အခန်း (၈၈၉)
Vol. 60 Ch. 889
“ကောင်းပြီ”
တိမ်စိုက်တိမ်တိုက်များကြား လင်ဝေ့နှင့်လင်ရွှယ်တို့အလယ်၌ရပ်နေသော တစ်ချိန်လုံးတိတ်ဆိတ်နေသည့် လင်မိသားစု၏ ခေါင်းဆောင်ဖြစ်သူ လင်ဟွင်းက နောက်ဆုံးတွင်စကားပြောလာသည်။
“ဒီမကောင်းဆိုးဝါးလေးကိုစောင့်ကြည့်ဖို့မင်းတို့လူတွေကို အမိန့်ပေးထားရမယ်.. ဘာမှအမှားအယွင်းဖြစ်လို့မဖြစ်ဘူး”
“ဟုတ်ကဲ့ အကိုကြီး”
“စိတ်မပူပါနဲ့ အကိုကြီး”
လင်ဟွင်း၏ စကားတို့အားကြားပြီးနောက် လင်ဝေ့နှင့်လင်ရွှယ်တို့က ချက်ချင်းပြန်တုန့်ပြန်လိုက်ကြသည်။
ထို့နောက်လင်ဟွင်းက ခေါင်းညိမ့်ပြီးအောက်သို့ မျောလွင့်ဆင်းသက်သွားလိုက်သည်။
……….
ငရဲဘုံဘုံနန်း၌ဖြစ်သည်။
“ဆရာ..ဆရာတကယ်ပဲ လင်မိသားစုကိုသွားမှာလား”
လင်ယဲ့ဖုန်းပြန်ရောက်လာပြီးနောက် ရှစ်ဖုန့်က ၎င်းအားလင်မိသားစုထံသို့သွား မည့်ကိစ္စကိုပြောပြလိုက်သည်။
“ငါပြန်လည်မွေးဖွားလာပြီး မှတ်ဉာဏ်တွေပြန်မရခင်တုန်းက ငါနဲ့အတူနေတဲ့ညီမလေးတစ်ယောက်ရှိတယ်…ငါတို့မှာနက်ရှိုင်းတဲ့ဆက်ဆံရေးရှိပြီး တကယ့်တစ်အူထုံ့ဆင်း မောင်နှမအရင်းတွေလို နီးစပ်ကြတယ်..နောက်ပိုင်းမှာသူက ဧကရာဇ်လင်ဝူရဲ့မျိုးဆက်ကနေ ဆင်းသက်လာတဲ့ လင်မိသားစုရဲ့မိဘမဲ့ကလေးတစ်ဦးဖြစ်နေတယ်ဆိုတာကိုသိခဲ့တယ်..ဒါကြောင့် ငါ့ရဲ့ညီမလေးကိုတွေ့ဖို့အတွက်လင်မိသားစုကိုသွားမှာ”
ရှစ်ဖုန့်ကပြောလိုက်သည်။
ရှစ်ဖုန့်၏စကားအားကြားပြီးနောက် လင်ယဲ့ဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး ထပ်မံပြောလိုက်သည်။
“လင်မိသားစုရဲ့မိဘမဲ့ကလေးလား.. ဆရာ.. ဆရာ့ညီမလေးက အခုရှစ်နှစ်အရွယ်လောက်ရှိပြီလား”
“မင်းဘယ်လိုသိတာလဲ”
လင်ယဲ့ဖုန်း၏စကားအားကြားပြီးနောက်ရှစ်ဖုန့်၏အမူအယာကပြောင်းလဲသွားပြီး အံ့အားသင့်သောအမူအယာတစ်ခုကို ပြသလာသည်။ ထို့နောက်သူကမေးလိုက်သည်။
“ လင်မိသားစုနဲ့ပက်သက်ပြီး မင်းတစ်ခုခုသိနေတာလား”
“အရင်တုန်းက ကျွန်တော်အလယ်ပိုင်းဒေသကြီးမှာရှိနေတုန်း လင်မိသားစုရဲ့လူတစ်ယောက်နဲ့ သိခဲ့တယ်”
လင်ယဲ့ဖုန်းကပြောသည်။
“ အဲ့တာထက်ပိုတာက အဲ့လူရဲ့သရုပ်မှန်က လင်မိသားစု ထဲမှာနည်းနည်းကွဲပြားတယ်. . သူက အလယ်ပိုင်းဒေသကြီးကို ထွက်ပြေးလာလို့ကြားခဲ့ရပြီး အချိန်တစ်ခုထိတောင် အမှောင်စီရင်စုဆီဝင်ရောက်ခဲ့သေးတယ်”
