← Chapters

အခန်း (၈၈၈)

Vol. 60 Ch. 888

အခန်း (၈၈၈)

Vol. 60 Ch. 888

ရှစ်ဖုန့်က လောချင်းချွမ်၏ သိုင်းတာအိုပေါ်အထားရှိသော အားကောင်းခိုင်မာသည့် ခံယူချက်အား ဆွဲထုတ်ပြီးဖြစ်သည်ကို မြင်နိုင်သည်ဖြစ်သည်။ ထို့နောက် သူ၏ညာလက်ဖြင့်လက်ဝါးပုံရိပ်တစ်ခုကို ပုံဖော်လိုက်ပြီး “ကျိုး.ရှင်း..ဝူ.သီး”ဟူသော စကားလုံးများထံသို့တွန်းထုတ်လိုက်၏။

ရုတ်ခြည်း အားကောင်းသောအော်ရာတစ်ခုနှင့် တောက်ပသော အဖြူရောင်အလင်းတစ်ခုတို့က အဖြူရောင်စကားလုံးလေးလုံးထံမှ ပြည့်လျှံထွက်လာသည်။ အားကောင်းသော အော်ရာအား အာရုံခံမိသောအခါတွင် လောချင်းချွမ်၏ မျက်နှာကပြောင်းလဲသွားသည်။

ရှစ်ဖုန့်က လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြု၍ စကားလုံးလေး လုံးအား ဖြတ်သန်းစေကာ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်၏ စွမ်းအားအား လောချင်းချွမ်ကိုခံစားစေသည်။

လောချင်းချွမ်မှာစကားလုံးလေးလုံး၏ အော်ရာတို့လွှမ်းခြုံခြင်းကိုခံရပြီး ရုတ်တရက် အားကောင်းသော ဖိအားတစ်ခုက သူ့အပေါ်သို့ ကျဆင်းလာသည်ကိုခံစားလိုက်ရသည်။

ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။

“ဒါက ကြယ်ကိုးပွင်ဧကရာဇ်နယ်ပယ်ရဲ့စွမ်းအား.. မင်းခြေလှမ်းချဖို့လိုတဲ့ စွမ်းအားပဲ”

သူ၏အသံက နတ်ဆိုးတစ်ကောင်၏ အသံကဲ့သို့ လောချင်းချွမ်၏ စိတ်ထဲ၌ ပဲ့တင်ထပ်နေသည်။

“ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်.. ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ရဲ့စွမ်းအား..”

အားကောင်းသောဖိအားအောက်၌ သို့ရောက်နေသော လောချင်းချွမ်မှာ တီးတိုးရေရွတ်ရင်းတုန်ယင်နေသည်။ ထို့နောက် လောချင်းချွမ်က ခက်ထန်စွာ ကြုံးဝါးလိုက်၏။

“ဒါကဘယ်လိုစွမ်းအားမျိုးလဲဆိုတာကို ငါဂရုမစိုက်ဘူး.. ချိုးဖျက်စမ်း. ခွဲထွက်သွားစမ်း”

ရုတ်ခြည်းလောချင်းချွမ်၏ ကိုယ်မှ အားကောင်းသော အော်ရာတစ်ခု မြင့်တက်လာသည်။ လောချင်းချွမ်၏အားကောင်းသော အော်ရာအောက်တွင် စကားလုံးလေးလုံး၏အကူအညီဖြင့် ရှစ်ဖုန့်ထုတ်လွှတ်ထားသောစွမ်းအားက ချက်ချင်းပြိုကွဲသွားသည်။

ဤအချိန်တွင် သူ၏လမ်းညွှန်ပြသမှုအောက်၌ လောချင်းချွမ်မှာ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ထဲသို့ ခြေလှမ်းတစ်ဝက် ဝင်ရောက်ပြီးဖြစ်သည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ အစစ်အမှန်ခြေချနိုင်ရန် ခြေလှမ်းတစ်ဝက်စာသာသိုတော့ သည်ဖြစ်သည်။

