဲ့တဲ့နှစ်တွေကထက် ပြီးပြည့်စုံအောင်တည်ငြိမ်သွားပြီ..ဒီတစ်ကြိမ် ဆရာပြန်လာတာမင်းအတွက် လက်ဆောင်ကြီးကြီးတစ်ခုပါတယ်”
“အိုး. လက်ဆောင်ကြီးကြီးလား”
လောချင်းချွမ်က အံ့အားသင့်စွာနှင့် မျှော်လင့်တောင့်တစွာကြည့်လိုက်သည်။ သူ့အတွက်ဆရာဖြစ်သူက မည်ကဲ့သို့လက်ဆောင်မျိုးယူဆောင်လာသည်မှန်း သူမသိချေ။
ဆရာဖြစ်သူက လက်ဆောင်ကြီးဟု ပြောသောကြောင့် ယင်းက အံ့ဖွယ်ကောင်းအောင်ထူးခြားရမည်ဖြစ်သည်။
“ထျန်းယု ဆရာ့ရဲ့သွေးကျောက်ပြားကိုထုတ်လိုက်”
ရှစ်ဖုန့်က သူ၏ခေါင်းကိုလှည့်လိုက်ပြီး ရှောင်းထျန်းရီကိုပြောလိုက်သည်။
သွေးကျောက်ပြား၊သွေးသောက်ဓားနှင့် သွေးချပ်ဝတ်။ ရှစ်ဖုန့်က ဤရှေးဟောင်းပစ္စည်းများအား ငရဲဘုံဘုံနန်းသို့ရောက်ပြီးနောက် ဂရုတစိုက်နှင့်လေ့လာခွင့်ပြုမည်ဟု ရှောင်းထျန်းရီကို ကတိပေးခဲ့သည်။ ထို့ကြောင့်သူက၎င်းတို့ကို ရှောင်းထျန်းရီအတွက် အချိန်တစ်ခုအထိ အပ်နှံထားခြင်းဖြစ်သည်။
“ဟုတ်ဆရာ”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် ရှောင်းထျန်းရီက သူ၏ညာလက်ကို ဖျက်ခနဲလှန်လိုက်ပြီး သူ၏လက်ထဲ၌ လက်ဝါးအရွယ်ရှိသောသွေးကျောက်ပြားတစ်ခုပေါ်လာသည်။
ထို့နောက် ရှစ်ဖုန့်ကအတွေးတစ်ချက်ဖြင့် သွေးနီရောင်အလင်းနှစ်ခုလင်း လက်စေလိုက်ပြီး ရှစ်ဖုန့်နှင့်အခြားသူများ၏ ရှေ့၌ ဖွတ်ဖွတ်ကြေနေသော ပုံရိပ်နှစ်ခုပေါ်လာသည်။
“အသက်ဧကရာဇ် မိုဖန်းချမ်.. ကံတရားဧကရာဇ် ဝူချမ်ရွှယ်..ပြီးတော့ဝူချမ်ရွယ်က ဆံပင်တွေရှုပ်ပွနေပြီး အဝတ်တွေကလည်းဖိုသီဖတ်သီနဲ့”
လောချင်းချွမ်က ပေါ်လာသောလူနှစ်ယောက်အားကြည့်၍ အံ့အားသင့်စွာ ရေရွတ်ပြောလိုက်သည်။
အထူးသဖြင့်ဝူချမ်ရွှယ်ဖြစ်သည်။ ယင်းမှာသူမအနေဖြင့်ဆိုးရွားသော အတွေ့အကြုံတစ်ခုကို တွေ့ကြုံခံစားခဲ့ရသည်မှာ သိသာသည်။
ဝူချမ်ရွှယ်အားကြည့်လိုက်ပြီးနောက် လောချင်းချွမ်က ရှစ်ဖုန့်ကို ကြည့်လိုက်သည်။
“ဖြစ်နိုင်တာ..ဆရာ..သူက…”
ရှစ်ဖုန့်မှာ လောချင်းချွမ်က သူ့အားဤကဲ့သို့ ကြည့်သောအခါတွင် လောချင်းချွမ်၏အတွေးများကို ဖြတ်မြင်လိုက်သည်။ သူကပြောလိုက်၏။
“မင်းဆရာ့ကို အဲ့လိုကြည့်နေစရာမလိုဘူး. ဝူချမ်ရွှယ်ကိုဆရာလုပ်တာမဟုတ်ဘူး”