“အဲ့လူက လင်ဟွိုက်လို့ခေါ်တဲ့ ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ဦးပဲ..သူကအစတုန်းက လင်မိသားစု မူလခေါင်းဆောင်လင်ရွှင်းရဲ့လက်အောက်ခံတစ်ဦးဖြစ်ခဲ့တယ်.. ဒါပေမဲ့ လွန်ခဲ့တဲ့ရှစ်နှစ်က လင်မိသားစုထဲမှာ တစ်စုံတစ်ခုဖြစ်ပျက်ခဲ့တယ်… လင်မိသားစုရဲ့ ပထမအကြီးအကဲ လင်ဟွင်းက သူတို့ကို သစ္စာဖောက်ဖို့အတွက်ယုံကြည်ရတဲ့ လင်မိသားစုကလူတစ်စုကို ဦးဆောင်ခဲ့တယ်..သစ္စာဖောက်ကျွမ်းကျင်သူတွေကြောင့်လင်မိသားစုခေါင်းဆောင် လင်ရွှင်းလည်း သူ့ရဲ့ဒန်တန်က အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားတယ်”
“အဲ့အချိန်တုန်းက လင်ရွှင်းမှာ မွေးတာမကြာသေးတဲ့ သမီးလေးတစ်ဦးရှိခဲ့တယ်..သူမွေးဖွားလာချိန်တုန်းက ကောင်းကင်နဲ့မြေကြီးမှာ ထူးဆန်းတဲ့ပြောင်းလဲမှုတစ်ခုဖြစ်ခဲ့တယ်တဲ့.. အဲ့တာကဒဏ္ဍာရီလာ မွေးရာပါစိတ်ဝိညာဉ်ခန္ဓာကိုယ်လို့ပြောကြတယ်.. ဒါပေမဲ့ လင်ဟွိုက်အဆိုအရဲ အဲ့ပြောင်းလဲမှုမှာ လင်ရွှင်းရဲ့သမီးလေးက ရုတ်တရက်ပျောက်သွားတယ်တဲ့”
“လင်မိသားစုမှာ ဒီလိုမျိုး ပြောင်းလဲမှုတစ်ခုတကယ်ရှိခဲ့တာပဲ..”
လင်ယဲ့ဖုန်း၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က လေးနက်စွာမျက်မှောင်ကြုတ်လိုက်သည်။ လွန်ခဲ့သောရှစ်နှစ်က မွေးရာပါစိတ်ဝိညာဉ်ခန္ဓာကိုယ် ထိုအရာများအားဆက်စပ်ကြည့်လိုက်လျှင် လင်မိသားစု မူလခေါင်းဆောင်၏ပျောက်ဆုံးသွားသော သမီးက သူ၏ညီမဖြစ်သူရှစ်လင်ဖြစ်သည်ကို ရှစ်ဖုန့်တစ်ယောက် သံသယမရှိပေ။
သို့သော် လင်ယဲ့ဖုန်း၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်စိတ်ပူပန်မှုကိုခံစားရသည်။ သူ၏ညီမရှစ်လင်၏ သရုပ်မှန်နှင့်ဆိုလျှင် လင်မိသားစုထံသို့ပြန်ခြင်းက ကျားခံတွင်းသို့ဆင်းသက်သည့်နှယ်ပင်ဖြစ်သည်။
သူမအနေဖြင့် ၎င်းတို့၏ သတ်ခြင်းကိုပင်ခံရလောက်သည်။
“ထျန်းရီ..ထျန်းရီ.ဒီကိုလာခဲ့”
ရုတ်တက်ရက်ရှစ်ဖုန့်ကနက်ရှို်ငးသော အသံဖြင့် အော်လိုက်ပြီး အသံလှိုင်းတို့က အမှောင်ထု ဟင်းလင်းပြင်အတွင်းကူးလူးသွားသည်။
“ဘာကိစ္စဖြစ်လို့လဲဆရာ”