သို့သော် ၎င်းကခြေလှမ်းတစ်ဝက်ဆိုလျှင်တောင် ထျန်းဟန်တိုက်ကြီး၏ သမိုင်း၌ မရေတွက်နိုင်သော ပြိုင်ဘက်ကင်းပါရမီရှင်များ၊ ထူးချွန်သူများနှင့်၊အရှင်သခင်များမှာ သူတို့တစ်ဘဝလုံး ဤခြေလှမ်းတစ်ဝက်ကိုပင် ချိုးဖျက်နိုင်ခြင်းမရှိခဲ့ကြချေ။

ဤအချိန်တွင် ရှစ်ဖုန့်က လောချင်းချွမ်အားထပ်မံစကား ပြောလိုက်သည်။

“ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်က တစ်ခြား နယ်ပယ်တွေနဲ့ကွဲပြားတယ်.. ဆရာမင်းကို ဒီအချက်လောက်ပဲ ကူညီပေးနိုင်မယ်. ကျန်တာအားလုံးက မင်းရဲ့ကိုယ်ပိုင်ဆင်ခြင်နားလည်သဘောပေါက်နိုင်စွမ်းအပေါ်မူတည်သွားပြီ. မင်းသေချာပေါက်အောင်မြင်မယ်လို့ ဆရာယုံကြည်တယ်”

ရှစ်ဖုန့်က စကားပြောရင်း သူ၏လက်တို့အား ရှေ့သို့ ဖယ်ယမ်းလိုက်ကာ “ကျိုး .ရှင်း..ဝူ..သီး” ဟူသည့်စကားလုံးလေးလုံးက ရုတ်ခြည်းပယ်ဖျက်ခံလိုက်ရသည်။

“ဟုတ်ကဲ့ဆရာ.. ကျွန်တော်သေချာပေါက် ဆရာ့ကို စိတ်မပျက်စေရပါဘူး”

လောချင်းချွမ်က လေးနက်သောအသံဖြင့်ပြန်ဖြေလိုက်ပြီး သူ၏ မျက်နှာထက်၌ စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့်ပြည့်နှက်နေသည်။ ထို့နောက် လောချင်းချွမ်က သူ၏မျက်လုံးတို့အား ပိတ်လိုက်ပြီး ဟင်းလင်းပြင်ထဲ၌ ထပ်မံတင်ပျဉ်ခွေထိုင်လိုက်သည်။ နောက်ဆုံးချိုးဖျက်မှုကိုအောင်မြင်ရန်အတွက် သိုင်းတာအိုအား ဆင်ခြင်နားလည်ရန် စတင်လိုက်သည်။

လောချင်းချွမ်က ဉာဏ်အလင်းသိမြင်မှု အခြေနေသို့ဝင်‌ရောက်သွားသည်ကို တွေ့ရသောအခါတွင် ရှစ်ဖုန့်က လှည့်လိုက်ပြီးမိုရှောင်ယောင်၊ရှောင်းထျန်းရီနှင့် နင်ချန်တို့ကို ပြောလိုက်သည်။

“ကောင်းပြီ..ငါတို့ ချင်းချွမ်ကို လဝက်လောက်အချိန်ပေးမယ်.. ဒီလဝက်အတွင်းမှာ မင်းတို့အားလုံးငါ့ရဲ့ငရဲဘုံဘုံနန်းအတွင်းမှာနေရမယ်.. လဝက်နေပြီးရင် မင်းတို့အားလုံး ဆရာ့နောက်ကိုလိုက်ပြီး မြောက်ပိုင်းဒေသကြီးထဲက ဖုံးကွယ်နေတဲ့မိသားစုဖြစ်တဲ့ လင်မိသားစုကိုသွားရမယ်”

သူ၏ညီမဖြစ်သူ ရှစ်လင်မှာ လင်မိသားစုထဲ၌ရှိနေသေးသည်ဖြစ်သည်။ ယခု သူ့၌ လင်မိသားစုထံသို့ခရီးထွက်ရန်အတွက် စွမ်းအားနှင့်ခွန်အားတို့ရှိနေပြီဖြစ်သည်။

“ဟုတ်ကဲ့ဆရာ”

“ဟုတ်ကဲ့ ဘိုးဘေး”