“အကယ်၍ဆရာမဟုတ်ဘူးဆိုရင်”
လောချင်းချွမ်မှာရှစ်ဖုန့်၏ စကားအားကြားပြီးနောက် သူ၏ဒုတိယစီနီယာအကိုဖြစ်သူ မိုရှောင်ယောင်ထံသို့ အလိုအလျှောက် အကြည့်ရွှေ့လိုက်သည်။
လောချင်းချွမ်၏အကြည့်အားသတိပြုမိသောအခါတွင် မိုရှောင်ယောင်က ချက်ချင်း ကိုယ်ကို မတ်မတ်ပြင်လိုက်၏။ သူ၏ အမူအယာကပြောင်းလဲသွားပြီး လူကြီးလူကောင်းဆန်သောအသွင်အပြင်တစ်ခုကိုပြသလာသည်။ ယင်းမှာ သူကဲ့သို့ လူကြီးလူကောင်းဆန်သောလူမျိုးက ထိုကဲ့သို့အရာမျိုးအား ဘယ်သောအခါမှမလုပ်ဟု အခြားသူများအား ပြောနေသကဲ့သို့ပင်ဖြစ်သည်။
“ကျွတ်..ဟန်လာဆောင်နေသေးတယ်”
လူကြီးလူကောင်းဆန်သော မိုရှောင်ယောင်၏ ဟန်ပန်အားမြင်သောအခါတွင် အထင်သေးသောလေသံဖြင့် ပြောလိုက်သည်။
“ကောင်းပြီ..မိုရှောင်ယောင် ဟန်ဆောင်နေတာကိုရပ်တော့.. မင်းလုပ်ပြီးရင် လုပ်ပြီးသလို ထားလိုက်.. မင်းရဲ့ညီအကိုတွေကြားထဲမှာ မင်းသရုပ်မှန်ကိုမသိတဲ့သူဘယ်သူရှိလို့လဲ”
ဤအချိန်တွင် ရှစ်ဖုန့်ကပြောလိုက်သည်။
ထို့နောက် ရှစ်ဖုန့်က မိုဖန်းချန်နှင့် ဝူချမ်ရွှယ်တို့အား ထိုးညွှန်ပြပြီးလောချင်းချွမ်ကိုပြောလိုက်သည်။
“ဆရာမင်းအတွက်ပြင်ပေးထား တဲ့လက်ဆောင်ကြီးက ဒီလူနှစ်ယောက်ပဲ.. ငါသူတို့ကိုဖမ်းလာပြီး သတ်ပြီးမှမင်းက သေခြင်းစွမ်းအင်ကို ဝါးမျိုပြီး ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် ကိုဝင်ရောက်နိုင်မှာ”
“ဘာကြီး. ကျွန်တော့်ကိုသူတို့ရဲ့သေခြင်းစွမ်းအားကို ဝါးမျိုခွင့်ပြုမယ်.. ဒါကအရမ်းကောင်းတာပဲ..ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ်နှစ်ယောက်ရဲ့သေခြင်းစွမ်းအင်က ကျွန်တော့်ရဲ့ဒန်တန်ပြည့်ဖို့လုံလောက်တယ်.. “
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် လောချင်းချွမ်၏မျက်နှာထက်၌ စိတ်လှုပ်ရှားပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်နေ၏။
“ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ် ငါသာကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်နိုင်သွားရင် ဒီအကိုနဲ့ အတူတူဖြစ်ပြီ”
ဆက်ရန်……..
ဘာသာပြန်သူ-ARISE