ဤအခိုက်အတန့်တွင် ရှေ့ရှိ အမှောင်ထု ဟင်းလင်းပြင်အတွင်းမှ အဖြူရောင်ပုံရိပ်တစ်ခုပေါ်လာသည်။
ရှောင်းထျန်းရီက ရှစ်ဖုန့်၏ရှေးဟောင်းရတနာများအားလေ့လာနေသော်လည်း ရှစ်ဖုန့်၏ ခေါ်ဆိုမှုကိုကြားရပြီး သူ၏အလုပ်အားလျှင်မြန်စွာပစ်ချကာ ရှစ်ဖုန့်ထံသို့လေကိုထိုးခွင်းလာခဲ့သည်။
ရှောင်းထျန်းရီချဉ်းကပ်လာချိန်တွင် ၎င်း၏လက်ထဲ၌ သွေးနီရောင်ကျောက်ပြားအားကိုင်ထားသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ရုတ်ခြည်း ရှစ်ဖုန့်၏စိတ်ကလှုပ်ရှားလိုက်ပြီး သူ၏ရှေ့၌ သွေးနီရောင်အလင်း တစ်ခု လင်းလက်လာသည်။ အလင်းရောင်မှေးမှိန်ပျောက်ကွယ်သွားသောအခါတွင် လွန်စွာစုတ်ပြတ်သတ်နေသာ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက လင်မိသားစု၏ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူ လင်စန်ပင်ဖြစ်သည်။
ရှစ်ဖုန့်က သွေးကျောက်ပြားအတွင်းမှ လင်စန်အား မေးခွန်းမေးရန်အတွက် သွေးကျောက်ပြားအား အသုံးပြုရန် ရှောင်းထျန်းရီအား ဆင့်ခေါ်ပြီး၎င်းကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
လင်စန်ပေါ်ပေါ်လာခြင်း ရှစ်ဖုန့်၏ညာလက်က လက်သည်းကုတ်အဖြစ်ပြောင်းလဲသွားပြီး ရုတ်တရက်စုပ်ယူလိုက်သည်။ ရုတ်ခြည်း လင်စန်က စုပ်ယူခံလိုက်ရသည်။ ရှစ်ဖုန့်က သူ၏ခွန်အားကိုအသုံးပြုကာ လင်စန်၏လည်ပင်အား ဆုပ်ကိုင်ပြီး အေးစက်စွာမေးလိုက်သည်။
“ပြောစမ်း..ဒီနှစ်အတွင်းမှာ ခေါ်လာခဲ့တဲ့ လင်မိသားစုအရင်ခေါင်းဆောင် လင်ရွှင်းရဲ့ သမီး ဘယ်လိုဖြစ်နေလဲ”
“လင်ရွှင်းရဲ့သမီး”
ရှစ်ဖုန့်၏စကားအားကြားရသောအခါတွင် လင်စန်၏ အမူအယာက အနည်းငယ်ပြောင်းလဲသွားသည်။
“လင်ရွှင်းရဲ့သမီး”
သူက ခေါင်းကိုဖြည်းညှင်းစွာမော့လိုက်ပြီး သူ့အားဆုပ်ကိုင်ထားသော ရှစ်ဖုန့်ကိုကြည့်လိုက်သည်။
ရှစ်ဖုန့်၏မျက်လုံးအတွင်း၌ အေးစက်မှုတို့ဖြင့်ပြည့်နှက်နေ၏။ လင်စန်မဖြေသည်ကိုတွေ့ရသောအခါတွင် လင်စန်အားဆုပ်ကိုင်ထားသော ညာလက်ကို တင်လိုက်သည်။ သူ၏ သေးသွယ်သောလက်ချောင်းမှလက်သည်းတို့က လင်စန်၏လည်ချောင်းထဲသို့ တိုက်ရိုက်ဝင်ရောက်သွား၏။ သူက အေးစက်စွာထပ်မံပြောလိုက်သည်။