မိုရှောင်ယောင်၊ရှောင်းထျန်းရီနှင့် နင်ချန်တို့က ပြိုင်တူ တုန့်ပြန်လိုက်ကြသည်။

လင်မိသားစု၌ သူ၏တစ်ဦးတည်းသောညီမ လေးမည်သို့ဖြစ်နေသည်ကို သူမသိချေ။လင်မိသားစုအနေဖြင့်မည်သည့်ရူးမိုက်သောအရာကိုမျှ မလုပ်ရန်သူမျှော်လင့်သည်။

မြောက်ပိုင်းဒေသကြီး၏ မက်စောက်သော တောင်ထွတ်တစ်ခုပေါ်တွင် တိမ်တိုက်များ ၏ အလယ်၌ အစိမ်းရောင်ပုံရိပ်တစ်ခုအားခပ်ရေးရေးမြင်ရနိုင်သည်ဖြစ်သည်။

ခမ်းနားပေါကြွယ်ဝသော ကမ္ဘာကြီး၏ ချီတို့က ဤဧရိယာတစ်ခွင်၌ ဒီရေအလားတလိပ်လိပ်ထနေပြီး အစိမ်းရောင်ပုံရိပ်ထံသို့ အဆက်မပြတ်ဦးတည်ကာ သေးငယ်သော သူမကိုယ်လေး၏ အဆက်မပြတ်စုပ်ယူခြင်းကိုခံနေရသည်။

သူမက ရှစ်ဖုန့်၏တစ်ဦးတည်းသောညီမဖြစ်သူ ရှစ်လင်ပင်ဖြစ်သည်။ ရှစ်ဖုန့်အားထားခဲ့သည့် လွန်ခဲ့သောတစ်နှစ်က သူမမှာ ကြယ်တစ်ပွင့် သိုင်းလက်သင့်အဆင့်လေးသာရှိသေးသည်ဖြစ်သည်။ ယခုသူမက မဟာသူတော်စင်နယ်ပယ်တစ်ဦး၏ အားကောင်းသောအော်ရာမျိုးကိုထုတ်လွှတ်နေသည်။

အသက်ရှစ်နှစ်အရွယ် မဟာသူတော်စင်နယ်ပယ်က ရိုးရှင်းစွာပင် ထျန်းဟန်တိုက်ကြီးပေါ်၌ မကြားဖူးသောအရာဖြစ်သည်။ ထိုထက်ပိုသည်ကား သူမအနေဖြင့်တစ်နှစ်ကျော်ကျော်လေးသာ ကျင့်ကြံမှုကိုပြုလုပ်ရသေးခြင်းဖြစ်သည်။ မွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကအံ့ဖွယ်ထူးခြားသည်ကို လက်သင့်ခံရမည်ဖြစ်၏။

ထိုအချိန်တွင် ရှစ်လင်၏ကိုယ်မှ ရုတ်တရက် အဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်။ ယင်းက ရှစ်လင်အနေဖြင့်ထပ်မံအဆင့်ချိုးဖျက်ခြင်းဟု ဆိုလိုခြင်းဖြစ်သည်။ အသက်ရှစ်နှစ်အရွယ်မှာပင် သူမက ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်မှ ကြယ်နှစ်ပွင့်မဟာသူတော်စင် နယ်ပယ်ဖြစ်လာသည်။

ဤတောင်ထွတ်၏ အဝေးတစ်နေရာ၌ တိမ်တိုက်များဝန်းရံနေသော ဟင်းလင်းပြင်အတွင်းပုံရိပ်သုံးခုက ဝင့်ကြွားစွာရပ်နေသည်။ ဤလူသုံးယောက်လုံးက သက်လတ်ပိုင်းအရွယ်များဖြစ်ကြပြီး လွန်စွာ ဆင်တူသောပုံစံရှိသည်။ ၎င်းတို့၌ဖြတ်တောက်ပစ်ဖို့ခက်ခဲသော သွေးသားဆက်နွယ်မှုတစ်ခု ရှိရမည်သာဖြစ်၏။