“ငါမင်းကိုမေးနေတာ. ပြောစမ်း..မဟုတ်ရင် ကမ္ဘာပေါ်မှာ အနာကျင်ဆုံးအပြစ်ပေးမှုမျိုးကို မင်းကို ငါခံစားခိုင်းမယ်”
“ဟားဟား..ဟားဟားဟားဟား”
လင်စန်မှာ နာကျင်မှုအား မခံစားရသကဲ့သို့ ရူးသွပ်စွာရယ်မောလိုက်၏။ သူကပြောလိုက်သည်။
“ယိုမင် .. ငါ့ကိုလွှတ်ပေးဖို့မင်းကို အကြံပေးလိုက်မယ်.. မဟုတ်ရင် ..လင်မိသားစုက မင်းကိုလွှတ်ပေးမှာမဟုတ်ဘူး”
“လင်မိသားစုရဲ့စွမ်းအားကို မင်းစိတ်ကူးကြည့်လို့တောင်ရမှာမဟုတ်ဘူး.. ဘာကို ကမ္ဘာ့နံပါတ်တစ် ကျွင်းကျင်သူလဲ.. ငါတို့လင်မိသားစုရဲ့မျက်လုံးထဲမှာ မင်းက ဘာကောင်မှမဟုတ်ဘူး”
“ဟမ့်”
လင်စန်၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က ထပ်မံနှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်လင်စန်၏ လည်ချောင်းကိုဆုပ်ကိုင်ပြီး လျှင်မြန်စွာလှုပ်ရှားကာ လေကိုထိုးခွင်းလိုက်သည်။
သူတို့ကမှောင်မိုက်သောဟင်းလင်း ပြင်အားလျှင်မြန်စွာ ဖြတ်ကျော်သွား၏။ ထို့နောက်ရှစ်ဖုန့်က လင်စန်အားနောက်ထပ်မှောင်မိုက်သော ဟင်းလင်းပြင်တစ်ခုသို့ခေါ်ဆောင်လာသည်။ ရုတ်ခြည်း အောက်ဘက်မှ နာကျင်မှုအပြည့်ဖြင့် စိတ်မချမ်းမြေ့ဖွယ်ဟစ်အော်နေသောအသံများထွက်ပေါ်လာသည်။
“ဒီလိုကံကြမ္မာမျိုးကို မင်းရဲ့ကျန်နေတဲ့တစ်ဘဝလုံးမခံစားချင်ဘူးဆိုရင် ငါဘာမေးမေးမင်းဖြေလိုက်”
ရှစ်ဖုန့်ကလင်စန်၏ဆံပင်အားဆုပ်ကိုင်ပြီး ၎င်းအား အကန့်သတ်မဲ့ကျယ်ပြောသောသွေးမြစ်ကို ငုံ့ကြည့်စေရန် ပြုလုပ်လိုက်သည်။
သွေးမြစ်အတွင်းတွင် အန္တရာယ်ရှိပုံရသော ဝိညာဉ်များဖြင့်ပြည့်နှက်နေသည်။ ၎င်းတို့က အစွယ်များကိုထုတ်ပြီးလက်သည်းများကိုဝင့်ထားကြသည်။ ၎င်းတို့က တလိပ်လိထနေသော ဒီရေလှိုင်းလုံးတစ်ခုကဲ့သို့ဖြစ်သည်။ တစ်ချိန်တည်းတွင် ရှစ်ဖုန့်၏ကိုယ်မှ စွမ်းအားကြီး ဖိအားတစ်ခုထုတ်လွှတ်နေပြီး အောက်ဘက်ရှိဧရိယာတစ်ခွင်ကို လွှမ်းခြုံထားသည်။
သိပ်သည်းများပြားလှသော ယင်ဝိညာဉ်များထံမှ ထိတ်လန့်ဖွယ်ကောင်းသော အော်ဟစ်သံများပေါက်ကွဲထွက်ပေါ်နေသည်။ ထို့နောက် ၎င်းတို့က ဘက်ပေါင်းစုံသို့လျှင်မြန်စွာ ခွဲထွက်သွားကြ၏။ လင်စန်၏ မြင်ကွင်းအတွင်းတွင် အောက်ဘက်ရှိ သွေးမြစ်မှမြင်ကွင်းတို့ပေါ်လာသည်။