၎င်းတို့၏သိုင်းနယ်ပယ်များက ထျန်းဟန်တိုက်ကြီးတွင် အထွတ်အထိပ်စာရင်းဝင်သည်ဖြစ်သည်။ ၎င်းတို့အားလုံးက ဧကရာဇ်နယ်ပယ်များဖြစ်ကြသည်။

“ဒီကောင်မလေး ထပ်ပြီးအဆင့်ချိုးဖျက်မယ်လို့ ကျုပ်မထင်ထားဘူး”

ဘယ်ဘက်၌ဝင့်ကြွားစွာရပ်နေသော လူကမျက်နှာထက်ရှိ ဝင့်ကြွားသော အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

ဤလူက လင်မိသားစု၏ ဒုတိယအကြီးအကဲဖြစ်သူ လင်ရွှယ်ဖြစ်သည်။ သူက လင်မိသားစုခေါင်းဆောင် လင်ဟွင်း ၏ ညီငယ်ဖြစ်သည်။ သူက လင်မိသားစု၌တတိယဖြစ်၏။

“မွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်က တကယ့်ကိုထူးခြားအံ့ဖွယ်ပဲ….ငါတို့လင်မိသားစုရဲ့ရှည်လျားတဲ့ သမိုင်းကြောင်းထဲမှာ သူက ဘိုးဘေးပြီးရင် မွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ပို်ငဆိုင်ထားတဲ့ ဒုတိယမြောက်လူပဲ..ဟိုးအရင်တုန်းက ထျန်းဟန်တိုက်ကြီးကို ငါတို့ဘိုးဘေး စိုးမိုးခြယ်လှယ်နိုင်တာ တိုက်ဆိုင်မှုမဟုတ်ဘူး”

အဆင့်ထပ်မံချိုးဖျက်သွားသော ရှစ်လင်အားကြည့်၍ လင်မိသားစု ၏ ပထမအကြီးအကဲ လင်ဝေ့က သက်ပြင်းချလိုက်သည်။

“ဟမ့်”

လင်ဝေ့၏စကားများအားကြားပြီးနောက် ဒုတိယအကြီးအကဲလင်ရွှယ်က နှာခေါင်းရှုံ့လိုက်ပြီး သွားပေါ်အောင်ပြုံးလိုက်သည်။ သူကပြောလိုက်၏။

“ဒီမကောင်းဆိုးဝါးလေး မွေးလာချိန်မှာ ကမ္ဘာကြီးက ပြောင်းလဲသွားခဲ့တယ်.. သူက ထူးခြား အံ့ဖွယ်ဆိုတာကို ငါတို့ကသိခဲ့တယ်”

“သူ့ရဲ့သောက်အဖေ သစ္စာဖောက်က သူ့သမီးကို လင်မိသားစုထဲကနေခေါ်ထုတ်သွားဖို့ သူ့ရဲ့အစေခံအိုကြီးကို တိတ်တဆိတ်အမိန့်ပေးခဲ့တာ ..ခုနှစ်နှစ်လောက်ငါတို့သူ့ကိုရှာပြီးတဲ့နောက် နောက်ဆုံးသူ့ကို ငါတို့က အရှေ့ပိုင်းဒေသကြီးရဲ့ အစွန်အဖျားလေးမှာ တွေ့ခဲ့တယ်..အဲ့လိုမဟုတ်ဘဲ အကယ်၍များ ငါတို့က ဒီမကောင်းဆိုးဝါးလေးကို အပြင်မှာ ဆက်ပြီးကြီးပြင်းလာခွင့်ပြုလိုက်ရင် ဒါက ကြောက်ဖို့ကောင်းတဲ့အရာဖြစ်မှာ”

“အင်း”

လင်ရွှယ်၏ စကားတို့အားကြားပြီး‌နောက် ပထမအကြီးအကဲ လင်ဝေ့က တိတ်တဆိတ်ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“အခုချိန်မှာ အရေးအကြီးဆုံးအရာက ငါတို့ရဲ့ ဘိုးဘေးလင်ဝူ အမွေပေးခဲတဲ့ ကျောက်စိမ်းဆွဲသီးပဲ.. ကောလဟာလတွေအရ အဲ့ထဲမှာ ငါတို့ဘိုးဘေးရဲ့ ပြိုင်ဘက်ကင်းသိုင်းပညာနဲ့ နတ်ဘုရားတစ်ပါးဖြစ်လာဖို့လျှို့ဝှက်ချက်အပြင် ငါတို့လင်မိသားစုရဲ့ လျှို့ဝှက်ရွှမ်းလက်နက်လဲပါတယ်တဲ့.. ဒါပေမဲ့ ငါတို့ကအဲ့တာကို အသုံးမပြုနိုင်ဘူး. ဒီမကောင်းဆိုးဝါးလေး ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကိုရောက်ပြီး အနာဂတ်မှာ အဲ့တာကို အသက်သွင်းမှာကိုပဲငါတို့စောင့်နေနိုင်တယ်”

“မွေးရာပါစိတ်ဝိညာဉ်ခန္ဓာကိုယ်က ငါတို့လင်မိသားစုမှာပြန်ပေါ်လာပြီး အခုဒီသတ္တဝါလေးကလည်း ငါတို့ရဲ့ထိန်းချုပ်မှုအောက်လုံးဝရောက်နေပြီ.. ဒါကငါတို့အတွက်ကြီးမားတဲ့အခွင့်အရေးတစ်ခုလို့ပြောလို့ရတယ်”

ပထမအကြီးအကဲလင်ဝေ့၏ စကားများအားကြားပြီးနောက် ဒုတိယအကြီးအကဲလင်ရွှယ်က ပြုံးပြီးပြောလိုက်သည်။

“ဒီမကောင်းဆိုးဝါးသတ္တဝါလေးကို ငါတို့လင်မိသားစုထဲမှာ ပျိုးထောင်တာက ဝက်တွေခွေးတွေကိုပျိုးထောင်တာထက် ပိုပြီးတောင်စရိတ်စက သက်သာသေးတယ်”

“ဟားဟား.ဟားဟားဟားဟား”

လင်ရွှယ်၏စကားတို့အားကြားပြီးနောက် ပထမအကြီးအကဲလင်ဝေ့ကလည်း ကျယ်လောင်စွာရယ်မောလိုက်သည်။

သူတို့က မွေးရာပါစိတ်ဝိညာဉ်ခန္ဓာကိုယ်အား အရှေ့ပိုင်းဒေသကြီး၌ ရှာတွေ့ခဲ့ရုံသာမက သူမ၏ကိုယ်အတွင်း၌ အမှတ်အသားတစ်ခုထားထားခဲ့ပြီး သူမအားသူတို့ကလုံးဝထိန်းချုပ်ထားသည်ဖြစ်သည်။ အတွေးတစ်ချက်ဖြင့်ပင် သူမအား သေခြင်းတရားအတွက်တောင်းပန်အောင်သူတို့ပြုလုပ်နိုင်သည်ဖြစ်သည်။

မတ်စောက်သောတောင်ထွတ်ပေါ်ရှိ ရှစ်လင်လေးကတော့ဤအရာများအား ဘာကိုမှသိခြင်းမရှိပေ။ သူမမကြိုက်သော လင်မိသားစုက သူမ၏မွေးဖွားရာနေရာဖြစ်သည်ကိုသာသူမသိသည်ဖြစ်သည်။ သူမ၏မိဘအရင်းများကလည်း လင်မိသားစုမှဖြစ်သည်။

သို့သော်သူမ၏ မိဘအရင်းများက လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ကွယ်လွန်သွားကြပြီဖြစ်၏။ ၎င်းတို့မည်ကဲ့သို့ဆုံးပါးသွားသည်ကိုကား သူမအားမည်သူကမှမပြောပြကြချေ။

အခြားသူများအားယခင်က မေးဖူးသော်လည်း ယင်းက လင်မိသားစုထဲ၌တားမြစ်ထားပုံရသည်။ ၎င်းအားကြားသောသူများက အရောင်ပြောင်းလဲသွားကြပြီး ထွက်သွားရန်ဆင်ခြေကိုသာ ရှာဖွေကြသည်ဖြစ်သည်။

ဆက်ရန်…………

ဘာသာပြန်သူ -ARISE

All Chapters