သွေးမြစ်အတွင်းအားနည်းသော ယင်ဝိညာဉ်လေးခုက ခပ်ရေးရေးပေါ်နေ၏။ ၎င်းတို့က ယင်ဝိညာဉ်များဖြစ်ကြသောလည်းလည်း စုတ်ပြတ်နေပြီး ကိုက်ရာများ လက်သည်းရာများဖြင့်ပြည့်နှက်နေသည်။ ၎င်းတို့အားမှတ်မိနိုင်ဖို့ပင်ခဲယဉ်းလှသည်ဖြစ်သည်။
သို့သော်လင်စန်အနေဖြင့် ဝိညာဉ်သုံးခုအား မှတ်မိသေးသည်ဖြစ်၏။ ဤလူသုံးယောက်အားသူအလင်းနန်းတော်အတွင်း၌ မြင်တွေ့ဖူးသည်ဖြစ်သည်။ နောက်ပိုင်းတွင်သူတို့အတူတကွ ထျန်းယောင်တောင်သို့ယိုမင်အား သတ်ရန်သွားခဲ့ကြသည်ဖြစ်၏။
“အသက်ဧကရာဇ်မိုဖန်းချန်.. ကံတရားဧကရာဇ် ဝူချမ်ရွှယ် နဲ့ မိုးကြိုးဧကရာဇ် အောင်းလိုင်ရှင်း”
“သူတို့သေဆုံးသွားခဲ့ကြပေမဲ့. ယင်ဝိညာဉ်ထောင်ပေါင်းများစွာရဲ့ ကိုက်ခဲမှု ကံတရားကို ထာဝရခံစားနေကြရတယ်.. သူတို့ ဘယ်တော့မှ ပြန်လည်ဝင်စားနိုင်ကြမှာမဟုတ်ဘူး. မင်းလည်းယင်ဝိညာဉ်ထောင်ပေါင်းများစွာကိုက်ခဲမှုရဲ့ နာကျင်မှုကို ခံစားကြည့်ရမယ်..ငါမင်းကိုအဲ့တာကိုခံစားခွင့်ပေးမယ်”
ရှစ်ဖုန့်ကအေးစက်စွာထပ်မံပြောလိုက်သည်။လန်စန်ကစကားပြောရန်လုပ်သော်လည်းရှစ်ဖုန့်က ထိုသို့ လုပ်ရန်အခွင့်အရေးကိုမပေးချေ။ သူ၏ညာလက်အား လက်သည်းကုတ်တစ်ခုအသွင်ပြုလုပ်လိုက်ပြီး လင်စန်၏ဦးခေါင်းထံစုပ်ယူလိုက်သည်။ ရုတ်ခြည်းလင်စန်၏ ဝိညာဉ်မှာရှစ်ဖုန့်၏ စုပ်ယူဆွဲထုတ်ခြင်းကိုခံလိုက်ရသည်။
“ယိုမင်.မင်းဘာလုပ်နေတာလဲ. မင်းဘာလုပ်နေတာလဲ. မင်းငါ့ကိုဘာလုပ်လိုက်တာလဲ..”
လင်စန်၏ ဝိညာဉ်ထံမှ ကြောက်ရွံ့ထိတ်လန့်စွာဖြင့်အော်သံကိုကြားရသည်။
ရှစ်ဖုန့်ဆုပ်ကိုင်ထားဆဲဖြစ်သော သူ၏လတ်ဆတ်သောခန္ဓာကိုယ်ကို ဝိညာဉ်မှမြင်တွေ့လိုက်ရသည်။ သူ့ကိုယ်သူလေထဲ၌လွင့်မျောနေပြီး လွန်စွာအားနည်းနေသည်ကိုလည်း ခံစားရသည်။
“သွား”
ရှစ်ဖုန့်ကပြောလိုက်သည်။ လင်စန်၏ဝိညာဉ်က ချက်ချင်း အောက်သို့ ဆွဲပါသွား၏။
ထို့နောက်လင်စန်မှာ သူ့ရှေ့ဘေးဘယ်ညာမှ ထိတ်လန့်ဖွယ်ကောင်းသော အစွယ်များထုတ်ကာလက်သည်းများ ဝင့်နေကြသည့် များပြားလှသော ကြမ်းကြမ်းခက်ထန်သောအသွင်နှင့် ယင်ဝိညာဉ်များကို မြင်တွေ့လိုက်ရသည်။
ထိုကြမ်းကြုတ်ခက်ထန်သောပုံရိပ်များက သူ့အား ကုတ်ခြစ်ဝါးမျိုခြင်နေပုံရ၏။
ဆက်ရန်………….
ဘာသာပြန်သူ -ARISE